Sunday, April 11, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ရှေးခေတ်ရောမပြည်ကြီးရဲ့ အင်ပါယာဧကရာဇ်များ

by Thutamm
March 9, 2020
Reading Time: 1min read
0
ရှေးခေတ်ရောမပြည်ကြီးရဲ့ အင်ပါယာဧကရာဇ်များ
Share on FacebookShare on Twitter

ရှေးခေတ်ရောမပြည်ကြီးဟာ နှစ်ပေါင်း(၅၀၀)ကြာအောင် တဦးတယောက်က အာဏာအားလုံးကိုရယူထားတဲ့ပုံမဟုတ်ပဲ နိုင်ငံတော်အာဏာဟာခေါင်းဆောင်တိုင်း ကိုအာဏာဖြန့်ဝေထားတဲ့ပုံစံနဲ့ အုပ်ချုပ်ခဲ့ကြပါတယ်။ နောက်ထပ်နှစ်(၅၀၀)လောက် ကြာချိန်မှာတော့ ရောမဟာ ဘုရင်စနစ်ကိုကျင့်သုံးလာခဲ့ပေမယ့် အစိုးရယန္တယားကိုထိန်းကြပ်မောင်းနှင်ပေးတဲ့သူတွေကို ဆက်လက်ထားရှိခဲ့ပါတယ်။ (ဥပမာ ဆီနိတ်တာအမတ်တွေဖြစ်ပါတယ်) ဒါပေမဲ့ ဘုရင်ဧကရာဇ်ကသာ အကြွင်းမဲ့အာဏာရှင်ဖြစ်ပြီး တခါတရံမှာဆိုရင် အင်ပါယာရဲ့နတ်ဘုရားတပါးသဖွယ် ပြည်သူတွေအကြားမှတ်ယူစေ တယ်လို့သိရပါတယ်။

ရောမအင်ပါယာရဲ့ ပထမဆုံးသော ဧကရာဇ်ကဘယ်သူလဲ

ရောမရဲ့ပထမဆုံးသောဧကရာဇ်ကတော့  Augustus Caesar ဖြစ်ပါတယ်။ သူရဲ့ နောက်ထပ်အမည်တမျိုးကတော့ Octavius ဆိုတာဖြစ်ပြီး နာမည်ကျော်ရောမ ဧကရာဇ်တပါးဖြစ်တဲ့ ဂျူးလိယက်ဆီဇာရဲ့မွေးစားသားတဖြစ်လည်း တူတော်စပ်သူဖြစ်ပါတယ်။

ဂျူးလိယက်ဆီဇာ

ဂျူးလိယက်ဆီဇာဟာ  ပြည်တွင်းစစ်များကိုအောင်နိုင်ပြီး ရောမအင်ပါယာဖြစ်ပေါ်လာစေဖို့ အုတ်မြစ်ချပေးခဲ့သူဖြစ်ပါတယ်။ နာမည်ကျော်စစ်ဗိုလ်ချုပ်ကြီးလည်းဖြစ်တဲ့ဂျူးလိယက် ဆီဇာဟာ တောင့်တင်းတဲ့စစ်တပ်ကြီးကိုလည်းပိုင်ဆိုင်ထားသူဖြစ်ပြီးရောမအင်ပါယာ အားလုံးနီးပါးအာဏာစက်ကိုဖြန့်ခင်းထားနိုင်ခဲ့ပါတယ်။ သူဟာပွန်ပီကိုရောမပြည်တွင်း စစ်အတွင်းအနိုင်တိုက်ခိုက်ခဲ့တဲ့နောက်မှာတော့ ရောမဆီနိတ်အမတ်တွေရဲ့နိုင်ငံတော် အာဏာကိုနှင်းအပ်ခြင်းခံခဲ့ရပြီး အာဏာရှင်တယောက်ဖြစ်လာခဲ့ပါတယ်။

ဆိနိတ်အမတ်တွေရဲ့ထောက်ခံမှုကိုပိုင်ဆိုင်ထားပေမဲ့ အချို့သောရောမခေါင်းဆောင်တွေကတော့ ဆီဇာရဲ့အာဏာရှင်ဆန်တဲ့အုပ်ချုပ်ရေးစနစ်ကိုဖျက်သိမ်းဖို့အလိုရှိနေပြီး သမ္မတနိုင်ငံ အုပ်ချုပ်ရေးကိုသာပြန်လည်အလိုရှိနေကြပါတယ်။ ဘီစီ(၄၄)ကာလ တနည်းအားဖြင့် ဆိုရရင် ဆီဇာဟာရောမကိုအာဏာရှင်ပုံစံနဲ့ တနှစ်လောက်အုပ်ချုပ်ခဲ့ပြီးချိန်မှာတော့ မိတ်ဆွေရင်းဖြစ်သူ Marcus Brutus ရဲ့လုပ်ကြံသတ်ဖြတ်ခြင်းကိုခံခဲ့ရပါတယ်။ ဒါပေမဲ့ ရောမဟာ သမ္မတနိုင်ငံတနိုင်ငံတော့ပြန်ဖြစ်မလာပဲ  သြဂက်စတက်ဆီဇာ ခေါ် အော်စတာဗီးရပ်ရဲ့ အာဏာပြန်လည်ရ ယူခြင်းကို ခံခဲ့ရပါတယ်။ သူဟာဘကြီးဖြစ်သူ ဆီဇာရဲ့အာဏာရှင်အမွေကိုဆက်ခံအသက်သွင်းကာ ရောမရဲ့ပထမဆုံးသော ဧကရာဇ်တပါးဖြစ်လာပါတော့တယ်။

ယခုခေတ်ကာလအမြင်နဲ့ ကြည့်မယ်ဆိုရင်တော့ နိုင်ငံတော်အာဏာကိုအများစုကထိန်း ချုပ်ထားတဲ့စနစ်ကနေ တဦးတယောက်တည်းကထိန်းချုပ်တဲ့စနစ်ဟာမှားတယ်လို့ ထင်ကောင်း၊ထင်နိုင်ပါတယ်။ ဒါပေမဲ့ ယင်းကာလကရောမမှာတော့ အာဏာရှင်စနစ်ဟာ အကြွင်းမဲ့မှန်ကန်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာကျော်အင်ပါယာဖြစ်ခဲ့တဲ့ရောမအတွက် ငြိမ်းချမ်းမှု၊ကြွယ်ဝမှုတွေကို ယူဆောင်ပေးခဲ့သူတွေကတော့ အကြွင်းမဲ့ အာဏာ ဆုပ်ကိုင်ထားတဲ့ အင်ပါယာဧက ရာဇ်တွေဖြစ်ခဲ့လို့ပါ။ ဒီနေရာမှာရောမအင်ပါယာဖြစ်ပြီးတဲ့နောက် ကျော်ကြားတဲ့ဧကရာဇ်တွေအကြောင်း အနည်းငယ်ဖော်ပြပေးချင်ပါတယ်။

၁။ အော်ဂက်စတက်ဆီဇာ

သူအကြောင်းကိုတော့အထက်မှာအနည်းငယ်ဖော်ပြပြီးခဲ့ပြီ၊ အော်ဂက်စတက်ဆီဇာဟာ ရောမအင်ပါယာကိုတည်ထောင်ခဲ့တဲ့ ပထမဆုံး ဧကရာဇ်ဖြစ်ပြီး အနာဂတ်ရောမဧကရာဇ်တွေအတွက်လည်း စံနမူနာထားစရာအုပ်ချုပ်မှုလမ်းစဉ်များစွာကို ချန်ထားခဲ့သူ ဖြစ်ပါတယ်။ ဂျူးလိယက်ဆီဇာကျဆုံးပြီးတဲ့နောက် ရောမအာဏာကိုစစ်တိုက်ပြီးတော့ရယူခဲ့သူဖြစ်ပြီး သူအာဏာရချိန်မှာ Pax Roman လို့လူသိများတဲ့ တိုင်းပြည်ငြိမ်းချမ်း ရေးလမ်းစဉ်ကိုကျင့်သုံးအုပ်ချုပ်ခဲ့ပါတယ်။

သူဟာစစ်ဘုရင်ပီပီ ရောမစစ်တပ်ကိုအဆင့် မြှင့်တင်မှုများစွာပြုလုပ်ခဲ့ပြီး အတိုက်အခံ နိုင်ငံရေးသမားတိုင်းကိုတော့ချေမှုန်းခဲ့ပါတယ် ။  စပိန်၊ ဆွစ်ဇာလန်၊ အာရှမိုင်းနားနှင့် ဘောလ်ကန်ဒေသများကို သိမ်းပိုက်ခဲ့ပြီး၊ မြောက်ဖက်နယ်နိမိတ်ကိုလည်း ရိုင်း-ဒန်းနျု (Rhine-Daunbe) မျဉ်းအထိရှိစေကာ ရောမအင်ပါယာကို ပိုမိုကြီးမားစေခဲ့ပါတယ်။ တဖက်ကလည်း ရောမအင်ပါယာ တိုးတက်ရေးလုပ်ငန်းများစွာကို လုပ်ဆောင်ခဲ့ပါတယ်။ သူဟာရောမမြို့ရဲ့လမ်းကွန်ယက်တွေကိုသာမက မြို့တော်ကြီးကိုလည်း ပြန်လည်တည် ဆောက်မှုလုပ်ငန်းများစွာကိုပြုလုပ်ခဲ့ပါတယ်။ အဓိကကတော့ စစ်ဘက်ရေးရာနဲ့ လူနေမှုစနစ်ဆိုင်ရာ ပြင်ဆင်တည်ဆောက်မှုတွေဖြစ်ပါတယ်။

စာပေကို ချီးမြှောက်တာကြောင့် သူ့လက်ထက်ဟာ စာပေထွန်းကားတဲ့ခေတ်ဖြစ်ခဲ့ပါတယ်။ ဒါအပြင် ပြည်သူ့အဆောက်အဦးများ ၊ ဘာသာရေးဆိုင်ရာဘုရားကျောင်းများကိုလည်း တည်ဆောက်ပေးတဲ့အပြင် မျှတသော ဥပဒေများစွာကိုလည်း ချမှတ်ပေးခဲ့ပါတယ်။ နိုင်ငံတွင်း၌ လမ်းမကြီးများ၊ ရေသွယ်ပြွန်များ၊ တံတားများကို ဆောက်လုပ်ခဲ့တဲ့အပြင် ငွေကြေးစနစ်၊ စာပို့စနစ်၊ ပြည်နယ်အချင်းချင်း လွတ်လပ်စွာ ကုန်သွယ်မှုစနစ်တို့ကိုလည်း ပြုပြင်တီထွင်ပေးခဲ့ပါတယ်။ နန်းစံသက်နှစ်ပေါင်း ၄၀အတွင်းမှာ ရောမပြည်ကြီးကို စည်ပင်ဝပြောပြီး သာယာအေးချမ်းအောင် အုပ်ချုပ်နိုင်ခဲ့တဲ့အပြင် ပြည်သူများအကျိုးရှိစေမယ့်လုပ်ငန်းများစွာ ဆောင်ရွက်ခဲ့တာကြောင့် သူ့ကို ရောမအင်ပါယာမှာသာမက ကမ္ဘာ့သမိုင်းမှာပါ အတော်ဆုံးဘုရင်တပါးအဖြစ် သတ်မှတ်ထားကြပါတယ်။

(၂) ကလောဒီးယက်(Claudius)

ရောမဧကရာဇ် ကလောဒီးယက် လက်ထက်မှာတော့ ရောမအင်ပါယာဟာ နယ်မြေသစ် များစွာကို ထပ်မံပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ရောမပိုင်ဆိုင်တဲ့နယ်မြေအတွင်းမှာဆိုရင် ယခုဗြိတိန်ကျွန်းမကြီးအထိကို ပါဝင်ခဲ့တာပါ။ သူလက်ထက်မှာလည်း စစ်မက်ရေးရာသာမက ပြည် သူတွေအတွက် လမ်း၊တံတားနဲ့ တူးမြောင်း၊ဆည်များစွာကိုတည်ဆောက်ပေးခဲ့ပါတယ်။

(၃) ထရေဂျန် (Trajan)

သမိုင်းဆရာတွေကတော့ ထရေဂျန်ကို ရောမဧကရာဇ်တွေအနက်မှာ သြဂတ်စတပ်ပြီးရင် အကြီးမြတ်ဆုံးပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ လက်ရုံးရည် နှလုံးရည်နဲ့ ပြည့်စုံတဲ့ ထရေဂျန်ဟာ(၁၉)နှစ်နီးပါး ရောမကို အုပ်စိုးခဲ့သူဖြစ်ပါတယ်။ သူလက်ထက်မှာတော့ ရောမအင်ပါယာဟာ အာဏာအထွတ်အထိပ်ကိုရောက်ရှိခဲ့ပြီး နယ်မြေသစ်များစွာအပြင်၊ စည်းစိမ်ချမ်းသာများစွာကိုပိုင်ဆိုင်နိုင်အောင် ဖန်တီးပေးခဲ့ ပါတယ်။ ဒါအပြင်ရောမတခွင်မှာလည်း လူမှုနဲ့စီးပွားရေး၊ကိုးကွယ်ယုံကြည်မှုဆိုင်ရာ အခြေခံအဆောက်အအုံများစွာကိုတည်ဆောက်ပေးနိုင်ခဲ့ပါတယ်။

(၄) မားကတ်စ် အော်ရီလိယက်စ် (Marcus Aurelius)

အော်ရီလိယက်စ်ကိုတော့ Philosopher King လို့သမိုင်းမှာထင်ရှားပါတယ်။ သူဟာရောမ ဧကရာဇ်တယောက်အဖြစ်သာမက လောကဓံကိုရင်ဆိုင်မဲ့အတွေးအခေါ်တွေကိုဖြန့် ဖြူးပေးခဲ့တဲ့ အစောဆုံးတွေးခေါ်ပညာရှင်တွေထဲက တယောက်အဖြစ်လည်းလူသိများပါတယ်။ စာပေနဲ့ နိုင်ငံတော်ကိုတည်ဆောက်ခဲ့တဲ့ အော်ရီလိယက်စ် ဟာ ရောမသမိုင်းရဲ့အတော်ဆုံး သောဧကရာဇ် (၅)ပါးမှာလည်းပါဝင်နေပါတယ်။

(၅) ဒိုင်အိုကလီးရှန်(Diocletian)

သူကိုတော့ အကောင်းရော အဆိုးရောရောနေတဲ့ မင်းဧကရာဇ်တပါးအဖြစ်ရောမသမိုင်းမှာ လူပိုသိပါတယ်။ သူ့လက်ထက်မှာပဲ နယ်မြေဧရိယာအလွန်ကြီးမားတဲ့ရောမပြည်ကို အရှေရောမအင်ပါယာ(ဘိုင်ဇန်တိုင်း) နဲ့ အနောက်ရောမအင်ပါယာဆိုပြီးနှစ်ပိုင်းခွဲခဲ့ပါတယ်။ အကြောင်းပြချက်ကတော့ အုပ်ချုပ်ရေးစနစ်ပိုမိုအသက်ဝင်လာဖို့နဲ့ နယ်စပ်မျဉ်းတွေကို ကာကွယ်ရေးလုပ်ငန်းတွေမှာ ထိရောက်မှုရှိစေဖို့ဖြစ်ပါတယ်။

တဖက်မှာတော့ ဒိုင်အိုကလီးရှန်ဟာ လူပေါင်းများစွာကိုသတ်ဖြတ်ခဲ့သူ ၊ လူသတ်ပွဲများစွာကိုဖန်တီးသူအဖြစ် ထင်ရှားပါတယ်။ အထူးသဖြင့်လူသားတွေရဲ့ မွေးရာပါအခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာကိုးကွယ်ခွင့်ကိုသွေဖီပြီး ခရစ်ယာန်ဘာသာ ကိုးကွယ်သူအတော်များများကို ဘာသာရေးကိုအကြောင်းပြ သတ်ဖြတ်မှုတွေပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

ရောမသမိုင်းရဲ့အရူးနှမ်းဆုံးဧကရာဇ်များ

ဘုရင်မင်းဆက်၊ဧကရာဇ်အဆက်ဆက်မှာလည်း ရူးနှမ်းနှမ်းပုဂ္ဂိုလ်တွေပါဝင်လာကာမှ သမိုင်းဟာပြည့်စုံပါလိမ့်မယ်။ ရောမဧကရာဇ်တွေအနက် ဒီလိုသတ်မှတ်ခံထားရတဲ့ဧကရာဇ်တွေကတော့ ရောမမြို့တော်ကြီးမီးလောင်နေတာတောင် တယောထိုးမပျက်ဘူးလို့နာမည်ကြီးတဲ့တဲ့နိရိုးဘုရင်(Nero)အပါအဝင် ကာရီဂူလာ၊ကွန်မိုဒက်၊ဒိုမီတန် တို့ဖြစ်တယ်လို့ သမိုင်းဆရာတွေကညွှန်းဆိုထားကြပါတယ်။ (တကယ်တော့ နီရိုးဘုရင်တယောမထိုးခဲ့ပါ ၊ စောင်းတီးနေသော သူ၏ ရံရွှေတော်များနှင့်အတူ သီချင်းများ အော်ဟစ်သီဆိုခဲ့ခြင်းသာ ဖြစ်ပါတယ်။ )

Constantine the Great

မဟာကွန်စတန်တိုင်း (Constantine the Great) ဟာ အေဒီ (၂၈၀)ကနေ (၃၃၇) အထိ အရှေ့ရောမအင်ပါယာကို အုပ်စိုးခဲ့သူဖြစ်ပြီး ရောမဧကရာဇ်တွေအနက်မှာတော့ ပထမဆုံးသောခရစ်ယာန်ဘာသာကို သက်ဝင်ယုံကြည်ခဲ့သူဖြစ်ပါတယ်။ ခရစ်ယာန်ဘာသာကို နိုင်ငံတော်ဘာသာအဖြစ်ပြဌာန်းပေးခဲ့သလို ကွန်စတန်တီနိုပယ်( Constantinople) ဆိုတဲ့ မြို့တော်ကိုတည်ထောင်ခဲ့သူလည်းဖြစ်ပါတယ်။ မြို့တော် ကွန်စတန်တီနိုပယ်( Constantinople) ဟာဆိုရင် အရှေရောမအင်ပါယာရဲ့မြို့တော်အဖြစ်နှစ်ပေါင်း (၁၀၀၀) ကျော်ကြာတည်ရှိနေနိုင်ခဲ့ပါတယ်။ ကွန်စတန်တီနိုပယ် ဟာ လက်ရှိအချိန်မှာတော့ တူရကီနိုင်ငံမြို့တော် အစ္စတန်ဘူလ်ဖြစ်နေပါပြီ။

ရောမအင်ပါယာပြိုကွဲခြင်း

နှစ်ပိုင်းကွဲနေတဲ့ ရောမအင်ပါယာဟာ ပြိုကွဲချိန်မှာလည်း အချိန်ကွဲပြားပါတယ်။ အနောက် ရောမအင်ပါယာဟာ ဧကရာဇ် Romulus Augustus လက်ထက် အေဒီ (၄၇၆)မှာ ဂျာမန်မျိုးနွယ်တွေဖြစ်တဲ့ Odoacer တွေလက်ချက်နဲ့ပြိုကွဲခဲ့ပါတယ်။ ဘိုင်ဇန်တိုင်းအင်ပါယာခေါ် အရှေ့ရောမအင်ပါယာကတော့ ကွန်စတန်တီနိုပယ်( Constantinople) မြို့တော်ကျဆုံးခြင်းနဲ့အတူ အေဒီ (၁၄၅၃)ရောက်ချိန်မှာ အော်တိုမန်တူရကီတွေရဲ့လက်အောက်ကို ကျရောက်ခဲ့ရတာဖြစ်ပါတယ်။

Tags: world historyworld people

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်
People

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်

၉.၁.၂၀၂၁ ရက်နေ့ Forbes ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ စာရင်းကို ကိုးကားထားခြင်းဖြစ်ပါတယ်။ ၁၀။ ဆာဂေးဘရင် ပြီးခဲ့တဲ့နှစ်က အဆင့် ၁၀ နေရာမှာရှိခဲ့တဲ့ အိန္ဒိယသူဌေးကြီး မာခက်ရှ် အမ်ဘန်နီက အဆင့် ၁၃ နေရာကိုရောက်သွားပြီး ဂိုဂဲရဲ့ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့...

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ
People

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ

ကျည်ကာအင်္ကျီတွေကိုတော့ စစ်ဘက်ဆိုင်ရာနဲ့ တကိုယ်ရေ ကာကွယ်မှုဆိုင်ရာ ကဏ္ဍတွေမှာအသုံးပြုကြပါတယ်။ ကျည်ကာအင်္ကျီတွေကိုတော့ အပူခံနိုင်ပြီး အလွန်မာကြောခိုင်ခံ့တဲ့ Kevlar လူလုပ်ဖိုက်ဘာမျှင်နဲ့ ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။ Kevlar ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ဝန်းကျင်ကတည်းက ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး တီထွင်ခဲ့သူကတော့ အမျိုးသမီးတဦးဖြစ်ပါတယ်။ သူအမှန်တကယ်တီထွင်ခဲ့တာက...

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု
Knowledge

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု

မိုနာလီဇာပန်းချီကားနဲ့ ကျော်ကြားတဲ့ လီယိုနာဒိုဒါဗင်ချီဟာ ပုံမှန်လူသားတယောက်ထက် ထူးကဲကာ အံ့ဖွယ်အနုသုခုမ ရှေးဦးပညာရှင်၊ ဆေးဘက်ဆိုင်ရာ စွန့်ဦးတီထွင်သူ နဲ့ ဖန်တီးမှုနည်းပညာ စတဲ့နယ်ပယ်ပေါင်းစုံမှာ ကြီးကျယ်တဲ့ တီထွင်မှုတွေကို ပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း သမိုင်းတလျှောက် အတော်ဆုံး တီထွင်သူတွေကို...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!