Saturday, April 17, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

လူသားတို့ကြုံတွေ့ခဲ့ကြတဲ့ အဆိုးဆုံးကပ်ရောဂါကြီး (၁၀)ခု

by Thutamm
March 14, 2020
Reading Time: 2min read
0
လူသားတို့ကြုံတွေ့ခဲ့ကြတဲ့ အဆိုးဆုံးကပ်ရောဂါကြီး (၁၀)ခု
Share on FacebookShare on Twitter

သိပ္ပံပညာရှင်တွေနဲ့ ဆေးဘက်ဆိုင်ရာသုသေသနပညာရှင်တွေအကြား ကမ္ဘာပေါ်မှာ ဖြစ်ပွားခဲ့တဲ့ရောဂါဆိုးကြီးတွေအပေါ်မှာ ရောဂါပြန့်ပွားတဲ့ဒေသ အပိုင်းအခြားကိုလိုက်ပြီး လူမျိုးစုတစ်စု၊အသိုင်းအဝိုင်းတစ်ခုအကြားမှာဖြစ်တဲ့ ကူးစက်ရောဂါ ကပ်ရောဂါ(Epidemic) နဲ့ နိုင်ငံနဲ့ချီပြီး ဝေးလံတဲ့ဒေသတွေအထိကူးစက်တဲ့ ကမ္ဘာနေရာအနံှ့တွင် ဖြစ်ပွားသော ရောဂါ ( Pandemic) ဆိုပြီးခွဲခြားခဲ့ကြတာဖြစ်ပါတယ်။

ကာလဝမ်းရောဂါ၊ ပလိပ်ရောဂါ၊ ရေကျောက်ရောဂါ၊ တုပ်ကွေးရောဂါဆန်းတွေဟာ ကမ္ဘာသမိုင်းမှာအဓိကလူသေဆုံးခဲ့ရတဲ့ ရောဂါတွေဖြစ်ကြပြီးနိုင်ငံနယ်နိမိတ်များစွာကို ဖြတ်ကျော်ကာ ရောဂါကူးစက်ပြန့်ပွားခဲ့ကြတာဖြစ်ပါတယ်။ ယင်းရောဂါတွေကိုတော့ pandemic လို့ ခေါင်းစဉ်တပ်ရမှာဖြစ်ပြီး အထူးသဖြင့် နှစ်ပေါင်း ၁၂၀၀၀လောက်အတွင်းမှာ ရေကျောက်ရောဂါ ကြောင့် ကမ္ဘာလူဦးရေသန်း (၃၀၀)ကနေ(၅၀၀)အကြားသေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ယခုခေတ်ကာလမှာဖြစ်ပွားခဲ့တဲ့ Ebola Virus ကြောင့်လူထောင်နဲ့ချီသေဆုံးခဲ့ရသလို၊ ယနေ့တရုတ်နိုင်ငံဝူဟန်မြို့ကနေစလို့ တကမ္ဘာလုံးအနှံ့ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့်လည်း ယခုချိန်ထိ လူပေါင်း ၅၄၂၉ဦးသေဆုံးခဲ့ရသလို ကူးစက်ခံရသူလည်း (၁၄၅၀၀၀)ခန့် ရှိနေပြီလို့သိရပါတယ်။ ပြီးခဲ့တဲ့ရက်ကပဲ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကို ကမ္ဘာလုံးချီကူးစက်မြန်ကပ်ရောဂါက အဖြစ် WHO က သတ်မှတ်ခဲ့ပါတယ်။

လူသားတွေဟာ သမိုင်းတလျှောက်မှာ အလွန်ကြီးမားတဲ့ ရောဂါကပ်ဆိုးကြီးတွေနဲ့ တွေ့ကြုံခဲ့ရဖူးပါတယ်။ ဒီတခါသုတဇုန် မိတ်ဆွေတွေကို မျှဝေပေးချင်တာကတော့ ကမ္ဘာပေါ်မှာဖြစ်ပွားခဲ့ဖူးတဲ့ လူအသက် သန်းပေါင်းများစွာကိုသေကြေစေခဲ့တဲ့ ရောဂါကပ်ဆိုးကြီး (၁၀)ခုရဲ့အကြောင်းအရာအချို့ဖြစ်ပါတယ်။

(၁၀) HIV / AIDS (2005-2012)

(၁၉၇၆)ခုနှစ်က အာဖရိကတိုက်ကွန်ဂိုနိုင်ငံမှာစတင်တွေ့ရှိခဲ့တဲ့ AIDS လို့သိကြတဲ့ ခုခံအားကျဆင်းမှုရောဂါဟာ ကမ္ဘာကပ်ရောဂါကြီးတစ်ခုဖြစ်ပြီး (၁၉၈၁)ခုနှစ်ကနေ ယနေ့အချိန်ထိ လူပေါင်း (၃၆)သန်းလောက်ဟာယင်းရောဂါနဲ့သေဆုံးခဲ့ရပြီးဖြစ်ပါတယ်။ ယနေ့အချိန်ထိ ကမ္ဘာပေါ်မှာ HIV ပိုးကူးစက်ခံရသူ (၃၁)သန်းကနေ (၃၅)သန်းအကြား ရှိနေသေးတယ်လို့ သိရပြီးအများစုကတေ့ Sub-Saharan Africa (လူဦးရေစုစုပေါင်းရဲ့ ၅ ရာခိုင်နှုန်း)ဖြစ်တဲ့ (၂၁)သန်းလောက်ဟာရောဂါကူးစက်ခြင်းခံနေရတဲ့အခြေအနေဖြစ် ပါတယ်။

နောက်ပိုင်းမှာတော့ HIV /AIDS ရောဂါအတွက်ကုသမှုအသစ်တွေ၊ကာကွယ် မှုအသစ်တွေပေါ်ပေါက်လာခဲ့တဲ့အပြင် ရောဂါကူးစက်ခံနေရသူတွေအတွက်လည်း နည်း စနစ်ကျနတဲ့ဆေးပညာဆိုင်ရာ၊လူမှုရေးဆိုင်ရာထောက်ပံ့မှုတွေ၊အသိပညာပေးမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ ယင်းတိုးတက်မှုဖြစ်စဉ်တွေကြောင့် (၂၀၀၅)ခုနှစ်ကနေ(၂၀၁၂ )ခုနှစ်ကြားကာလတွေမှာတော့ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ HIV /AIDS ရောဂါ ကြောင့်မူလက သေဆုံးသူ (၂.၂)သန်းကနေ (၁.၆)သန်းအထိလျော့ချနိုင်ခဲ့ပါတယ် ။

(၉) FLU PANDEMIC (1968)

(၁၉၆၈)ခုနှစ်က ဟောင်ကောင်မှာဖြစ်ပွားခဲ့တဲ့ The Hong Kong Flu (တုပ်ကွေးရောဂါ)

ဖြစ်ပါတယ်။ flu pandemic အမျိုးအစားထဲပါဝင်ပြီး Influenza A ဗိုင်းရပ်ရဲ့ H3N2 အမျိုး အစားဗိုင်းရပ်ကြောင့်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ မှတ်တမ်းတွေအရဟောင်ကောင်မှာ (၁၉၆၈)ခုနှစ်၊ဇူလိုင်(၁၃)ရက်နေ့ကဖြစ်ပွားခဲ့ပြီး တရားဝင်သတင်းမထုတ်ပြန်ခင်(၁၇) ရက်လောက်ကတည်းက စင်ကာပူ၊ဗီယက်နမ်နိုင်ငံတွေကိုပျံ့နှံ့ခဲ့တယ်လို့သိရပြီး နောက် ထပ်(၃)လအတွင်းမှာတော့ ဖိလစ်ပိုင်၊အိန္ဒိယ၊သြစတေးလျ၊ဥရောပနဲ့အမေရိကန်ပြည် ထောင်စုအထိ ကူးစက်ပြန့်ပွားမှုရှိတာခဲ့တာဖြစ်ပါတယ်။

ကပ်ရောဂါစတင်ဖြစ်ပွားတဲ့ (၁၉၆၈)ခုနှစ် အတွင်း ဖြစ်ပွားသူအားလုံးရဲ့ (၅)ရာခိုင်နှုန်းဖြစ်တဲ့လူ(၁)သန်းကျော်သေဆုံးခဲ့ပြီး မူလစတင်ဖြစ်ပွားခဲ့တဲ့ဟောင်ကောင်မှာတော့ လူ(၅၀၀၀၀၀)အထိသေဆုံးခဲ့ရပါတယ်။ ယင်းပမာဏဟာ ယင်းကာလက ဟောင်ကောင်လူဦးရေရဲ့ (၁၅)ရာခိုင်နှုန်းလောက်ကို သေဆုံးခဲ့ရတာလို့ဆိုရပါမယ်။

(၈) ASIAN FLU (1956-1958)

Influenza A ရဲ့ H2N2 ဗိုင်းရပ်ကြောင့်ဖြစ်ပေါ်တဲ့ ASIAN FLU (တုပ်ကွေး)ရောဂါဟာဆို ရင်လည်း တရုတ်နိုင်ငံကနေစတင်ခဲ့ပြီး(၁၉၅၆) ကနေ (၁၉၅၈)ခုနှစ်အထိဖြစ်ပွားခဲ့ပါ တယ်။ ယင်းကပ်ရောဂါကြီးဟာတရုတ်နိုင်ငံ၊ Guizhou ကနေ စင်ကာပူ၊ဟောင်ကောင်၊ နဲ့ အမေရိကန်ပြည်ထောင်စုအထိပြန့်ပွားကူးစက်ခဲ့ပါတယ်။

ASIAN FLU ကြောင့်သေဆုံးသူအတိအကျကိုတော့ တရုတ်နိုင်ငံဘက်ကသတင်းထုတ်ပြန်ခြင်းမရှိပေမဲ့ WHO ရဲ့ခန့်မှန်းချက်အရ လူ(၂)သန်းကျော်လောက် သေဆုံးခဲ့တယ်လို့သိရပြီး အမေရိကန် ပြည်ထောင်စုမှာတင် လူ (၆၉၈၀၀)လောက်အထိဖျားနာ သေဆုံးသူရှိခဲ့ပါတယ်။

(၇) FLU PANDEMIC (1918)

(၁၉၁၈) ကနေ (၁၉၂၀)အတွင်းဖြစ်ပွားခဲ့တဲ့ FLU PANDEMIC ရောဂါကြီး ဟာ ကမာ့္ဘလူဦးရေရဲ့ သုံးပုံတစ်ပုံကျော် ကိုကူးစက်ခဲ့ပြီး (၁၉၁၈) ကနေ (၁၉၂၀)အကြားလူပေါင်းသန်း (၂၀)ကနေသန်း(၅၀)အကြားသေဆုံးခဲ့ရဖူးပါတယ်။ စပိန်မှာ လူသေဆုံးရာကနေ ဒီရောဂါကို သတိထားမိပြီး Spanish flu လို့ အမည်ပေးခဲ့ပေမယ့် ဒီရောဂါကြီးမူလရင်းမြစ် စတင်ရာနေရာက တရုတ်နိုင်ငံ မြောက်ပိုင်းဒေသ ဖြစ်တယ်လို့ သိရပါတယ်။

ယင်းကပ်ရောဂါကူးစက်ခံရသူ သန်း(၅၀၀)အထိရှိခဲ့ပြီး (၁၀)ရာခိုင်နှုန်းကနေ (၂၀)ရာခိုင် နှုန်းလောက်ဟာ သေဆုံးခဲ့ရပြီး ရောဂါစဖြစ်ပွားပွားချင်း ရက်သတ္တပတ်(၂၅)ပတ်အတွင်း လူ(၂၅)သန်းလောက်သေဆုံးခဲ့ရပါတယ်။  FLU PANDEMIC ဟာအခြားသောတုပ်ကွေး ရောဂါတွေလိုပဲ အသက်ရှူလမ်းကြောင်းကနေလျှင်မြန်စွာကူးစက်ခဲ့ပြီး အထူးသဖြင့် ယင်းကာလက လူငယ်လူရွယ်နဲ့သက်ကြီဘိုးဘွားအများစုဟာ ယင်းတုပ်ကွေးရောဂါနဲ့ ဆုံးပါးခဲ့ရပါတယ်။

(၆) SIXTH CHOLERA PANDEMIC (1910-1911)

(၁၉၁၀)ခုနှစ်က အာရှတိုက်၊ အိန္ဒိယနိုင်ငံမှာစတင် ဖြစ်ပွားခဲ့တဲ့ (၆)ကြိမ်မြောက် ကာလဝမ်းရောဂါကြောင့် အိန္ဒိယတစ်နိုင်ငံတည်းတင်(၈၀၀၀၀၀)ကျော်လောက် သေဆုံးခဲ့ရပြီး ယင်းရောဂါပိုးဟာ အရှေ့အလယ်ပိုင်း၊မြောက်အာဖရိက၊ဥရောပအရှေခြမ်းနိုင်ငံတွေနဲ့ ရုရှားနိုင်ငံတွေအထိ ကူးစက်ပျံ့နှံ့ခဲ့ပါတယ်။

SIXTH CHOLERA PANDEMIC ဟာနောက်ဆုံးမှာတော့ အမေရိကတိုက်ကိုရောက်ရှိလာခဲ့ပါတယ်။ အမေရိကန်ဆေးပညာရှင်တွေကတော့ ယင်းရောဂါကိုအကောင်းဆုံးထိန်းသိမ်းခဲ့ပေမဲ့ လူ(၁၁)ယောက်ကတော့သေဆုံးခဲ့ရပါတယ်။ (၁၉၂၃)ရောက်ချိန်မှာတော့ ယင်းကာလဝမ်းရောဂါကို ပညာရှင်တွေရဲ့ကျေးဇူးနဲ့ အမြစ် ဖြတ်နိုင်ခဲ့ပါတယ်။

(၅) FLU PANDEMIC (1889-1890)

(၁၈၈၉)ကနေ (၁၈၉၀)ခုနှစ်အကြားဖြစ်ပွားခဲ့တဲ့ ကူးစက်မြန်တုပ်ကွေးရောဂါ FLU PANDEMIC ကို Asiatic Flu (သို့) Russian Flu လို့လည်းလူသိများကြပြီး Influenza A ဗိုင်းရပ်ရဲ့ H2N2 ကြောင့်ဖြစ်ခဲ့ရပါတယ် ။ နောက်ထပ်တွေ့ရှိခဲ့ရတာကတော့ FLU PANDEMIC ဟာ H3N8 အမည်ရတဲ့ဗိုင်းရပ်ကြောင့်လည်းဖြစ်ပွားနိုင်ကြောင်းတွေ့ရှိခဲ့ကြ ပါတယ်။ ယင်းကပ်ရောဂါကို (၁၈၈၉)ခုနှစ်မေလအတွင်းမှာကမ္ဘာ့နေရာဒေသ အပိုင်း အခြားတွေဖြစ်တဲ့ အလယ်အာရှက Turketan မှာရှိတဲ့ Bukhara ၊ မြောက်အမေရိက တိုက် ကနေဒါနိုင်ငံ အနောက်မြောက်ဒေသ Athabasca နဲ့ ဂရင်းလန်းကျွန်းတွေမှာစတင်တွေ့ရှိခဲ့ပါတယ်။

(၁၉)ရာစုအတွင်းမြို့ပြဒေသတွေရဲ့ လူဦးရေဟာအလျှင်အမြန်တိုးပွားလာတဲ့အချက်ကလည်း FLU PANDEMIC ကိုအလျှင်အမြန်ပျံ့နှံ့စေခဲ့တဲ့အကြောင်း အရာတွေထဲကတစ်ချက်အဖြစ်ပါဝင်ပါတယ်။ တစ်နှစ်ကြာဖြစ်ပွားခဲ့တဲ့ယင်းကပ်ရောဂါ ကြီးဟာ (၁၈၉၀)မှာတော့ ဆေးပညာရှင်တွေရဲ့ထိန်းချုပ်မှုကိုခံခဲ့ရပြီး စုစုပေါင်းလူဦး ရေ တစ်သန်းလောက်ကတော့ ယင်ရောဂါနဲ့သေဆုံးခဲ့ရပါတယ်။

(၄) THIRD CHOLERA PANDEMIC (1852–1860)

ကမ္ဘာပေါ်မှာဖြစ်ပွားခဲ့တဲ့ လူအသေဆုံးကာလဝမ်းရောဂါ(၇)ခုအနက် တတိယမြောက် ဖြစ်ပွားခဲ့တဲ့ ယင်းကပ်ရောဂါဆိုးကြီးကတော့ (၁၈၅၂)ခုနှစ်ကနေ (၁၈၆၀)ကာလအထိ ဖြစ်ပွားခဲ့ပါတယ်။ ယင်းမတိုင်ခင်ဖြစ်ပွားခဲ့တဲ့ ပထမနဲ့ဒုတိယ ကာလဝမ်းရောဂါကြီးတွေ လိုပဲ THIRD CHOLERA PANDEMIC ဟာ အိန္ဒိယနိုင်ငံကနေစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး Ganges River Delta ကနေအာရှတိုက်၊ဥရောပ၊မြောက်အမေရိက၊အာဖရိကတိုက်အထိကူးစက်ခဲ့ပြီး လူတစ်သန်းလောက်အသက်ဆုံးရှုံးခဲ့ရပါတယ်။

နောက်ပိုင်းမှာတော့ဗြိ တိန်သမားတော်တစ်ယောက်ဖြစ်တဲ့ John Snow ကနေ လန်ဒန်မြို့က ညစ်ညမ်းတဲ့ နေရာတွေမှာ လိုက်လံသုသေသနပြု လုပ်ရင်း ကာလဝမ်းရောဂါပိုးဟာ မသန့် ရှင်းတဲ့သောက်သုံးရေကနေ တစ်ဆင့်ကူး စက်တက် ကြောင်းကိုရှင်းလင်းချပြနိုင်ခဲ့ပါ တယ်။ ကံမကောင်းစွာနဲ့ပဲ John ရောဂါဇစ်မြစ်ကိုစတင် ရှာဖွေတွေ့ရှိခဲ့တဲ့ (၁၈၅၄)ခုနှစ်ဟာ THIRD CHOLERA PANDEMIC ရဲ့အဆိုးဆုံးကာလ တွေဖြစ်ပြီး ဂရိတ်ဗြိတိန်ဒေသတွင်းမှာတင် လူပေါင်း (၂၃၀၀၀)လောက်ဟာ ကာလဝမ်းရောဂါ နဲ့အသက်ပျောက်ခဲ့ရပါတယ်။

(၃) BLACK DEATH (1346-1353)

(၁၃၄၆)ခုနှစ်ကနေ (၁၃၅၃)အတွင်းဥရောပ၊အာရှနဲ့ အာဖရိကတိုက်မှာဖြစ်ပွားခဲ့တဲ့ BLACK DEATH လို့အမည်ရတဲ့ ပုလိပ်ရောဂါဆိုးကြီးကြောင့် လူပေါင်း (၇၅)သန်းကနေ သန်း (၂၀၀)အကြားသေဆုံးခဲ့ရပါတယ်။ ယင်းရောဂါဟာ အာရှတိုက်ကနေစတင်ခဲ့တာ ဖြစ်ပြီး အာရပ်ကုန်သင်္ဘောတွေမှာပါလာလေ့ရှိတဲ့ ကြွက်တွေဆီက Fleas အမည်ရတဲ့ ပိုးမွှားတွေကြောင့်ဖြစ်ရပါတယ်။

ယင်းကာလကအာရှနဲ့ဥရောပအကြားပင်လယ်ရပ်ခြား ကုန်သွယ်မှုတွေရှိပြီး အာရပ်သင်္ဘောတွေဟာ ဥရောပမြို့တွေရဲ့ဆိပ်ကမ်းကိုကပ် လေ့ရှိရာကနေ ယင်းရောဂါပိုးမွှားတွေနဲ့အတူပလိပ်ရောဂါဟာ ဥရောပကိုစတင်ရောက် ရှိလာခဲ့ပါတယ်။ ယင်းကာလက BLACK DEATH ကြောင့်ဥရောတိုက်မှာရှိတဲ့ လူဦးရေ ရဲ့ (၃၀)ရာခိုင်နှုန်းကနေ (၆၀)ရာခိုင်နှုန်းအထိသေဆုံးခဲ့ရကာ ဥရောပသမိုင်းမှာတော့ အဆိုးဆုံးသော ကပ်ရောဂါဆိုးကြီးတစ်ခုဖြစ်ခဲ့ရတာဖြစ်ပါတယ်။

(၂) PLAGUE OF JUSTINIAN (541-542)

PLAGUE OF JUSTINIAN လို့အမည်ပေးထားတဲ့ကပ်ရောဂါကြီးကလည်း အဲဒီအချိန်က ဥရောပရဲ့ လူဦးရေ သန်းပေါင်းများစွာကို သတ်ဖြတ်ခဲ့ပြီး (၅၄၁)ခုနှစ်ကနေ (၅၄၂)ခုနှစ်အတွင်း အရှေရောမ အင်ပါယာလို့သိကြတဲ့ Byzantine အင်ပါယာနဲ့ မြေထဲပင်လယ်ဒေသမြို့တော်ကြီးတွေ မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ယင်းကပ်ရောဂါကြီးကြောင့် လူပေါင်း (၂၅)သန်းလောက် သေဆုံးခဲ့ရပြီး ကုန်သည်လှေတွေမှာပါလာတဲ့ကြွက်တွေဆီက fleas ရောဂါပိုးကြောင့် ပဲဖြစ်ပါတယ်။

PLAGUE OF JUSTINIAN ကြောင့်မြေထဲပင်လယ်ဒေသအရှေဘက် ကမြို့တော်ကြီးတွေကလူဦးရေစုစုပေါင်းရဲ့(၄)ပုံ(၁)ပုံလောက် သေဆုံးခဲ့ရပါတယ်။ အရှေရောမအင်ပါယာရဲ့ ကွန်စတန်တီနိုဗယ်မြို့တော်မှာဆိုရင် ယင်းကပ်ရောဂါကျ ရောက်စဉ်ကလာအတွင်း တစ်နေ့ကိုလူ (၅၀၀၀)လောက်သေဆုံးခဲ့ရတယ်လို့သိရပြီး နောက်ဆုံးမှာတော့ မြို့ရဲ့လူဦးရေတစ်ဝက်ကျော်ကျော်သာအသက်ရှင်နိုင်ခဲ့တယ်လို့ မှတ်တမ်းတွေအရသိရပါတယ်။

(၁) ANTONINE PLAGUE (165 AD)

အေဒီ (၁၆၅)မှာဖြစ်ခဲ့တဲ့ Plague of Galen လို့လည်းသိကြတဲ့ ANTONINE PLAGUE ရောဂါဆိုးကြီးဖြစ်ပွားရာဒေသကတော့ အာရှမိုင်းနားဒေသ၊အီဂျစ်၊ဂရိနဲ့အီတလီနိုင်ငံ တွေမှာဖြစ်ပြီး စတင်ဖြစ်ပွားခဲ့ရတဲ့အကြောင်းအရင်းကိုတော့မသိရှိရပါဘူး။ ယင်းရောဂါ ကိုသယ်ဆောင်လာခဲ့သူတွေကတော့ မက်ဆိုပိုတေးမီးယားဒေသကပြန်လာတဲ့ရောမ စစ်သားတွေဖြစ်ပြီး လူ(၅)သန်းလောက်သေကြေခဲ့ရပါတယ်။

ရောမတွေဟာ မက်ဆိုပိုတေးမီးယားဒေသက Seleucia မြို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတဲ့နောက် ဒီရောဂါ ကူးစက်ခံရခြင်းဖြစ်ပါတယ်။ ရောမဧကရာဇ် Lucius Verus ကိုယ်တိုင် ဒီရောဂါခံစားပြီး သေဆုံးသွားခဲ့တာလို့ ပညာရှင်တွေက ယုံကြည်ထားကြပါတယ်။။ ဒီရောဂါဟာ ပိုးလမ်းမကြိးတလျှောက်နဲ့ တရုတ်နိုင်ငံတွေအထိ ကူးစက်ခံခဲ့ရတယ်လို့သိရပါတယ်။

Tags: world history

Related Posts

ဒေါ်လာ သန်း ၄၀ အကုန်အကျခံကာ အီဂျစ်အမွေအနှစ်များကို ကယ်တင်ခဲ့ကြခြင်း
History

ဒေါ်လာ သန်း ၄၀ အကုန်အကျခံကာ အီဂျစ်အမွေအနှစ်များကို ကယ်တင်ခဲ့ကြခြင်း

အီဂျစ်နိုင်ငံရဲ့ လူသိအများဆုံးနေရာတွေလို့ ပြောလိုက်တာနဲ့ ပိရမစ်ကြီးတွေနဲ့ အတူ ပါဝင်လာလေ့ရှိတာကတော့ Abu Simbel အဘူစင်ဘယ် ဆိုတဲ့နေရာပါ။ အဘူစင်ဘယ် ဆိုတာကတော့ အီဂျစ်နိုင်ငံတောင်ပိုင်း ဆူဒန်နိုင်ငံရဲ့နယ်စပ်အနီး နူဘီးယားဒေသမှာ တည်ရှိတဲ့ ရွာတရွာဖြစ်ပြီး အဲဒီမှာရှိတဲ့ ရှေးဟောင်းဘုရားကျောင်းတွေကြောင့် အဘူစင်ဘယ်...

History

အသားအဝါရောင်ပြောင်းခဲ့ရတဲ့ မိန်းကလေးများ

ကနေရီ မိန်းကလေးများ Canary Girls ဆိုတာကတော့ ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်ကာလအတွင်းက ဗြိတိန်တပ်မတော်အတွက် လက်နက်ခဲယမ်း တွေထုတ်လုပ်ပေးရတဲ့ အမျိုးသမီးတွေဖြစ်ကြပါတယ်။ Canary ငှက်ဆိုတာ အဝါရောင်ငှက်ဖြစ်တာကြောင့် Canary Girls ဟာ အဝါရောင်အမျိုးသမီးများလို့ အဓိပ္ပါယ်ရမှာဖြစ်ပါတယ်။ ယင်းအမျိုးသမီးတွေဟာဆိုရင်...

တချိန်တုန်းက စိတ်ဝင်စားစရာ နည်းပညာပုံရိပ်များ
History

တချိန်တုန်းက စိတ်ဝင်စားစရာ နည်းပညာပုံရိပ်များ

နည်းပညာ တိုးတက်ပြောင်းလဲမှုတွေဟာ တနှစ်ထက်တနှစ် အလွန်လျှင်မြန်တဲ့ အမြန်နှုန်းနဲ့ ပြောင်းလဲလျက်ရှိပါတယ်။ တိုးတက်တဲ့ နိုင်ငံကြီးတွေကို မဆိုထားနဲ့ ၊ ကျွန်တော်တို့ မြန်မာနိုင်ငံကို ကြည့်ရင်ပဲ လွန်ခဲ့တဲ့ ၁၀ နှစ်နဲ့ အခုအချိန်နဲ့ဟာ လုံး၀ ပြောင်းလဲသွားပါပြီ။ လွန်ခဲ့တဲ့...

လမ်းခင်းပစ်ခံလိုက်ရသော မြကန် ပိဋကတ်တိုက် နှင့် ပုဂံ နှစ်ထပ်အုတ်ကျောင်းများ
History

လမ်းခင်းပစ်ခံလိုက်ရသော မြကန် ပိဋကတ်တိုက် နှင့် ပုဂံ နှစ်ထပ်အုတ်ကျောင်းများ

ရေးသားသူ - ဘိက္ခု ကေသရ ပုဂံခေတ်ဦးပိုင်းတွင် ထင်ရှားသော ပိဋကတ်တိုက် (၂) လုံးရှိသည် ဟု ဆိုကြပေသည်။ ပထမ ပိဋကတ်တိုက်မှာ ပုဂံ မြို့ တံတိုင်းအတွင်း မှ အနော်ရထာမင်း၏ ပိဋကတ်တိုက်ဖြစ်၍ ဒုတိယ...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!