(Unicode)
ဘရာဇီးက Felipe Rossi လို့ အမည်ရတဲ့ သွားဆရာဝန်တယောက်ဟာ ခရီးတွေထွက်ခဲ့ပြီးနောက် ဆင်းရဲချို့တဲ့သူတွေကို အကောင်းဆုံးအရာတချို့ပေးနိုင်ခဲ့ပါတယ်။ အဲဒါကတော့ သူတို့ကို တဖန်ပြန်ပြုံးနိုင်စေပြီး ယုံကြည်မှုတွေပေးခဲ့တာဖြစ်ပါတယ်။
သွားကျန်းမာရေးဟာ အထူးဂရုပြုရမယ့် အထဲမှာပါပေမယ့်လို့ ကမ္ဘာပေါ်က လူအများစုကတော့ ဂရုမစိုက်နိုင်ကြပါဘူး။ ဘာလို့လဲဆိုတော့ သွားနဲ့ ပတ်သက်တဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေက အလွန်ဈေးကြီးတာကြောင့် တနေ့တာကို စားဝတ်နေရေးအတွက်သာ အချိန်ပေးနေရတဲ့သူတွေ အဖို့တော့ သွားဆေးခန်းသွားဖို့ဆိုတာ သူတို့နဲ့ လုံးဝမသက်ဆိုင်တဲ့ အရာတခုလိုပါပဲ။
သွားဆရာဝန် Felipe Rossi ဟာ ခရီးတွေထွက်ရင်း ချို့တဲ့တဲ့သူတွေဆီသွားရောက်ကာ လိုအပ်တဲ့ သွားကျန်းမာရေး ကုသမှုတွေကို ရာပေါင်းများစွာသော လူတွေအား အခမဲ့ လုပ်ဆောင်ပေးခဲ့ပါတယ်။ သူ့ရဲ့ကုသပေးမှုကြောင့် သွားများပျက်စီးနေပြီး မပြုံးနိုင်တော့တဲ့သူတွေဟာ ပြန်လည်ပြုံးနိုင်လာခဲ့ကြပါတယ်။
၂၀၁၆ ခုနှစ်မှာတော့ ဒေါက်တာ Felipe Rossi ဟာ သူတယောက်တည်း ကုသပေးနေတာထက် ပိုပြီး လူများများကို ကုသပေးနိုင်ဖို့အတွက် Por1sorriso ဆိုတဲ့ အဖွဲ့လေးကို ဖွဲ့စည်းလိုက်ပါတယ်။ စေတနာ့ဝန်ထမ်းတွေနဲ့ဖွဲ့ထားတဲ့ ဒီအဖွဲ့နဲ့အတူ ဆက်လက်ကုသပေးခဲ့တဲ့အတွက် အခုဆိုရင် သူတို့အဖွဲ့က သွားကျန်းမာရေးကုသပေးခဲ့တဲ့သူပေါင်း ၇၅၀၀ ခန့်ရှိသွားပါပြီ။
ဒေါက်တာ Rossi နဲ့ သူ့အဖွဲ့သွားခဲ့တဲ့ နေရာတွေဟာ အလွန်ချို့တဲ့သူများနေထိုင်ရာဖြစ်ပြီး အဓိကအားဖြင့်တော့ ဘရာဇီး နဲ့ အရှေ့အာဖရိက နိုင်ငံတွေဆီဖြစ်ပါတယ်။ ဒီလိုကုသပေးရာမှာ Por1sorriso အဖွဲ့ဟာ အကြီးအကျယ်တော့ မကုသုပေးနိုင်ခဲ့ပါဘူး။ အကြောင်းကတော့ အခမဲ့ကုသပေးဖို့အတွက် ကုသရာမှာ လိုအပ်တဲ့ ကုန်ကျစရိတ်တွေအတွက် ပံ့ပိုးသူတွေအပေါ်မှီခိုနေရလို့ ဖြစ်ပါတယ်။
ဒါပေမယ့် သူတို့ကုသပေးခဲ့တဲ့ လူတွေရဲ့မကုသခင် နဲ့ ကုသပြီးပုံရိပ်တွေကို နှိုင်းယှဉ်ကာ ဆိုရှယ်နက်ဝက်တွေအပေါ်တင်အပြီးမှာတော့ လူအများရဲ့ချီးမွမ်းခြင်းကို ခံရပြီး အလှူငွေများလည်း ရရှိလာခဲ့သလို ဒေါက်တာ Felipe Rossi ကိုလည်း လူသိများလာခဲ့ပါတယ်။
ယနေ့ကမ္ဘာမှာ လူပေါင်း ၂.၃ဘီလျံခန့်ဟာ သွားရောဂါကို မကြာခဏခံစားနေရလို ကလေးငယ်ပေါင်း သန်း ၅၃၀ ခန့်ဟာလည်း သွားနဲ့ ပတ်သက်တဲ့ဝေဒနာတွေကို ခံစားနေရပါတယ်။ ဒါပေမယ့် သွားကုသရေးစရိတ်ဟာ ချို့တဲ့သူတွေအတွက်သာမက လူလတ်တန်းစားတွေအတွက်ပါ ခက်ခဲတဲ့နှုန်းဖြစ်တာကြောင့် အများစုဟာ သင့်တော်မယ့်ဆေးဝါးတွေကို သောက်ရင်းနဲ့သာ ဖြေရှင်းနေရပါတယ်။ ချမ်းသာတဲ့နိုင်ငံတွေက ကျန်းမာရေး ဝန်ဆောင်မှုဝင်ငွေ စုစုပေါင်းရဲ့ ၂၀% ဟာ သွားကျန်းမာရေးကနေ ရရှိတာဖြစ်ပါတယ်။
သွားရောဂါခံစားနေရသူတွေဟာ အစာမစားနိုင်သလို နာကျင်မှုကို ခံစားနေရတဲ့အတွက် ပြုံးတောင်မပြုံးနိုင်တော့ပါဘူး။ တချို့တွေကတော့ ပျက်စီးနေတဲ့သွားတွေကို တခြားသူမြင်မှာစိုးတဲ့အတွက် လူတွေရှေ့မှာ မပြုံးရယ် ရဲတော့ပါဘူး။ အခုတော့ သူတို့အပြုံးတွေကို ဝှက်ထားစရာမလိုတော့ပါဘူး။ ယုံကြည်ချက်အပြည့်နဲ့ အားရပါးရပြုံးနိုင်ပါပြီ” လို့ ဒေါက်တာ Rossi က ဆိုပါတယ်။
(ဒီပုံရိပ်တွေကတော့ သူကုသပေးခဲ့တဲ့ လူတွေထဲက အချို့ရဲ့ မကုသခင် နဲ့ ကုသပြီး အခြေအနေကို နှိုင်းယှဉ်ဖော်ပြထားတာဖြစ်ပြီး ဘယ်လိုကွာခြားသွားသလဲ ကြည့်ကြည့်ကြပါဦး)
————- ——— ————-
(Zawgyi)
လူေတြကို တဖန္ျပန္ၿပဳံးႏုိင္ေစကာ ယုံၾကည္မႈရွိလာေစခဲ့သူ
ဘရာဇီးက Felipe Rossi လုိ႔ အမည္ရတဲ့ သြားဆရာ၀န္တေယာက္ဟာ ခရီးေတြထြက္ခဲ့ၿပီးေနာက္ ဆင္းရဲခ်ဳိ႕တဲ့သူေတြကို အေကာင္းဆုံးအရာတခ်ဳိ႕ေပးႏုိင္ခဲ့ပါတယ္။ အဲဒါကေတာ့ သူတုိ႔ကုိ တဖန္ျပန္ၿပဳံးႏုိင္ေစၿပီး ယုံၾကည္မႈေတြေပးခဲ့တာျဖစ္ပါတယ္။
သြားက်န္းမာေရးဟာ အထူးဂရုျပဳရမယ့္ အထဲမွာပါေပမယ့္လုိ႔ ကမာၻေပၚက လူအမ်ားစုကေတာ့ ဂရုမစုိက္ႏုိင္ၾကပါဘူး။ ဘာလုိ႔လဲဆုိေတာ့ သြားနဲ႔ ပတ္သက္တဲ့ က်န္းမာေရး၀န္ေဆာင္မႈေတြက အလြန္ေစ်းႀကီးတာေၾကာင့္ တေန႔တာကို စား၀တ္ေနေရးအတြက္သာ အခ်ိန္ေပးေနရတဲ့သူေတြ အဖုိ႔ေတာ့ သြားေဆးခန္းသြားဖုိ႔ဆုိတာ သူတုိ႔နဲ႔ လုံး၀မသက္ဆုိင္တဲ့ အရာတခုလုိပါပဲ။
သြားဆရာ၀န္ Felipe Rossi ဟာ ခရီးေတြထြက္ရင္း ခ်ဳိ႕တဲ့တဲ့သူေတြဆီသြားေရာက္ကာ လုိအပ္တဲ့ သြားက်န္းမာေရး ကုသမႈေတြကို ရာေပါင္းမ်ားစြာေသာ လူေတြအား အခမဲ့ လုပ္ေဆာင္ေပးခဲ့ပါတယ္။ သူ႔ရဲ႕ကုသေပးမႈေၾကာင့္ သြားမ်ားပ်က္စီးေနၿပီး မၿပဳံးႏုိင္ေတာ့တဲ့သူေတြဟာ ျပန္လည္ၿပဳံးႏုိင္လာခဲ့ၾကပါတယ္။
၂၀၁၆ ခုႏွစ္မွာေတာ့ ေဒါက္တာ Felipe Rossi ဟာ သူတေယာက္တည္း ကုသေပးေနတာထက္ ပိုၿပီး လူမ်ားမ်ားကို ကုသေပးႏုိင္ဖုိ႔အတြက္ Por1sorriso ဆုိတဲ့ အဖြဲ႔ေလးကို ဖြဲ႔စည္းလုိက္ပါတယ္။ ေစတနာ့၀န္ထမ္းေတြနဲ႔ဖြဲ႔ထားတဲ့ ဒီအဖြဲ႔နဲ႔အတူ ဆက္လက္ကုသေပးခဲ့တဲ့အတြက္ အခုဆုိရင္ သူတုိ႔အဖြဲ႔က သြားက်န္းမာေရးကုသေပးခဲ့တဲ့သူေပါင္း ၇၅၀၀ ခန္႔ရွိသြားပါၿပီ။
ေဒါက္တာ Rossi နဲ႔ သူ႔အဖြဲ႔သြားခဲ့တဲ့ ေနရာေတြဟာ အလြန္ခ်ဳိ႕တဲ့သူမ်ားေနထုိင္ရာျဖစ္ၿပီး အဓိကအားျဖင့္ေတာ့ ဘရာဇီး နဲ႔ အေရွ႕အာဖရိက ႏုိင္ငံေတြဆီျဖစ္ပါတယ္။ ဒီလုိကုသေပးရာမွာ Por1sorriso အဖြဲ႔ဟာ အႀကီးအက်ယ္ေတာ့ မကုသုေပးႏုိင္ခဲ့ပါဘူး။ အေၾကာင္းကေတာ့ အခမဲ့ကုသေပးဖုိ႔အတြက္ ကုသရာမွာ လုိအပ္တဲ့ ကုန္က်စရိတ္ေတြအတြက္ ပံ့ပုိးသူေတြအေပၚမွီခုိေနရလုိ႔ ျဖစ္ပါတယ္။
ဒါေပမယ့္ သူတုိ႔ကုသေပးခဲ့တဲ့ လူေတြရဲ႕မကုသခင္ နဲ႔ ကုသၿပီးပုံရိပ္ေတြကို ႏႈိင္းယွဥ္ကာ ဆုိရွယ္နက္၀က္ေတြအေပၚတင္အၿပီးမွာေတာ့ လူအမ်ားရဲ႕ခ်ီးမြမ္းျခင္းကို ခံရၿပီး အလွဴေငြမ်ားလည္း ရရွိလာခဲ့သလုိ ေဒါက္တာ Felipe Rossi ကိုလည္း လူသိမ်ားလာခဲ့ပါတယ္။
ယေန႔ကမာၻမွာ လူေပါင္း ၂.၃ဘီလ်ံခန္႔ဟာ သြားေရာဂါကို မၾကာခဏခံစားေနရလုိ ကေလးငယ္ေပါင္း သန္း ၅၃၀ ခန္႔ဟာလည္း သြားနဲ႔ ပတ္သက္တဲ့ေ၀ဒနာေတြကို ခံစားေနရပါတယ္။ ဒါေပမယ့္ သြားကုသေရးစရိတ္ဟာ ခ်ဳိ႕တဲ့သူေတြအတြက္သာမက လူလတ္တန္းစားေတြအတြက္ပါ ခက္ခဲတဲ့ႏႈန္းျဖစ္တာေၾကာင့္ အမ်ားစုဟာ သင့္ေတာ္မယ့္ေဆး၀ါးေတြကို ေသာက္ရင္းနဲ႔သာ ေျဖရွင္းေနရပါတယ္။ ခ်မ္းသာတဲ့ႏုိင္ငံေတြက က်န္းမာေရး ၀န္ေဆာင္မႈ၀င္ေငြ စုစုေပါင္းရဲ႕ ၂၀% ဟာ သြားက်န္းမာေရးကေန ရရွိတာျဖစ္ပါတယ္။
သြားေရာဂါခံစားေနရသူေတြဟာ အစာမစားႏုိင္သလုိ နာက်င္မႈကို ခံစားေနရတဲ့အတြက္ ၿပဳံးေတာင္မၿပဳံးႏုိင္ေတာ့ပါဘူး။ တခ်ဳိ႕ေတြကေတာ့ ပ်က္စီးေနတဲ့သြားေတြကို တျခားသူျမင္မွာစုိးတဲ့အတြက္ လူေတြေရွ႕မွာ မၿပဳံးရယ္ ရဲေတာ့ပါဘူး။ အခုေတာ့ သူတုိ႔အၿပဳံးေတြကို ၀ွက္ထားစရာမလုိေတာ့ပါဘူး။ ယုံၾကည္ခ်က္အျပည့္နဲ႔ အားရပါးရၿပဳံးႏုိင္ပါၿပီ” လုိ႔ ေဒါက္တာ Rossi က ဆုိပါတယ္။
(ဒီပုံရိပ္ေတြကေတာ့ သူကုသေပးခဲ့တဲ့ လူေတြထဲက အခ်ဳိ႕ရဲ႕ မကုသခင္ နဲ႔ ကုသၿပီး အေျခအေနကို ႏႈိင္းယွဥ္ေဖာ္ျပထားတာျဖစ္ၿပီး ဘယ္လုိကြာျခားသြားသလဲ ၾကည့္ၾကည့္ၾကပါဦး)