Sunday, April 18, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ယနေ့တိုင်လည်ပတ်နေဆဲ သက်တမ်း နှစ် ၁၄၀၀ ရှိတဲ့ ရှေးအကျဆုံးကုမ္ပဏီ

by Thutamm
March 14, 2020
Reading Time: 1min read
0
ယနေ့တိုင်လည်ပတ်နေဆဲ သက်တမ်း နှစ် ၁၄၀၀ ရှိတဲ့ ရှေးအကျဆုံးကုမ္ပဏီ
Share on FacebookShare on Twitter

မကြာသေးခင်ကာလက ဗြိတိန်ခရီးသွားအေဂျင်စီတစ်ခုဖြစ်တဲ့ Thomas Cook ဟာ ကုမ္ပဏီကိုဖျက်သိမ်းခဲ့ပြီး ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့သူတို့ရဲ့ကျွမ်းကျင်လုပ်သားပေါင်း ၂၁၀၀၀ လောက်ကိုအလုပ်ဖြုတ်ခဲ့ကာ နှစ်ပေါင်း (၁၇၈) နှစ်နီးပါးကြာမြင့်ခဲ့တဲ့ကုမ္ပဏီရဲ့ ရပ်တည်မှုကိုအဆုံးသတ်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် ကုမ္ပဏီလုပ်ငန်းဖျက်သိမ်းလိုက်ချိန်မတိုင်မီ ၂၀၁၈ခုနှစ်ရဲ့ဝင်ငွေဟာ ပေါင် ၉.၅သန်းသာရှိခဲ့ပြီး ယူရို (၁၆၃) သန်းအရှုံးပေါ်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် နှစ်ဝက်မှာတော့ ပေါင် ၁.၅ဘီလျံ ထပ်မံဆုံးရှုံးခဲ့တဲ့အတွက် နောက်ဆုံးမှာတော့ ကုမ္ပဏီကို ဖျက်သိမ်းလိုက်ရတာဖြစ်ပါတယ်။

ကျန်ခဲ့တဲ့နှစ်ကာလအနည်းငယ်က လည်း ဥရောပရဲ့နာမည်ကျော်စက်မှုလုပ်ငန်းဦးဆောင်ကုမ္ပဏီတွေဖြစ်တဲ့ Lehman Brothers ၊ Saab Automobile၊ General Motors ၊ Compaq၊ Sears၊ Blockbuster စတဲ့ကုမ္ပကြီးတွေဟာ အကြွေးပတ်ခြာလည်နဲ့ ဖျက်သိမ်း(သို့) ရောင်းချခဲ့ရတဲ့အထိကိုဖြစ်ခဲ့ပါတယ်။

လေ့လာမှုတစ်ခုမှာတော့ စီးပွားရေးလုပ်ငန်းအများစုဟာ ပျှမ်းမျှအားဖြင့်ဆယ်စုနှစ်(၂)ခု လောက်အတွင်းမှာသာ အောင်မြင်မှုကြီးကြီးမားမား ရရှိနိုင်ကြတယ်လို့သိရပါတယ်။ ဒါအပြင်အမေရိကန်မှာဆိုရင်လည်း နောက်ဆုံးရာစုနှစ် အတွင်းမှာဆိုရင်ကုမ္ပဏီတစ်ခုရဲ့ပျှမ်းမျှလည်ပတ်မှုဟာ (၁၉၂၀)ကနေ (၆၇) နှစ်ကာလ အတွင်း နှစ်(၅၀) လောက်ရှိခဲ့ရာက ယနေ့မှာဆိုရင်ကုမ္ပဏီတစ်ခုရဲ့ပျှမ်းမျှလည်ပတ်မှုက (၁၅) နှစ်တာ ကာလသာရှိပါတော့တယ်။ ကမ္ဘာတစ်ဝှမ်းမှာဆိုရင်တော့သက်တမ်း နှစ်(၂၀၀) လောက် ရှိတဲ့ကုမ္ပဏီစုစုပေါင်း (၅၅၀၀) လောက်ရှိနေတယ်လို့သိရပါတယ်။

နှစ်(၂၀၀) ကျော် သက်တမ်း ရှိကုမ္ပဏီအ များစုကိုပိုင်ဆိုင်ထားတာကတော့ အာရှတိုက်က ဂျပန်နိုင်ငံမှာဖြစ်ပြီး အရေအတွက်အား ဒီနိုင်ငံတစ်ခုတည်းမှာတင် (၃) ထောင်ကျော်လောက်ကို ရှိနေပါတယ်။ ယင်းနောက်မှာမှ ဂျာမနီနိုင်ငံက (၈၃၇)ခု၊နယ်သာလန်နိုင်ငံက (၂၂၂)ခုနဲ့ပြင်သစ်က (၁၉၆)ခုနဲ့အစဉ် အတိုင်းရပ်တည်နေပါတယ်။ အာရှရဲ့စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်တဲ့ဂျပန်ဟာ နှစ် ပေါင်း (၁၀၀) ကျော်သက်တမ်းရှိနေပြီဖြစ်တဲ့ ကုမ္ပဏီပေါင်း (၂၁၀၀၀)နဲ့နှစ်(၁၀၀၀) ကျော်သက်တမ်းရှိနေပြီဖြစ်တဲ့ကုမ္ပဏီ(၈)ခုလောက်ကိုလည်းပိုင်ဆိုင်ထားပါသေးတယ်။ ဒီတခါတော့ သုတဇုန်မိတ်ဆွေများကို ကမ္ဘာပေါ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄၀၀ ခန့်ကတည်းကတည်ထောင်ခဲ့ပြီး ယနေ့ထိတိုင် လုပ်ငန်းလည်ပတ်နေဆဲဖြစ်တဲ့ ရှေးအကျဆုံး ကုမ္ပဏီတခု အကြောင်းကို ဝေမျှချင်ပါတယ်။

ဒီကုမ္ပဏီရဲ့အမည်ကတော့ Kongo Gumi ဆောက်လုပ်ရေး ကုမ္ပဏီ ဖြစ်ပါတယ်။ ဒီကုမ္ပဏီဟာနှစ်ပေါင်း (၁၄၀၀)သက်တမ်းရှိနေပြီဖြစ်ပြီးဂျပန်နိုင်ငံတွင်းမှာ တည်ရှိပါတယ်။ ဗုဒ္ဓဘာသာဘုရားကျောင်းတည်ဆောက်ရေးနဲ့ ပြန်လည်ပြုပြင်ရေး တွေပြုလုပ်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းကုမ္ပဏီတစ်ခုဖြစ်ပြီး ကိုရီးယားကနေ ဂျပန်ကို လာရောက်ပြီး ဘုရားကျောင်းတွေလာရောက်တည်ဆောက်သူ လက်မှုပညာသည် Shigemitsu Kongo ဆိုသူကတည်ထောင်ခဲ့တာဖြစ်ပါတယ်။

သူဟာShitennoji မှာရှိတဲ့ ဂျပန်ရဲ့ပထမဆုံးသော ဗုဒ္ဓ ဘာသာဘုရားကျောင်းကိုဆောက်လုပ်ဖို့အတွက် အစိုးရရဲ့ ဖိတ်ကြားမှုအရ အေဒီ (၅၇၈) လောက်မှာ ဂျပန်ကိုရောက်ရှိလာခဲ့ပါတယ်။ ယင်းအချိန်မှာ မင်းသားကြီး Shotoku ရဲ့တွန်းအားပေးမှုနဲ့ ဗုဒ္ဓဘာသာဘုရားကျောင်းတွေ ဂျပန်နိုင်ငံလုံး နီးပါးတည်ဆောက်နေချိန်ဖြစ်တာကြောင့် ဘုရားကျောင်းတည်ဆောက်ရာမှာအတွေ့ အကြုံမရှိတဲ့ ဂျပန်တွေအဖို့ Shigemitsu Kongo လို ပညာရှင်မျိုးကိုအထူးလိုအပ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့်စီးပွားရေးအမြင်ရှိတဲ့ Shigemitsu Kongo ဟာ လုပ်သားစုကုမ္ပဏီ တစ်ခုကိုတည်ထောင်ကာ ဂျပန်နိုင်ငံလုံးနီးပါးမှာရှိတဲ့ ဗုဒ္ဓဘုရားကျောင်းတည်ဆောက် ရေးလုပ်ငန်းတွေကိုလုပ်ဆောင်ခဲ့ရာကနေ Kongo Gumi အမည်ရတဲ့ဆောက်လုပ် ရေးကုမ္ပဏီပေါ်ပေါက်လာခဲ့ပါတယ်။

ဗုဒ္ဓဘာသာအဆောက်အအုံတွေတည်ဆောက်ရေး၊ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေက နေ Kongo Gumi ဟာအကျိုးအမြတ်များစွာဖြစ်ထွန်းခဲ့ပြီး ဂျပန်နိုင်ငံရဲ့နာမည်ကျော် အဆောက်အအုံတွေဖြစ်တဲ့ (၆၀၇)ခုနှစ်မှာတည်ဆောက်ခဲ့တဲ့ Horyu-ji (၈၁၆) ခုနှစ် မှာတည်ဆောက်ခဲ့တဲ့ Koyasan ၊ (၁၅၈၃)ခုနှစ်မှာတည်ဆောက်ခဲ့တဲ့ Osaka ရဲတိုက် တို့တည်ဆောက်ရေးလုပ်ငန်းတွေမှာလည်း Kongo Gumi ဟာပါဝင်ခဲ့ပါတယ်။

ဂျပန် နိုင်ငံတွင်းနိုင်ငံရေးဆိုင်ရာပြသာနာတွေ၊ရှုပ်ထွေးမှုတွေရှိခဲ့ပေမဲ့ Kongo Gumi ကုမ္ပဏီ ကတော့ ဆက်လက်ရပ်တည်နေနိုင်ခဲ့ပါတယ်။ Meiji ခေတ်ကာလဖြစ်တဲ့ (၁၈၀၀) ပြည့် နှစ်တွေနဲ့ ဒုတိယကမ္ဘာစစ်ကာလတွေအတွင်းကလည်း အာဏာပိုင်တွေက ဗုဒ္ဓဘာသာ အမွေအနှစ်တွေ၊ဘုရားကျောင်းများစွာကိုဖျက်ဆီးကာ တည်ဆောက်သူတွေကိုလည်း ပြင်းပြင်းထန်ထန်အပစ်ပေးခဲ့တဲ့ဖြစ်စဉ်တွေတောင်ရှိခဲ့ဖူးပါတယ်။ ယင်းကာလမှာတော့ Kongo Gumi ကုမ္ပဏီဟာ လူသေခေါင်း လုပ်ရောင်းတဲ့ကုမ္ပဏီအဖြစ် ရပ်တည်ခဲ့ရရှာပါ တယ်။

ဒုတိယကမ္ဘာစစ်ပြီးချိန်မှာတော့ များပြာလှတဲ့ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေ နဲ့ အတူ Kongo Gumi ကုမ္ပဏီဟာလည်းပြန်လည်ခေါင်းထောင်လို့လာခဲ့ပြန်ပါတယ်။ အထူးသဖြင့်ဗုဒ္ဓဘုရားကျောင်းပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေမှာ Kongo Gumi ဟာအဓိကနေရာကနေပါဝင်လာခဲ့ရာ (၂၀)ရာစုနှောင်းပိုင်းမှာတော့ ပြိုင်ဘက်ကု မ္ပဏီများစွာပေါ်ပေါက်လာခဲ့ပါတယ်။ ပြိုင်ဘက်တွေဟာ Kongo Gumi လိုပဲ ဘုရားကျောင်းပြန်လည်တည်ဆောက်ရေး၊မွမ်းမံထိမ်းသိန်းရေးတွေမှာ ရင်းနှီးမြုပ်နှံမှုများစွာ ပြုလုပ်လာတာမို့ Kongo Gumi ဟာအကြပ်အတည်းတွေရင်ဆိုင်လာခဲ့ရပါတယ်။

နောက်ဆုံးမှာတော့ (၁၄)ရာစုလောက်ကနေတည်ရှိလာတဲ့ Kongo Gumi ဆောက်လုပ် ရေးကုမ္ပဏီဟာ (၂၀၀၆)ခုနှစ်မှာတော့ Takamatsu ဆောက်လုပ်ရေးကုမ္ပဏီရဲ့ဝယ်ယူခြင်းကိုခံခဲ့ရပါတယ်။ ဒါကြောင့် Kongo Gumi ဟာ Takamatsu ကုမ္ပဏီရဲ့လက်ခွဲကုမ္ပ ဏီအဖြစ်ဆက်လက်ရပ်တည်ခဲ့ရပါတယ်။ Kongo Gumi ရဲ့နှစ်ကာလကြာရပ်တည်နိုင် ခဲ့တဲ့လျို့ဝှက်ချက်ကတော့ Customer is always right မူဝါဒကြောင့်လို့ ဆိုပါတယ်။ ကုမ္ပဏီဝန်ထမ်းချင်းအပြန်အလှန်လေးစားမှုကိုကာလအဆက်ဆက်တည်ဆောက်နိုင်ခဲ့တာ နဲ့ လုပ်ငန်းနဲ့ဆက်နွယ်သူတိုင်းကို ယဉ်ကျေးသိမ်မွေ့စွာနဲ့လေးလေးစားစားဆက်ဆံ ရတဲ့စည်းမျဉ်းကို အဆင့်ဆင့်ဆက်ခံခဲ့တဲ့ ကုမ္ပဏီပိုင်ရှင်အသီးသီးက အဆက်မပြတ်အောင်ဖော်ဆောင်နိုင်ခဲ့ကြ လို့လည်း Kongo Gumi ဟာနှစ်ထောင်နဲ့ချီရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

Yale University က ပရော်ဖက်ဆာရစ်ချက်ဖော်စတာကတော့ မျက်မှောက်ခေတ်ကုမ္ပဏီအများစုဟာ ရင်းနီးမြုပ်နံသူမရှိတော့တာနဲ့၊ အကျိုးအမြတ်မရနိုင်တော့တာနဲ့ ပြိုကွဲသွားတာဟာ မန်ဘာဝင်တွေရဲ့တစ် ဦးနဲ့တစ်ဦးတန်ဖိုးမထားမှုကြောင့်လို့ဆိုပါတယ်။ ဂျပန်မှာတော့ ကုမ္ပဏီအသေးလေးတွေကအစ မိသားစုပုံစံနဲ့သွားလေ့ရှိပြီး အကျိုးအမြတ် ရဖို့ထက် တစ်ဦးနဲ့တစ်ဦးအပေါ်ယုံကြည်မှု၊လေးစားတန် ဖိုးထားမှုတွေက အတော်ကိုအားကောင်းကြပါတယ်လို့ဆိုပါတယ်။ ဒါဟာဂျပန်ကုမ္ပဏီ တွေရဲ့ကာလကြာရပ်တည်နိုင်ခြင်းရဲ့ လျို့ဝှက်ချက်ဖြစ်လိမ့်မယ်လို့ဆိုပါတယ်။

Kongo Gumi ရဲ့နောက်ထပ်ထူးခြားချက်ကတော့ မိသားစုတစ်ခုတည်းကပိုင်ဆိုင်တဲ့ ကာလတွေက အကြီးဆုံးသားကဦးဆောင်သူနေရာကနေသူရဲ့စွမ်းဆောင်ရည်ဟာ ကုမ္ပဏီကိုအကျိုးမပြုနိုင်ဘူးဆိုရင် အငယ်ဆုံးသားကနေတာဝန်လွှဲပြောင်းယူရလေ့ရှိတာ ဖြစ်ပါတယ်။ ဒါအပြင် ကုမ္ပဏီဦးဆောင်သူဟာ အမျိုးသမီးဖြစ်ခဲ့ရင်လည်း သူရဲ့မပြည့်ဝတဲ့ ခေါင်းဆောင်မှုပိုင်းအတွက် သမက်ဖြစ်သူနဲ့အစားထိုးတဲ့အလေ့လည်း Kongo Gumi မှာရှိနေခဲ့ပါတယ်။

Kongo Gumi ရဲ့ (၃၉)ဦးမြောက် ကုမ္ပဏီဥက္ကဌ Toshitaka Kongo ဆိုရင်ယခင်ဥက္ကဌရဲ့သားမက်ဖြစ်ပါတယ်။ အကြောင်းကတော့ (၃၇)ဦးမြောက် Kongo Gumi ဥက္ကဌဖြစ်လာ တဲ့ Haruichi Kongo ဟာကိုယ့်ကိုယ်ကို သတ်သေသွားခဲ့တာ ကြောင့် သူရဲ့အမျိုးသမီးဖြစ်သူ Yoshie ဟာ Kongo Gumi ရဲ့ ပထမဆုံးနဲ့ ယနေ့တိုင်တစ်ဦတည်းရှိတဲ့ အမျိုးသမီးဥက္ကဌဖြစ်လာခဲ့ရပါတယ်။ ဒါပေမဲ့သူမရဲ့စွမ်းဆောင်ရည်အား နည်းချက်တွေကြောင့် သမက်ဖြစ်သူ Toshitaka Kongo က သူမနေရာကိုလွှဲပြောင်းရယူခဲ့ပါတယ်။

အမှန်တော့ Kongo Gumi ဟာ နှစ်ထောင်နဲ့ချီရပ်တည်နေနိုင်ခဲ့ပေမဲ့ ကုမ္ပဏီအကြီးကြီးတော့မဟုတ်ပါဘူး။ ကုမ္ပဏီကိုရောင်းချခဲ့ရတဲကာလ (၂၀၀၅)ခုနှစ်အထိ သူရဲ့နှစ်စဉ်ဝင်ငွေဟာ ဂျပန်ယန်း (၇.၅)ဘီလီလျံ( အမေရိကန်ဒေါ်လာ သန်း ၇၀) သာ ရှိခဲ့ပြီးဝန်ထမ်းဦးရေက (၁၀၀) လောက်သာရှိတာပါ။ မှတ်တမ်းတွေမှာဆိုရင်လည်း နှစ် (၁၀၀)အထက်ရပ်တည်ခဲ့တဲ့အောင်မြင်တဲ့ ကုမ္ပဏီအများစုရဲ့ဝန်ထမ်းဦးရေဟာလည်း လူ(၃၀၀)ထက် ပိုတယ်လို့မရှိခဲ့ပါဘူး။

နည်းပညာကုမ္ပဏီအနည်းစုကလွဲလို့ ကုမ္ပဏီအများစုဟာ ရင်းနှီးမြှုပ်နှံမှု နဲ့ ဝန်ထမ်းဦးရေများပြားလာလေ ပြိုကွဲဖို့များလာလေဆိုတဲ့စီးပွားရေး ပညာရှင်တွေရဲ့မှတ်ချက်အချို့အရလည်း ကမ္ဘာပေါ်ကကုမ္ပဏီများစွာရဲ့သက်တမ်းတိုလာခြင်းရဲ့ဖြစ်ရပ်တွေကို ဝေဖန်သုံးသပ်လို့ရပါတယ်။ Kongo Gumi ကတော့ဖြတ်သန်းခဲ့တဲ့ သမိုင်းတစ်လျှောက် တင်းကျပ်တဲ့စည်းကမ်းပိုင်းဆိုင်ရာမူဝါဒနဲ့ အလယ်အလတ် ကုမ္ပဏီတစ်ခုအနေနဲ့ရပ်တည်လာခဲ့ခြင်းက နှစ်ပေါင်း (၁၄၀၀)ကျော်ရပ်တည်နိုင်ခဲ့တဲ့ အဖြေလည်းဖြစ်နိုင်ပါတယ်။

Tags: world knowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!