(Unicode)
(၁၉၈၈)ခုနှစ် သြဂုတ်လ ကနေ (၂၀၀၆)ခုနှစ် ဇူလိုင်လအထိ (၁၈) နှစ်တာကာလအတွင်း ပြင်သစ်နိုင်ငံတွင်းက ချားဒီဂေါလ် နိုင်ငံတကာလေဆိပ်အတွင်းမှာ ခရီးသွားတွေရင်းရင်းနှီးနှီး တွေ့ကြုံခဲ့တဲ့ အရာကတော့ လေဆိပ်အတွင်းက ဗိသုကာလက်ရာတွေ၊အပြင်အဆင်တွေမဟုတ်ပဲ ခရီးသွားတစ်ယောက်သာ ဖြစ်တယ်ဆိုရင် အံ့အားသင့်စရာဖြစ်ပါလိမ့်မယ်။ အဲဒီခရီးသွားနာမည်ကတော့ မရမ်ကာရီမီ နက်ဆာရီဆိုသူဖြစ်ပြီး သူဟာ (၁၀)စုနှစ် နှစ်စုနီးပါး လေဆိပ်အတွင်းမှာပဲ နေထိုင်ခဲ့ရပါတယ်။
ယင်းဖြစ်ရပ်ဟာကြားသိရတဲ့သူအားလုံးအတွက် စိတ်ဝင်စားစရာဖြစ်ခဲ့ပြီး မည်သို့မည်ပုံဖြစ်လာသည်ဟူသော အကြောင်းအရာတွေဟာဆိုရင်လည်း ကမ္ဘာကျော် ဟောလိဝုဒ်ရုပ်ရှင် မင်းသားကြီး တွမ်ဟန့် ရဲ့ The Terminal အမည်ရနဲ့ရုပ်ရှင်ပိတ်ကားထက်ကိုရောက်ရှိလာခဲ့တဲ့အထိဖြစ်ခဲ့ပါတယ်။ လေဆိပ်အတွင်းမှာ ကိုယ့်နိုင်ငံကိုလည်း ပြန်ခွင့်မရ ရောက်နေတဲ့နိုင်ငံတွင်းလည်း ဝင်ခွင့်မရသူတယောက်ရဲ့ အဖြစ်အပျက်အစုံစုံကို မင်းသားကြီးတွမ်ဟန့်က ဒီဇာတ်ကားမှာ သရုပ်ဆောင်ပြခဲ့ပြီး တွမ်ဟန့်ရဲ့ အကောင်းဆုံးကားတွေထဲ တကားအပါအဝင်ဖြစ်ခဲ့ပါတယ်။
နက်ဆာရီ ဟာယင်းကဲ့သို့သောအခြေအနေကို မည်သို့မည်ပုံ ရောက်ရှိသွားတဲ့အကြောင်းအရင်းနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေရှိနေခဲ့ပါတယ်။ အကြောင်းကတော့ ကာယကံရှင်ကိုယ်တိုင်ထပ်ခါတလဲလဲပြောဆိုမှုတွေမှာ အသေးစိတ် အချက်အလက်တွေဟာ မတူညီတာကြောင့်ဖြစ်ပါတယ်။ သို့သော်ယေဘုယျအားဖြင့် အားလုံးလက်ခံထားတဲ့အချက်ကတော့ သူဟာအီရန်အာဏာပိုင်တွေရဲ့ စနက်ကြောင့် မိခင်နိုင်ငံမှာနေထိုင်နိုင်ခြင်းမရှိပဲ နိုင်ငံရေးခိုလှုံခွင့်တောင်းဆိုခဲ့ရာကနေစတင်ခဲ့တယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။
နက်ဆာရီ ဟာ(၁၉၇၀) ပြည့်နှစ်အစောပိုင်းကာလက United Kingdom မှာရှိတဲ့ Bradford တက္ကသိုလ်မှာပညာသင်ကြားခဲ့ပြီး မိခင်အီရန်နိုင်ငံက ရှားဘုရင်ဆန့်ကျင်တဲ့ကျောင်းသား ဆန္ဒပြပွဲတွေမှာပါဝင်ခဲ့ပါတယ်။ ဒါကြောင့်အီရန်အာဏာပိုင်တွေရဲ့ပစ်မှတ်ထားတာကိုခံခဲ့ရပြီး သူအီရန်ကိုပြန်လာချိန်(၁၉၇၇)ခုနှစ်မှာတော့ ထောင်ဒဏ်အပြစ်ပေးခြင်းခံခဲ့ရပါတ ယ်။ ထောင်ကပြန်ထွက်လာချိန်မှာလည်း အစိုးရဆန့်ကျင်မှုနဲ့ နက်ဆာရီ ဟာပြည်နှင်ဒဏ်ပေးခြင်းခံခဲ့ရပြန်ပါတယ်။
သူဟာကုလသမဂ္ဂရဲ့အကူအညီမရတဲ့အချိန်ကာလအထိတော့ ဥရောပနိုင်ငံတစ်ခုခုမှာ နိုင်ငံရေးခိုလှုံခွင့်ရနိုင်ဖို့ကြိုးစားခဲ့ပါတယ်။ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ နက်ဆာရီ ကို (၁၉၈၁)ခုနှစ်ရောက်ချိန်မှသာ နိုင်ငံရေးဒုက္ခသည်အဖြစ်အသိအမှတ်ပြုခဲ့ပြီး ဥရောပနိုင်ငံတွေမှာ နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားနိုင်ခွင့်ရရှိခဲ့ပါတယ်။ သူ့ရဲ့အစီအစဉ်ကတော့ ဗြိတိန်ကို ပြန်သွားပြီး အခြေချနေထိုင်ဖို့ဖြစ်ပါတယ်။
ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ ပြင်သစ်နိုင်ငံကိုရောက်ချိန်မှာနက်ဆာရီ ရဲ့ UN အသိအမှတ်ပြုဒုက္ခသည်ဖြစ်ကြောင်းအထောက်အထားစာရွက်စာတမ်းတွေပါတဲ့ လက်ဆွဲအိတ်တွေဟာ ပျောက်ဆုံးသွားခဲ့ပါတယ်။ ယင်းအထောက်အထားတွေ မပါတာကြောင့် ဗြိတိန်ကတာဝန်ရှိသူတွေ ဟာ နက်ဆာရီ ကိုပြင်သစ်နိုင်ငံကို သွားမယ့်ရထားထဲပြန်ထည့်ပေးခဲ့ပြီးနိုင်ငံတွင်းဝင်ရောက် ခွင့်မပြုခဲ့ပါဘူး။ ယင်းနောက်မှာတော့ နက်ဆာရီ ဟာပြင်သစ်ရဲတွေရဲ့ဖမ်းဆီးမှုကိုခံခဲ့ရပါတယ်။
ဒါပေမဲ့နောက်ဆုံးမှာတော့ လွတ်မြောက်သွားခဲ့ပါတယ်။ နက်ဆာရီ ဟာ သူ့ရဲ့ခိုလှုံခွင့်ရတဲ့ နိုင်ငံကိုပြန်လာတာကလွဲရင် ဥပဒေနဲ့မလွတ်ကင်းတဲ့ မည်သည့်အရာကိုမှ ပြုလုပ်ထားခြင်းမျိုးလည်းမရှိခဲ့တာကြောင့်လည်းဖြစ်ပါတယ်။ ဥပဒေအရနိုင်ငံတကာလေဆိပ်လိုနေရာတွေဟာ အပြည်ပြည်ဆိုင်ရာနယ်နိမိတ်တစ်ခုဖြစ်တာကြောင့် နက်ဆာရီ အတွက်လွတ်လပ်စွာလှုပ်ရှားနိုင်ပေမယ့် အထောက်အထားစာရွက်တွေ မရှိတော့တာကြောင့် သူအတွက် ယင်းလေဆိပ် ဧရိယာအပြင်ဘက်ကိုလည်း ထွက်နိုင်ဖို့ အခြေအနေမရှိခဲ့ပါဘူး။ ဒါအပြင် မိခင်အီရန်နိုင်ငံကလည်း သူ့ကို နိုင်ငံတကာ ဒုက္ခသည်စာရင်းထဲထည့်သွင်းလိုက်ပြီးဖြစ်ပါတယ်။ အီရန်နိုင်ငံသားအဖြစ်ကနေ တရားဝင် မဟုတ်တော့တဲ့သဘောမျိုးသက်ရောက်သွားခဲ့ပြန်တာကြောင့် နက်ဆာရီ ရဲ့အိမ်ပြန်လမ်းက ဝေးသထက်ဝေးသွားခဲ့တာဖြစ်ပါတယ်။
နက်ဆာရီ ဟာ ယင်းလေဆိပ်မှာပဲ ဆယ်နှစ်ကျော်လောက်သောင်တင်ပြီးချိန်၊ (၁၉၉၉) ခုနှစ်မှာတော့ ပြင်သစ်လူအခွင့်အရေးဆိုင်ရာရှေနေတစ်ယောက်ဖြစ်တဲ့ Bourguet ဆိုသူက သူ့အတွက်လိုအပ်တဲ့စာရွက်စာတမ်းတွေကို ဘယ်လ်ဂျီယံကနေ အီးမေးနဲ့ပြန်လည်အစားထိုးပေးခဲ့ပြီး ပြင်သစ် နဲ့ ဘယ်လ်ဂျီယံ နှစ်နိုင်ငံစလုံးက နိုင်ငံသားဖြစ်ခွင့်ပေးခဲ့ပါတယ်။ အံ့သြစရာကောင်းလောက်အောင်ပဲ နက်ဆာရီက ဒီအခွင့်အရေးကို ငြင်းပယ်ခဲ့ပါတယ်။ စာရင်းမှာ သူ့ကို အီရန်နိုင်ငံသားလို့ မသတ်မှတ်ပဲ ဗြိတိန်နိုင်ငံသားအဖြစ်သာ သတ်မှတ်ပြီး သူနှစ်သက်တဲ့ Sir Alfred Mehran ဆိုတဲ့နာမည်နဲ့သာ စာရင်းသွင်းစေချင်လို့ ဖြစ်ပါတယ်။
ယင်းဖြစ်ရပ်ကြောင့်တာဝန်ရှိသူတွေဘက်က နက်ဆာရီ ဟာ ရူးနှမ်းပြီးစိတ်ကစဉ်ကလျားဖြစ်နေပြီလို့ သံသယဝင်ခဲ့ပြီး စောင့်ကြည့်မှုတွေပြုလုပ် လာခဲ့ပါတယ်။ နက်ဆာရီ ကတော့ လေဆိပ်ရဲ့ Terminal (1) အတွင်းမှာပဲဆက်လက်နေထိုင်ခဲ့ပြီး (၂၀၀၆)ခုနှစ်ရောက်ချိန်မှာတော့ အပြင်းအထန်နေမကောင်းဖြစ်ခဲ့တာကြောင့် ဆေးရုံတင်ခဲ့ရပါတယ်။ ဒါဟာ (၁၉၈၈)ခုနှစ်နောက်ပိုင်း နက်ဆာရီ အနေနဲ့ပထမဆုံး လေဆိပ်အပြင်ကိုထွက်ခဲ့တဲ့ခရီးစဉ်ဖြစ်ခဲ့ပြီး (၂၀၀၇)ခုနှစ်မှာတော့ သူဟာဆေးရုံကနေ ဆင်းခဲ့ပြီး Charles de Gaulle လေဆိပ်မှာရှိတဲ့ ပြင်သစ်ကြက်ခြေနီအဖွဲ့ငယ် တစ်ခုရဲ့ ထိန်းသိမ်းစောင့်ရှောက်မှုအောက်မှာနေထိုင်ခဲ့ပါတယ်။ (၂၀၀၈)ခုနှစ်မှာတော့ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့က ကုသိုလ်ဖြစ် ဂေဟာတစ်ခုမှာနေထိုင် ခွင့်ရခဲ့ကာ သူရဲ့လေဆိပ်တွင်းအကျဉ်းသားဘဝကနေ လွတ်မြောက်သွားခဲ့ပါတယ်။
၂၀၀၃ ခုနှစ်မှာတော့ သူ့ရဲ့ဖြစ်ရပ်ကို ရုပ်ရှင်အဖြစ် ရိုက်ကူးခဲ့တာကြောင့် မူပိုင်ခွင့်အနေနဲ့ ဒေါ်လာ ၂၅၀၀၀၀ ရရှိခဲ့ပါသေးတယ်။ ဒါပေမယ့် တကယ့်ရုပ်ရှင်ရိုက်တဲ့အခါမှာတော့ အခက်အခဲအမျိုးမျိုးကြောင့် သူ့ဖြစ်စဉ်တွေကို တိုက်ရိုက်ရိုက်ကူးခွင့်မရခဲ့ပဲ အချို့ကိုပြောင်းလဲရိုက်ကူးခဲ့ရပါတယ်။ သင့်တော်တဲ့ရိုက်ကွင်းတည်ဆောက်ဖို့ မလွယ်ကူတာကြောင့် ကနေဒါက Montréal-Mirabel လေဆိပ်မှာပဲ ရိုက်ကူးခဲ့ရပါတယ်။ ဒီဇာတ်ကားဟာ အမေရိကန်ဒေါ်လာ သန်း ၂၂၀ နီးပါး ရရှိခဲ့တဲ့အထိ အောင်မြင်ခဲ့ပါတယ်။
နက်ဆာရီ ဟာ ချားဒီဂေါလ် လေဆိပ်ရဲ့ Terminal 1 အတွင်းနေထိုင်ခဲ့တဲ့ (၁၈) နှစ်တာကာလလုံး သူရဲ့အဝတ်အိတ်ကိုခေါင်းအုံးကာ စာဖတ်ခြင်း၊စာရေးခြင်းနဲ့ သူသင်ကြားခဲ့တဲ့ စီးပွားရေးဆိုင်ရာဘာသာရပ်တွေကို လေ့လာမှုတွေကိုသာပြုလုပ်နေခဲ့ပါတယ်။ အစားအသောက်အတွက်ကတော့ လေဆိပ်ဝန်ထမ်းတွေ၊ သူ့ကိုတွေ့ဆုံဖို့ကြိုးစားတဲ့ သတင်းသမားတွေဆီကနေ ရရှိခဲ့ပါတယ်။ ဒါအပြင် သတင်းစာ၊ဂျာနယ်များစွာကိုလည်း နက်ဆာရီ ထံနှစ်နဲ့ချီပို့ဆောင်ပေးခဲ့သူတွေလည်းရှိခဲ့ပါတယ်။ နက်ဆာရီ ရဲ့ဖြစ်ရပ်ဟာ နိုင်ငံတကာခရီးသွားတွေအတွက် ဆင်ခြင်စရာဖြစ်ခဲ့ပြီး ပတ်စပို့အပါအဝင်မိမိနဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေဟာ အရေးအကြီးဆုံးဖြစ်ကြောင်း ပြသခဲ့ပါတယ်။
——- —– —-
(Zawgyi)
ေလဆိပ္မွာပဲ (၁၈) ႏွစ္ၾကာ ေနခဲ့ရသူတေယာက္
(၁၉၈၈)ခုႏွစ္ ၾသဂုတ္လ ကေန (၂၀၀၆)ခုႏွစ္ ဇူလိုင္လအထိ (၁၈) ႏွစ္တာကာလအတြင္း ျပင္သစ္ႏိုင္ငံတြင္းက ခ်ားဒီေဂါလ္ ႏိုင္ငံတကာေလဆိပ္အတြင္းမွာ ခရီးသြားေတြရင္းရင္းႏွီးႏွီး ေတြ႕ႀကဳံခဲ့တဲ့ အရာကေတာ့ ေလဆိပ္အတြင္းက ဗိသုကာလက္ရာေတြ၊အျပင္အဆင္ေတြမဟုတ္ပဲ ခရီးသြားတစ္ေယာက္သာ ျဖစ္တယ္ဆိုရင္ အံ့အားသင့္စရာျဖစ္ပါလိမ့္မယ္။ အဲဒီခရီးသြားနာမည္ကေတာ့ မရမ္ကာရီမီ နက္ဆာရီဆိုသူျဖစ္ၿပီး သူဟာ (၁၀)စုႏွစ္ ႏွစ္စုနီးပါး ေလဆိပ္အတြင္းမွာပဲ ေနထိုင္ခဲ့ရပါတယ္။
ယင္းျဖစ္ရပ္ဟာၾကားသိရတဲ့သူအားလုံးအတြက္ စိတ္ဝင္စားစရာျဖစ္ခဲ့ၿပီး မည္သို႔မည္ပုံျဖစ္လာသည္ဟူေသာ အေၾကာင္းအရာေတြဟာဆိုရင္လည္း ကမာၻေက်ာ္ ေဟာလိဝုဒ္႐ုပ္ရွင္ မင္းသားႀကီး တြမ္ဟန႔္ ရဲ႕ The Terminal အမည္ရနဲ႔႐ုပ္ရွင္ပိတ္ကားထက္ကိုေရာက္ရွိလာခဲ့တဲ့အထိျဖစ္ခဲ့ပါတယ္။ ေလဆိပ္အတြင္းမွာ ကိုယ့္ႏိုင္ငံကိုလည္း ျပန္ခြင့္မရ ေရာက္ေနတဲ့ႏိုင္ငံတြင္းလည္း ဝင္ခြင့္မရသူတေယာက္ရဲ႕ အျဖစ္အပ်က္အစုံစုံကို မင္းသားႀကီးတြမ္ဟန႔္က ဒီဇာတ္ကားမွာ သ႐ုပ္ေဆာင္ျပခဲ့ၿပီး တြမ္ဟန႔္ရဲ႕ အေကာင္းဆုံးကားေတြထဲ တကားအပါအဝင္ျဖစ္ခဲ့ပါတယ္။
နက္ဆာရီ ဟာယင္းကဲ့သို႔ေသာအေျခအေနကို မည္သို႔မည္ပုံ ေရာက္ရွိသြားတဲ့အေၾကာင္းအရင္းနဲ႔ပတ္သက္ၿပီး အျငင္းပြားမႈေတြရွိေနခဲ့ပါတယ္။ အေၾကာင္းကေတာ့ ကာယကံရွင္ကိုယ္တိုင္ထပ္ခါတလဲလဲေျပာဆိုမႈေတြမွာ အေသးစိတ္ အခ်က္အလက္ေတြဟာ မတူညီတာေၾကာင့္ျဖစ္ပါတယ္။ သို႔ေသာ္ေယဘုယ်အားျဖင့္ အားလုံးလက္ခံထားတဲ့အခ်က္ကေတာ့ သူဟာအီရန္အာဏာပိုင္ေတြရဲ႕ စနက္ေၾကာင့္ မိခင္ႏိုင္ငံမွာေနထိုင္ႏိုင္ျခင္းမရွိပဲ ႏိုင္ငံေရးခိုလႈံခြင့္ေတာင္းဆိုခဲ့ရာကေနစတင္ခဲ့တယ္ဆိုတဲ့ အခ်က္ျဖစ္ပါတယ္။
နက္ဆာရီ ဟာ(၁၉၇၀) ျပည့္ႏွစ္အေစာပိုင္းကာလက United Kingdom မွာရွိတဲ့ Bradford တကၠသိုလ္မွာပညာသင္ၾကားခဲ့ၿပီး မိခင္အီရန္ႏိုင္ငံက ရွားဘုရင္ဆန႔္က်င္တဲ့ေက်ာင္းသား ဆႏၵျပပြဲေတြမွာပါဝင္ခဲ့ပါတယ္။ ဒါေၾကာင့္အီရန္အာဏာပိုင္ေတြရဲ႕ပစ္မွတ္ထားတာကိုခံခဲ့ရၿပီး သူအီရန္ကိုျပန္လာခ်ိန္(၁၉၇၇)ခုႏွစ္မွာေတာ့ ေထာင္ဒဏ္အျပစ္ေပးျခင္းခံခဲ့ရပါတ ယ္။ ေထာင္ကျပန္ထြက္လာခ်ိန္မွာလည္း အစိုးရဆန႔္က်င္မႈနဲ႔ နက္ဆာရီ ဟာျပည္ႏွင္ဒဏ္ေပးျခင္းခံခဲ့ရျပန္ပါတယ္။
သူဟာကုလသမဂၢရဲ႕အကူအညီမရတဲ့အခ်ိန္ကာလအထိေတာ့ ဥေရာပႏိုင္ငံတစ္ခုခုမွာ ႏိုင္ငံေရးခိုလႈံခြင့္ရႏိုင္ဖို႔ႀကိဳးစားခဲ့ပါတယ္။ ကုလသမဂၢဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီး႐ုံးမွ နက္ဆာရီ ကို (၁၉၈၁)ခုႏွစ္ေရာက္ခ်ိန္မွသာ ႏိုင္ငံေရးဒုကၡသည္အျဖစ္အသိအမွတ္ျပဳခဲ့ၿပီး ဥေရာပႏိုင္ငံေတြမွာ ႏိုင္ငံေရးခိုလႈံခြင့္ေလွ်ာက္ထားႏိုင္ခြင့္ရရွိခဲ့ပါတယ္။ သူ႔ရဲ႕အစီအစဥ္ကေတာ့ ၿဗိတိန္ကို ျပန္သြားၿပီး အေျခခ်ေနထိုင္ဖို႔ျဖစ္ပါတယ္။
ဒါေပမယ့္ ကံဆိုးစြာနဲ႔ပဲ ျပင္သစ္ႏိုင္ငံကိုေရာက္ခ်ိန္မွာနက္ဆာရီ ရဲ႕ UN အသိအမွတ္ျပဳဒုကၡသည္ျဖစ္ေၾကာင္းအေထာက္အထားစာ႐ြက္စာတမ္းေတြပါတဲ့ လက္ဆြဲအိတ္ေတြဟာ ေပ်ာက္ဆုံးသြားခဲ့ပါတယ္။ ယင္းအေထာက္အထားေတြ မပါတာေၾကာင့္ ၿဗိတိန္ကတာဝန္ရွိသူေတြ ဟာ နက္ဆာရီ ကိုျပင္သစ္ႏိုင္ငံကို သြားမယ့္ရထားထဲျပန္ထည့္ေပးခဲ့ၿပီးႏိုင္ငံတြင္းဝင္ေရာက္ ခြင့္မျပဳခဲ့ပါဘူး။ ယင္းေနာက္မွာေတာ့ နက္ဆာရီ ဟာျပင္သစ္ရဲေတြရဲ႕ဖမ္းဆီးမႈကိုခံခဲ့ရပါတယ္။
ဒါေပမဲ့ေနာက္ဆုံးမွာေတာ့ လြတ္ေျမာက္သြားခဲ့ပါတယ္။ နက္ဆာရီ ဟာ သူ႔ရဲ႕ခိုလႈံခြင့္ရတဲ့ ႏိုင္ငံကိုျပန္လာတာကလြဲရင္ ဥပေဒနဲ႔မလြတ္ကင္းတဲ့ မည္သည့္အရာကိုမွ ျပဳလုပ္ထားျခင္းမ်ိဳးလည္းမရွိခဲ့တာေၾကာင့္လည္းျဖစ္ပါတယ္။ ဥပေဒအရႏိုင္ငံတကာေလဆိပ္လိုေနရာေတြဟာ အျပည္ျပည္ဆိုင္ရာနယ္နိမိတ္တစ္ခုျဖစ္တာေၾကာင့္ နက္ဆာရီ အတြက္လြတ္လပ္စြာလႈပ္ရွားႏိုင္ေပမယ့္ အေထာက္အထားစာ႐ြက္ေတြ မရွိေတာ့တာေၾကာင့္ သူအတြက္ ယင္းေလဆိပ္ ဧရိယာအျပင္ဘက္ကိုလည္း ထြက္ႏိုင္ဖို႔ အေျခအေနမရွိခဲ့ပါဘူး။ ဒါအျပင္ မိခင္အီရန္ႏိုင္ငံကလည္း သူ႔ကို ႏိုင္ငံတကာ ဒုကၡသည္စာရင္းထဲထည့္သြင္းလိုက္ၿပီးျဖစ္ပါတယ္။ အီရန္ႏိုင္ငံသားအျဖစ္ကေန တရားဝင္ မဟုတ္ေတာ့တဲ့သေဘာမ်ိဳးသက္ေရာက္သြားခဲ့ျပန္တာေၾကာင့္ နက္ဆာရီ ရဲ႕အိမ္ျပန္လမ္းက ေဝးသထက္ေဝးသြားခဲ့တာျဖစ္ပါတယ္။
နက္ဆာရီ ဟာ ယင္းေလဆိပ္မွာပဲ ဆယ္ႏွစ္ေက်ာ္ေလာက္ေသာင္တင္ၿပီးခ်ိန္၊ (၁၉၉၉) ခုႏွစ္မွာေတာ့ ျပင္သစ္လူအခြင့္အေရးဆိုင္ရာေရွေနတစ္ေယာက္ျဖစ္တဲ့ Bourguet ဆိုသူက သူ႔အတြက္လိုအပ္တဲ့စာ႐ြက္စာတမ္းေတြကို ဘယ္လ္ဂ်ီယံကေန အီးေမးနဲ႔ျပန္လည္အစားထိုးေပးခဲ့ၿပီး ျပင္သစ္ နဲ႔ ဘယ္လ္ဂ်ီယံ ႏွစ္ႏိုင္ငံစလုံးက ႏိုင္ငံသားျဖစ္ခြင့္ေပးခဲ့ပါတယ္။ အံ့ၾသစရာေကာင္းေလာက္ေအာင္ပဲ နက္ဆာရီက ဒီအခြင့္အေရးကို ျငင္းပယ္ခဲ့ပါတယ္။ စာရင္းမွာ သူ႔ကို အီရန္ႏိုင္ငံသားလို႔ မသတ္မွတ္ပဲ ၿဗိတိန္ႏိုင္ငံသားအျဖစ္သာ သတ္မွတ္ၿပီး သူႏွစ္သက္တဲ့ Sir Alfred Mehran ဆိုတဲ့နာမည္နဲ႔သာ စာရင္းသြင္းေစခ်င္လို႔ ျဖစ္ပါတယ္။
ယင္းျဖစ္ရပ္ေၾကာင့္တာဝန္ရွိသူေတြဘက္က နက္ဆာရီ ဟာ ႐ူးႏွမ္းၿပီးစိတ္ကစဥ္ကလ်ားျဖစ္ေနၿပီလို႔ သံသယဝင္ခဲ့ၿပီး ေစာင့္ၾကည့္မႈေတြျပဳလုပ္ လာခဲ့ပါတယ္။ နက္ဆာရီ ကေတာ့ ေလဆိပ္ရဲ႕ Terminal (1) အတြင္းမွာပဲဆက္လက္ေနထိုင္ခဲ့ၿပီး (၂၀၀၆)ခုႏွစ္ေရာက္ခ်ိန္မွာေတာ့ အျပင္းအထန္ေနမေကာင္းျဖစ္ခဲ့တာေၾကာင့္ ေဆး႐ုံတင္ခဲ့ရပါတယ္။ ဒါဟာ (၁၉၈၈)ခုႏွစ္ေနာက္ပိုင္း နက္ဆာရီ အေနနဲ႔ပထမဆုံး ေလဆိပ္အျပင္ကိုထြက္ခဲ့တဲ့ခရီးစဥ္ျဖစ္ခဲ့ၿပီး (၂၀၀၇)ခုႏွစ္မွာေတာ့ သူဟာေဆး႐ုံကေန ဆင္းခဲ့ၿပီး Charles de Gaulle ေလဆိပ္မွာရွိတဲ့ ျပင္သစ္ၾကက္ေျခနီအဖြဲ႕ငယ္ တစ္ခုရဲ႕ ထိန္းသိမ္းေစာင့္ေရွာက္မႈေအာက္မွာေနထိုင္ခဲ့ပါတယ္။ (၂၀၀၈)ခုႏွစ္မွာေတာ့ ျပင္သစ္ႏိုင္ငံ၊ ပဲရစ္ၿမိဳ႕က ကုသိုလ္ျဖစ္ ေဂဟာတစ္ခုမွာေနထိုင္ ခြင့္ရခဲ့ကာ သူရဲ႕ေလဆိပ္တြင္းအက်ဥ္းသားဘဝကေန လြတ္ေျမာက္သြားခဲ့ပါတယ္။
၂၀၀၃ ခုႏွစ္မွာေတာ့ သူ႔ရဲ႕ျဖစ္ရပ္ကို ႐ုပ္ရွင္အျဖစ္ ႐ိုက္ကူးခဲ့တာေၾကာင့္ မူပိုင္ခြင့္အေနနဲ႔ ေဒၚလာ ၂၅၀၀၀၀ ရရွိခဲ့ပါေသးတယ္။ ဒါေပမယ့္ တကယ့္႐ုပ္ရွင္႐ိုက္တဲ့အခါမွာေတာ့ အခက္အခဲအမ်ိဳးမ်ိဳးေၾကာင့္ သူ႔ျဖစ္စဥ္ေတြကို တိုက္႐ိုက္႐ိုက္ကူးခြင့္မရခဲ့ပဲ အခ်ိဳ႕ကိုေျပာင္းလဲ႐ိုက္ကူးခဲ့ရပါတယ္။ သင့္ေတာ္တဲ့႐ိုက္ကြင္းတည္ေဆာက္ဖို႔ မလြယ္ကူတာေၾကာင့္ ကေနဒါက Montréal-Mirabel ေလဆိပ္မွာပဲ ႐ိုက္ကူးခဲ့ရပါတယ္။ ဒီဇာတ္ကားဟာ အေမရိကန္ေဒၚလာ သန္း ၂၂၀ နီးပါး ရရွိခဲ့တဲ့အထိ ေအာင္ျမင္ခဲ့ပါတယ္။
နက္ဆာရီ ဟာ ခ်ားဒီေဂါလ္ ေလဆိပ္ရဲ႕ Terminal 1 အတြင္းေနထိုင္ခဲ့တဲ့ (၁၈) ႏွစ္တာကာလလုံး သူရဲ႕အဝတ္အိတ္ကိုေခါင္းအုံးကာ စာဖတ္ျခင္း၊စာေရးျခင္းနဲ႔ သူသင္ၾကားခဲ့တဲ့ စီးပြားေရးဆိုင္ရာဘာသာရပ္ေတြကို ေလ့လာမႈေတြကိုသာျပဳလုပ္ေနခဲ့ပါတယ္။ အစားအေသာက္အတြက္ကေတာ့ ေလဆိပ္ဝန္ထမ္းေတြ၊ သူ႔ကိုေတြ႕ဆုံဖို႔ႀကိဳးစားတဲ့ သတင္းသမားေတြဆီကေန ရရွိခဲ့ပါတယ္။ ဒါအျပင္ သတင္းစာ၊ဂ်ာနယ္မ်ားစြာကိုလည္း နက္ဆာရီ ထံႏွစ္နဲ႔ခ်ီပို႔ေဆာင္ေပးခဲ့သူေတြလည္းရွိခဲ့ပါတယ္။ နက္ဆာရီ ရဲ႕ျဖစ္ရပ္ဟာ ႏိုင္ငံတကာခရီးသြားေတြအတြက္ ဆင္ျခင္စရာျဖစ္ခဲ့ၿပီး ပတ္စပို႔အပါအဝင္မိမိနဲ႔ သက္ဆိုင္တဲ့ စာ႐ြက္စာတမ္းေတြဟာ အေရးအႀကီးဆုံးျဖစ္ေၾကာင္း ျပသခဲ့ပါတယ္။