Friday, April 16, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

လူသားတို့အတွက် စက္ကူ ကိုတီထွင်ပေးခဲ့တဲ့ မိန်းမစိုး

by Thutamm
August 13, 2019
Reading Time: 1min read
0
လူသားတို့အတွက် စက္ကူ ကိုတီထွင်ပေးခဲ့တဲ့ မိန်းမစိုး
Share on FacebookShare on Twitter

စက္ကူတီထွင်တာများ ဘယ်လောက်အရေးကြီးလို့လဲဟု ထင်ကြလိမ့်မည်။ စက္ကူသည် ခေတ်များစနစ်များ ပညာရပ်များ တိုးတက်ပြန့်ပွားခဲ့ရာတွင် အဓိကပါဝင်နေသည့်အရာပင်ဖြစ်သည်။ စက္ကူမပေါ်ခင်က ပိတ် ၊ ဖျင် ၊ ပေ ၊ ပုရပိုဒ် စသည်ဖြင့် အခြားရေးစရာအရာများစွာ ပေါ်ပေါက်ခဲ့သော်လည်း စက္ကူလောက်အသုံးဝင်မှု မရှိပါချေ။ ထို့ကြောင့်လည်း ပညာရှင်စာရင်းတွင် ပုံနှိပ်စက်တီထွင်သူ ဂုတင်ဘတ်၏ ရှေ့တွင် စက္ကူတီထွင်သူကိုနေရာပေးကြခြင်းဖြစ်သည်။ စက္ကူကို တီထွင်သူမှာ တရုတ်မင်းဆက် အမှုထမ်းအရာရှိ တစ်ဦးဖြစ်သည့် ချိုက်လွန် (ခ) ဆိုင်လန် ဖြစ်သည်။

ချိုက်လွန် (ခ) ဆိုင်လန် (Cai Lun) (အေဒီ ၁၀၅ ဝန်းကျင်)သည် တရုတ်လူမျိုး မိန်းမစိုးတစ်ဦးဖြစ်သည်။ နောင်လာနောက်သားများက ၎င်းအား စက္ကူကို စတင်တီထွင်သူအဖြစ် အသိအမှတ်ပြုကြသည်။ သူတီထွင်သည့် စက္ကူကြောင့် ကမ္ဘာ့ယဉ်ကျေးမှု ထင်ထင်ရှားရှား ပြောင်းလဲတိုးတက်သော်လည်း ၎င်းကိုမူ လူသိမများလှပေ။ မည်သည့်အချိန်၊ မည်သည့်ဒေသတွင် မွေးဖွားသည်၊ ကွယ်လွန်သည်ကို လည်းမသိရပေ။

ရှေးကလူတို့သည် စက္ကူမပေါ်မှီက တိရိစ္ဆာန်တို့၏ အရိုးများ၊ သစ်ခေါက်များ၊ လိပ်ခွံများနှင့် ဝါးခြမ်းပြားများပေါ်တွင် ဗျည်းအက္ခရာများကို ရေးထွင်းမှတ်တမ်းတင် သယ်ဆောင်သွားလာကြရရာမှ စက္ကူတီထွင်ပေါ်ပေါက်လာသည့်အတွက် များစွာပင် အဆင်ပြေလာပြီး အသိပညာ၊ စာပေဗဟုသုတတို့ကိုလည်း လွယ်ကူစွာ ပြန့်ပွားအောင် ဆောင်ရွက်နိုင်လာသည်။ ထို့ကြောင့် စက္ကူကျေးဇူးမှာ မသေးလှဟုဆိုရမည်။ ရှေးအီဂျစ်လူမျိုးတို့က ပက်ပီရပ်စ် (papyrus) ကျူပင်မှ တဆင့် စက္ကူကြမ်းအဆင့်ကို ထုတ်လုပ်သုံးစွဲနိုင်သော်လည်း ကုန်ကျစရိတ် ကြီးမြင့်သောကြောင့် သုံးစွဲမှု မတွင်ကျယ်လှပေ။

တရုတ်သမိုင်းမှတ်တမ်းများအရ အေဒီ ၁၀၅ နှစ် တရုတ်ဟန်မင်းဆက်လက်ထက် ဧကရာဇ် ဟွန်တိလက်ထက် မိန်းမစိုးဖြစ်သူ ချိုက်လွန်က စက္ကူကို တီထွင်သည်ဟု သိရှိရသည်။ ထိုတီထွင်မှုကြောင့် ရာထူးတိုးကာ ဘွဲ့ထူးဂုဏ်ထူး ချီးမြှောက်ခံရပြီး ချမ်းသာသူတစ်ဦး ဖြစ်လာခဲ့သည်။ သို့သော် နန်းတွင်းလုပ်ကြံမှု တစ်ခုတွင်ပါဝင်သည့်အပြစ်ဖြင့် ရာထူးချခံရကာ မထင်မရှား တိမ်မြှုပ်ပျောက်ကွယ် ရရှာသည်။ သို့သော် အချို့သော မှတ်တမ်းများအရ ချိုက်လွန်သည် မိမိ၏ ဂုဏ်သိက္ခာကို ကာကွယ်သည့် အနေဖြင့် ရေချိုး၊ အဝတ်ကောင်းဝတ်ပြီး အဆိပ်သောက်ကာ အဆုံးစီရင်ခဲ့သည် ဟုလည်းဆိုသည်။

သို့ဖြင့် စက္ကူမှာ အရေးကြီး၊ ထိပ်တန်း တရုတ်နိုင်ငံတွင်းဖြစ် ကုန်ပစ္စည်းအမယ်တစ်မျိုး အနေဖြင့် ပြည်ပသို့ တင်ပို့ရောင်းချခြင်း စတင်လာတော့သည်။ အစက တရုတ်နန်းတွင်းက တိုက်ရိုက်ချုပ်ကိုင်ပြီး ပြုလုပ်နည်းကို အများမသိနိုင်ရန် လျှို့ဝှက်ထိန်းချုပ်ခဲ့သည်။ သို့သော် ၇၅၁ တွင်စက္ကူပြုလုပ်သည့် တရုတ်အချို့ကို အာရပ်တို့ ဖမ်းမိသဖြင့် အာရပ်တို့လည်း စက္ကူလုပ်နည်း ရရှိသွားခဲ့သည်။ မကြာမှီပင် ဘက္ကဒက်မြို့မှ စက္ကူများ ဈေးကွက်သို့ စတင်ဝင်ရောက်လာသည်။ အာရပ်များထံမှ ထိုပညာကို ဥရောပသားတို့ ရရှိသည်မှာမူ ၁၂ ရာစုရောက်မှဖြစ်သည်။

တီထွင်မှုကြောင့် ကွာဟသွားသော ယဉ်ကျေးမှု

စက္ကူလုပ်နည်းသည် အာရပ်လောက၌ ပျံ့နှံ့သွားပြီး၊ ၁၂ ရာစုတွင် ဥရောပက အာရပ်များမှ တဆင့် ရရှိသည်။ စက္ကူသုံးစွဲမှု တဖြည်းဖြည်း ပျံ့နှံ့လာပြီး ဂူတင်ဘတ်က ပုံနှိပ်စက်ကို တီထွင်ပြီးသည့်အခါ၌ အနောက်နိုင်ငံများသည် ပေကညစ်အစား ‌စာရေးရာ၌ စက္ကူကို အစားထိုး သုံးစွဲလာရသည်အထိ တီထွင်မှုသည် အောင်မြင် ကြီးကျယ်သည်။ တရုတ်ပြည်၌ ချိုက်လွိမ် မတိုင်မီအချိန်က စာအုပ်အတော် များများကို ဝါးနှင့် ပြုလုပ်သည်။ စာအုပ်များသည် လေးလံ၍ သယ်ရပင်ပန်းသည်။ အချို့စာအုပ်များကို ပိုးချည်ပေါ်၌လည်း ရေးသားသော်လည်း အများ သုံးရန်အတွက်မူ အလွန် ဈေးကြီးသည်။

အနောက်နိုင်ငံများသည် စက္ကူမပေါ်မီက သိုးသားရေချော၊ နွားငယ် အရေချောများဖြင့် ပြုလုပ်ထားသော သားရေချောပေါ်၌ စာရေးရသည်။ ဂရိ၊ ဥရောပနှင့် အီဂျစ်လူမျိုးများက ကျူစက္ကူမျိုးကို အသုံးပြုသည်။ သားရေချောတင်မက ကျူစက္ကူများပါ စာရေးနိုင်သည့် အဆင့် ဖြစ်လာအောင် ပြုပြင်မှုမှာလည်း ကုန်ကျစရိတ် အလွန်ထောင်း‌သည်။ ချိုက်လွိမ်က စတီထွင်လိုက်သော စက္ကူသည် စာရေးသည့်အခါ၌ သာမဏ အဘက်ဘက်၌လည်း အသုံးဝင်သည်။ ချိုက်လွမ်သည် ဂူတင်ဘတ် အလျင် ပေါ်ပေါက်ခဲ့သူ ဖြစ်ပြီး စက္ကူကို မတီထွင်ခဲ့ပါက ဂူတင်ဘတ်သည် ပုံနှိပ်စက်ကို တီထွင်နိုင်ရန် အကြောင်း မရှိနိုင်ဟု ယူဆကြသည်။

အေဒီ ၂ ရာစုမတိုင်မီ တရုတ်တို့ ယဉ်ကျေးမှုသည် အနောက်တိုင်းယဉ်ကျေးမှုလောက် တိုး‌တက်ခြင်း မရှိဘဲ၊ အေဒီ ၁ ရာစုမှ ၁၀ ရာစုထိ နှစ်ပေါင်း ၇၀၀၊ ၈၀၀ လောက်အထိ တရုတ်ယဉ်ကျေးမှုသည် အနောက်တိုင်းထက် ပို၍ တိုးတက်မှု ရှိသည်။ ၁၅ ရာစု နောက်ပိုင်း၌မူ အနောက်ဥရောပက တရုတ်ထက် ပိုတိုးတက်လာသည်။ အကြောင်းရင်းမှာ အလွန်ပင် ရှင်းလင်းသည်။ စိုက်ပျိုးရေးနှင့် ပေထက်အက္ခရာတင် စာရေးသားမှု၌ တရုတ်ပြည်ထက် အရှေ့အလယ်ပိုင်းနိုင်ငံများက တီထွင်သည်။ ချိုက်လွိမ် မတိုင်မီက တရုတ်ပြည်၌ စာရေးရန် ပစ္စည်းကိရိယာ အလွယ်တကူ မရှိချေ။

အနောက်နိုင်ငံ၌ အရည်အသွေးမကောင်းလှသော်လည်း သစ်သား၊ ဝါးဖြင့် ပြုလုပ်သည့် စာရေးပစ္စည်းထက် သာသည့် ကျူစက္ကူ ရှိသည်။ စာများကို မှတ်တမ်းတင်ရန် သင့်တင့်လျောက်ပတ်သော ပစ္စည်း မရှိခြင်းသည် တရုတ်ယဉ်ကျေးမှု ဖွံ့ဖြိုး တိုးတက်ရာ၌ ကြီးမားသော အဟန့်အတား ဖြစ်နေခဲ့သည်။ တရုတ်စာပေပညာရှင် တယောက်သည် စာအုပ်အနည်းငယ်မျှကို သယ်ယူရန်ပင် ဝေါယာဉ် တခု လိုသည် ဖြစ်ရာ၊ ဤနည်းဖြင့် အစိုးရ ယန္တရားများကို အုပ်ချုပ်ရန် အလွန်ပင် ခဲယဉ်းမည်ကို ခန့်မှန်း ကြည့်နိုင်ခဲ့သည်။

ချိုက်လွိမ်၏ စက္ကူ တီထွင်မှုကြောင့် အခြေအနေ အရပ်ရပ် လုံးဝ ပြောင်းလဲသွားကာ၊ စာရေးရန်နှင့် မှတ်တမ်းတင်ရန် စက္ကူတီထွင်ပြီး ရာစုနှစ် အနည်းငယ်အတွင်း၌ အနောက်နိုင်ငံကို အမီလိုက်နိုင်သွားသည်။ အနောက်နိုင်ငံ၏ ယဉ်ကျေးမှု နှေးကွေးစွာ ဖွံ့ဖြိုးနေစဉ် ရေကြောင်းပြ လမ်းညွှန်အိမ်မြှောင်၊ ယမ်းမှုန့်နှင့် ဘလောက် ပုံနှိပ်ခြင်းကို တီထွင်ပြီးသော တရုတ်တို့သည် စက္ကူကို တီထွင်လိုက်သည့် အခါတွင်မူ သားရေချောထက် ပို၍ ပေါများသည် ဖြစ်၍ တရုတ်က အနောက်နိုင်ငံထက် တိုးတက်သွားခြင်း ဖြစ်သည်။ အနောက်နိုင်ငံများက စက္ကူကို စသုံးလာပြီးနောက်၊ တရုတ်ယဉ်ကျေးမှုနှင့် ကွာဟချက်ကို လျော့နည်းအောင် လုပ်နိုင်ပြီး တရုတ်နှင့် ယှဉ်နိုင်လာသည်။

သို့သော်ငြား မာကိုပိုလို၏ ရေးသားချက်များအရ၊ ၁၃ ရာစုတုန်းက တရုတ်ပြည်သည် ဥရောပထက် ပို၍ ချမ်းသာကြွယ်ဝသည်ဟု ဖော်ပြသည်။ တရုတ်ပြည်သည် နောက်ပိုင်း အနောက်နိုင်ငံများ နောက်ကောက်သို့ ကျသွားသည့် အကြောင်းရင်းမှာ ၁၅ ရာစုနှစ်တွင် ဂူတင်ဘတ်ဟု ခေါ်သော ဉာဏ်ကြီးရှင် တဦးက စာအုပ်များ အမြောက်အများ စုပြုံထုတ်နိုင်မည့် နည်းလမ်းသစ် တရပ်ကို ထုတ်ဖော်နိုင်ခဲ့သည်မှ စလေသည်။ ထို့နောက် ဥရောပတိုက်၏ ယဉ်ကျေးမှုသည် တဟုန်ထိုး တိုးတက်လာပြီး၊ ထိုစဉ် တရုတ်ပြည်၌ ဂူတင်ဘတ်မရှိသည် ဖြစ်ရာ တရုတ်တို့သည် ဘလောက်ပုံနှိပ်ခြင်းဖြင့်သာ ကျေနပ်နေသည် ဖြစ်၍ ယဉ်ကျေးမှု တိုးတက်နှုန်းသည် နှိုင်းယှဉ် ပြောသည် ရှိသော် နှေးကွေးသွားသည် ဆိုသည်။

မည်သို့ပင် ဆိုစေ၊ စက္ကူသည် ချိုက်လွိမ် တီထွင်ပြီး နှစ်ပေါင်း ၁၀၀၀ ကျော်မှသာ ဥရောပတိုက်သားများ အသုံးပြုနိုင်ခြင်း ဖြစ်ပြီး၊ အာရပ်များ ထံမှ တဆင့် ရရှိခြင်းလည်း ဖြစ်သည်။ စက္ကူ ထုတ်လုပ်နည်းသည် အလွန် ဉာဏ်ကြီးသော ပါရမီရှင် တဦး၏ တီထွင်မှု မျိုးပင် ဖြစ်ပြီး၊ သူတီထွင်ခဲ့သော စက္ကူလုပ်နည်းကို ယနေ့တိုင် ဆက်လက် အသုံးပြုနေကြသည်။

မြင့်ဇံ (ဒီဇင်ဘာလ၊ ၂၀၀၄). သမိုင်းတွင် အလွမ်းမိုးဆုံး ပုဂ္ဂိုလ် ၅၀
Myanmar Wikiepdia

Tags: world people

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်
People

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်

၉.၁.၂၀၂၁ ရက်နေ့ Forbes ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ စာရင်းကို ကိုးကားထားခြင်းဖြစ်ပါတယ်။ ၁၀။ ဆာဂေးဘရင် ပြီးခဲ့တဲ့နှစ်က အဆင့် ၁၀ နေရာမှာရှိခဲ့တဲ့ အိန္ဒိယသူဌေးကြီး မာခက်ရှ် အမ်ဘန်နီက အဆင့် ၁၃ နေရာကိုရောက်သွားပြီး ဂိုဂဲရဲ့ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့...

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ
People

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ

ကျည်ကာအင်္ကျီတွေကိုတော့ စစ်ဘက်ဆိုင်ရာနဲ့ တကိုယ်ရေ ကာကွယ်မှုဆိုင်ရာ ကဏ္ဍတွေမှာအသုံးပြုကြပါတယ်။ ကျည်ကာအင်္ကျီတွေကိုတော့ အပူခံနိုင်ပြီး အလွန်မာကြောခိုင်ခံ့တဲ့ Kevlar လူလုပ်ဖိုက်ဘာမျှင်နဲ့ ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။ Kevlar ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ဝန်းကျင်ကတည်းက ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး တီထွင်ခဲ့သူကတော့ အမျိုးသမီးတဦးဖြစ်ပါတယ်။ သူအမှန်တကယ်တီထွင်ခဲ့တာက...

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု
Knowledge

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု

မိုနာလီဇာပန်းချီကားနဲ့ ကျော်ကြားတဲ့ လီယိုနာဒိုဒါဗင်ချီဟာ ပုံမှန်လူသားတယောက်ထက် ထူးကဲကာ အံ့ဖွယ်အနုသုခုမ ရှေးဦးပညာရှင်၊ ဆေးဘက်ဆိုင်ရာ စွန့်ဦးတီထွင်သူ နဲ့ ဖန်တီးမှုနည်းပညာ စတဲ့နယ်ပယ်ပေါင်းစုံမှာ ကြီးကျယ်တဲ့ တီထွင်မှုတွေကို ပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း သမိုင်းတလျှောက် အတော်ဆုံး တီထွင်သူတွေကို...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!