Monday, March 8, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာ့ပထမဆုံး စူပါမော်ဒယ်

by Thutamm
September 4, 2019
Reading Time: 1min read
0
ကမ္ဘာ့ပထမဆုံး စူပါမော်ဒယ်
Share on FacebookShare on Twitter

ရေးသားသူ – ရည်မွန်အောင်(Messenger News)

စူပါမော်ဒယ် တစ်ယောက် ဖြစ်ဖို့ ဘာတွေ လိုအပ်ပါသလဲ။ တုပြိုင်ကင်းအောင် လှဖို့ လိုအပ်ပါသည်။ ဒါချည်းပဲလား။ မဟုတ်သေးပါဘူး။ ချစ်မွှေး လည်းပါရ ဦးမည်။ နည်းနည်းမှ အမှားမခံနိုင်သည့် ဖက်ရှင် အမြင်လည်း ရှိရမည်။ အလျှော့ပေးလို စိတ်လည်း လုံး၀ မရှိရ။ နောက်ဆုံး အချက် ကတော့ အရေးကြီးသည်။

လိင်ဆွဲဆောင်မှုရှိ ရမည်။ အင်မတန်ကို နာမည်ကြီးပြီး ခေတ်ကို လွှမ်းမိုးနိုင်ပြီ ဆိုလျှင် သာမန် မော်ဒယ်လေးကို စူပါ မော်ဒယ်လို့ ခေါ်လို့ ရမည် ဖြစ်သည်။ စူပါမော်ဒယ် ဆိုသည်မှာ သူနေထိုင်ခဲ့သည့် ခေတ်၏ ဖက်ရှင် ကမ္ဘာ၏ အလယ်ဗဟိုချက်တွင် ရှိနေသူ ဖြစ်ပြီး၊ ခေတ်၏ လျှပ်တပြက် ရိုက်ချက်လေးလည်း ဖြစ်သည်။ ခေတ်တိုင်း ခေတ်တိုင်းတွင် သူ့ခေတ်နှင့်သူ စူပါများရှိခဲ့ ကြသည်။

၂၀ ရာစု အစပိုင်းတွင် ဖြစ်ပါသည်။ ယင်းခေတ်ကာလတွင် ကမ္ဘာ့ပထမဆုံး စူပါ မော်ဒယ် တစ်ဦး ထွက်ပေါ်လာ ခဲ့သည်။ သူ့ အမည်က အီဗလင်း နက်စ်ဘစ်၊ ပိန်ပိန်ရှည် ရှည်လေး၊ ကြေးနီရောင် ဆံပင်ပိုင်ရှင် အလှ ဘုရင်မလေး။ အမေရိကန် ၊ ဖီလာဒယ်ဖီယာမြို့သူ ဖြစ်သည်။ သူ့ဘဝက မုန်တိုင်းထန်လှသည်။ လူသတ်မှုတစ်ခုတွင် ရောနှော ပါဝင်မှုတွင် သူနာမည် အကျော်ကြားဆုံး ဖြစ်ခဲ့သည်။ သူနှင့် ပတ်သက်ခဲ့သည့် လူသတ်မှု ကိုလည်း ရာစုနှစ်၏ ရုံးတင်စစ်ဆေးမှုဟုပင် ခေါ်ခဲ့ကြသည်။

နက်စ်ဘစ်ကို ကြည့်လျှင် သူ့ခေတ်ကို မြင်ရမည် ဖြစ်သည်။ ၁၉ရာစု အကုန်ပိုင်းမှာ အမေရိကန် ပြည်ထောင်စုတွင် စီးပွားရေး အလျှင်အမြန် တိုးတက်နေသော ကာလ ဖြစ်သည်။ စီးပွားရေး တိုးတက်သလို ဆင်းရဲမွဲတေမှုလည်း ထူပြောနေသည်။ နက်စ်ဘစ်သည် ဘ၀ တစ်လျှောက်လုံးတွင် ယင်း နှစ်ဘက်စလုံးကို မြင်တွေ့ခဲ့ရသူ ဖြစ်သည်။ ပင်ဆီဗေးနီးယား ပြည်နယ် တာရန်တမ်ရှိ စကော့နှင့် အိုင်းရစ်မျိုးနွယ် ဖြစ်သည်။ ဖခင်သေတော့ အကြွေးများသာ အမွေအဖြစ် ချန်ထားနိုင်ခဲ့သည်။

မိခင်က တစ်မိသားစုလုံးကို ကျွေးမွေးနိုင်ဖို့ အသည်းအသန် လုပ်ဆောင်ခဲ့ရသည်။ အီဗလင်းလေးသည် အသက် အသက် (၁၄) နှစ်မှစပြီး အနုပညာရှင်များ အတွက် အဝတ်အစားလုံလုံဖြင့် မော်ဒယ်ထိုင်ပေးခဲ့ ရသည်။ ၁၉၀၀ ခုနှစ်တွင် နယူးယောက်ကို ရောက်တော့ သူအချိန်တိုတွင်း အောင်မြင်ကျော်ကြားလာခဲ့သည်။ ကွဲပြားသော ကမ္ဘာသစ်တစ်ခုထဲသို့ ခြေချမိ လိုက်ခြင်း ဖြစ်သည်။

ဂျိမ်းစ်ကာရိုးဘက်ဝစ်သ်က သူ့ကို တပည့်အဖြစ်မွေးပြီး အနုပညာရှင်များ၊ ရုပ်ပြရေးသူများနှင့် မိတ်ဆက်ပေးခဲ့သည်။ သိပ်မကြာလိုက် နက်စ်ဘစ်သည် နယူးယောက်တွင် လူတိုင်းက နောက်က တကောက်ကောက်လိုက်နေရသည့် မော်ဒယ် ဖြစ်လာသည်။ အနုပညာ လက်ရာများ ထွက်ရှိ ရေးအတွက် စေ့ဆော်မှု တစ်ခု ဖြစ်လာသည်။ သူ၏ အလှကို ခံစားပြီး ပန်းပုပညာရှင် ဂျော့ဂရေားဘားနတ်က Innocence ( အပြစ်ကင်းစင်မှု)ဆိုသည့် ရုပ်တုကို ထုလုပ်ခဲ့သည်။

ဂျာနယ်များ၊ မဂ္ဂဇင်းများ၏ မျက်နှာဖုံးတွင် နက်စ်ဘစ်၏ ရုပ်ပုံကို မမြင်ချင်မှအဆုံး ဖြစ်ခဲ့သည်။ မဂ္ဂဇင်းများ ထဲတွင် Vanity Fair Harper’s Bazaar The Delineato နှင့် Ladies’ Home Journal တို့ ပါဝင်သည်။ သူနှင့်တူသော အမျိုးသမီးပုံများကို မျက်နှာလိမ်း ခရင်မ်များမှ သွားတိုက်ဆေး အဆုံးအထိ ကြော်ငြာများတွင် မြင်တွေ့ခဲ့ရသည်။

နက်စ်ဘစ်၏ ပျော့ပျောင်း ညင်သာသော မျက်နှာလေးကို ပို့စ်ကတ်များ၊ ပြက်္ခဒိန်များနှင့် ဆေးလိပ်ဘူးခွံ များတွင် မြင်တွေ့လာရသည်။ ရုပ်ပြ ရေးဆွဲသူများအတွက် နက်စ်ဘစ်သည် ပုံစံအမျိုးမျိုးဖြင့် ပုံစံထိုင်ပေး ခဲ့သည်။ သို့သော် အဝတ်အစား မလုံမခြုံမဟုတ်။ အဝတ်အစား အပြည့်အစုံနှင့် ဖြစ်သည်။

ဖက်ရှင်ဓာတ်ပုံ လုပ်ငန်းမှာ ပေါ်ထွက်ခါစဖြစ်သည်။ နက်စ်ဘစ်သည် နယ်ပယ်သစ်တွင် မော်ဒယ်တစ်ဦးအဖြစ် ပါဝင်ခဲ့သည်။ ချက်ချင်းလည်း အောင်မြင်ခဲ့သည်။ ယင်းနောက် သိပ်မကြာလိုက် နက်စ်ဘစ်သည် ဘရော့ဒ်ဝေး ပြဇာတ်နယ်ပယ် သို့လည်း ဝင်ရောက်ခဲ့ပြန်သည်။ သူပါဝင်သော ပြဇာတ်မှာ The Wild Roseဖြစ်သည်။

အောင်မြင်မှု၏ အန္တရာယ်

မော်ဒယ်ဘဝတွင် နက်စ်ဘစ်သည် နယူးယောက်တွင် လူသိများသည် ဗိသုကာပညာရှင် စတန်းဖို့ဝှိုက်နှင့် ဆုံဆည်းမိ ခဲ့သည်။ စတန်းဖို့ဝှိုက် မှာ နယ်နယ်ရရမဟုတ်။ ဒုတိယမက်ဒီဆင်ရင်ပြင်ဥယျာဉ်ကို ပုံစံထုတ်ခဲ့သူ ဖြစ်သည်။ ကော်နီလီးယပ်စ် ဗန်ဒါဗေးလ်၏ စံအိမ်ကြီးကို ပုံစံထုတ်ခဲ့သူ ဖြစ်သည်။ ဝှိုက်သည် နောက်ပိုင်းတွင် နက်စ်ဘစ်၏ ချစ်သူ ဖြစ်လာခဲ့သည်။ နက်စ်ဘစ်ကို စပွန်ဆာပေးသူ ဖြစ်လာခဲ့သည်။

နက်စ်ဘစ်နှင့် မိသားစုအား တန်ဖိုးကြီး လက်ဆောင်များ ပေးခဲ့သည်။ လှပခန်းနားသည့် တိုက်ခန်းကြီး ကိုလည်း လက်ဆောင်ပေး ခဲ့သည်။ နက်စ်ဘစ်က သန်းကြွယ်သူဌေး ဟယ်ရီ ကေသောအား လက်ထပ် ပြီးနောက်တွင် သူတို့ နှစ်ဦးကြား ဆက်ဆံရေး ပြီးဆုံးသွားခဲ့သည်။ သဝန်တိုလွန်းသော သောသည် ချစ်သူဟောင်း ဝှိုက်အား မက်ဒီဆင်ရင်ပြင် ဥယျာဉ်တွင် သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။

နက်စ်ဘစ်မှာ သောကို ရုံးတင်စစ်ဆေးသော တရားခွင်တွင် နာမည်ကျော် မျက်မြင်သက်သေ ဖြစ်လာခဲ့သည်။ တရားခွင်တွင် နက်စ်ဘစ်နှင့် ယောကျ်ားအမျိုးမျိုးတို့ ပတ်သက်ခဲ့ပုံများ ထွက်ပေါ်လာခဲ့သည်။ နက်စ်ဘစ်၏မိခင်သည် သမီးဖြစ်သူအား ဝှိုက်ထံတွင် ပြည့်တန်ဆာ အဖြစ် နေထိုင်ခိုင်းခဲ့သည်ဟု ပြောဆိုမှုများ ရှိလာခဲ့သည်။ သောသည် စိတ်ကျန်းမာရေး မကောင်းမွန်ဟု သတ်မှတ်ခံရပြီး၊ စိတ်ကျန်းမာရေးဆေးရုံတွင် တစ သက်လုံး နေထိုင်ရန် ပြစ်ဒဏ်ချမှတ်ခံခဲ့ရ သည်။

“ဝမ်းနည်းဖွယ်ကောင်းသည်မှာ အမေရိကန်၏ ပထမဆုံးစူပါမော်ဒယ်၊ လိင်နတ်သမီး၊ အလှဘုရင်မသည် သူဖန်တီးခဲ့သော အနုပညာ၏ ဝါးမြိုခြင်းကို ခံခဲ့ရသည် ဟု နက်စ်ဘစ်၏ အထ္ထုပ္ပတ်္တိ ဖြစ်သည့် “အမေရိကန်ဧ၀ ဆိုသည့် စာအုပ်တွင် စားရေးဆရာမ ပေါ်လာအူရူဘူရုက ရေးသားခဲ့သည်။

သားဖြစ်သူနှင့်

ကိုယ့်သိက္ခာကိုယ် လေးစားတတ်သော စူပါမော်ဒယ် တစ်ဦး ဖြစ်သည့် နက်စ်ဘစ်သည် ဖြစ်ရပ်ဆိုးကြောင့် မတိမ်မြုပ်သွားခဲ့။ ပြန်ရုန်းထနိုင် ခဲ့သည်။ မိခင်တစ်ဦးအဖြစ် အောင်မြင်ခဲ့သည်။ အသံတိတ်ရုပ်ရှင်မင်းသမီးအဖြစ် အောင်မြင်ခဲ့သည်။ ဘဝမှတ်တမ်း နှစ်အုပ်ကို ရေးသားပြီး စာရေးဆရာမ အဖြစ် အောင်မြင်ခဲ့သည်။ နက်စ်ဘစ်နှင့် ပတ်သက်ပြီး အနုပညာလက်ရာများ၊ ဓါတ်ပုံများရှိ ခဲ့သလို၊ သူ့အကြောင်း ရေးထားသည့် ကဗျာများ၊ ဝတ္ထုများနှင့် ပြဇာတ်များပင်ရှိခဲ့သည်။ ၁၉၅၅ ခုနှစ်တွင် ပြသခဲ့သည့် The Girl in the Red Velvet Swing နှင့် စာရေးဆရာ အီးအယ်လ် ဒေ့ါတိုရိုး၏ Ragtime တို့တွင် လူသတ်မှုနှင့် ပတ်သက်ပြီး ဖော်ပြ ခဲ့သည်။

၂၀၁၀ ခုနှစ် အထိ နက်စ်ဘစ်၏ သြဇာ ဆက်လက် သက်ရောက်နိုင်နေဆဲ ဖြစ်သည်။ HBO ရုပ်သံ ဇာတ်လမ်းတွဲ Boardwalk Empireတွင် ဇာတ်ကောင်တစ်ဦးဖြစ်သည့် ဂီလီယံကို နက်စ်ဘစ်၏ ဘဝအပေါ်တွင် အခြေခံ ထားခြင်းဖြစ်သည်။ အီဗလင်းနက်စ်ဘစ်၏ သြဇာသက်ရောက်မှုသည် ဆက်လက်တည်ရှိနေဦးမည် ဖြစ်သည်။ သူ့ခြေရာကို နင်းသော စူပါမော်ဒယ်များ ထက်ပင် သက်တမ်းရှည် ကောင်းလည်း ရှည်နေဦးမည် ဖြစ်သည်။

Ref: Evelyn Nesbit: The world’s first supermodel:BBC

ရည်မွန်အောင်(Messenger News)

Tags: world people

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်
People

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်

၉.၁.၂၀၂၁ ရက်နေ့ Forbes ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ စာရင်းကို ကိုးကားထားခြင်းဖြစ်ပါတယ်။ ၁၀။ ဆာဂေးဘရင် ပြီးခဲ့တဲ့နှစ်က အဆင့် ၁၀ နေရာမှာရှိခဲ့တဲ့ အိန္ဒိယသူဌေးကြီး မာခက်ရှ် အမ်ဘန်နီက အဆင့် ၁၃ နေရာကိုရောက်သွားပြီး ဂိုဂဲရဲ့ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့...

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ
People

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ

ကျည်ကာအင်္ကျီတွေကိုတော့ စစ်ဘက်ဆိုင်ရာနဲ့ တကိုယ်ရေ ကာကွယ်မှုဆိုင်ရာ ကဏ္ဍတွေမှာအသုံးပြုကြပါတယ်။ ကျည်ကာအင်္ကျီတွေကိုတော့ အပူခံနိုင်ပြီး အလွန်မာကြောခိုင်ခံ့တဲ့ Kevlar လူလုပ်ဖိုက်ဘာမျှင်နဲ့ ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။ Kevlar ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ဝန်းကျင်ကတည်းက ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး တီထွင်ခဲ့သူကတော့ အမျိုးသမီးတဦးဖြစ်ပါတယ်။ သူအမှန်တကယ်တီထွင်ခဲ့တာက...

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု
Knowledge

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု

မိုနာလီဇာပန်းချီကားနဲ့ ကျော်ကြားတဲ့ လီယိုနာဒိုဒါဗင်ချီဟာ ပုံမှန်လူသားတယောက်ထက် ထူးကဲကာ အံ့ဖွယ်အနုသုခုမ ရှေးဦးပညာရှင်၊ ဆေးဘက်ဆိုင်ရာ စွန့်ဦးတီထွင်သူ နဲ့ ဖန်တီးမှုနည်းပညာ စတဲ့နယ်ပယ်ပေါင်းစုံမှာ ကြီးကျယ်တဲ့ တီထွင်မှုတွေကို ပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း သမိုင်းတလျှောက် အတော်ဆုံး တီထွင်သူတွေကို...

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!