Friday, April 16, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

လူသားတွေကို အကျိုးပြုတဲ့ ပင်နီဆီလင်ဆေးကို တွေ့ရှိခဲ့သူ (သို့) အလက်ဇန္ဒား ဖလင်းမင်း

by Thutamm
July 26, 2019
Reading Time: 1min read
0
လူသားတွေကို အကျိုးပြုတဲ့ ပင်နီဆီလင်ဆေးကို တွေ့ရှိခဲ့သူ (သို့) အလက်ဇန္ဒား ဖလင်းမင်း
Share on FacebookShare on Twitter

ပင်နီဆီလင်ဆေးကို တွေ့ရှိခဲ့သူ ဒေါက်တာ အလက်ဇန္ဒား ဖလင်းမင်း (Alexander Fleming) ကို ၁၈၈၁ ခုနှစ်က စကော့တလန်ပြည်နယ် ကော့ဒ်ဖီလ်မြို့၌ ဖွားမြင့်ခဲ့သည်။ လန်ဒန်မြို့ စိန့်မေရီ ဆေးကျောင်းမှ ဘွဲ့ရပြီး ဖလင်းမင်းသည် ဆေးဝါး သုတေသန လုပ်ငန်းများကို ဇောက်ချလုပ်ကိုင်ခဲ့သည်။

ပထမ ကမ္ဘာစစ်ကြီးတွင် စစ်ဆရာဝန်အဖြစ် ထမ်းဆောင်စဉ် ဒဏ်ရာများကို လေ့လာရာ၌ ရောဂါကာကွယ်ဆေးကြောင့် မိုက်ခရုတ်ပိုးများထက်ပိုပြီး ကိုယ်ခန္ဓာဆဲလ်များမှာ ထိခိုက်မှု ပိုမိုဖြစ်ပွားကြောင်း သတိပြုမိလာသည်။ ဤနေရာတွင် လူသား၏ ဆဲလ်များကို မထိခိုက်စေဘဲ ဘက်တီးရီးယားကို ချေမှုန်းနိုင်မည့် ဆေးဝါးများ တီထွင်ရန် လိုအပ်ကြောင်း သိလာသည်။

စစ်ပြီးကာလ စိန့်မေရီဆေးရုံသို့ ဒေါက်တာဖလင်းမင်း ပြန်လာပြီး သုတေသန ပြုလုပ်သောအခါ လိုင်ဆိုဇုန်းခေါ် ပစ္စည်းတစ်မျိုးကို တွေ့ရှိသည်။ လိုင်ဆိုဇုန်းမှာ လူ့ခန္ဓာမှ ထွက်လာခြင်း ဖြစ်သည်။ ယင်းသည် လူ့ဆဲလ်ကို အန္တရာယ် မဖြစ်ပေ။ မိုက်ခရုတ်များကို ၎င်းက နှိမ်နင်းပေးနိုင်သော်လည်း လူကို အန္တရာယ်ပြုစေသည့် ပိုးမွှားများကိုမူ မနှိမ်နင်းနိုင်ခဲ့ပေ။

ပင်နယ်စီလင်ရှာဖွေတွေ့ရှိပုံ

၁၉၂၈ ခုနှစ်တွင် ဓာတ်ခွဲခန်းမှ စတက်ဖိုင်လို ကော့ကပ်စ် ဘက်တီးရီးယားကို လေတွင်ကြာကြာထားသောအခါ မှိုတက်လာသည်ကို တွေ့ရသည်။ ယင်းမှို၏ ပတ်ဝန်းကျင်ရှိ စတက်ဖိုင်လို ကော့ကပ်စ် ဘက်တီးရီးယားတို့ ပျက်စီးသွားရပုံကိုလည်း တွေ့ရှိရသည်။ ဤတွင်မှိုသည် ဘက်တီးရီးယားကို သေစေနိုင်သည့် အဆိပ်အတောက် တစ်မျိုးဖြစ်ရမည်ဟု သူက ကောက်ချက်ချသည်။ မကြာမီတွင် လူကိုဒုက္ခပေးသည့် အခြားဘက်တီးရီးယားများ ကြီးထွားမှုကိုလည်း အလားတူ ဝတ္ထုပစ္စည်းမျိုးက ဟန့်တားပေးပုံကိုလည်း သူပြသနိုင်ခဲ့သည်။ ဤပစ္စည်းကို ပင်နီဆီလီယံ နိုတေတန်မှိုမှ ရသည့်အတွက် ပင်နီဆီလင်ဟု သူက မှည့်ခေါ်ခဲ့သည်။ ယင်းမှာ လူနှင့် သတ္တဝါများအတွက် အဆိပ်အတောက် မဖြစ်စေပါ။

ဒေါက်တာဖလင်းမင်းက ၎င်း၏ တွေ့ရှိချက်များကို ၁၉၂၉ ခုနှစ်တွင် ပုံနှိပ် ထုတ်ဝေသည်။ ဆေးသိပ္ပံလောကတွင် အလွန်အရေးပါမည်ဟု တင်ပြသည်။ သို့သော် ပင်နီဆီလင် အသန့်လုပ်နည်းကို သူကိုယ်တိုင် မတွေ့ခဲ့သေးပေ။ ၁၉၃၀ ပြည့်နှစ် နောက်ပိုင်း ဗြိတိန်အမျိုးသား ဆေးဝါးသုတေသီများ ဖြစ်ကြသည့် ဟောင်းဝါ့ ဝေါ်လတာ ဖလိုရီ (Howard Walter Florey) နှင့် အန့် ဗိုးရစ် ချိန်း (Ernst Boris Chain) တို့က ဒေါက်တာဖလင်းမင်း၏ နည်းအရ ပင်နီဆီလင်ကို သန့်စင်စမ်းသပ်သောအခါ ပထမတွင် တိရစ္ဆာန်များကို စမ်းသပ်အောင်မြင်ကြောင်း တွေ့ရသည်။

ဘဝနိဂုံး

၁၉၄၁ ခုနှစ်တွင် ပင်နီဆီလင်ကို လူများနှင့် ပတ်သက်စမ်းသပ်သည်။ အောင်မြင်၍ ၁၉၄၅ ခုနှစ် စစ်ပြီးသောအခါ ပင်နီဆီလင်ကို ကမ္ဘာနှင့်အဝန်း အသုံးပြုလာသည်။ လူကို အန္တရာယ်ပေးသည့် မိုက်ခရိုအော်ဂဲနစ်ဇင် (micro organism) ရောဂါပိုးမွှားကြီးများကို ပင်နီဆီလင်က လူကို အန္တရာယ်ပေးသည့် မိုက်ခရိုအော်ဂဲနစ်ဇင် ရောဂါပိုးမွှားကြီးများကို ပင်နီဆီလင်က လုံးဝနှိမ်နင်းပေးသည်။ ဒေါက်တာဖလင်းမင်းမှာ ၁၉၅၅ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။

Via : Myanmar Wikipedia

Tags: world people

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်
People

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်

၉.၁.၂၀၂၁ ရက်နေ့ Forbes ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ စာရင်းကို ကိုးကားထားခြင်းဖြစ်ပါတယ်။ ၁၀။ ဆာဂေးဘရင် ပြီးခဲ့တဲ့နှစ်က အဆင့် ၁၀ နေရာမှာရှိခဲ့တဲ့ အိန္ဒိယသူဌေးကြီး မာခက်ရှ် အမ်ဘန်နီက အဆင့် ၁၃ နေရာကိုရောက်သွားပြီး ဂိုဂဲရဲ့ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့...

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ
People

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ

ကျည်ကာအင်္ကျီတွေကိုတော့ စစ်ဘက်ဆိုင်ရာနဲ့ တကိုယ်ရေ ကာကွယ်မှုဆိုင်ရာ ကဏ္ဍတွေမှာအသုံးပြုကြပါတယ်။ ကျည်ကာအင်္ကျီတွေကိုတော့ အပူခံနိုင်ပြီး အလွန်မာကြောခိုင်ခံ့တဲ့ Kevlar လူလုပ်ဖိုက်ဘာမျှင်နဲ့ ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။ Kevlar ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ဝန်းကျင်ကတည်းက ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး တီထွင်ခဲ့သူကတော့ အမျိုးသမီးတဦးဖြစ်ပါတယ်။ သူအမှန်တကယ်တီထွင်ခဲ့တာက...

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု
Knowledge

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု

မိုနာလီဇာပန်းချီကားနဲ့ ကျော်ကြားတဲ့ လီယိုနာဒိုဒါဗင်ချီဟာ ပုံမှန်လူသားတယောက်ထက် ထူးကဲကာ အံ့ဖွယ်အနုသုခုမ ရှေးဦးပညာရှင်၊ ဆေးဘက်ဆိုင်ရာ စွန့်ဦးတီထွင်သူ နဲ့ ဖန်တီးမှုနည်းပညာ စတဲ့နယ်ပယ်ပေါင်းစုံမှာ ကြီးကျယ်တဲ့ တီထွင်မှုတွေကို ပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း သမိုင်းတလျှောက် အတော်ဆုံး တီထွင်သူတွေကို...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!