Thursday, April 15, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ယနေ့တိုင် မဖြေရှင်းနိုင်သေးတဲ့ လူငယ် ၉ ယောက်သေဆုံးမှုဖြစ်ရပ်

by Thutamm
July 25, 2019
Reading Time: 1min read
0
ယနေ့တိုင် မဖြေရှင်းနိုင်သေးတဲ့ လူငယ် ၉ ယောက်သေဆုံးမှုဖြစ်ရပ်
Share on FacebookShare on Twitter

Dyatlov Pass Incident ဆိုတာ ကမ္ဘာပေါ်က အထူးဆန်းဆုံးဖြစ်ရပ်တွေထဲက တစ်ခုဖြစ်ပါတယ်။ ၁၉၅၉ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ရုရှားမြောက်ပိုင်းက Ural တောင်တွေပေါ်ကို တက်ကာ နှင်းစီလျှောခြင်း ၊ တောင်တက်ခြင်းပြုလုပ်ခဲ့ကြတဲ့ တောင်တက်သမားလူငယ် ၉ယောက်ဟာ ရက်ရက်စက်စက် သတ်ဖြတ်ခြင်းကိုခံခဲ့ရပါတယ်။

ဘယ်သူက ဘယ်လို ဘာလက်နက်တွေနဲ့ သတ်သွားတယ်ဆိုတာ အခုတိုင် မဖြေရှင်းနိုင်တဲ့ ဖြစ်ရပ်တစ်ခုပါ။ Dyatlov ဆိုတဲ့နာမည်ကတော့ အဖွဲ့ခေါင်းဆောင် Igor Dyatlov ရဲ့နာမည်ကို အမှတ်တရအနေနဲ့ ပေးထားတာဖြစ်ပါတယ်။

တကယ်တော့ ဒီဖြစ်ရပ်မှာ လူ ၉ယောက်သေဆုံးခဲ့ပေမယ့် တကယ်သွားတုန်းကတော့ ၁၀ယောက်ဖြစ်ပါတယ်။ လွတ်မြောက်လာတဲ့တစ်ယောက်ကတော့ Yuri Yefimovich Yudin ဆိုသူဖြစ်ပြီး သူဟာ ၂၀၁၃ခုနှစ်(အသက် ၇၅နှစ်) အထိ အသက်ရှင်နေထိုင်သွားခဲ့ပါတယ်။ သူတို့အုပ်စုဟာ ၁၉၅၉ခုနှစ် ဖေဖော်ဝါရီလ ၂ရက်နေ့မှာ တောင်တက်ခဲ့တာဖြစ်ပါတယ်။

သူတို့အားလုံးနီးပါးဟာ Ural Polytechnical တက္ကသိုလ်က ကျောင်းသားတွေဖြစ်ပြီး အသက် ၂၀ကျော်အရွယ်သာ ရှိကြသေးပါတယ်။ Dyatlov ခေါင်းဆောင်တဲ့ လူ၁၀ဦးဟာ တောင်အနီးရောက်ပြီးတောင်တက်ဖို့ စတင်ထွက်ခွာခဲ့ပါတယ်။

သူတို့အဖွဲ့ရဲ့ရည်မှန်းချက်ကတော့ ၆.၂မိုင်အကွာအဝေးမှာ ရှိတဲ့ Otorten တောင်ကို တက်ဖို့ဖြစ်ပါတယ်။ ဇန်နဝါရီလ ၂၅ရက်နေ့တည်းက ထွက်လာခဲ့ကြပြီး Vizhai ရွာကိုရောက်ခဲ့ပါတယ်။ အဲဒီရွာကိုရောက်ပြီး ၂၇ရက်နေ့မှာတော့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Yudin ဟာ နေမကောင်းဖြစ်နေခဲ့ပါတယ်။

ဒီလိုနေမကောင်းတာသူ့အတွက် ကံကောင်းသွားတယ်လို့ ဆိုရပါမယ်။ သူ့ကို Vizhai ရွာလေးမှာ ထားခဲ့ကြပြီး ကျန်လူ ၉ယောက်ကတော့ တောင်ဆက်တက်သွားကြပါတယ်။ ၃၁ရက်နေ့မှာတော့ သူတို့ အုပ်စုဟာ တောင်ရဲ့အစပ်ကို ရောက်ခဲ့ကြပြီး တောင်တက်ဖို့စတင်ပြင်ဆင်ခဲ့ကြပါတယ်။

နောက်နေ့ ဖေဖော်ဝါရီ ၁ရက်နေ့မှာတော့ သူတို့အဖွဲ့ဟာ တောင်ကို စတင်တက်ခဲ့ပါတယ်။ အလွန်ခက်ခဲတဲ့တောင်တက်ခရီးဖြစ်ပြီး နှင်းမှုန်တိုင်းများလည်း မကြာခဏတိုက်ခတ်တာကြောင့် ရှေ့မြင်ကွင်းကို မြင်နိုင်စွမ်းလည်း နည်းပါးပါတယ်။ သူတို့ဟာ ဦးတည်ချက်မှားယွင်းခဲ့ပြီး သူတို့တက်ချင်တဲ့တောင်ကို မရောက်ပဲ Kholat Syakhl လို့ခေါ်တဲ့ မရဏတောင်ထိပ်ကို ရောက်ခဲ့ကြပါတယ်။ သူတို့လမ်းမှားသွားတာကို သိပြီးတဲ့နောက်မှာတော့ သူတို့ဟာ အဲဒီနေရာမှာရပ်ပြီး စခန်းချဖို့ပြင်ဆင်ကြပုံရပါတယ်။

သူတို့မထွက်ခွာခင်ကတော့ အဖွဲ့ခေါင်းဆောင် Dyatlov က သူတို့တောင်တက်ပြီး Vizhai ကိုပြန်ရောက်တာနဲ့ ကြေးနန်းပို့မယ်လို့ သူတို့ရဲ့အားကစားကလပ်ကို ပြောခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၂ရက်နေ့မှာ သူတို့ရဲ့ခရီးစဉ်ပြီးဆုံးမယ်လို့ မျှော်လင့်ပေမယ့် မထွက်ခွာခင်ရွာမှာကျန်ခဲ့တဲ့ Yudin ကို Dyatlov က ၁၂ရက်ထက်ပိုကြာရင်လည်းကြာနိုင်တယ် စိတ်မပူဖို့ မှာခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၂ရက်နေ့ကျော်လာတဲ့အထိ ဘာမတ်ဆေ့ဘာ အကြောင်းကြားစာမှ မရခဲ့ပါဘူး။ သိပ်တော့မစိုးရိမ်ကြသေးပေမယ့် ဖေဖော်ဝါရီ ၂၀ရက်နေ့ ရောက်တဲ့ အထိ ဘာမှ သတင်းမကြားတာကြောင့် လိုက်သွားဖို့ပြင်ဆင်ကြပါတယ်။ ရှာဖွေမယ့်ခရီးစဉ်မှာ ကယ်ဆယ်ရေးအဖွဲ့တွေ ၊ စေတနာ့ဝန်ထမ်းတွေ ၊ ကျောင်းသားတွေ ၊ဆရာတွေအားလုံးပါဝင်ခဲ့သလို အစိုးရမဖွဲ့ကလည်း လေယာဉ် ဟယ်ရီကော်ပတာတွေအသုံးပြုစေခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၆မှာတော့ ရှာဖွေသူတွေဟာ သူတို့နောက်ဆုံး စခန်းချခဲ့တဲ့ တဲကိုတွေ့လိုက်ကြပါတယ်။ တဲကို အထဲကဆုတ်ဖြဲထားပုံရပြီး တချို့တစ်ဝက်ကို နှင်းခဲတွေအုပ်နေပါတယ်။ တဲအနီးမှာတော့ ခြေရာ၉ ခုကို တွေ့ခဲ့ကြပါတယ်။ သူတို့ဟာ ခြေရာတွေအတိုင်းလိုက်ခဲ့ပြီး မီတာ ၅၀၀ ခန့်အရောက်မှာတော့ နှင်းတွေက ခြေရာတွေကိုဖျက်စီးလိုက်တာကို တွေ့ကြရပါတယ်။ သူတို့အဲဒီအနီးတစ်ဝိုက်ကို ရှာကြည့်တဲ့အခါ မီးတောက်သေးသေးလေးတစ်ခုကို သွားတွေ့ပါတယ်။

မီးတောက်ဆီရောက်တဲ့အခါမှာတော့ သစ်ပင်တစ်ပင်အနီးက ကျွင်းကျန်ရစ်တဲ့မီးဖိုဖြစ်ပြီး အနီးမှာတော့ သေဆုံးနေတဲ့ တောက်တက်သမားနှစ်ဦးရဲ့ အလောင်းကို သွားတွေ့ပါတယ်။ နှစ်ဦးစလုံး အဝတ်အားလုံးချွတ်ထားပြီး အတွင်းခံကိုယ်စီနဲ့သေဆုံးနေကြတာပါ။ အပူချိန် -၂၀ ဝန်းကျင်ခန့်ရှိတဲ့နေရာမျိုးမှာ အဝတ်မရှိပဲဘာကြောင့်နေခဲ့ကြသလဲဆိုတာ ရှာဖွေသူတွေကို ဒွိဟဖြစ်စေခဲ့ပါတယ်။

ဆက်လက်ရှာဖွေတဲ့အခါမှာတော့ အဖွဲ့ခေါင်းဆောင် Dyatlov အပါအဝင် သေနေတဲ့ လူ၃ယောက်ကို ထပ်မံတွေ့ရှိပါတယ်။ ခုနသစ်ပင်ရဲ့ မီတာ ၃၀၀ ၊ ၄၈၀ ၊ ၆၃၀အကွာအဝေးအသီးသီးမှာ ထပ်တွေ့ကြတာပါ။ ကျန်တဲ့သူတွေကို ဆက်လက်ရှာဖွေကြပေမယ့် ၂လကြာတဲ့အထိ ရှာမတွေ့ခဲ့ပါဘူး။ မေလ ၄ရက်နေ့ ရောက်ခဲ့တဲ့အခါ မှသာ သစ်ပင်ရဲ့ ၇၅မီတာ အကွာအဝေးကနေ သွားတွေ့ကြပါတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်တွေဟာ နှင်းခဲတွေအောက် ၄မီတာခန့်ရောက်ရှိနေခဲ့လို့ဖြစ်ပါတယ်။ သူတို့ ၄ ဦးစလုံးကတော့ အဝတ်တွေ အနွေးထည်တွေကိုအစုံအလင်ဝတ်ထားပါတယ်။

စစ်ဆေးချက်တွေကတော့ သူတို့ ၉ယောက်မှာ ၆ယောက်ဟာ အပူချိန်အလွန်အမင်းကျဆင်းခြင်းကြောင့်သေတာဖြစ်ပြီး ကျန်၃ယောက်ကတော့ ပြင်ပတိုက်ခိုက်ခံရမှုကြောင့်သေတာဖြစ်တယ်။ သူတို့ဟာ နောက်ဆုံးအစာစားပြီး ၆နာရီ နဲ့ ၈နာရီအတွင်းမှာ သေဆုံးကြတာဖြစ်တယ် လို့ဆိုပါတယ်။ ဘာကြောင့် ဒီလောက်အေးတဲ့နေရာမှာ အဝတ်တွေကို ချွတ်နေခဲ့ကြပါသလဲ။ ဒါဟာဖြေရခက်တဲ့အဖြေဖြစ်ပါတယ်။ အဲဒီထက်ပိုပြီးအဖြေရှာမရတာကတော့ တိုက်ခိုက်ခံထားပြီးသေဆုံးသွားတဲ့သူတွေရဲ့ ဒါဏ်ရာတွေဖြစ်ပါတယ်။

အဲဒီဒေသမှာနေတဲ့ Mansi လူမျိုးတွေတိုက်ခိုက်တာလို့ ဆိုပေမယ့် ဒါဏ်ရာတွေက ပုံမှန်ဒါဏ်ရာတွေမဟုတ်တဲ့အပြင် အဲဒီနေရာတစ်ဝိုက်လုံးမှာ သူတို့ ၉ယောက်ရဲ့ ခြေရာလက်ရာတွေကလွဲလို့ ကျန်သူတစ်ဦးတစ်ယောက်မျှ ရှိမနေခဲ့ဘူးလို့ စစ်ဆေးသူတွေက ဆိုပါတယ်။ ဒါဏ်ရာတွေကလည်း အလွန်ထူးခြားပါတယ်။ အမျိုးသမီးရဲ့လျှာဟာကိုက်ဖြတ်ထားခြင်းခံရပါတယ် ၊ တစ်ယောက်ကတော့ မျက်လုံးမရှိတော့ပါဘူး ၊ ဦးခေါင်းခွံကလည်း ပျက်စီးနေပါတယ်။

တစ်ယောက်ရဲ့မျက်နှာကတော့ လောင်ကျွမ်းပျက်စီးနေပြီး ကားမတော်တဆမှုလိုမျိုး ပြင်းထန်တဲ့ယာဉ်တစ်ခုခုနဲ့ အတိုက်ခံထားရပုံပေါ်ပါတယ်။ ထူးခြားချက်နောက်တစ်ခုကတော့ သူတို့ရဲ့အဝတ်တွေမှာ ရေဒီယိုသတ္တိကြွအရေတွေပေနေတာပါ။ သူတို့ရဲ့ဈာပနကိုတက်ရောက်ခဲ့သူတွေရဲ့ အဆိုအရ ခန္ဓာကိုယ်တွေဟာ အညိုရောင်သမ်းပြီး ခြောက်သွေ့နေတယ်လို့ သိရပါတယ်။

တာဝန်ရှိသူတွေဟာ ဒီပြသနာရဲ့အဖြေကို ရှာဖွေဖို့ နှစ်နဲ့ချီပြီးကြိုးစားခဲ့ပါတယ်။ ခန့်မှန်းချက်အဖြေတွေကတော့များစွာထွက်လာခဲ့ပေမယ့် တိကျတဲ့အဖြေကတော့ထွက်မလာခဲ့ပါဘူး။ ထူးဆန်းမှုနောက်တစ်ခုကတော့ သေဆုံးသွားသူတွေ တောင်တက်ခဲ့တဲ့ရက်တွေမှာ လိမ္မော်ရောင်မီးလုံးကြီးတွေကို အဲဒီတောင်တစ်ဝိုက်က ကောင်းကင်မှာတွေ့ရတယ်လို့ အခြားတောင်တက်သမား အများစုက ဆိုကြပါတယ်။

သေဆုံးသွားသူတွေရဲ့ အထိမ်းအမှတ်ဂူကိုတော့ Mikhajlov သင်္ချိုင်းမှာမြင်နိုင်ပါတယ်။ Dyatlov Pass Incident ဟာ အဖြေရှာမရတဲ့ဖြစ်ရပ်တစ်ခုအဖြစ် နာမည်ကြီးခဲ့ပါတယ်။ ဒီအကြောင်းကို ရိုက်ကူးထားတဲ့ The Dyatlov Pass Incident (Devil’s Pass) (2013) နာမည်နဲ့ ရုပ်ရှင်လည်း ထွက်ရှိခဲ့ပြီးပါပြီ။

Tags: amazing

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

၁ ဂါလန်ကို ဒေါ်လာ ၃၉သန်း တန်တဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးအရည်
Amazing

၁ ဂါလန်ကို ဒေါ်လာ ၃၉သန်း တန်တဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးအရည်

ကမ္ဘာပေါ်မှာ ကင်းမြီးကောက်မျိုးစိတ်ပေါင်း ၂၀၀၀ ခန့်ရှိပေမယ့် ဒီအထဲက မျိုးစိတ် ၄၀ ခန့်ကသာ အဆိပ်ပြင်းထန်ပါတယ်။ တချို့ကင်းမြီးကောက်တွေရဲ့ အဆိပ်ကတော့ လူကို အသက်အန္တရာယ် ရှိစေနိုင်တဲ့အထိပြင်းထန်ပြီး ဒီအထဲမှာ deathstalker ကင်းမြီးကောက်တွေလည်း ပါဝင်ပါတယ်။ သူတို့ရဲ့အဆိပ်ရည်က အလွန်တန်ဖိုးရှိပြီး...

မြင်ရခဲတဲ့ ကမ္ဘာတလွှားက ရောင်စုံပုံရိပ်များ
Amazing

မြင်ရခဲတဲ့ ကမ္ဘာတလွှားက ရောင်စုံပုံရိပ်များ

ဒီတခါမှာလည်း လွန်ခဲ့တဲ့ ၁၀ စုနှစ်များစွာက ကမ္ဘာတလွှားမှာ ရိုက်ကူးခဲ့တဲ့ ရှားပါးပုံရိပ်တွေကို ဝေမျှပေးလိုက်ပါတယ်။ ဒီဓာတ်ပုံတွေဟာ မူရင်းက အဖြူအမည်းသာဖြစ်ပေမယ့် ဒီဘက်ခေတ်ဓာတ်ပုံနည်းပညာတွေနဲ့ မွမ်းမံလိုက်တဲ့အခါမှာတော့ ရောင်စုံဓာတ်ပုံတွေဖြစ်လာပါတယ်။ အဖြူ အမည်းနဲ့ ဆိုရင် ထင်ထင်ရှားရှား မြင်ရမှာ မဟုတ်ပဲ...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!