Friday, April 16, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

လူသိနည်းတဲ့ မျောက်အမျိုးစား တမျိုး

by Thutamm
January 10, 2021
Reading Time: 2min read
0
လူသိနည်းတဲ့ မျောက်အမျိုးစား တမျိုး
Share on FacebookShare on Twitter

ဒီမျောက်ကိုတော့ မြင်ဖူးတဲ့သူ နည်းမယ်ထင်ပါတယ်။ ဒါပေမယ့် ဒီမျောက်တွေဟာ ဘရာဇီးနိုင်ငံမှာတော့ ပေါများစွာ တွေ့ရတဲ့မျောက်ငယ်တမျိုးဖြစ်ပါတယ်။ ဦးခေါင်းဖြူ မာမိုစက်မျောက် White-headed marmoset လို့ခေါ်ပါတယ်။ tufted-ear marmoset ၊ Geoffroy’s marmoset နဲ့ Geoffrey’s marmoset စတာတွေကလည်း သူ့ကိုခေါ်တဲ့ အခြားအမည်တွေပဲ ဖြစ်ပါတယ်။ ဒီမျောက်တွေရဲ့ သိပ္ပံအမည်ကတော့ Callithrix geoffroyi ဖြစ်ပါတယ်။

ပုံမှာ မြင်ရတဲ့အတိုင်းပဲ သူ့ရဲ့ပုံသဏ္ဍာန်က ကျွန်တော်တို့ပုံမှန်တွေ့နေကြ မျောက်တွေနဲ့ အလွန်ကွဲပြားပါတယ်။ ဦခေါင်းနဲ့ မျက်နှာက အဖြူရောင်ဖြစ်ပြီး ၊ ရှည်လျားထူးထဲတဲ့ အနက်ရောင် နားစွန်းမွှေးတွေ ရှိနေကာ ကျောဘက်ကတော့ အညိုရောင် နဲ့ အနက်ရောင် ရောယှက်နေပါတယ်။ ကျန်တဲ့ ခန္ဓာကိုယ်အပိုင်းတွေကတော့ အညိုရောင်ဖြစ်ပြီး အမြီးမှာတော့ အဖြူရောင်ကွင်းတွေ ရစ်ပတ်ထားသလို ရှိနေပါတယ်။ ဒီမျောက်တွေဟာ အထီးနဲ့ အမ သိပ်ကွဲပြားခြင်း မရှိပါဘူး။

ဒီမျောက်တွေဟာ ပျမ်းမျှအရွယ်အစားအားဖြင့်တော့ ခန္ဓာကိုယ်အလျား ၈လက်မခန့်သာ ရှိပေမယ့် ၁ပေ ဝန်းကျင်ခန့် ရှည်တဲ့ အမြီးတွေကို ပိုင်ဆိုင်ထားကြပါတယ်။ ခန္ဓာကိုယ်အလေးချိန်ကတော့ ၉အောင်စ ကနေ ၁၃ အောင်စ အထိသာ ရှိတတ်ပါတယ်။ သိပ္ပံပညာတွေကတော့ ဒီမျောက်တွေ အခုလို ပုံသဏ္ဍာန်ကွဲပြားလာရတာဟာ အင်းဆက်တွေကို အဓိကစားသုံးလေ့ရှိတာကြောင့်လို့ ယူဆကြပါတယ်။

ဦးခေါင်းဖြူ မာမိုစက်မျောက် တွေကို တောင်အမေရိကတိုက်က ဘရာဇီးနိုင်ငံမှာ အများဆုံးတွေ့ရလေ့ရှိပါတယ်။ ဘရာဇီးနိုင်ငံ အရှေ့ပိုင်းနဲ့ တောင်ပိုင်းမှာ ရှိတဲ့ Bahia ၊ Espírito Santo ၊ Minas Gerais နဲ့ Santa Catarina စတဲ့ပြည်နယ်တွေက သစ်တောတွေထဲမှာ အများဆုံးတွေ့ရလေ့ရှိပါတယ်။ ဘရာဇီးဒေသခံတွေကတော့ ဒီမျောက်တွေကို sagüi (သို့) sauim လို့ပဲ ခေါ်လေ့ရှိကြပါတယ်။

ဒီမျောက်တွေဟာ အစုံစားပါတယ်။ ပန်းပွင့် ၊ ပန်းဝတ်ရည် ၊ သစ်သီး ၊ သစ်ဖုများသာမက ဖား ၊ ခရု ၊ ပုတ်သင် ၊ ပင့်ကူ စတဲ့အကောင်ငယ်လေးတွေအပြင် အင်းဆက်တွေကိုလည်း စားလေ့ရှိကြပါတယ်။ ဒါတင်မကသေးပဲ သစ်ပင်တွေမှာ ထွက်ရှိတတတ်တဲ့ သစ်စေးတွေကိုလည်း စားသုံးကြပါတယ်။ သစ်ပင်ကို အပေါက်တွေဖြစ်စေပြီး အစေးတွေကို ကော်ထုတ်စားတဲ့ မျောက်ဆိုလို့ ဒီမျောက်တမျိုးသာ ရှိပါသတဲ့။ ဒီလိုခြစ်ပြီး သစ်စေးတွေကို စားတဲ့အခါမှာတော့ သူတို့ရဲ့ ကြီးမားတဲ့ရှေ့သွားတွေကို အသုံးပြုလေ့ရှိပါတယ်။

ဦးခေါင်းဖြူ မာမိုစက်မျောက်တွေဟာ အုပ်စုလိုက်ဖွဲ့နေရတာကို နှစ်သက်ပြီး ၈ကောင်ကနေ အကောင် ၂၀ ခန့်အထိ အုပ်စုတွေ ဖွဲ့နေလေ့ရှိကြပါတယ်။ အဖွဲ့ဝင်မျောက်တွေဟာ သူတို့အဖွဲ့က ငယ်ရွယ်တဲ့မျောက်ကလေးတွေကို စောင့်ရှောက်ပေးလေ့ရှိပါတယ်။ စိတ်ဝင်စားစရာတခုကတော့ ဒီမျောက်တွေဟာ တလင်တမယားစနစ် monogamous ကို ကျင့်သုံးပါသတဲ့။ ဒီမျောက်တွေရဲ့ ကိုယ်ဝန်ဆောင်ချိန်ကတော့ ၄လခွဲခန့် ကြာတတ်ပါတယ်။ မျောက်ငယ်လေးတွေကို မျောက်မတွေသာမက မျောက်ထီးတွေကလည်း ကူညီစောင့်ရှောက်ပေးကြပါတယ်။

ဦးခေါင်းဖြူ မာမိုစက်မျောက်တွေဟာ ရှားပါးစာရင်းမဝင်ပေမယ့် သူတို့ရဲ့ကောင်ရေဟာ တနေ့တခြား လျှော့ကျလာတာကြောင့် ဒေသအများစုမှာ သစ်တောဥပဒေတွေနဲ့ ဒီမျောက်တွေကို စောင့်ရှောက်ကာကွယ် ထိမ်းသိမ်းလျက်ရှိပါတယ်။ ဒီမျောက်တွေရဲ့ပျမ်းမျှသက်တမ်းကတော့ ၁၀ နှစ် ဝန်းကျင် ဖြစ်ပါတယ်။

Tags: animals

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!