Thursday, April 15, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ယနေ့ အန်းဒရွိုက်ဖုန်းများ၏ ဖခင်ကြီး အန်ဒီရူဘင်

by Thutamm
January 28, 2021
Reading Time: 1min read
0
ယနေ့ အန်းဒရွိုက်ဖုန်းများ၏ ဖခင်ကြီး အန်ဒီရူဘင်
Share on FacebookShare on Twitter

ရေးသားသူ – ဟိန်းထက်( Messenger News)

အန်းဒရွိုက်ဖုန်းစနစ်ကို အဦးအစ တီထွင်ဖန်တီးသူမှာ အန်ဒီရူဘင်ဟု နည်းပညာ အသိုင်းအဝိုင်းက တစ်ညီတညွတ်တည်း အသိအမှတ်ပြု ထားကြသည်။ ရူဘင်ကို ၁၉၄၆ ခုနှစ် ဇွန်လ (၂၂) ရက်နေ့တွင် အမေရိကန်နိုင်ငံ မက်ဆာချူးဆက် ပြည်နယ် နယူးဘတ်ဖို့ဒ် မြို့တွင် မွေးဖွားသည်။ ကလေးဘ၀ ကတည်းက အီလက်ထရောနစ် ပစ္စည်းများကြား ကြီးပြင်းခဲ့သူ ဖြစ်သည်။ ဖခင်သည် အီလက်ထရောနစ် ပစ္စည်း ရောင်းချသူ ဖြစ်သောကြောင့် ရူဘင်၏ အိပ်ခန်းထဲတွင် အီလက်ထရောနစ် ပစ္စည်းများကို ထားသိုတတ်သည်။

စက်ရုပ်နှင့် ပတ်သက်သည့် အီလက်ထရောနစ် ပစ္စည်းများကို ရူဘင် အနှစ်သက်ဆုံး။ ဘွဲ့ရပြီးနောက် ရူဘင်သည် Carl Zeiss AG နည်းပညာကုမ္ပဏီတွင် ပထမဆုံး အလုပ်ကို စဝင်လုပ်ရာ စက်ရုပ် နည်းပညာဌာနမှာ အလုပ်ရခဲ့သည်။ ကွန်ရက်ချိတ်ဆက် ပစ္စည်းချင်း ဒစ်ဂျစ်တယ် ဆက်သွယ်ရေးပိုင်း ဖော်ဆောင်ရာတွင် ရူဘင် ပါဝင်ရသည်။ ဆွစ်ဇာလန် တွင်လည်း စက်ရုပ် ကုမ္ပဏီတစ်ခု၌ ဝင်ရောက် လုပ်ကိုင်ခဲ့သည်။ စက်ရုပ် နည်းပညာ နယ်ပယ်တွင် တစ်သက်လုံး လုပ်ကိုင် သွားတော့မည်ဟု ရူဘင် စိတ်ကူးခဲ့သည်။

သို့သော် ၁၉၈၉ တွင် ကာရစ်ဘီယန် ပင်လယ်ထဲရှိ ကေးမန်းကျွန်းသို့ အပန်းဖြေ ခရီးထွက်စဉ် သူ့ဘ၀ တစ်ဆစ်ချိုး ပြောင်းလဲ ခဲ့သည်။ ထိုကျွန်းတွင် ဘီလ်ကတ်စ်ဝဲနှင့် ဆုံတွေ့ခဲ့သည်။ ကတ်စ်ဝဲသည် ချစ်သူ ကောင်မလေးနဲ့ ရန်ဖြစ်ပြီး တည်းခိုသည့် ဘန်ဂလို ကနေ ဆင်းလာရသဖြင့် သဲသောင်ပြင်မှာ အိပ်နေရသည်။ ရူဘင်က သူ့ဘန်ဂလို တွင် လာနေဖို့ ဖိတ်ခေါ် သဖြင့် ကတ်စ်ဝဲက ကျေးဇူးတုံ့ပြန်သော အားဖြင့် ရူဘင်ကို အလုပ် ပေးသည်။

ကတ်စ်ဝဲသည် အက်ပဲကုမ္ပဏီတွင် အလုပ်လုပ်သူဖြစ်ရာ ရူဘင်ပါ ဝင်ရောက် လုပ်ကိုင်ရန် ထောက်ခံပေးသဖြင့် ရူဘင်လည်း အက်ပဲသို့ ဝင်ခွင့်ရခဲ့သည်။ ထိုစဉ်က အက်ပဲသည် မက်ကင်းတော့ရှ် ကွန်ပျူတာများဖြင့် အောင်မြင်နေချိန် ဖြစ်သည်။ ထိုအချိန်သည် အက်ပဲနှင့် စတိဗ်ဂျော့တို့ လမ်းခွဲနေကြချိန်လည်း ဖြစ်သည်။

အစပိုင်းတွင် ကွန်ပျူတာ ထုတ်လုပ်သည့် လုပ်ငန်းပိုင်းမှာ ရူဘင် လုပ်ရသည်။ နောက်ပိုင်းတွင် သုတေသနဌာနဘက်သို့ ရောက်သည်။ ၁၉၉၀ တွင် အက်ပဲသည် General Magic ဟူသော ကုမ္ပဏီခွဲ တစ်ခု ထူထောင်သည်။ ထိုကုမ္ပဏီထဲတွင် ရူဘင်ကိုလည်း ထည့်သွင်းသည်။ လက်ကိုင် ဆက်သွယ်ရေး ကိရိယာများ ထုတ်လုပ်ဖို့ အဓိကရည်ရွယ်သည်။

General Magic အဖွဲ့သားများသည် လက်ကိုင် ဆက်သွယ်ရေး စက်များတွင် သုံးနိုင်မည့် Magic Cap အမည်ရှိ ဆော့ဖ်ဝဲကို ဖန်တီးခဲ့ကြသည်။ ကံဆိုးသည်မှာ Magic Cap ကို ထိုစဉ်က ဖုန်းကုမ္ပဏီများက လက်သင့်ခံသုံးစွဲမှု မရှိခြင်း ဖြစ်သည်။ General Magic ကုမ္ပဏီလည်း နောက်ဆုံးတွင် ဖျက်သိမ်းလိုက်ရသည်။

General Magic မှ လူဟောင်းများ နှင့် အက်ပဲမှ လူဟောင်း အချို့ ပူးပေါင်းပြီး Artemis Research ကုမ္ပဏီကို သပ်သပ် ထူထောင်လိုက် ကြသည်။ ရူဘင်လည်း ပါသည်။ ထိုကုမ္ပဏီသည် အင်တာနက်စနစ်နှင့် တီဗီကို ပေါင်းစပ်မည့် WebTV များ ထုတ်လုပ်ဖို့ သုတေသန ပြုသည်။ ယနေ့ တွင်ကျယ်လာသော အင်တာနက် စမတ်တီဗီ များ၏ အဦးအစဟု ဆိုနိုင်သည်။ ၁၉၉၇ တွင် Artemis Research ကို မိုက်ခရိုဆော့ဖ် ကုမ္ပဏီက ဝယ်ယူ လိုက်သည်တွင် ရူဘင်လည်း မိုက်ခရိုဆော့ဖ်သို့ ရောက်သွားပြန်သည်။

ရူဘင်သည် မိုက်ခရိုဆော့ဖ်တွင် ကင်မရာ တပ်ဆင် ထားသော စက်ရုပ်များ စမ်းသပ်တီထွင်ခဲ့သည်။ စက်ရုပ်သည် အင်တာနက်လည်း ချိတ်ဆက် နိုင်သည်။ ၁၉၉၉ တွင် ရူဘင်သည် မိုက်ခရိုဆော့ဖ်မှ ထွက်ကာ ကယ်လီဖိုးနီးယား ပြည်နယ် ပါလို အယ်လ်တိုတွင် အီလက်ထရောနစ် စတိုးဆိုင်လေးတစ်ဆိုင် ဖွင့်သည်။ ထိုဆိုင်သည် သူ့အတွက် လက်တွေ့ဓာတ်ခွဲခန်းလည်း ဖြစ်သည်။

စက်ရုပ်ငယ်လေးများ သူ့ဓာတ်ခွဲခန်း ထဲတွင် အများဆုံးရှိသည်။ နောက်ပိုင်းတွင် မိတ်ဆွေများနဲ့ ပေါင်းပြီး Danger Inc ကုမ္ပဏီကို ရူဘင် ထူထောင်ပြန်သည်။ ကုန်ပစ္စည်း တစ်ခု၏ ဘားကုတ်ကို ဖတ်ပြီး ထိုပစ္စည်းအကြောင်း အင်တာနက် ကနေ အချက်အလက် အစုံစုဆောင်းရယူပေးနိုင် သည့် Danger Sidekick ကို တီထွင်သည်။ (၁၀) ဒေါ်လာလောက်ဈေးနဲ့ ရောင်းသည်။ လက်ထဲ ကိုင်ထားနိုင်သော ချောကလက်တောင့်လောက် အရွယ် ဖြစ်သည်။

ဈေးဝယ်သူများ ကုန်ပစ္စည်း အကြောင်း ပိုသိနိုင်အောင် Danger Sidekick က ကူညီဖို့ ရည်ရွယ်ထုတ်လုပ်ခြင်း ဖြစ်သည်။ Danger Sidekick သည် နည်းပညာအားဖြင့် ဖန်တီးမှုရှိ သော်လည်း ဈေးကွက် အတွင်း၌ကား မအောင်မြင်ခဲ့။ ၂၀၀၄ ခုနှစ်တွင် Danger မှ ရူဘင် ထွက်သည်။ ၂၀၀၈ တွင် Danger ကို မိုက်ခရိုဆော့ဖ်က ဝယ်ယူလိုက်ပြန်သည်။

၂၀၀၂ ခုနှစ်လောက်ကတည်းက ရူဘင်သည် စတန်းဖို့ဒ် တက္ကသိုလ်တွင် Sidekick အကြောင်း နည်းပညာ ဟောပြောပွဲ လုပ်ဖူးသည်။ Sidekick သည် ဈေးကွက်မအောင်မြင်သော်လည်း အင်ဂျင်နီယာရှုထောင့် အရကား အောင်မြင်သော ပစ္စည်းတစ်ခု ဖြစ်သောကြောင့် ဟောပြောပို့ချခွင့် ရခဲ့သည်။ ထိုပွဲကို ဂူဂဲထူထောင်သူ လာရီပေ့ဂျ်နှင့် ဆာဂေးဘရင်တို့လည်း လာရောက် နားထောင်ခဲ့ ကြသည်။

ဟောပြောပွဲ အပြီးတွင် ပေ့ဂျ်သည် Sidekick အကြောင်း ရူဘင် ထံမှ ပိုစုံလင်စွာ မေးမြန်းရာ Sidekick သည် အချက်အလက်များ ရှာဖွေရန် ဂူဂဲရှာဖွေရေး အင်ဂျင်ကို အသုံးပြု ထားကြောင်းပါ သိခဲ့ရသဖြင့် ပေ့ဂျ်သည် သဘောကျခဲ့သည်။ ရူဘင်နှင့် ပူးပေါင်း ဆောင်ရွက်နိုင်မည့် လမ်းစကိုလည်း လာရီပေ့ဂျ်နှင့် ဆာဂေးဘရင်တို့ တွေ့ရှိခဲ့ကြသည်။

Google တည်ထောင်သူ နှစ်ဦးနှင့်အတူ

ထိုသို့တွေ့ဆုံပြီး နောက်နှစ်နှစ်ခန့်တွင် ရူဘင်သည် Danger မှ ထွက်ကာ Android Inc ကုမ္ပဏီကို ထူထောင်သည်။ အစဦး ရည်မှန်းချက် ကား အားကောင်းသည့် မိုဘိုင်း ပလက်ဖောင်းတစ်ခု ထူထောင်ရန် ဖြစ်သည်။ ထိုပလက်ဖောင်းကိုလည်း အဖွင့်စနစ်ဖြင့် လုပ်ပေးမည် ဖြစ်ပြီး ကမ္ဘာ တစ်ဝန်း လူအများ၏ တီထွင် ဖန်တီးနိုင်စွမ်းများ အခြေခံ တည်ဆောက်နိုင်မည့် အုတ်မြစ် ပလက်ဖောင်းတစ်ခု အဖြစ် ဖန်တီးရန် အားထုတ်ခဲ့သည်။

Android Inc ထူထောင်ပြီး (၂၂) လအကြာ ၂၀၀၅ ခုနှစ် ဇူလိုင်တွင် Android Inc ကို ဂူဂဲကုမ္ပဏီက ဝယ်ယူလိုက်တော့သည်။ ရူဘင်သည် လည်း ဂူဂဲသို့ဝင်ကာ ပူးပေါင်းဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့သည်။ Android Inc ကို ဘာကြောင့် ဝယ်ကြောင်းနှင့် ဈေးမည်မျှဖြင့် ဝယ်ကြောင်း ကို ဂူဂဲက ထုတ်ပြန် ကြေညာခြင်း မရှိ။ Android Inc ၏ နည်းပညာ စွမ်းအားနှင့် လူ့စွမ်းအား ရင်းမြစ်များကို လိုချင်သောကြောင့် ဝယ်ယူခြင်း ဖြစ်သည်ဟုသာ ဆိုထားသည်။ ဂူဂဲနှင့် အန်ဒီရူဘင်တို့ ပူးပေါင်းကာ မိုဘိုင်းဖုန်းများတွင် အသုံးပြုနိုင်မည့် ဖုန်းစနစ် တစ်ရပ် တီထွင် ဖန်တီးဖြစ်ခဲ့ ကြသည်။

Andriod ဖြစ်ပေါ်လာဖို့ Andy နှင့်အတူ ပါဝင်ခဲ့ကြသူများ

ထိုစနစ်သည် အန်းဒရွိုက်စနစ် ဟူ၍ ဖြစ်လာခဲ့သည်။ အစပိုင်းတွင် အန်းဒရွိုက် စနစ်ကို ဂူဂဲက ဆော့ဖ်ဝဲသာ ထုတ်လုပ်ပြီး မိုတိုရိုလာ၊ ဆမ်ဆောင်း၊ HTC စသော ဖုန်းကုမ္ပဏီ များက စမတ်ဖုန်း အမျိုးမျိုး ထုတ်လုပ်ကာ အန်းဒရွိုက် စမတ်ဖုန်းများ အဖြစ် အသက်သွင်းကာ အိုင်ဖုန်းများနဲ့ ပြိုင်ဆိုင်ခဲ့ ကြခြင်း ဖြစ်သည်။

ဂူဂဲသည် HTC နှင့် ပူးပေါင်းပြီး ပထမဆုံး အန်းဒရွိုက် ဖုန်း စစ်စစ် Nexus One ကို ၂၀၁၀ ပြည့်နှစ်၊ ဇန်နဝါရီလတွင် စတင်ထုတ်လုပ်ခဲ့သည်။ ယခုအခါ အန်းဒရွိုက် စနစ်သုံး စမတ်ဖုန်းများသည် ကမ္ဘာ့စမတ်ဖုန်း ဈေးကွက်၏ (၈၁) ရာခိုင်နှုန်းထိကို နေရာယူနေကြပြီဖြစ်သည်။

ဟိန်းထက်( Messenger News)

Tags: world people

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်
People

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်

၉.၁.၂၀၂၁ ရက်နေ့ Forbes ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ စာရင်းကို ကိုးကားထားခြင်းဖြစ်ပါတယ်။ ၁၀။ ဆာဂေးဘရင် ပြီးခဲ့တဲ့နှစ်က အဆင့် ၁၀ နေရာမှာရှိခဲ့တဲ့ အိန္ဒိယသူဌေးကြီး မာခက်ရှ် အမ်ဘန်နီက အဆင့် ၁၃ နေရာကိုရောက်သွားပြီး ဂိုဂဲရဲ့ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့...

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ
People

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ

ကျည်ကာအင်္ကျီတွေကိုတော့ စစ်ဘက်ဆိုင်ရာနဲ့ တကိုယ်ရေ ကာကွယ်မှုဆိုင်ရာ ကဏ္ဍတွေမှာအသုံးပြုကြပါတယ်။ ကျည်ကာအင်္ကျီတွေကိုတော့ အပူခံနိုင်ပြီး အလွန်မာကြောခိုင်ခံ့တဲ့ Kevlar လူလုပ်ဖိုက်ဘာမျှင်နဲ့ ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။ Kevlar ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ဝန်းကျင်ကတည်းက ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး တီထွင်ခဲ့သူကတော့ အမျိုးသမီးတဦးဖြစ်ပါတယ်။ သူအမှန်တကယ်တီထွင်ခဲ့တာက...

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု
Knowledge

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု

မိုနာလီဇာပန်းချီကားနဲ့ ကျော်ကြားတဲ့ လီယိုနာဒိုဒါဗင်ချီဟာ ပုံမှန်လူသားတယောက်ထက် ထူးကဲကာ အံ့ဖွယ်အနုသုခုမ ရှေးဦးပညာရှင်၊ ဆေးဘက်ဆိုင်ရာ စွန့်ဦးတီထွင်သူ နဲ့ ဖန်တီးမှုနည်းပညာ စတဲ့နယ်ပယ်ပေါင်းစုံမှာ ကြီးကျယ်တဲ့ တီထွင်မှုတွေကို ပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း သမိုင်းတလျှောက် အတော်ဆုံး တီထွင်သူတွေကို...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!