Sunday, April 18, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ယာဉ်ကြောပိတ်ဆို့လွန်းတာကို ဖြေရှင်းဖို့ ကိုယ်ပိုင်ရဟတ်ယာဉ်တည်ဆောက်ခဲ့သူ

by Thutamm
December 5, 2019
Reading Time: 1min read
0
ယာဉ်ကြောပိတ်ဆို့လွန်းတာကို ဖြေရှင်းဖို့ ကိုယ်ပိုင်ရဟတ်ယာဉ်တည်ဆောက်ခဲ့သူ
Share on FacebookShare on Twitter

လူဦးရေသိပ်သည်ဆများပြားလွန်းတဲ့အပြင် စီးပွားရေးအပြိုင်အဆိုင်တိုးချဲ့လာခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတစ်ခုဖြစ်တဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေဟာ မြို့တော်နေ လက်လုပ်၊လက်စားလူတန်းစားတွေအတွက် တနေ့တခြားကြီးမားတဲ့ ပြဿနာအဖြစ် ရှိနေခဲ့တာပါ။

ယင်းပြသာနာဟာကမ္ဘာတစ်ခွင်က ဖွံဖြိုးဆဲနိုင်ငံအများစုမှာပေါ်ပေါက်နေတာ ဖြစ်ပြီး အထူးသဖြင့် အာဆီယံဒေသတွင်းက အင်ဒိုနီးရှားနိုင်ငံဟာလည်း ယင်းပြဿနာကို ဆိုးဆိုးရွားရွားကြုံတွေ့နေရတာဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံကမြို့တော်ကြီးတော် တော်များများမှာဆိုရင် ယာဉ်ကြောပိတ်ဆို့မှုကြောင့် ရုံးတက်ရုံးဆင်းဝန်ထမ်းတွေ၊ ခရီးဝေးအလုပ်ဆင်းရသူတွေအတွက် နေ့စဉ်လုပ်ငန်းဆောင်တာတွေ အထိတောင် ထိခိုက်မှုကြီးကြီးမားမားဖြစ်ပေါ်နေဆဲဖြစ်ပါတယ်။

ဒီအခက်အခဲကိုတော့ အင်ဒိုနှးရှားနိုင်ငံ၊ အနောက်ဂျာဗားပြည်နယ် SUKABUMI မြို့က အသက်(၄၂)နှစ်အရွယ် Jujun Junaedi ဆိုသူက ကိုယ်ပိုင်ရဟတ်ယာဉ်တီထွင်ပြီး ဖြေရှင်းဖို့ကြိုးစားခဲ့ပါတယ်။ Jujun Junaedi ဟာ သူရဲ့အားလပ်ချိန်အတော်များများကို ရဟတ်ယာဉ် ဆောက်လုပ်တဲ့လုပ်ငန်းမှာသာ မြုပ်နှံခဲ့ပြီး ရဟတ်ယာဉ်အတွက်လိုအပ်တဲ့ တည်ဆောက်မှုတွေကိုတော့ အွန်လိုင်းVideo တွေကိုကြည့်ရှုပြီး ပြုလုပ်ခဲ့တာလို့ သိရပါတယ်။

သူဟာငယ်စဉ်ကတည်းက သူရဲ့မွေးရပ်မြေဖြစ်တဲ့ Sukabumi မြို့ရဲ့လမ်းတွေကို ဝေဟင်ကနေ ဖြတ်သန်းဖို့ အမြဲအိမ်မက်မက်ခဲ့သူလည်းဖြစ်ပါတယ်။ အရွယ်ရောက်ချိန်မှာတော့ Jujun Junaedi ဟာဝမ်းရေးအတွက်ရုန်းကန်ရင်းသူရည်ရွယ် ချက်ကိုမေ့ပစ်ခဲ့ရပြီး အသက်(၄၀)ကျော်ရောက်ချိန်မှသာ ပြန်လည်အကောင်အထည် ဖော်နိုင်ခဲ့တာဖြစ်ပါတယ်။

သူဟာနေရပ်နဲ့ မိုင်(၇၀)လောက်ဝေးတဲ့ ဂျာကာတာတောင်ပိုင်းကို နေ့စဉ်အလုပ်ဆင်းနေရတဲ့ ပုံမှန်ခရီးဝေးအလုပ်ဆင်းနေရသူဖြစ်ပြီး တနေ့တခြား ဆိုးရွားလာတဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေနဲ့ ကြုံတွေ့ရချိန်မှာတော့ သူရဲ့အိမ်မက်ကို အကောင်အထည်ဖော်ဖို့ ရဟတ်ယာဉ်တစ်စီးတည်ဆောက်ဖို့အကြောင်းဖန်လာခဲ့ပါ တယ်။

အမှန်ဆိုရင် သူအိမ်မက်ဟာ အကောင်အထည်ဖော်ဖို့မလွယ်ကူပေမယ့် တိုးတက်လာတဲ့ နည်းပညာခေတ်နဲ့အတူ အွန်လိုင်းပေါ်က ရဟတ်ယာဉ် တည်ဆောက်ပုံမူကြမ်း နည်းလမ်းတွေကို လိုက်လံတုပရာမှ ယခုလိုရဟတ်ယာဉ်တစ်စီးဖြစ်လာရခြင်းဖြစ်ပါ တယ်။ ရဟတ်ယာဉ်အတွက် လိုအပ်တဲ့ စက်ပစ္စည်းတွေကိုတော့ သူဝင်ငွေနဲ့တိုင်းတာပြီး တဖြည်းဖြည်းစုစည်းခဲ့ရတာဖြစ်တယ်လို့သိရပြီး ရဟတ်ယာဉ်တစ်စီးလုံးအတွက် ကုန်ကျစရိတ်ကတော့ အမေရိကန်ဒေါ်လာ (၂၁၀၀)နီးပါးရှိတယ်လို့သိရပါတယ်။

Jujun Junaedi ဟာ သူရဲ့ကိုယ်ပိုင်ရဟတ်ယာဉ်တည်ဆောက်မှုကို (၁၈)လကြာအောင် အချိန်ပေးခဲ့ရပြီး သူရဲ့သားငယ်နဲ့ အိမ်နီးချင်းတစ်ဦးကနေ သူရဲ့(၂၆)ပေလောက်ရှည်လျားတဲ့ ရဟတ်ယာဉ်စီမံကိန်းမှာဝိုင်းဝန်းကူညီပေးခဲ့ကြပါတယ်။ Jujun Junaedi ဟာ ရဟတ် ယာဉ်အင်ဂျင်ကိုတော့ ဓာတ်ဆီအင်ဂျင်ကိုအသုံးပြုမယ်လို့ဆိုထားပါ။

သူရဲ့ရဟတ်ယာဉ် အင်ဂျင်ဟာ 24 pk metric horsepower အားရှိမယ်လို့သိရပြီး တစ်မိနစ်အင်ဂျင်လည် နှုန်း (၃၆၀၀)ရှိတဲ့ (၇၀၀)ကုဗင်တီမီတာရှိတဲ့အင်ဂျင်ဖြစ်မယ်လို့ဆိုထားပါတယ်။ 1pk ဟာ (၇၅) kg ကိုသယ်ဆောင်နိုင်မှာဖြစ်တဲ့အတွက် သူသုံးထားတဲ့ 24 Pk ကြောင့် Jujun Junaedi ရဲ့ရဟတ်ယာဉ်ဟာ အလေးချိန်(၁.၇)တန်ကိုသယ်ဆောင်ပျံသန်းနိုင်မယ်လို့ သိရပါတယ်။

Jujun Junaedi က “ကျွန်တော်တို့ရဲ့အချိန်တော်တော်များများဟာ ကားပေါ်မှာပဲကုန်ဆုံး နေရတာဟာ အတော်ကိုဆိုးပါတယ်။ ဒီမှာက အဓိကလမ်းမကြီးတွေမပြောနဲ့ ဖြတ်လမ်း တွေအားလုံးလည်း ကားပိတ်နေကျပါ။ ဘယ်နေရာကိုသွားသွား အခက်အခဲရှိနေတဲ့ အဖြစ်က ရေရှည်မှာ အဆင်မပြေပါဘူး။ ဒါကြောင့်ငယ်စဉ်တည်းက ကျွန်တော်အိမ်မက်ကို အကောင်အထည်ဖော်ခဲ့ပါတယ်။ ကျွန်တော်လေကြောင်းခရီးကနေ အလုပ်သွားပြီး ယာဉ်ကြောပိတ်ဆို့မှုကို ကျော်ဖြတ်မယ်ဗျာ။ ခုဆိုရင်တည်ဆောက်မှုပြီးစီးသွားတဲ့ ရဟတ်ယာဉ်ကို ကြည့်ရတာနဲ့တင် ကျွန်တော်တော့ဂုဏ်ယူမဆုံးဖြစ်ရပါတယ် လုပ်စရာ တွေတော့ကျန်ပါသေးတယ်” လို့ ဒေသ မီဒီယာတစ်ခုနဲ့တွေ့ဆုံချိန်မှာ Jujun Junaedi က ပြောဆိုခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ Jujun Junaedi လို သာမန်အရပ်သားတစ်ယောက်က ကိုယ်ပိုင်အတွေးအမြင် နဲ့ကောင်းကင်ပေါ်ပျံတက်ဖို့ကြိုးစားခဲ့တာဟာ ပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။ လွန်ခဲ့တဲ့(၂)နှစ်တာကာလတုန်းကဆိုရင် တောင်အာဖရိကနိုင်ငံသားတစ်ဦးဟာ အ မြှောင်းပုံသဏ္ဍာန်ဖော်ထားတဲ့ သံပြားတွေနဲ့ ရဲရဟတ်ယာဉ်ပုံတူတစ်ခုအဖြစ်တီထွင်ဖို့ ဖန်တီးခဲ့သလို (၂၀၁၆)ခုနှစ်အတွင်းကလည်း တရုတ်လယ်သမားတစ်ယောက်ဟာ သူရဲ့ကိုယ်ပိုင်ရဟတ်ယာဉ်တစ်စီးကို (၃)နှစ်ကြာလောက်အချိန်ပေးတည်ဆောက်ခဲ့ တဲ့ဖြစ်စဉ်တွေလည်းရှိသလို ကမာ့္ဘနေရာအသီသီးက အရပ်သားစွန့်ဦးတီထွင်သူများစွာ ရဲ့ အကြောင်းအရာဇာတ်လမ်းတွေလည်း အများအပြားကိုရှိနေနိုင်ပါသေးတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်း လွန်ခဲ့တဲ့ ၂နှစ်က အလားတူဖြစ်ရပ်မျိုးပေါ်ပေါက်ခဲ့ဖူးပါတယ်။

ယခုချိန်ထိတော့ Jujun Junaedi ရဲ့ရဟတ်ယာဉ်ဟာ ကောင်းကင်ကိုပျံတက်နိုင်တဲ့ အနေအထားမရှိသေးပဲ အကြမ်းထည်တည်ဆောက်မှု အပြီးသတ်သာ ရှိနေပါသေးတယ်။ အကြောင်းကတော့ ရဟတ်ယာဉ်ရဲ့အင်ဂျင်နဲ့ ပန်ကာအပါအဝင် နည်းပညာဆိုင်ရာ ပစ္စည်းအချို့ကို ယခုတိုင်ဝယ်ယူဖို့ ငွေစုနေရဆဲ ဖြစ်နေလို့ဖြစ်ပါတယ်။ ဒီအကြောင်းကိုဖောက်သည်ချခဲ့သူကတော့ Jujun Junaedi ရဲ့ အမျိုးသမီး Yeti ဖြစ်ပြီး ဒီရဟတ်ယာဉ်မပြီးသရွေ သူတို့မိသားစုအနေနဲ့ အစားအသောက်ပါခြိုးခြံရမဲ့အခြေအနေရှိနေတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ သူမတို့မိသားစု အားလုံးကတော့ အိမ်ထောင်ဦးစီး Jujun Junaedi ကိုယုံကြည်မှုအပြည့်ရှိကြောင်း AFP သတင်းဌာနကို ထုတ်ဖော်ပြောဆိုထားပါတယ်။

အမှန်ဆိုရင် Jujun Junaedi ရဲ့ကောင်းကင်ကို ပျံတက်မဲ့စီမံကိန်းဟာ သူကိုယ်ပိုင်ဆုံး ဖြတ်ချက်တစ်ခုနဲ့ ဆောင်ရွက်လို့ရတဲ့ကိစ္စလို့ သူကိုယ်တိုင်ထင်နေပုံပါ။ ဒီအတွက် အင်ဒိုနီးရှား လေကြောင်းနည်းပညာဌာနက သတင်းအချက်အလက်တစုံတရာထုတ် ပြန်တာမျိုးမရှိခဲ့ပါဘူး။ Jujun Junaedi ရဲ့ရဟတ်ယာဉ်ဟာ ကောင်းကင်ကိုအမှန်ပျံတက် ဖို့ဆိုရာမှတော့ ဒေသခံအုပ်ချုုပ်ရေးအဖွဲ့ရဲ့ခွင့်ပြုမိန့်လိုသလို နည်းပညာပိုင်းအရပါခိုင်မာ နေဖို့လည်း၊ ကျွမ်းကျင်သူတွေရဲ့ စစ်ဆေးချက်တွေလည်း လိုအပ်နေပါသေးတယ်။

Tags: world news

Related Posts

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ
news

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ

ဒီတပတ်တော့ ပလပ်စတစ်ကို ခြေဖျက်တဲ့ bacterial cocktail လို့ခေါ်တဲ့ ရောနှောဘက်တီးရီးယားကို ဟန်ဂေရီက ဇီဝဓါတုပညာရှင် ၂ ဦး ဖန်တီးလိုက်တဲ့ အကြောင်း ပြောပြပေးပါမယ်။ Liz Madaras။ ။ “ကျမတို့က Poliloop ကုမ္ပဏီကို...

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

၁ ဂါလန်ကို ဒေါ်လာ ၃၉သန်း တန်တဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးအရည်
Amazing

၁ ဂါလန်ကို ဒေါ်လာ ၃၉သန်း တန်တဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးအရည်

ကမ္ဘာပေါ်မှာ ကင်းမြီးကောက်မျိုးစိတ်ပေါင်း ၂၀၀၀ ခန့်ရှိပေမယ့် ဒီအထဲက မျိုးစိတ် ၄၀ ခန့်ကသာ အဆိပ်ပြင်းထန်ပါတယ်။ တချို့ကင်းမြီးကောက်တွေရဲ့ အဆိပ်ကတော့ လူကို အသက်အန္တရာယ် ရှိစေနိုင်တဲ့အထိပြင်းထန်ပြီး ဒီအထဲမှာ deathstalker ကင်းမြီးကောက်တွေလည်း ပါဝင်ပါတယ်။ သူတို့ရဲ့အဆိပ်ရည်က အလွန်တန်ဖိုးရှိပြီး...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!