Monday, March 8, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

လူသိနည်းတဲ့ လူသားတွေရဲ့ ကယ်တင်ရှင်

by Thutamm
August 13, 2019
Reading Time: 1min read
0
လူသိနည်းတဲ့ လူသားတွေရဲ့ ကယ်တင်ရှင်
Share on FacebookShare on Twitter

ကျွန်တော်တို့ တွေထဲက သူ့ကို ဘယ်နှစ်ယောက်လောက်များသိပါသလဲ။ သူဟာ ဧရာမစွမ်းဆောင်မှုကြီးကို ပြုလုပ်ခဲ့ပေမယ့် အခြားနာမည်ကျော်တွေလို လူသိနာမည်မကျော်ပဲ လူအချို့လောက်သာ သူ့ကိုသိကြပါတယ်။ သူဆိုတာကတော့ ဒေါက်တာ Jonas Salk ဖြစ်ပါတယ်။

ဒေါက်တာ Salk ကို ၁၉၁၄ခုနှစ် အောက်တိုဘာ ၂၈မှာ မွေးဖွားခဲ့ပြီး အမေရိကန်ကိုရွှေ့ပြောင်းနေထိုင်ခဲ့တဲ့ ဂျူးလူမျိုးမိသားစုမှာကြီးပြင်းလာခဲ့သူပါ။ နယူးယောက်စီးတီးကောလိပ်မှာ ဓာတုဗေဒအထူးပြု သိပ္ပံဘွဲ့ကိုရရှိခဲ့ပါတယ်။ အဲဒီနောက်တော့ နယူးယောက်တက္ကသိုလ်မှာ ဆေးပညာကို ထပ်မံသင်ယူခဲ့ပါတယ်။ ဆေးပညာသင်ယူနေစဉ်အတွင်းမှာပဲ ဆေးသုတေသန ဓာတ်ခွဲခန်းမှာအလုပ်လုပ်ခဲ့ပါတယ်။ အသက် ၂၅နှစ် ဆေးကျောင်းပြီးတဲ့အချိန်မှာတော့ ဇီဝဗေဒ အထူးပြုပြီး ကုသမှုပိုင်းထက် ဆေးသုတေသန အပိုင်းကိုသာ တောက်လျှောက်လုပ်ဆောင်ခဲ့ပါတယ်။

ဒေါက်တာ Salk ရဲ့ရည်မှန်းချက်ကတော့ လူတွေကိုအကျိုးပြုဖို့ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုအကျိုးပြုတဲ့နေရာမှာ တစ်ယောက်ချင်းစီအတွက်မဟုတ်ပဲ လူသားထုကြီးအတွက် အကျိုးရှိစေချင်တာဖြစ်ပါတယ်။ ဒါကြောင့်လည်း သုတေသနကို တစိုက်မတ်မတ်သူလုပ်ခဲ့တာဖြစ်ပါတယ်။

၁၉၁၆ခုနှစ်ကစလို့ အမေရိကန်မှာ ကပ်ရောဂါဆိုးကြီးတစ်ခုပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒါကတော့ အားလုံးသိကြတဲ့ ပိုလီယိုရောဂါ ပဲဖြစ်ပါတယ်။ ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယိုရောဂါကြောင့် လူပေါင်းသောင်းနဲ့ချီသေဆုံးကာ သိန်းနဲ့ချီရောဂါကူးစက်ခံခဲ့ရပြီး ဒီအထဲက အများစုဟာ ဒုက္ခိတဘဝကိုရောက်ခဲ့ရပါတယ်။ နောက်နှစ်ပေါင်း ၃၀ ကြာတဲ့တိုင်အောင် ဒီရောဂါဆိုးကြီးရဲ့ဒါဏ်ကို လူသားတွေခံစားခဲ့ရပါတယ်။

SalK ဟာ ၁၉၄၇ ခုနှစ်မှာ Pittsburgh တက္ကသိုလ် မှာ ဗိုင်းရပ်စ် သုတေသန ဓါတ်ခွဲခန်း အကြီးအကဲတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ သူ့လက်ထက်မှာ ဒီရောဂါဆိုးကြီးကို အပြတ်တိုက်မယ်ဆိုတဲ့ ရည်မှန်းချက်နဲ့အတူ ဗိုင်းရပ်စ်ဆေးသုတေသနကို ၄နှစ် ဆက်တိုက် ဇွဲမလျော့တမ်း ကြိုးစားခဲ့ပါတယ်။ အဲဒီနောက်တော့ ၁၉၅၂ခုနှစ်မှာ Salk နဲ့ သူ့အဖွဲ့ဟာ ပိုလီယိုကာကွယ်ဆေးကို စတင်ထုတ်လုပ်ပေးနိုင်ခဲ့ပါတယ်။

သူ့ရဲ့ကြိုးစားမှုကြောင့် ပိုလီယိုရောဂါဖြစ်ပွားမှုနှုန်းကို လျော့ကျစေခဲ့ပါတယ်။ ၁၉၅၅ ခုနှစ်မှာတော့ ဈေးသက်သာပြီး ကောင်းကျိုး သက်ရောက်မှုပိုများတဲ့ ကာကွယ်ဆေး တစ်မျိုးကို ထပ်မံထုတ်လုပ်နိုင်ခဲ့ပြန်ပါတယ်။ ဒါကြောင့် ရောဂါဖြစ်ပွားမှုနှုန်းဟာ ၁၉၅၅ခုနှစ်မှာ ၂သောင်းကျော် ၊ ၁၉၅၆ခုနှစ်မှာ ၁သောင်းကျော် ၊ ၁၉၅၇ခုနှစ်မှာ ၅ထောင်ကျော် သာဖြစ်ပွားပါတော့တယ်။

သူ့ရဲ့ကြိုးစားရှာဖွေမှုကြောင့် အဲဒီအချိန်က နျုကလိယား ဗုံးပြီးရင် ဒုတိယ ကြောက်စရာ အကောင်းဆုံး ဘေးအန္တရာယ် သတ်မှတ်ထားတဲ့ ပိုလီယိုရောဂါဆိုးကြီးကနေ လူသားတို့လွတ်မြောက်ခဲ့ကြပါတယ်။ သူဟာ ပိုလီယို ကာကွယ်ဆေးဗက်ဆင်း ကို ရှာဖွေတီထွင်ခဲ့ပေမယ့် သူ့အကျိုးအတွက်အသုံးမချခဲ့ပါဘူး။ တကယ်လို့ ဒီတီထွင်မှုကို သူ့ရဲ့အကျိုးအမြတ်အတွက်သာ အသုံးချမယ်ဆိုရင် သူဟာ ဘီလျံနာတစ်ဦးဖြစ်နိုင်ခဲ့တယ် လို့စီးပွားရေးကုမ္ပဏီတွေက ဆိုပါတယ်။ သူ့ကို ဘာကြောင့် မူပိုင်ခွင့်မတင်သလဲ လို့မေးတဲ့အခါ ဒေါက်တာ Salk က

“လူသားတွေအကျိုးအတွက်ဆိုရင် မူပိုင်ခွင့်ဆိုတာ မရှိပါဘူး။ နေ ကို မူပိုင်ခွင့်တင်လို့ရလား ။ ကျွန်တော်တီထွင်တဲ့ဆေးကလည်း ဒီအတိုင်းပါပဲ” လို့ ပြန်ဖြေခဲ့ပါတယ်။ အလွန်လေးစားဖို့ကောင်းတဲ့ ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

အဲဒီအချိန်က ပိုလီယိုရောဂါဟာ ကမ္ဘာအနှံ့ကို ကူးစက်နေချိန်ဖြစ်ပြီး သူ့ရဲ့ဆေးတွေကို အလကားနီးပါး ဈေးပေါပေါနဲ့ထုတ်ကာ ကမ္ဘာတဝှမ်းက သန်းပေါင်းများစွာသော ကလေးငယ်တွေကို ကယ်တင်နိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း သူ့ကို အမေရိကန် အိမ်ဖြူတော်ကသာ မက ကမ္ဘာ့အဖွဲ့အစည်းအသီးသီးကပါ ဆုတံဆိပ်ပေါင်းများစွာပေးအပ်ချီးမြှင့်ခဲ့ကြပါတယ်။

သူဟာ သူ့ဘဝတစ်ခုလုံးကို ဆေးသုတေသနနယ်ပယ်ထဲမှာ မြုပ်နှံထားခဲ့ပြီး ၁၉၉၅ခုနှစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ကွယ်လွန်ခါနီးအချိန် သူ့ဘဝရဲ့ နောက်ဆုံး အချိန်တွေကိုလည်း HIV ရောဂါအတွက် ဆေးဝါး ရှာဖွေရင်း ကုန်ဆုံးခဲ့သူဖြစ်ပါတယ်။

တခြား ကမ္ဘာ့နာမည်ကျော် အသီးသီးကို ကမ္ဘာတဝှမ်းက သိကြပေမယ့်  ဒေါက်တာ Jonas Salk လို လူသားသန်းပေါင်းများစွာရဲ့ ကယ်တင်ရှင်တစ်ယောက်ကို လူသိနည်းကြတာဟာ ဝမ်းနည်းစရာကောင်းလှပါတယ်။ မိတ်ဆွေရော သူ့အကြောင်းကို သိပြီးပြီလား.. အခုမှသိတာ ဆိုရင် ဒီလိုလူတစ်ယောက်ရှိနေသေးကြောင်း အခြားသူတွေသိအောင် ပြန်လည်မျှဝေလိုက်ပေါ့ဗျာ

ဝေလိုက်ပေါ့ဗျာ

Tags: world people

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်
People

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်

၉.၁.၂၀၂၁ ရက်နေ့ Forbes ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ စာရင်းကို ကိုးကားထားခြင်းဖြစ်ပါတယ်။ ၁၀။ ဆာဂေးဘရင် ပြီးခဲ့တဲ့နှစ်က အဆင့် ၁၀ နေရာမှာရှိခဲ့တဲ့ အိန္ဒိယသူဌေးကြီး မာခက်ရှ် အမ်ဘန်နီက အဆင့် ၁၃ နေရာကိုရောက်သွားပြီး ဂိုဂဲရဲ့ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့...

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ
People

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ

ကျည်ကာအင်္ကျီတွေကိုတော့ စစ်ဘက်ဆိုင်ရာနဲ့ တကိုယ်ရေ ကာကွယ်မှုဆိုင်ရာ ကဏ္ဍတွေမှာအသုံးပြုကြပါတယ်။ ကျည်ကာအင်္ကျီတွေကိုတော့ အပူခံနိုင်ပြီး အလွန်မာကြောခိုင်ခံ့တဲ့ Kevlar လူလုပ်ဖိုက်ဘာမျှင်နဲ့ ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။ Kevlar ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ဝန်းကျင်ကတည်းက ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး တီထွင်ခဲ့သူကတော့ အမျိုးသမီးတဦးဖြစ်ပါတယ်။ သူအမှန်တကယ်တီထွင်ခဲ့တာက...

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု
Knowledge

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု

မိုနာလီဇာပန်းချီကားနဲ့ ကျော်ကြားတဲ့ လီယိုနာဒိုဒါဗင်ချီဟာ ပုံမှန်လူသားတယောက်ထက် ထူးကဲကာ အံ့ဖွယ်အနုသုခုမ ရှေးဦးပညာရှင်၊ ဆေးဘက်ဆိုင်ရာ စွန့်ဦးတီထွင်သူ နဲ့ ဖန်တီးမှုနည်းပညာ စတဲ့နယ်ပယ်ပေါင်းစုံမှာ ကြီးကျယ်တဲ့ တီထွင်မှုတွေကို ပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း သမိုင်းတလျှောက် အတော်ဆုံး တီထွင်သူတွေကို...

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!