Friday, April 16, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ရုရှားမြို့တွေဆီကို နယ်ချဲ့လာကြတဲ့ ပိုလာဝက်ဝံများ

by Thutamm
August 16, 2019
Reading Time: 1min read
0
ရုရှားမြို့တွေဆီကို နယ်ချဲ့လာကြတဲ့ ပိုလာဝက်ဝံများ
Share on FacebookShare on Twitter

တချိန်က လူတွေနဲ့ ခပ်ကင်းကင်းနေတတ်လေ့ရှိတဲ့ အာတိတ်ဒေသက ပိုလာဝက်ဝံတွေဟာ ယခုလအနည်းငယ်အတွင်းမှာတော့ လူတွေနေထိုင်ရာ ရွာတွေဆီကို မကြာခဏ လာရောက်လေ့ရှိနေပါပြီ။ ဒီလိုလာတဲ့အခါမျိုးမှာ လူတွေကို အန္တရာယ်ပြုတာ နဲ့ အဆောက်အအုံတွေကို ဖျက်စီးတတ်တာတွေပါ ပြုမူလာကြပါတယ်။ ဒါဟာ ဘာကြောင့်ပါလဲ။

လူသားတွေကြောင့်ပဲ လို့ဆိုရင်မမှားပါဘူး။ လူသားတွေရဲ့ထုတ်လုပ်မှုအမျိုးမျိုးကြောင့် ရာသီဥတုများပြောင်းလဲကာ ကမ္ဘာကြီးပူနွေးလာခဲ့ပြီးနောက် အာတိတ်ဒေသက ရေခဲပြင်တော်တော်များများဟာလည်း အရည်ပျော်နေပါပြီ။ အရင်ကလည်း အရည်ပျော်ခဲ့ပေမယ့် အခုနှစ်တွေမှာတော့ အရင်ကထက် ၂ဆက်လောက် အရည်ပျော်နှုန်းဟာ ပိုမိုမြန်လာခဲ့ပါပြီ။ ရေခဲပြင်တွေအရည်ပျော်မှုကြောင့် အာတိတ်ဝက်ဝံတွေအတွက် နေစရာ နဲ့ အစားအစာရှာဖွေစားသောက်ရတာ ခက်ခဲလာခဲ့တာကြောင့် အခုလို လူတွေရှိရာနေရာတွေ အထိပါ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပါတယ်။

အဲဒီရွာတွေမှာ နေထိုင်တဲ့ ဒေသခံတွေကလည်း ပိုလာဝက်ဝံတွေရဲ့ ရန်ကြောင့် အိမ်အပြင်ကို ထွက်ဖို့ကြောက်ရွံ့နေကြပါတယ်။ သူတို့ရဲ့ကလေးတွေကိုလည်း စာသင်ကျောင်းတွေထံ အရင်လိုလမ်းလျှောက်ပြီး မပို့ရဲကြတော့ပါဘူး။ ကားတွေနဲ့သာ ပို့ကြပြီး လမ်းတွေမှာတိုက်ခိုက်လာပါကလည်း ခုခံဖို့ မေ့ဆေးဗုံးတွေကိုဆောင်ထားကြရပါတယ်။ အကြောင်းကတော့ ရုရှားမှာ ပိုလာဝက်ဝံတွေကို အမဲလိုက်ခြင်းအား တားမြစ်ပိတ်ပင်ထားလို့ဖြစ်ပါတယ်။ ဒါ့အပြင် အစိုးရဟာ ဒေသခံတွေကို ပိုလာဝက်ဝံတွေ အန္တရာယ်ပြုလာပါက ပြန်လည်တိုက်ခိုက်နိုင်ဖို့ ပြစ်မိန့်လိုင်စင်ကိုလည်း ခွင့်မပြုထားပါဘူး။

အစွန်ဆုံးကျတဲ့ စစ်ဘက်ဆိုင်ရာ Belushya Guba မြို့လေးဟာ ဒေသခံ လူပေါင်း ၂ထောင်ခန့် နေထိုင်တဲ့မြို့လေးဖြစ်ပြီး အခုအခါ ဒီမြို့မှာ ပိုလာဝက်ဝံတွေကို မကြာခဏ မြင်နေရကြရပါပြီ။ တာဝန်ကျဝန်ထမ်းတစ်ယောက်ဖြစ်တဲ့ Nadezhda Kireyeva ကတော့ “အရင်က ဒီမှာ သူတို့ကို မမြင်ရပါဘူး။ အခုတော့ မြင်လာရပါပြီ။ မကြာသေးခင်ကပဲ ပိုလာဝက်ဝံ ၇ကောင် အုပ်စုကို ကျွန်မ နီးနီးကပ်ကပ် မြင်ခဲ့ရသေးတယ်” လို့ ဆိုပါတယ်။ တခါတရံ အစားအစာရှာဖွေဖို့အတွက် အိမ်တွေ အဆောက်အအုံတွေထဲကို ချိုးဖျက်ဝင်ရောက်လာတတ်တာတွေလည်း ရှိနေပါတယ်။

ဒါကြောင့် တစ်နေရာကနေ တစ်နေရာကို သွားချင်ကြတဲ့အခါ အရင်လို တသီးတခြား မသွားကြတော့ပဲ အုပ်စုလိုက် အစောင့်အကြပ်တွေနဲ့ သွားရတဲ့ အခြေအနေဖြစ်ခဲ့ရပါတယ်။ ဒီလိုသွားလာရင်း ဝက်ဝံတွေနဲ့ ရင်ဆိုင်တွေ့တဲ့အခါမှာ ပစ်ခွင့်မရှိတာကြောင့် သေနတ်တွေကိုလေပေါ်ထောင်ပစ်ပြီး ခြောက်လှန့်ခြင်း ၊ မေ့ဆေးဗုံးတွေနဲ့ ပစ်ခတ်ခြင်းတွေကို ပြုလုပ်ကြပါတယ်။ အစားအစာရှားပါးလာတဲ့ ဝက်ဝံတွေကို အဓိက ဆွဲဆောင်နေတာကတော့ ဒီမြို့ရဲ့ အမှိုက်ပုံပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလကနေ ယခုအချိန်ထိဆိုရင် ဒီမြို့ရဲ့လမ်းတွေပေါ်မှာ ဝက်ဝံအကောင်ပေါင်း ၅၂ကောင် ခန့်ကို တွေ့ရှိနေရပြီဖြစ်ပါတယ်။ ၂၀၁၆ခုနှစ်ကတော့ ပိုလာဝက်ဝံတစ်ကောင်ဟာ အလုပ်သမား တစ်ယောက်ကို သတ်ဖြတ်ခဲ့ဖူးတဲ့ မှတ်တမ်းလည်းရှိပါတယ်။ ဒေသခံတွေ စိုးရိမ်နေကြတော့ ဒီထက်ပိုပြီး ပိုလာဝက်ဝံတွေ ပိုမိုများပြားလာကြပြီး လူတွေကို တိုက်ခိုက်လာကြမှာကို ဖြစ်ပါတယ်။

ပျမ်းမျှအလေးချိန် ပေါင် ၁၃၀၀ ရှိပြီး တစ်နာရီကို ၂၅မိုင် အမြန်နှုန်းနဲ့သွားနိုင်တဲ့ ပိုလာဝက်ဝံတွေဟာ အမြဲတမ်းတော့ လူတွေကို တိုက်ခိုက်နေတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် မထင်မှတ်တဲ့အခါမျိုးတွေနဲ့ အစားအစာရှာဖွေတဲ့အခါမျိုးတွေမှာ တွေ့တဲ့အခါ ရန်ပြုတိုက်ခိုက်တတ်ကြပါတယ်။ ဒါကြောင့် ဒေသက တာဝန်ရှိသူတွေဟာ အစိုးရထံ ဝက်ဝံတွေကို ပစ်ခတ်ခွင့်ပြုဖို့ တောင်းဆိုနေကြပါတယ်။

ပင်လယ်ရေမျက်နှာပြင်ဟာ တဖြည်းဖြည်းမြင့်တက်လာနေသလို ရေခဲပြင်တွေဟာလည်း တဖြည်းဖြည်း အရည်ပျော်လာခဲ့ပါပြီ။ အာတိတ်ဒေသမှာ နေထိုင်တဲ့ ပိုလာဝက်ဝံပေါင်း အကောင် ၂၅၀၀၀ ခန့်ရှိနေပါတယ်။ ဒီထက် အကောင်ရေနည်းသွားမှာ စိုးတဲ့အတွက် သူတို့ကို ပစ်ခတ်ခွင့်မပေးတာ ဖြစ်ပါတယ်။ ဒါပေမယ့် လူသားတွေဟာ စွမ်းအင်လုပ်ငန်းတွေအတွက် ဒီနေရာကို စွန့်ခွာမှာ မဟုတ်သလို နေစရာနဲ့ အစားအစာ ရှားပါးလာတဲ့ ပိုလာဝက်ဝံတွေဟာလည်း ပိုမိုရောက်ရှိလာမှာဖြစ်တဲ့အတွက် ရုရှားတာဝန်ရှိသူတွေဟာ ဒီအတွက် အကောင်းဆုံးနည်းလမ်းကို ရှာဖွေလျှက်ရှိနေပါတယ်။

VIDEO

သုတဇုန်

Tags: animalsworld news

Related Posts

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ
news

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ

ဒီတပတ်တော့ ပလပ်စတစ်ကို ခြေဖျက်တဲ့ bacterial cocktail လို့ခေါ်တဲ့ ရောနှောဘက်တီးရီးယားကို ဟန်ဂေရီက ဇီဝဓါတုပညာရှင် ၂ ဦး ဖန်တီးလိုက်တဲ့ အကြောင်း ပြောပြပေးပါမယ်။ Liz Madaras။ ။ “ကျမတို့က Poliloop ကုမ္ပဏီကို...

သံမဏိလူသား ပြိုင်ပွဲမှာ နောက်ဆုံးပန်းဝင်တဲ့အထိ ယှဉ်ပြိုင်နိုင်ခဲ့တဲ့ ဒေါင်း လူငယ်လေး
Amazing

သံမဏိလူသား ပြိုင်ပွဲမှာ နောက်ဆုံးပန်းဝင်တဲ့အထိ ယှဉ်ပြိုင်နိုင်ခဲ့တဲ့ ဒေါင်း လူငယ်လေး

ဒေါင်း(Down) ဆိုတာကတော့ Down Syndrome(ဒေါင်းဆင်ဒရုန်း) ကိုပြောတာဖြစ်ပါတယ်။ မြန်မာမှာတော့ ဒေါင်းဆင်တုံး လို့ပဲ အလွယ်တကူခေါ်ဝေါ်နေကြတဲ့ ရောဂါဖြစ်ပါတယ်။ အဖြစ်အများဆုံး မျိုးရိုးဗီဇဆိုင်ရာ ရောဂါတမျိုးဖြစ်ပြီး ဒီရောဂါခံစားနေရသူတွေရဲ့ မျက်နှာသွင်ပြင်တွေဟာ တူညီနေလေ့ရှိပါတယ်။ စာရေး စာဖတ် သင်ကြားဖို့ ခက်ခဲလေ့ရှိပြီး...

နာဆာရဲ့ အာကာသ သန့်စင်ခန်းဒီဇိုင်းပြိုင်ပွဲမှာ အနိုင်ရသွားတဲ့ ၉နှစ်သား
Amazing

နာဆာရဲ့ အာကာသ သန့်စင်ခန်းဒီဇိုင်းပြိုင်ပွဲမှာ အနိုင်ရသွားတဲ့ ၉နှစ်သား

အမေရိကန်ရဲ့ အမျိုးသား အာကာသနှင့် လေကြောင်း ဦးစီးဌာန (နာဆာ) က ကျင်းပတဲ့ ၂၀၂၀ ခုနှစ် Lunar Loo Challenge ပြိုင်ပွဲမှာ ချန်ပီယံအဖြစ် အနိုင်ရရှိသွားသူကတော့ Zyson Kang Zy Sun...

ကိုဗစ် ကူးစက်ခံလိုက်ရတဲ့ သမ္မတ ဒေါ်နယ်ထရမ့်
news

ကိုဗစ် ကူးစက်ခံလိုက်ရတဲ့ သမ္မတ ဒေါ်နယ်ထရမ့်

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် နဲ့ Melania Trump တို့ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတယ်လို့ သောကြာနေ့ မနက်ပိုင်းမှာ ထုတ်ဖော် ကြေငြာသွားခဲ့ပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်ဟာ အသက် ၇၄နှစ်ရှိပြီဖြစ်တာကြောင့် ကိုရိုနာဗိုင်းရပ်စ်တိုက်ခိုက်မှုကို ခံရတဲ့ အစိုးရိမ်ရဆုံး အသက်အပိုင်းအခြားမှာ...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!