အိမ်မွေးတိရစ္ဆာန်လောကမှာတော့ ခွေးနဲ့ကြောင်တွေဟာ လူချစ်အများဆုံးတိရိစ္ဆာန်တွေ ဖြစ်ကြပါတယ်။ ကမ္ဘာပေါ်မှာလက်ရှိအချိန်ထိ ကြောင်မျိုးစိတ်ပေါင်း (၃၈)မျိုးလောက်ရှိနေတယ်လို့သိရ ပြီး ခြင်္သေ၊ကျား၊ကျားသစ်စတာတွေကလည်း ကြောင်ကြီးမျိုးနွယ်တွေအတွင်းမှာ ပါဝင်လို့နေပါတယ်။ များစွာသောကြောင်မျိုးစိတ်ဝင် တောရိုင်းတိရစ္ဆာန်တွေဟာလည်း လက် ရှိအချိန်ထိ အသက်ရှင်နေထိုင်လျက်ရှိကြပါတယ်။ ဒီနေရာမှာမျှဝေပေးချင်တာကတော့ ကြောင်မျိုးစိတ်အတွင်းပါဝင်နေတဲ့ ထူးဆန်းတဲ့ဝိသေနတွေပိုင်ဆိုင်ထားတဲ့ လူသိနည်းတဲ့ ကြောင်အမျိုးအစား (၁၀)မျိုးရဲ့အကြောင်းဖြစ်ပါတယ်။
(၁၀) Pallas Cat
အာရှတိုက်အလယ်ပိုင်းက မြက်ခင်းလွင်ပြင်ကျယ်ကြီးတွေမှာ နေထိုင်ကြတဲ့ သေးငယ်တဲ့ကြောင်မျိုးစိတ်တွေဖြစ်ကြပါတယ်။ Pallas Cat တွေရဲ့ထင်ရှားတဲ့အမှတ်အသားကတော့ လှပရှည်လျားတဲ့ အမွှေးတွေဖြစ်ကြပြီးယင်းအမွှေးမျှင်တွေကြောင့်ပဲ Pallas Cat တွေဟာအိမ်မွေးကြောင်တွေထက် ပိုကြီးတဲ့ပုံပေါက်နေတာဖြစ်ပါတယ်။ ယင်းအမွှေးမျှင် တွေဟာရာသီနဲ့ရောကိုလိုက်ပြီးပြောင်းလဲတတ်လေ့ရှိကြပါတယ်။ ဆောင်းတွင်းကာလ ရောက်ချိန်မှာတော့ Pallas Cat တွေရဲ့အမွှေးဟာရှည်ပြီးထူကဲကာ မီးခိုးရောင်ဖြစ်သွား တတ်ကာ ပြင်းထန်တဲ့အအေးဒဏ်ကိုကောင်းမွန်စွာခံနိုင်ရည်ရှိကြပါတယ်။
နွေရောက် ချိန်မှာတော့ Pallas Cat တွေရဲ့အမွှေးတွေဟာပါးလာလေ့ရှိပါတယ်။ Pallas Cat တွေရဲ့ နဖူးအပေါ်ပိုင်းကနေစပြီးခန္ဓာကိုယ်မှာပါဝင်တဲ့ အနက်ရောက်အစက်အပျောက်တွေ၊ ကွင်းတွေဟာ အမြီးပိုင်းအထိလှပစွာပါဝင်လေ့ရှိပါတယ်။ Pallas Catတွေဟာတစ်ကောင်ချင်းသာနေထိုင်လေ့ရှိကြပြီး နေ့ဘက်မှာဆိုရင် တွင်းတွေ ကျောက်လိုဏ်ဂှုတွေအတွင်းမှာ နေလေ့ရှိကာညအချိန်ရောက်မှသာအစာရှာထွက်လေ့ရှိပါတယ်။ ဒီကြောင်တွေဟာအလွန်လျှင်မြန်တဲ့စွမ်းရည်တွေကိုမပိုင်ဆိုင်ပေမယ့် သားကောင်ကို ပုန်းကွယ်ချောင်းမြောင်းတဲ့အနေအထားနဲ့ပဲအမဲလိုက်လေ့ရှိပါတယ်။ သူတို့ရဲ့အစာ ကတော့ ကြွက်၊တောယုန်နဲ့ ငှက်တွေဖြစ်ကြပါတယ်။
(၉) Leopard Cat
Leopard Cat တွေအများဆုံးရှင်သန်နေထိုင်ကြတဲ့နေရာကတော့ အာရှတိုက်အနှံ့အပြား မှာဖြစ်ပါတယ်။ မျိုးစိတ်ပေါင်း(၁၂)မျိုးလောက်ရှိပြီး Leopard Cat တွေဟာအာရှက တောနက်ကြီးတွေအတွင်းမှာသာနေထိုင်ကျက်စားကြလေ့ရှိကြပါတယ်။ ကျားသစ်တစ် ကောင်ကဲ့သို့ အရောင်အဆင်းရှိလို့ Leopard Cat (ကျားသစ်ကြောင်)လို့ နာမည်တွင် တာဖြစ်ပြီး အိမ်မွေးကြောင်တွေနဲ့တူညီတဲ့အရွယ်အစားကိုပိုင်ဆိုင်ကြပါတယ်။
ဒါပေမဲ့ သတို့ရဲ့ခြေထောက်တွေကတော့ သာမန်ကြောင်တွေထက် ပိုမိုရှည်လျားပြီးသန်စွမ်းကြပါတယ်။ ဒါအပြင် Leopard Cat တွေရဲ့ခြေလက်တွေအားလုံးရဲ့အရေပြားတွေဟာ (ဘဲ၊ဖား)တွေလိုပဲ အရည်ပြားချင်းစပ်နေပါတယ်။ ဒါကြောင့် Leopard Cat တွေဟာ အပင်ပေါ်လည်းတက်နိုင်သလို ရေကူးလည်းကျွမ်းကျင်ကြပါတယ်။ Leopard Cat တွေဟာတစ်ကိုယ်တည်းနေထိုင်ကြတာများပြီးသူတို့ရဲ့နယ်မြေကိုလည်း အလွန်အစွဲအလန်းကြီးကြပါတယ်။ မိတ်လိုက်ချိန်မှာပဲ Leopard Cat အထီးနဲ့အမကို အတူတွဲတွေ့ရလေ့ရှိပြီး နေ့ဘက်မှာဆိုရင်သစ်ပင်ကိုင်းတွေ၊သစ်ခေါင်းတွေအတွင်းမှာ ပုန်းအောင်းလေ့ရှိပြီး ညအချိန်ရောက်မှသာအမဲလိုက်ကြလေ့ရှိပါတယ်။
(၈) Jaguarundi
ပုံမှန်မဟုတ်တဲ့ကြောင်မျိုးစိတ်တွေဖြစ်ပြီး Jaguarundi တွေကိုတော့ အမေရိကတိုက်က အပူပိုင်းသစ်တောကြီးတွေ၊ချုံတောကြီးတွေအတွင်းမှာတွေ့ရလေ့ရှိပါတယ်။ ရှည်လျားပြီးထုလုံးရှည်သဏ္ဍန်ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားတဲ့ Jaguarundi တွေဟာအစက်အ ပျောက်မပါတဲ့ကိုယ်ကိုပိုင်ဆိုင်ထားပါတယ်။ သေးငယ်ပြီးတြိဂံ သဏ္ဍာန်ဦးခေါင်း၊အပေါ်ကိုထောင်နေတဲ့နားရွတ်၊ ခြေတိုလက်တိုနဲ့ရှည်လျားတဲ့အမြီး ကို ပိုင်ဆိုင်ထားပါတယ်။
Jaguarundi တွေမှာတော့ အညိုရောင်နဲ့အနီရောင်ဖျော့ဖျော့အ ရောင်ဆိုပြီး(၂)မျိုးရှိကြပြီးသာမန်ကြောင်တွေထက်ပိုမိုကြီးမားကာ (၅)ကီလိုဂရမ်ကနေ (၉)ကီလိုဂရမ်အကြားအလေးချိန်ရှိကြပါတယ်။ သူဟာအခြားကြောင်တွေလိုညအချိန် ထက်နေ့ဘက်မှာအစာရှာထွက်လေ့ရှိပြီး ငါး၊ငှက်၊ကြွက်၊သားကောင်ငယ်တွေဟာ Jaguarundi တွေရဲ့အစာဖြစ်ပါတယ်။
(၇) Ocelot
အမှတ်တစ်မဲ့ကြည့်လိုက်ရင်တော့ Ocelot တွေဟာ ကျားသစ်ငယ်လေးတွေလို့တောင် ထင်ရတဲ့အထိ လှပတဲ့ခန္ဓာကိုယ်အမွှေးတည်ဆောက်ပုံကိုပိုင်ဆိုင်ထားပါတယ်။ Ocelot တွေကိုတော့ တောင်အမေရိကတိုက်မှာရှိတဲ့ အပူပိုင်းအမြဲစိမ်းတောနက်ကြီးတွေမှာ အများအားဖြင့်မြင်တွေ့ရမှာဖြစ်ပါတယ်။ Ocelot တွေဟာကျားသစ်နဲ့ကျားတွေလို ကြီးမားတဲ့ဖဝါးတွေကိုသာမက ရှည်လျားတဲ့အမြီးတွေကိုလည်းပိုင်ဆိုင်ထားကြကာ တစ်ကောင်တည်းသီးသန့်နေတတ်ပြီးညရောက်ချိန်မှသာ အမဲလိုက်လေ့ရှိပါတယ်။
နေ့ခင်းဘက်တွေမှာတော့ တောနက်ပိုင်းတွေအတွင်းခိုအောင်းလေ့ရှိကြပါတယ်။ သူတို့ ဟာ ညအမှောင်ကိုထိုးခွင်းြုမင်နိုင်တဲ့ ညမျက်စိတွေကိုပိုင်ဆိုင်ထားရုံသာမက အနံ့ခံစွမ်း ရည်ပိုင်းမှာလည်းမြင့်မားကြတဲ့သားရဲတိရစ္ဆာန်တွေဖြစ်ပါတယ်။ Ocelotတွေရဲ့အစာက တော့ယုန်၊ငှက်၊ငါးနဲ့ကြွက်တို့ဖြစ်ကြပါတယ်။
(၆) Fishing Cat
ကြောင်မျိုးစိတ်အားလုံးနီးပါးဟာ ရေကြောက်တယ်ဆိုပေမဲ့ Fishing Cat တွေကတော့ ရေမကြောက်တဲ့အပြင် ရေထဲကငါးကိုတောင်ဖမ်းဆီးစားသောက်တတ်ကြပါတယ်။ နာမည်နဲ့လိုက်အောင်ပဲ Fishing Cat တွေဟာရေကူး၊ရေငုပ်ချန်ပီယံတွေဖြစ်ကြပြီး ငါးဖမ်းရာမှာလည်း ဘုရင်တစ်ဆူဖြစ်ပါတယ်။ သန်မာတဲ့ခြေချောင်းတွေနဲ့ ရေယက်လို ဖြစ်နေတဲ့ဖဝါးတွေကိုပိုင်ဆိုင်ထားတာကြောင့်လည်း Fishing Cat တွေဟာရေထဲ မှာရောရေအောက်မှာပဲ ကောင်းကောင်းလှုပ်ရှားနိုင်စွမ်းရှိပါတယ်။
Fishing Cat တွေကိုအရှေတောင်အာရှဒေသမှာတည်ရှိတဲ့ စိုစွတ်တဲ့ကုန်းမြေတွေနဲ့ စိမ့်၊စမ်းတွေအတွင်းမှာ အများအားဖြင့်တွေ့နိုင်ပါတယ်။ Fishing Cat တွေဟာအားနည်း တဲ့တိရစ္ဆာန်မျိုစိတ်တွေဖြစ်ပြီး အခြားသားရဲတွေရဲ့အစာအဖြစ်အဓိကစားသုံးခြင်းကို လည်းခံနေရပါတယ်။ ယင်းကြောင်တွေရဲ့အရွယ်အစားဟာအိမ်မွေးကြောင်တွေရဲ့(၂) ဆအရွယ်ရှိပြီးရှည်လျားတဲ့ခန္ဓာကိုယ်၊တိုတောင်းတဲ့အမြီး၊ကျယ်ပြန့်တဲ့ဦးခေါင်းတွေကို ပိုင်ဆိုင်ထားကြပါတယ်။ Fishing Cat တွေရဲ့ခန္ဓာကိုယ်ကတော့ စိမ်းဝါရောင်သန်းနေပြီး လှပတဲ့အနက်ရောက် အကွတ်၊အပျောက်တွေကိုလည်းပိုင်ဆိုင်ထားပါတယ်။ သူတို့ရဲ့ မူရင်းအစားအစာကတော့ ငါးဖြစ်ပြီးညအချိန်ရောက်မှသာအများဆုံးအမဲလိုက်လေ့ရှိကြ ပါတယ်။ဒါအပြင် Fishing Cat တွေဟာ ကြွက်၊မြွေ၊ဖား၊ဂဏန်းတွေကိုလည်းစားသောက် လေ့ရှိပါတယ်။
(၅) Margay
တောင်အမေရိကတိုက်က မိုးသစ်တောနဲ့အမြဲစိမ်းတောတွေမှာ အများဆုံးတွေ့ရှိရတဲ့ Margay တွေဟာ အိမ်မွေးကြောင်ထက်ပိုမိုကြီးမားတဲ့အရွယ်အစားရှိကာ ခန္ဓာကိုယမှာ အနက်ရောင်အပွင့်တွေနဲ့ အညိုရောင်သန်းနေတဲ့ကိုယ်ခန္ဓာကိုပိုင်ဆိုင်ထားပါတယ်။ ကြီးမားတဲ့မျက်လုံတွေအပြင်၊ရှည်လျားတဲ့အမြီးတွေကတင်လက်မ(၂၀)လောက်အတိုင်း အတာအထိရှိလို့နေတာဖြစ်ပါတယ်။ ယင်းအမြီးပိုင်းကပဲ Margay တွေရဲ့ခန္ဓာကိုယ်စုစုပေါင်း (၇၀)ရာခိုင်နှုန်းလောက်ကိုပိုင်ဆိုင်ထားပါတယ်။
Margay မျိုးစိတ်တွေဟာလူ တွေကိုကြောက်ရွံပြီးသစ်တောနက်တွေအတွင်းမှာပဲနေထိုင်လေ့ရှိကြပါတယ်။ သစ်ပင် တက်ကျွမ်းကျင်တဲ့ကြောင်မျိုးနွယ်တွေဖြစ်ပြီး အကိုင်းတစ်ကိုင်းကနေ တစ်ကိုင်းကိုခုန် ကူးရာမှာလည်း မျောက်တွေနဲ့မခြားကျွမ်းကျင်ကြပါတယ်။ Margayတွေဟာသီးသန့်တစ်ကောင်တည်းနေလေ့ရှိကြကာ ညအချိန်ရောက်မှကျက်စာ းတတ်လေ့ရှိပါတယ်။ နေ့အချိန်မှာဆိုရင်တော့ Margay တွေဟာသစ်တောနက်အတွင်း ကသစ်ကိုင်းတွေအထက်မှာပဲခိုနားလေ့ရှိကြပြီး သူတို့ရဲ့အစာကတော့ မျောက်၊ရှဉ်၊ ဆလော့လို့ခေါ်တဲ့မျောက်ပျင်းတွေနဲ့ သားကောင်ငယ်လေးတွေသာဖြစ်ပါတယ်။
(၄) Lynx
Lynx တွေဟာအရွယ်အစားအလယ်အလတ်ရှိတဲ့ တောကြောင်မျိုးတွေဖြစ်ပြီးလှပတဲ့ မွှေးတွေကိုပိုင်ဆိုင်ကြပါတယ်။ ကမ္ဘာပေါ်မှာတော့ Lynx အမျိုးအစား(၄)မျိုးလောက်ရှိ ပါတယ်။ ဒါတွေကတော့ Canadian Lynx ၊ Eurasian Lynx ၊ Iberian Lynx နဲ့ Bobcat တို့ဖြစ်ပြီး အာရှ၊ဥရောပနဲ့ မြောက်အမေရိကတိုက်ကတောနက်ကြီးတွေအတွင်းမှာပဲ နေထိုင်ကြပါတယ်။ Lynx အမျိုးအစားထဲမှာဆိုရင် Iberian Lynx ကအရှားပါးဆုံးဖြစ်ပြီး လက်ရှိအချိန်ထိ ကမ္ဘာပေါ်မှာကောင်ရေ(၄၀၀)လောက်သာကျန်ရှိပါတော့တယ်။
ထူကဲတဲ့သားမွှေးတွေကြောင့်နာမည်ကျော်တဲ့ Lyxn တွေဟာရာသီဥတုအပေါ်ကိုမူ တည်ပြီးလည်းအရောင်ပြောင်းလဲလေ့ရှိပါတယ်။ ဆောင်းတွင်းရောက်ချိန်မှာဆိုရင် ထူကဲတဲ့သားမွှေးဖြစ်ပေါ်ပြီးပူပြင်းတဲ့ရာသီမှာတော့ Lyxn တွေရဲ့သားမွှေးဟာ ပါးသွာလေ့ရှိပါတယ်။ အခြားကြောင်မျိုးစိတ်တွေလိုပဲ Lyxn တွေဟာ တစ်ကောင်တည်းသာ နေထိုင်လေ့ရှိပြီး ညအချိန်ရောက်မှကျက်စားကြပါတယ်။
(၃) Serval
ကျားသစ်ငယ်တစ်ကောင်လိုပုံသဏ္ဍန်ရှိတဲ့ Servalတွေဟာ ယခုချိန်မှာတော့ ရှားပါးတိရစ္ဆာန်မျိုးစိတ်စာရင်းဝင်နေပြီဖြစ်ပြီးအာဖရိကတိုက်ရဲ့မြက်ခင်းလွင်ပြင်တွေဟာ သူတို့ရဲ့မူရင်းအရပ်ဒေသဖြစ်ပါတယ်။ ကြောင်မျိုးနွယ်စုအားလုံးအနက်မှာတော့ Serval ဟာခြေထောက်အရှည်ဆုံးကြောင်တွေဖြစ်ကြပြီး ထုလုံးရှည်ကိုယ်ရှိကာ ရှည်လျားတဲ့ လည်ပင်း၊ ကြီးမားပြီးဘဲဥပုံရှိတဲ့နားရွက်ထောင်တွေကိုပိုင်ဆိုင်လို့ထားပါတယ်။
အဝါရောင်နဲ့လိမ္မော်ရောင်ဖျော့ဖျော့သားမွှေးတွေနဲ့ အနက်ရောင်အစက်အပျောက်တွေ ရှိတဲ့ Serval တစ်ကောင်ရဲ့အလေးချိန်ဟာ (၁၉)ကီလိုဂရမ်ရှိပါတယ်။ ဒါကြောင့် Serval တွေဟာ ကျားသစ်တွေလိုမြန်မြန်မလှုပ်ရှားနိုင်တာဖြစ်ပါတယ်။ ကြောင်ထဲမှာ တော့ Servalတွေဟာ အတော်ကိုနှေးတဲ့မျိုးစိတ်တွေဖြစ်ပြီး အမြန်ဆုံးနှုန်းထားအဖြစ် တစ်နာရီကိုမိုင်(၄၀)လောက်အထိသာပြေးနိုင်ပါတယ်။
နယ်မြေကိုခင်တွယ်ကြတဲ့သားရဲတွေဖြစ်ပြီ းတစ်ကောင်တည်းရှိနေတဲ့အချိန်ကများပါ တယ်။ Serval တွေဟာသစ်ပင်တတ်ကျွမ်းကျင်ကြပြီး သူတို့ရဲ့ခြေချောင်းရှည်ကြီး တွေကြောင့် အမြင့်ခုန်ရာမှာအတော်ကိုအထောက်အကူပြုပါတယ်။ Serval တွေဟာ အခြားသောကြောင်မျိုးစိတ်တွေလို ညအချိန်မှကျက်စားလေ့ရှိတယ်ဆုပေမဲ့တစ်ခါတစ်ရံ နေ့ဘက်အချိန်တွေမှာလည်းထွက်ပေါ်လာလေ့ရှိပါတယ်။ သူတို့ရဲ့ရှည်လျားတဲ့လည်ပင်း နဲ့ နားရွက်ကြီးတွေဟာ သားကောင်ကိုရှာဖွေရာမှာအသုံးဝင်ပြီး သူတို့ရဲ့အစာတွေက တော့ ဖား၊ငှက်၊နို့တိုက်သတ္တဝါငယ်တွေနဲ့ငါးတို့ဖြစ်ပါတယ်။
(၂) Clouded Leopard
အဝါရောင်ကနေအညိုရောင်ဘက်ကိုသမ်းနေတဲ့ သူတို့ တွေရဲ့ခန္ဓာကိုယ် မှာပါတဲ့ မြူတိမ်တွေလို အစက်အပျောက်တွေကြောင့် Clouded Leopard (တိမ်နွယ် ကျားသစ်)တွေလို့နာမည်တွင်တာာဖြစ်ပြီး အများဆုံးတွေ့ရတဲ့အရပ်ကတော့ အရှေ တောင်အာရှဒေသကတောနက်ကြီးတွေအတွင်းမှာဖြစ်ပါတယ်။ Clouded Leopard တွေရဲ့အစွယ်တွေဟာဆိုရင် ကြောင်မျိုးစိတ်အားလုံးထဲမှာအကြီးဆုံးဖြစ်ပြီး တိုတောင်းတဲ့ခြေထောက်တွေ၊ပုံမှန်ထက်ကိုရှည်လျားတဲ့အမြီးနဲ့ ထုလုံးရှည်ပုံခန္ဓာကိုယ် ကိုပိုင်ဆိုင်ထားပါတယ်။
ဒီအမျိုးအစားတောကြောင်တွေရဲ့အချိန်အများစုဟာ သစ်ပင်ပေါ်မှာ သာကုန်ဆုံးလေ့ရှိပြီး အကိုင်းတစ်ကိုင်းကနေ တစ်ကိုင်းကိုကူးခတ်ရာမှာလည်း ကျွမ်းကျင်ကြသူတွေပါ။ သူတို့ရဲ့ကျက်စားတဲ့အချိန်ကတော့ ညဘက်တွေမှာသာဖြစ်ပြီး သားကောင်ကို အပင်ပေါ်ကနေပဲ ချောင်းမြောင်းတိုက်ခိုက်လေ့ရှိပါတယ်။ တောဝက်၊ သမင်ငယ်၊ယုန်၊ရှဉ်၊မျောက်စတဲ့သတ္တဝါတွေဟာ Clouded Leopard ရဲ့အဓိကအစား အစာဖြစ်ပြီး သစ်ပင်ပေါ်ကနေသားကောင်ရှိရာကိုခုန်ဆင်းတဲ့နည်းနဲံအမဲလိုက်လေ့ရှိ ပါတယ်။
(၁) Caracal
ရွှေရောင်အမွှေးတွေနဲ့ လှပခန့်ညားတဲ့ Caracal ကြောင်မျိုးစိတ်တွေဟာ ရှားပါးတိရစ္ဆာန် စာရင်းဝင်တွေဖြစ်ပါတယ်။ Caracal မျိုးနွယ်တွေကိုတော့ အာဖရိက နဲ့အလယ် အာရှတိုက်မှာရှိတဲ့ အပူပိုင်းမြက်ခင်းလွင်ပြင်တွေ၊ ချုံတောတွေထဲမှာတွေ့မြင်ရပါတယ်။
အမွှေးတိုကြောင်တွေဖြစ်ပြီး မျက်နှာအနီးမှာတော့ အနက်ရောင်အမှတ်အသားတွေပါဝင် နေပါတယ်။ နားရွက်ရှည်ရှည်ထိုးထိုးထောင်ထောင်နဲ့ Caracal တွေဟာပေါ့ပါးဖျတ်လတ် ကြကာ တုံ့ပြန်မှုမြန်ဆန်တဲ့ကြောင်မျိုးနွယ်တွေလည်းဖြစ်ပါတယ်။
Caracal တွေဟာ (၃)မီတာလောက်အထိကိုခုန်နိုင်ပြီး လေထဲကငှက်တွေကိုတောင်အပင်လိုနေရာအမြင့် ကနေဖမ်းယူတတ်ကြပါတယ်။ အခြားသောကြောင်မျိုးစိတ်တွေနဲ့မတူပဲ အထီးအမနှစ်ကောင်တွဲပြီးလည်းမြင်တွေ့ရလေ့ရှိကာ ညအချိန်ရောက်မှအမဲလိုက် ကြပါတယ်။ Caracal တွေဟာလျှင်မြန်တဲ့စွမ်းရည်နဲ့ ထက်မြက်တဲ့ အစွယ်တွေကိုပိုင်ဆိုင်ထားတာကြောင့် ယုန်၊ငှက်၊တွေကိုသာမက တောဆိတ်လိုကောင်တွေကိုပါ ဖမ်းဆီးသတ် ဖြတ်စားသောက်လေ့ရှိပါတယ်။