Sunday, April 11, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အိုက်စလန် နိုင်ငံငယ်လေး အကြောင်း သိကောင်းစရာ

by Thutamm
August 10, 2019
Reading Time: 2min read
0
အိုက်စလန် နိုင်ငံငယ်လေး အကြောင်း သိကောင်းစရာ
Share on FacebookShare on Twitter

Via : Academy

အိုက်စလန်ကျွန်း နိင်ငံသည် မြောက်အတ္တလန်တိတ် သမုဒ္ဒရာထဲတွင် တည်ရှိပြီး Greenland ကျွန်း နှင့် နော်ဝေနိုင်ငံအကြားတွင်တည်ရှိသည့် ဥရောပနိင်ငံ တနိင်ငံဖြစ်သည် ။ လွန်ခဲ့သည့် နှစ်သန်း ၆၀ – ခန့်အချိန်က မီးတောင်ပေါက်ကွဲရာမှဖြစ်ပေါ် လာခဲ့သည့်။ ကျွန်းဖြစ်သည်ဟု ဘူမိပညာရှင်များမှ ဆိုသည် ။ ငလျှင်မကြာခဏ လှုပ်ခတ်တတ်ပြီး ယနေ့အချိန်အထိသက်ရှိမီးတောင် ၁၀၀ – ကျော်ခန့်ရှိကာ အနဲဆုံး မီးတောင် ၂၅ – တောင်ခန့်သည်။ ပေါက်ကွဲခဲ့ဖူးသည် ဟုဆိုသည် ။

မီးတောင်ဧရိယာအနီးတွင် ရွှံ့မီးတောင်များ ၊ ရေပူစမ်းများ များလည်း အများအပြားတွေ့ရှိနိင်သည် ။ နိုင်ငံသမိုင်း၏ အဆိုးဆုံးမီးတောင် ပေါက်ကွဲမှုမှာ ၁၇၈၃ – ခုနှစ်အချိန်က ဖြစ်ပွားခဲ့ပြီး ထိုအချိန်က လူပေါင်း ၉၀၀၀ – ကျော် သေဆုံးခဲ့သည်ဟုမှတ်တမ်းများမှ ဆိုသည် ။ နိုင်ငံဧရိယာစတုရန်းမိုင် ၃၉၈၀၀ – ရှိပြီး ၊ ကျွန်းနိင်ငံဖြစ်သဖြင့် ကမ်းရိုးတမ်းအရှည် မိုင် ၃၁၀၀ – ခန့် ရှိသည် ။

အိုက်စလန်မြောက်ဖက်ဒေသသည် အာတိတ်စက်ဝိုင်းထဲတွင်ပါဝင်သော်လည်း အလွန်အေးမြခြင်းမရှိပေ။ အကြောင်းမှာ မြောက်အတ္တလန်တိတ်သမုဒ္ဒရာ ရေနွေး စီးကြောင်းသည် အိုက်စလန်ကမ်းခြေအနီး စီးဆင်းသောကြောင့်ဖြစ်သည် ။ ကမ်းခြေတလျှောက် တစ်နှစ်ပါတ်လုံး ရေလမ်းခရီး အသုံးပြုနိင်ပြီး ငါးဖမ်းလုပ်ငန်းမှာ နိင်ငံ၏ အဓိကစီးပွားရေးဖြစ်သည် ။

အိုက်စလန်မှ မီးတောင်များ

သေးငယ်သည့်ရေကန်ငယ်များ ၊ ရေတံခွန်များ ၊ စီးဆင်းနေသည့် မြစ်များစွာရှိသော်လည်း မြစ်များမှာရေလမ်းခရီးအတွက်အသုံးပြု၍ မရရှိပေ ။ ကုန်းမြေဧရိယာ၏ ၁၅% သည် ဆီးနှင်းများ ၊ Glaciers များနှင့် ဖုံးလွှမ်းနေကာ မျက်ပင်များ ၊ ချုံ နွယ်များသာရှင်သန်ပေါက်ရောက်နိင်သည် ။ လူဦးရေ ၃-သိန်းကျော်သာရှိပြီး အများစု ၉၀% မှာ ပရိုတက်စတစ် ခရစ်ယန်ဘာသာဝင်များဖြစ်သည် ။

ခေတ်အဆက်ဆက် ငလျှင်လှုပ်ခတ်မှု များ နှင့် မီးတောင်ပေါက်ကွဲမှုဒါဏ်ကို ခံစားရသဖြင့် လူဦးရေနည်းပါးသည့်နိုင်ငံဖြစ်သည် ။ အိုက်စလန်နိင်ငံသည် ကမ္ဘာပေါ်တွင်လူမျိုးတစ်မျိုးတည်း ရှိသည့်နိင်ငံဖြစ်ကာ အများစု ၉၃% ခန့်သည် မြို့ရွာများတွင်နေထိုင်ကြသည် ။ အိုက်စလန်နိုင်ငံ၏ ယဉ်ကျေးမှုသည် အေဒီ ၉ – ရာစုအချိန်က နော်ဝေဒေသမှ အခြေချရောက်ရှိလာခဲ့သည့် Viking လူမျိုး များမှစတင်ခဲ့သည် ။ အိုက်စလန်နိင်ငံသားများ ပြောဆိုကြသည့် Icelandic ဘာသာစကားသည်လဲ Viking ဘာသာစကားမှ ဆင်းသက်လာခဲ့သည့် ဘာသာစကားဖြစ်သည် ။

အိုက်စလန် နိင်ငံ၏ လွှတ်တော်သည် ကမ္ဘာ့ရှေးအကျဆုံး လွှတ်တော်ထဲတွင် ပါဝင်ပြီး လွန်ခဲ့သည့် နှစ် ၁၀၀၀ – ကျော် အချိန် ကတည်းက တည်ရှိခဲ့သည့် လွှတ်တော် ဖြစ်သည် ။ အိုက်စလန်နိုင်ငံ၏ ပညာရေးစနစ်သည် တက္ကသိုလ် အဆင့်အထိ လူတိုင်းအခမဲ့ ပညာရေးစနစ်ဖြစ်သည် ။ လူဦးရေနည်းပါးပြီးသယံဇာတ ပေါကြွယ်ဝသဖြင့် လူနေမှုအဆင့်အတန်းမြင့်မားသည့် နိင်ငံထဲတွင်ပါဝင်သည် ။

နိုင်ငံအကျယ်အဝန်သည် စတုရန်းမိုင် ၃၉၇၆၉ ဖြစ်ပြီး လူဦးရေကတော့ ၂၀၁၈ ခန့်မှန်းခြေစာရင်းအရ ၃၅၀၇၁၀ ယောက်ဖြစ်သည်။ မြို့တော်နှင့် အကြီးဆုံးမြို့မှာ ရေးခီးဗက် မြို့ဖြစ်ပြီး လူဦးရေ ၁၂၆၁၀၀ ခန့်နေထိုင်သည်။ နိုင်ငံ၏ Official name မှာ အိုက်စလန်သမ္မတနိုင်ငံ(Republic of Iceland) ဖြစ်သည် ။

သမိုင်း

ဤဒေသသို့အေဒီ ၈- ရာစုမတိုင်မှီက အိုင်းရစ် လူမျိုးသာသနာပြုများ ပထမဆုံး ရောက်ဘူးခဲ့သော်လည်း အခြေချနေထိုင်ခြင်းမရှိခဲ့ပေ ။အေဒီ ၈၇၀ – ခုနှစ်အချိန်ရောက်မှ ဤဒေသသို့ပထမဆုံးအခြေချနေထိုင်ရန်ရောက်ရှိခဲ့သည့်သူများမှာနော်ဝေဒေသမှ ရောက်ရှိလာသည့် Viking လူမျိုးများဖြစ်သည် ။ အိုင်စလန်ဒေသတွင် အခြေချနေထိုင်သည့် Viking လူမျိုးများသည်ပင်လျှင်အနီးရှိ Greenland ဒေသသို့ အေဒီ ၁၁ -ရာစု အချိန်ကအခြေချရန်ရောက်ရှိခဲ့သည် ။

အေဒီ ၁၃၈၀ – အချိန်ခန့်၌ နော်ဝေဒေသသည် ဒိန်းမတ်ဘုရင်၏ လက်အောက်သို့ကျရောက်ချိန်တွင် အိုင်စလန်ဒေသသည် ဒိန်းမတ်လက်အောက်ခံ ဖြစ်လာခဲ့သည် ။ ရာစုနှစ်ပေါင်းများစွာတိုင်ဤဒေသ၏ ဒေသခံခေါင်းဆောင်များမှာ ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်များ ဖြစ်ကြသည် ။ အေဒီ ၁၉၀၈ – ခုနှစ်တွင်ဒိန်းမတ်မှ အိုက်စလန်ဒေသအားကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအဖြစ် ပြဌာန်းပေးခဲ့သည် ။

ဒုတိယကမ ္ဘာစစ်အတွင်း ဒိန်းမတ်သည်ဂျာမဏီလက်အောက် ကျရောက်ချိန်တွင် အိုက်စလန်သည် ဒိန်းမတ်နှင့်အဆက်အသွယ် ဖြတ်ခဲ့သည် ။ ၁၉၄၁ – အချိန်က ဗြိတိသျှ နှင့် အမေရိကန်တို့မှ အိုက်စလန်အား သူတို့၏ အစောင့်ရှောက်ခံဒေသအဖြစ်သိမ်းသွင်းခဲ့ကြသည် ။ သို့သော်နောက်ပိုင်း ၁၉၅၁ – ခုနှစ်တွင် နေတိုးအဖွဲ့ဝင်အဖြစ်ဝင်ရောက်ခဲ့ပြီးနောက် နျူကလီးယားကင်းမဲ့ဇုံ အဖြစ်ကြေငြာခဲ့သည် ။ ယနေ့အချိန်တွင် အိုက်စလန်နိင်ငံသည် ဒီမိုကရေစီစနစ်ကိုကျင့်သုံးသည့် နေတိုးအဖွဲ့ဝင် ဥရောပနိုင်ငံ တစ်နိုင်ငံဖြစ်သည် ။

အိုက်စလန် အကြောင်း စိတ်ဝင်စားဖွယ် အချက်များ

Via : Myo Zeya Oo

လျှပ်စစ်နဲ့ ရေပူကို သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေပဲ ဈေးပေါပေါနဲ့ ရလို့။ လူဦးရေ ၉၉ % က စာရေးစာဖတ်တတ်၊ ၃၀% က ဘွဲ့ရပညာတတ်၊ စာကြည့်တိုက်နဲ့ စာအုပ်အရောင်းဆိုင်တွေက နေရာတိုင်းမှာ ရှိလို့။ ဘာသာရေး ကိုင်းရှိုင်းလို့။ လူတန်းစား ညီမျှမှုကို အမြဲတမ်း ဦးစားပေးလို့။ နိုင်ငံပိုင် စစ်တပ်မရှိ၊ ဘယ်စစ်ပွဲမှာမှ မပါလို့၊ တနိုင်ငံလုံး ရဲ ၇၀၀ လောက်နဲ့ အုပ်ချုပ်ပြီး ဒုစရိုက်မှုမရှိသလောက် ရှားပါးလို့၊ နိုင်ငံရဲ့ ပထမဆုံး ရွေးကောက်တင်မြှောက်တဲ့ အမျိုးသမီး သမ္မတက လင်မရှိတဲ့ ကလေးအမေဖြစ်နေလို့ (Single Mother)။

ပထမဆုံး အမျိုးသမီး သမ္မတ Vigdís Finnbogadóttir

တံငါလုပ်ငန်း၊ ဘဏ်လုပ်ငန်းနဲ့ ခရီးသွားလုပ်ငန်းတွေက ဝင်ငွေတွေရလို့။ တိုင်းသူပြည်သားတွေက ညီညွတ်လို့၊ ဘာလို့ညာလို့ ပြောပြော အင်္ဂလန်ကျွန်းပြီးရင် ဥရောပရဲ့ အကြီးဆုံးကျွန်းကြီးမှာ လူဦးရေ သုံးသိန်းနှစ်သောင်း လောက်ပဲ နေတာက အဓိကကျမလားမသိဘူး။ ဒုတိယ ကမ္ဘာစစ်မတိုင်ခင်တော့ ဥရောပရဲ့ အဆင်းရဲဆုံးနဲ့ ဖွင့်ဖြိုးမှု နောက်အကျဆုံးနိုင်ငံပဲ။ မာရှယ် စီမံကိန်းမှာ လူတစ်ဦးခြင်းဆီရတဲ့ အထောက်အပံ့က ဥရောပမှာ အများဆုံးပဲ။ အဲဒီထဲက ထောင်တက်လာတာ စီးပွါးပျက်ကပ် ဖြစ်တဲ့ ၂၀၀၈ မတိုင်ခင် အလုပ်လက်မဲ့က ၁ % ပဲရှိတယ်။

စီးပွါးပျက်ကပ်ဖြစ်တော့ လူတွေက နေ့စဉ်ရက်ဆက် ဆန္ဒပြလို့ အစိုးရက နှုတ်ထွက်ပြီး၊ အစိုးရအသစ်က ဘဏ်လုပ်ငန်းရှင်တွေနဲ့ စီးပွါးပျက်အောင်လုပ်တဲ့ စီးပွါးရေးသမားတွေကို ထောင်ချ၊ တခြားနိုင်ငံကို ပေးရမဲ့ အကြွေးတွေကို လိုချင်ရင် ထောင်ထဲက ကောင်တွေဆီကသွားတောင်းဆိုပြီး ခပ်ရင့်ရင့်ပဲ နေပလိုက်တယ်။ အင်္ဂလန်ဆို တော်တော်ခံလိုက်ရလို့ အိုက်စလန်းဘဏ်တွေကို အကြမ်းဖက်သမားတွေလို့တောင် နာမည်တတ်တာ။ ဒါပေမဲ့ အိုက်စလန်းရဲ့ တော်လှန်ရေးကို အနောက် မီဒီယာတွေမှ မဖော်ပြကြဘူး။

ဒီကောင်တွေက လူလည်းနည်းတာ့ တိုင်းသူပြည်သား မျက်နှာပဲကြည့်တယ်၊ စီးပွါးရေးသမားတွေ၊ တခြားနိုင်ငံက အကြွေးတွေ ဘာတွေကို ဂရုမစိုက်ဘူး။ ဒါကြောင့် စီးပွါးပျက်သွားတဲ့ အနောက်နိုင်ငံတွေထဲမှာ သူတစ်နိုင်ငံပဲ ပြန် ခေါင်းထောင်နိုင်တယ်။ အခု အလုပ်လက်မဲ့ ဦးရေက ၃ – ၄ % ပဲရှိတော့တယ်။ ခရီးသွားလုပ်ငန်းက နိုင်ငံရဲ့ ဒုတိယဝင်ငွေ အများဆုံး လုပ်ငန်းဖြစ်လာတယ်။ ဈေးနည်းနည်းပေါသွားတော့ အင်္ဂလိပ် လူလတ်တန်းစားတွေ အရမ်းလာကြတယ်။ ကျွန်တော်တို့လို လူဆင်းရဲတောင် အကြွေးနဲ့ သွားရတောင် မပျက်စီးသေးတဲ့ သဘာဝ အလှတွေ အများကြီး။

နိုင်ငံက မီးတောင်တွေကို ဖင်ခုထိုင်ထားရတော့ တနေ့ကို ငလျှင် ၂ ကြိမ် သုံး ကြိမ်လောက်လှုပ်လို့ အဆောက်အဦး အမြင့်ဆောက်လို့မရဘူး၊ မြေကြီးတွေက မီးတောင်က ကျောက်တွေနဲ့မို့လို့ မြို့တော်မှာ သစ်ပင် တစ်ပင်မှ မတွေ့ရဘူးမရဘူး။ မိုးကနေ့တိုင်းနီးပါးရွာတယ်။ မီးတောင်တွေကလည်း တခါတခါ ထထ ပေါက်တယ်။ ရေခဲမြစ်တွေ အရည်ပျော်ရင် စိုက်ခင်းတွေ ရေလွှမ်းတယ်။ ဒီလိုပဲ ဖြစ်အောင်လုပ်နေကြတာ။

ရေးခီးဗက်ခ်

ဒီမြို့ရဲ့နာမည်ကို ကြားဖူးချင်မှကြားဖူးကြမှာ ဖြစ်ပါတယ်။ ရေးခီးဗက်စ်ဟာ ကမ္ဘာ့အသန့်ရှင်းဆုံးနိုင်ငံတွေထဲ တစ်နိုင်ငံဖြစ်တဲ့ အိုက်စလန်နိုင်ငံရဲ့ မြို့တော်ဖြစ်ပါတယ်။ ရေးခီးဗက်ခ်မြို့ဟာဆိုရင် သဘာဝပတ်ဝန်းကျင်ထိန်းသိန်းမှု၊ စွန့်ပစ်ပစ္စည်းပြန်လည်သုံးစွဲမှု ၊ ပို့ဆောင်ဆက်သွယ်ရေးကောင်းမွန်မှု နဲ့ အမြဲစိမ်းတောများကြောင့် ကျော်ကြားရုံသာမက နေထိုင်သူတွေရဲ့ စည်းကမ်းရှိမှု နဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု တွေကြောင့်လည်းကျော်ကြားပါတယ်။

အိုက်စလန် ဘောလုံးအသင်း

၃သင်းသာကန်တဲ့ အိုက်စလန်ဘောလုံးလိဒ်ကို ၁၉၁၂ခုနှစ်ကတည်းက စတင်ခဲ့ပေမယ့် ဘောလုံးအဖွဲ့ချုပ်ကိုတော့ ၁၉၄၇မှ စတင်တည်ထောင်ခဲ့ပါတယ်။ ၁၉၄၇နှစ်မှာပဲ ဖီဖာက အသိအမှတ်ပြုပြီး ယူအီးအက်ဖေကတော့ ၁၉၅၄ခုနှစ်မှ အသိအမှတ်ပြုခဲ့ပါတယ်။ နိုင်ငံတကာအသင်းအနေနဲ့ ပထမဆုံးနိုင်ပွဲကတော့ ၁၉၄၇ခုနှစ်မှာ ဖင်လန်ကို နိုင်တဲ့ပွဲပါ။ ၁၉၅၇ခုနှစ်အထိ မြက်ခင်းကွင်းမှာ မကန်ဖူးခဲ့ပါဘူး။ ၁နှစ်မှာ ၃လသာ နေသာတဲ့ ရာသီဥတုရှိတာကြောင့် အချိန်တော်တော်များများကို အလုံပိတ်ကွင်းတွေမှာပဲ ဆော့ရပါတယ်။ အိုက်စလန်ရဲ့ အဆိုးဆုံးရှုံးပွဲက ၁၉၆၇ခုနှစ်မှာ ဒိန်းမတ်ကို ၁၄-၂ နဲ့ ရှုံးတဲ့ပွဲပါ။

၁၉၇၄ မတိုင်ခင်အထိ ဖလားခြေစစ်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိပဲ ၁၉၇၄ခုနှစ်မှ ခြေစစ်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ သမိုင်းတလျှောက်အကောင်းဆုံးအဆင့်ကိုတော့ ၁၉၉၄ခုနှစ်မှာ ရောက်ခဲ့ပြီး ဖီဖာအဆင့် ၃၇ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ ခြေစစ်ပွဲမအောင်မြင်ခဲ့တာကြောင့် ဖလားပြိုင်ပွဲတွေကို ဝင်ရောက်မယှဉ်ပြိုင်နိုင်ခဲ့ပါဘူး။ ၂၀၁၄ခုနှစ်မှာ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်လုနီးကာမှ ခရိုအေးရှားကို ၂-၀ နဲ့ရှုံးတဲ့အတွက် ကျရှုံးခဲ့ပါတယ်။ ၂၀၁၆ခုနှစ်မှာတော့ ပထမဆုံးအကြိမ် ယူအီးအက်ဖေ ဝင်ခွင့်ရခဲ့ပြီး အုပ်စုအဆင့် ၊ ရှုံးထွက်အဆင့်တွေကိုကျော်ဖြတ်နိုင်ခဲ့ပေမယ့် ကွာတားဖိုင်နယ်မှာ ပြင်သစ်ကို ၅-၂ နဲ့ရှုံးပြီး ထွက်ခဲ့ရပြန်ပါတယ်။

၂၀၁၈ခုနှစ်မှာတော့ ကမ္ဘာ့ဖလားကို ပထမဆုံးအကြိမ်ကန်ခွင့်ရတဲ့ လူအနည်းဆုံးနိုင်ငံဖြစ်လာခဲ့ပြီး အဖွင့်ပွဲမှာ အာဂျင်တီးနားကို ၁-၁ နဲ့ သရေကန်နိုင်ခဲ့ပါတယ်။ ဘောလုံးသမားအများစုဟာ ဘောလုံးသီးသန့်ကန်လာကြခြင်းမဟုတ်ပဲ တဖက်က ကိုယ့်အလုပ်ကိုယ်လုပ်နေရင်း ဘောလုံးအသင်းထဲရောက်ရှိလာသူများဖြစ်ပါတယ်။ Heimir Hallgrímsson ဟာ အသင်းရဲ့မန်နေဂျာဖြစ်သလို သွားစိုက်ဆရာဝန်လည်းဖြစ်ပါတယ်။ အသင်းဂိုးသမား Halldorsson ကလည်း ဒါရိုက်တာတစ်ယောက်ဖြစ်ပါတယ်။

၂၀၁၈ ကမ္ဘာ့ဖလားယှဉ်ပြိုင်ခွင့်ရပြီး အာဂျင်တီးနားလို အသင်းမျိုးကို သရေကန်နိုင်ခဲ့တာဟာ အိုက်စလန်လို လူ ၃သိန်းကျော်သာရှိတဲ့ နိုင်ငံလေးအတွက် မဟာအောင်မြင်မှုကြီးဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ဂျီးရီးယား နဲ့ ခရိုအေးရှားအသင်းတွေကို ရှုံးနိမ့်ပြီး အုပ်စုအဆင့်က ထွက်ခဲ့ရပါတယ်။

အိုက်စလန်ဘောလုံး အသင်းက ကစားသမားတွေနာမည်မှာ son နဲ့ ဆုံးရခြင်း

သူတို့ရဲ့ နာမည်မှည့်ပုံကြောင့်ပါ ယောင်္ကျားလေးတွေရဲ့ နောက်နာမည်ဟာ ဖခင်ရှေ့နာမည်+son ဖြစ်ပါတယ်။ Jonas Seveinsson ဆိုတဲ့နာမည်မှာ Jonas က သူ့ရဲ့နာမည် အစစ်ဖြစ်ပါတယ်။ သူဟာ Sevein ရဲ့သား(Sevin’s son) ဖြစ်ပါတယ်။ နှစ်ခုပေါင်းခေါ်လိုက်တော့ Jonas Sevinsson ဆိုပြီးဖြစ်လာပါတယ်။ မိန်းကလေးတွေဆိုရင်တော့ son မသုံးပဲ dottir(daughter) လို့သုံးပါတယ်။

အိုက်စလန် ရဲ့ သဘာဝအလှအပ ရှု့ခင်းတွေကို အောက်က ဓာတ်ပုံတွေမှာ ကြည့်ရှု့နိုင်ပါတယ်

Academy
Myo Zeya Oo

Tags: countries

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!