Monday, April 19, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

by Thutamm
January 31, 2021
Reading Time: 2min read
0
လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Share on FacebookShare on Twitter

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့ လင်းရှုူးတို့ရဲ့ ကွာခြားချက်တွေနဲ့အတူ ဗဟုသုတ အချို့ကို ပြန်လည်ဝေမျှလိုက်ပါတယ်။

လင်းပိုင် နဲ့ လင်းရှူးတွေဟာ ရေနေ နို့တိုက်သတ္တဝါတွေဖြစ်ပြီး သူတို့နှစ်မျိုးစလုံးဟာ သွားရှိဝေလငါး(Toothed whale) အုပ်စုထဲမှာ ပါဝင်ကြပါတယ်။ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံချင်း ဆင်ပေမယ့် အမျိုးအစားအားဖြင့်တော့ ကွဲပြားခြားနားကြပါတယ်။ ကမ္ဘာ့နေရာအနှံ့အပြားက ပင်လယ် သမုဒ္ဒရာတွေထဲမှာ နေထိုင်တဲ့ လင်းပိုင်အမျိုးအစားပေါင်း ၃၂ မျိုးခန့် ရှိပြီး လင်းရှူးအမျိုးအစားကတော့ ၇ မျိုးပဲ ရှိပါတယ်။

သူတို့နှစ်မျိုးရဲ့ တူညီတဲ့ အချက်ကတော့ ချစ်စဖွယ်အဆင်းရှိပြီး ဉာဏ်ကောင်းကြတာပါ။ ပဲ့တင်သံကို အသုံးပြုပြီး အစာရှာကြတာရော ၊ ရန်သူတွေလက်ထဲက လွတ်အောင်ထွက်ပြေးတဲ့ပုံချင်းလည်း တူညီကြပါတယ်။ လင်းပိုင်ရော လင်းရှူးတွေရော သူတို့ရဲ့ သားငယ် သမီးငယ်တွေကို အရွယ်ရောက်တဲ့အထိ ပြုစုစောင့်ရှောက်ကြလေ့ရှိပါတယ်။ သူတို့ဟာ ညစ်ညမ်းတဲ့ရေပြင်ဧရိယာမှာ မနေထိုင်ကြတာချင်းလည်း တူညီပေမယ့် ကွဲပြားတဲ့အချက်တွေလည်း ရှိနေပါသေးတယ်။

လင်းပိုင် နဲ့ လင်းရှူးတွေဟာ အရောင်ချင်း တူညီကြပေမယ့် အရွယ်အစား နဲ့ ခန္ဓာကိုယ်ပုံသဏ္ဍာန်တွေ ကွဲပြားကြပါတယ်။ လင်းရှူးတွေဟာ ကျစ်လစ်သိပ်သည်းတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး အရွယ်အစားအားဖြင့်လည်း လင်းပိုင်တွေထက် ပိုသေးပါတယ်။ လင်းရှူးတွေဟာ ခန္ဓာကိုယ်အလျား ၅ပေ ဝန်းကျင်ကနေ ၇ပေ ဝန်းကျင်အထိသာ ရှိတတ်ပါတယ်။ လင်းပိုင်တွေကတော့ ပျမ်းမျှအားဖြင့် ၁၀ ပေ ဝန်းကျင်ခန့် ရှိတတ်ပါတယ်။ လင်းရှူးတွေထဲမှာ အရွယ်အငယ်ဆုံး နဲ့ အရှားပါးဆုံးကတော့ ဗက်ခီးတားလင်းရှူးဖြစ်ပြီး ကမ္ဘာပေါ်မှာ ကောင်ရေ ၂၀ ဝန်းကျင်သာ ကျန်တော့တယ်လို့ သိရပါတယ်။

လင်းပိုင်တွေထဲမှာ အကြီးဆုံးကတော့ Killer whale တွေဖြစ်ပါတယ်။ ဝေလငါး အမည်နဲ့ ဖြစ်ပေမယ့် တကယ်ကတော့ သမုဒ္ဒရာနေလင်းပိုင်းမျိုးစိတ်ထဲမှာ ပါဝင်ပါတယ်။ Killer whale တွေဟာ ခန္ဓာကိုယ်အလျား ပေ ၂၀ ကနေ ၂၆ ပေ ဝန်းကျင်အထိ ရှိတတ်သလို အလေးချိန်ကလည်း ၆တန် ဝန်းကျင် ရှိတတ်ပါတယ်။ လင်းပိုင်တွေထဲမှာ အရွယ်အငယ်ဆုံး အမျိုးအစားကတော့ Māui လင်းပိုင်ဖြစ်ပြီး သူတို့တွေကတော့ ၅ပေ ခွဲဝန်းကျင်သာ ရှိတတ်ပါတယ်။ လင်းပိုင်တွေမှာ အထီးက အမထက် အကောင်ပိုကြီးပေမယ့် လင်းရှူးတွေမှာကျတော့ အမ က အထီးထက် အကောင်ပိုကြီးပါတယ်။

လင်းပိုင်အများစုဟာ နှုတ်သီးနဲ့တူတဲ့ ရှည်လျားတဲ့ နှာခေါင်း ၊ ကတော့ချွန်သွားတွေနဲ့အတူ ကြီးမားတဲ့ပါးစပ်တွေ ရှိကြပါတယ်။ လင်းရှူးတွေကတော့ တိုပြီးလုံးဝန်းတဲ့ မျက်နှာ ၊ တုံးတိတဲ့နှာခေါင်းတို့ကို ပိုင်ဆိုင်ထားကာ သွားတွေကတော့ ဂေါ်ပြားပုံ ရှိနေပါတယ်။ လင်းပိုင်တွေရဲ့ ဆူးတောင်(ရေယက်) dorsal fin ကတော့ ချိတ်(သို့) ကွေးတဲ့ပုံသဏ္ဍာန်ဖြစ်ပြီး လင်းရှူးတွေကတော့ တြိဂံပုံသဏ္ဍာန် ဆူးတောင်တွေကို ပိုင်ဆိုင်ထားကြပါတယ်။

အုပ်စုဖွဲ့ပုံချင်းလည်း မတူညီကြပဲ လင်းပိုင်အများစုက ကောင်ရေ ၁ဒါဇင်ထက်မနည်းတဲ့ အုပ်စုလိုက်ဖွဲ့ကာနေလေ့ရှိကြပေမယ့် လင်းရှူးတွေကတော့ ၂ ကောင်ကနေ ၄ကောင် အထိသာ အတူ နေထိုင်ကျက်စားလေ့ရှိကြပါတယ်။ လင်းပိုင်တွေဟာ ကျယ်လောင်တဲ့ ခရာသံ ၊ ချက်ခနဲမြည်သံတွေကို သူတို့အချင်းချင်း ဆက်သွယ်တဲ့နေရာမှာ သုံးပါတယ်။ လင်းရှူးတွေဟာလည်း ချက်ခနဲမြည်သံကို ပြုလုပ်ကြပေမယ့် သူတို့ရဲ့ အသံကို လူတွေရဲ့နားနဲ့ မကြားနိုင်ပါဘူး။

 လင်းပိုင်တွေဟာ ရေမျက်နှာပြင်အထက် လေထဲကို ခုန်တက်ကာ ပုံသဏ္ဍာန်အမျိုးမျိုး ပြုလုပ်လေ့ရှိကြပါတယ်။ လင်းရှူးတွေကတော့ ရေမျက်နှာပြင်အထက်ကို အသက်ရှုဖို့အတွက်သာ တက်ကြလေ့ရှိပြီး လေထဲကိုတော့ ရှားပါးစွာမှ ခုန်တက်လေ့ရှိပါတယ်။ လင်းရှူးတွေနဲ့ မတူညီတဲ့ အချက်ကတော့ လင်းပိုင်တွေဟာ ကစားမက်ကြသလို ၊ လူတွေကိုလည်း ကြောက်ရွံ့ခြင်း မရှိပါဘူး။ ဒါကြောင့်လည်း တချို့နေရာတွေမှာ လင်းပိုင်တွေကို ထိန်းသိမ်းထားပြီး နည်းမျိုးစုံနဲ့ဆော့ကစားရင်း ဖျော်ဖြမှုတွေ ဖန်တီးလေ့ရှိပါတယ်။

လင်းပိုင်တွေ နဲ့ လင်းရှူးတွေဟာ သက်တမ်းအားဖြင့်လည်း အများကြီး ကွာခြားကြပါတယ်။ လင်းရှူးတွေက သက်တမ်းတိုပြီး ၁၀ နှစ်ဝန်းကျင်မှ နှစ် ၂၀ ဝန်းကျင်အထိသာ ရှိတတ်ပေမယ့် လင်းပိုင်တွေကတော့ နှစ်ပေါင်း ၃၀ ကနေ ၅၀ ကျော်အထိ အသက်ရှည်ကြပါတယ်။ ဒီလောက်ဆိုရင် လင်းပိုင်(Dolphin) နဲ့ လင်းရှူး(Porpoise) တို့ရဲ့ ကွာခြားချက်တွေကို သိသွားလောက်ပြီလို့ မျှော်လင့်ပါတယ်။

 

Tags: animals

Related Posts

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

အံဖွယ် ၇ ခု အပါအဝင်ဖြစ်တဲ့ အီတိုင်ပူဆည် အကြောင်း
Knowledge

အံဖွယ် ၇ ခု အပါအဝင်ဖြစ်တဲ့ အီတိုင်ပူဆည် အကြောင်း

အမေရိကန်မြို့ပြအင်ဂျင်နီယာအသင်းက ရွေးချယ်ခဲ့တဲ့ အံ့ဖွယ် ၇ ခု မှာ ချန်နယ်တူးမြောင်း ၊ ပနားမားတူးမြောင်း ၊ စီအန်တာဝါ ၊ ဂိုးဒင်းဂိတ်တံတား ၊ အင်ပါယာစတိတ်အဆောက်အဦး စတဲ့ အကြောင်းအရာတွေကို တင်ပြီးခဲ့ပါပြီ။ ဒီတခါတော့ နောက်အံ့ဖွယ်...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!