မင်းတုန်းမင်းသည် သာယာဝတီမင်း၏ သားတော် ဖြစ်ပြီး ငယ်မည်မှာ မောင်လွင်ဖြစ်သည်။ မင်းတုန်းမင်း သည် မင်းသား ဘဝကတည်းကပင် စစ်ရေးမူကို ဝါသနာ မထုံခဲ့ပေ။ သို့သော် ဘာသာရေးကို အလွန် ကိုင်းရိူင်းသော မင်းသားတပါးဖြစ်၏။ အလှူ အဒါန်းများကို သာသာရေးကိစ္စ များကို အထူးအလေးထားပြီး ဆောင်ရွက်လေ့ရှိလေသည်။ ပုဂံမင်းကို ပုန်ကန်စဉ်က ကနောင်မင်းသားမှ စစ်ရေးမူအားလုံးကို စီမံ ဆောင်ရွက်ပြီး မင်းတုန်းမင်းသား ကို ကျော်လွန်ပြီး ဘုရင်လုပ်ဖို့အခွင့်အရေးရှိသော်လည်း နောင်တော်ဖြစ်သော မင်းတုန်းမင်းသားကိုသာ ဘုရင်အဖြစ် တင်မြှောက်ခဲ့လေသည်။
မင်းတုန်းမင်းသည် ဘုရင်ဖြစ်သော် ထုံးစံအတိုင်း မိမိ၏လူယုံများကို ဝန်မင်း၊အမတ် ရာထူးများပေး သနားကာ မြှောက်စားလေ၏။ ထိုပြင် မိမိ၏ ညီတော် ကနောင်မင်းသားကိုလည်း အိမ်ရှေ့စံရာထူး ပေးသနားတော်မူလေသည်။ မိမိ၏ နောင်တော်ဖြစ်သော ဘုရင်ဟောင်း ပုဂံမင်း ကိုလည်း စံအိမ်တော်ဖြင့် မင်းစည်းစိမ်အတိုင်း ကောင်းမွန်စွာ ကျွေးမွေးထားလေ၏။ မင်းတုန်းမင်းသည် အမရပူရမြို့တော်တွင် မနေထိုင်လိုပေ၊ ထိုကြောင့် ရွှေဘိုမြို့တွင် ၂ နှစ်ကျော်ကြာ စံမြန်းလေသည်။ မောင်ဘိုးလိူင်ကိုလည်း မင်းသားတပါးကဲ့သို့ ချီးမြှောက်ကာ ယောမြို့ကို အပိုင်ပေးစားလေ၏။ ကနောင်မင်းသား နှင့် မောင်ဘိုးလိူင် တို့ကိုသာ အုပ်ချူ ပ်ရေး တာဝန်များကို နေပြည်တော်တွင် ရွက်ဆောင်စေ၏။
မောင်ဘိုးလိူင်သည် စကြာဒေဝီ၏ တိုက်တွန်းချက်အရ ရဟန်းဘဝမှလူထွက်ကာ မင်းတုန်းမင်းတို့၏ ပုန်ကန်ရေးတွင် ဝင်ရောက်ခဲ့သူဖြစ်သည်။ ထိုလူမထွက်မီ မဲထီးကျောင်းတွင် ပုဂံမင်း၏ လူများ လာရောက်ရှာဖွေကြရာ ပုန်းနေရာ ရှာမတွေ့သဖြင့် အရေးတော်ပုံကို ပူးပေါင်းနိုင်ခြင်းဖြစ်၏။ မောင်ဘိုးလိူင်မှ မိမိသည် ထို ပုန်းနေစဉ် ပဌာန်းတရားများကို အဆက်အပြတ်ရွတ်ဆိုနေကြောင်း မင်းတုန်းမင်းကို လျှောက်ထားဖူး၏။
မောင်ဘိုးလိူင်သည် ဗဟုသုတ များသည့်အလျောက် မင်းတုန်းမင်းတို့ကို တောင်ပြုံ းညီနောင် နတ်ကွန်း သို့ ခေါ်ဆောင်သွားဖူး၏။ မင်းတုန်းမင်းတို့လည်း နတ်ကွန်းရှေ့တွင် ကောင်းစားလျှင် မမေ့ပါ ဟု ကတိပြု ကြ၏။ ထိုကြောင့် ဘုရင်ဖြစ်သော် နှစ်တိုင်း တောင်ပြုံ းညီနောင်ပွဲ ကို ကျင်းပပေးလေ၏။
ခရစ်နှစ် ၁၈၅၆၊ ၁၀ လ၊ ၃၀ ရက်တွင် မင်းတုန်းမင်းသည် စစ်ကိုင်းမြို့သို့ တိုင်းခန်းလှည့်လည်ပြီးသည့်နောက် မန္တလေးတောင် ရှိ ဆူးခါးဆရာတော်ကို ဝင်ဖူးလေသည်။ ဆရာတော်မှ မန္တလေးအရပ်သည် ကပိလရှင်ရသေ့ ၏ သင်္ခမ်းမြေနှင့် တူသည်။ အသင် မင်းကြီးသည်လည်း ကပိလဝတ်ပြည်ကို တည်ထောင်သည့် ဥက္ကာမုက္ခ စသော သာကီဝင်မင်းများနှင့် တူသည်ဟု မိန့်တော်မူလေ၏။
ထိုသို့ ဆရာတော်မိန့်ကြားပြီးသည့်နောက် မင်းတုန်းမင်းသည် စိတ်စွဲဟန် တူ၏။ ထိုညတွင် အိမ်မက်လေ၏။ နန်းစဉ်မှတ်တမ်းအရ မင်းတုန်းမင်း မက်မြင်သော အိပ်မက်မှာ- မန္တလေးအရပ်သို့ မြတ်စွာဘုရား ကြွတော်မူလာရာတွင် စန္ဒမုခိဘီလူးမ မှ မိမိ၏ ရင်သားကို ဖြတ်ကာ မြတ်စွာဘုရားကို လှူ ရာ မြတ်စွာဘုရားမှ ဘီလူးမ အား အသင်သည် ဒီအရပ်တွင် ပြည်ကြီး တပြည်ကို တည်ထောင်ကာ သာသနာပြု မင်း ဖြစ်လိမ့်မည် ဟု ဗျာဒိတ်ပေးတော် မူသည် ဟု မက်မြင်ကြောင်း နံနက်ညီလာခံတွင် မှူ းမတ်များကို ထုတ်ဖော်ပြောပြလေသည်။
၀န်မင်းများလည်း နတ်များ ပြသသော နိမိတ်ဖြစ်ဟန်တူပါသည်ဟု လျှောက်တင်ကြလေ၏။ ထိုနောက် မင်းတုန်းမင်းမှ ပခန်းမင်းကြီးကို မန္တလေးအရပ်ကို စနည်းနာ၊လေ့လာရန် အမိန့်တော်ပေးလေသည်။ ပခန်းမင်းကြီး လည်း အတတ်ပညာရှင်များဖြင့် သိုက်ဓာတ်နိမိတ်စာ များ ကို လေ့လာသည့်အပြင်၊ မန္တလေးအရပ်ကိုလည်း ဗိသုကာများဖြင့် သေချာတိုင်းထွာလေ့လာကြပြီး မြို့တော်အင်္ဂါနှင့် ပြည့်စုံခြင်း ရှိမရှိကို လေ့လာကြလေ၏။
၂ လကျော် လေ့လာခဲ့ကြပြီးသော် မန္တလေးအရပ်သည် မင်းနေပြည်တော်တည်ရန် အရည်အသွေးများဖြင့် ပြည့်စုံကြောင်း အဖြေထွက်ကြောင်းကို မင်းတုန်းမင်းအား လျှောက်တင်ကြလေသည်။ သို့သော် မန္တလေးအရပ်ရှိ မြေကွက် ထက်ဝက်ကျော်သည် သုံးဆယ်စော်ဘွားကြီး ပိုင်ဆိုင်သော မြေကွက်များဖြစ်လေ၏။ ထိုပြဿ နာ တခု ကို ဖြေရှင်းရန် မှူ းမတ်များမှ ရေမြေ့သနင်း ဖြစ်သည့် မင်းတုန်းမင်းမှ သုံးဆယ်စော်ဘွားကို မင်းမိန့်ဖြင့် လာရောက်ဆက်သ၇န် အမိန့်တော်ပြန်ရန် လျှောက်ထားကြသလို၊ တချို့များလည်း စစ်တိုက်ရန် လျှောက်ထားကြလေ၏။ သို့သော် မင်းတုန်းမင်းသည် ထိုခေတ် ပေါက်ဈေး အတိုင်း ငွေဖြင့် ပေးချေ ဝယ်ယူရန် အမိန့်တော်ပြန်လေ၏။ သုံးဆယ်စော်ဘွားကြီးလည်း ကြည်ဖြူ စွာပင် မင်းတုန်းမင်းအား ရောင်းချပေးလေ၏။
နေပြည်တော်တခု ပြောင်းရန်မှာ မလွယ်ကူလှပေ။ သုံးဆယ်စော်ဘွားကြီးထံမှ မြေကွက်များကို ဘုရင့်ငွေတိုက်တော်မှ ငွေများဖြင့် ဝယ်ယူကြောင်း သတင်းကြားသိရသောအခါ အမရပူရပြည်သူများမှ မနှစ်မြို့ကြပေ။ မြို့တော်အသစ်ကိုလည်း မပြောင်းလိုကြပေ။ ထိုကြောင့် ကန့်ကွက်ခြင်ကြလေ၏။ မင်းတုန်းမင်းသည် စိတ်နှလုံးသိမ်မွေ့ပြီး ရဟန်းတော်များ၏ စကားကို နားထောင်သော မင်းအဖြစ် ကျော်ကြားသဖြင့် အမရပူရမြို့ရှိ မပြောင်းလိုသော အုပ်စုများမှ ရဟန်းတော်များ၊ဆရာတော်များကို မြှောက်ပင့်သဖြင့် ထိုခေတ်က ဆန္ဒပြပွဲတောင် ဖြစ်ပွားလိုက်သေး၏။ မင်းတုန်းမင်းသည် ထိုဆန္ဒပြပွဲကြောင့် စိတ်မချမ်းမသာ ဖြစ်ပြီး မိမိ၏ ဆန္ဒကိုလည်း မစွန့်လွတ်ချင်၊ ပြည်သူများ၏ ဆန္ဒကိုလည်း နားထောင် ချင်ဖြစ်ကာ မစားနိုင်မအိပ်နိုင်ဖြစ်လေ၏။ (ဆန္ဒပြပွဲ ဆိုသည်မှာ ယခုခေတ်ကဲ့သို့ မဟုတ်ပေ၊ စာပေဟောပြောပွဲကဲ့သို့ လူစုလူရုံးဖြစ်ပြီး ဘုရင်ကို မထိသထိ နာအောင် စာဖြင့်ပေဖြင့် ပြောကာ ကန့်ကွက်ကြောင်း ဆန္ဒ ပြသည့်သဘောဖြစ်၏)
ထိုအခါ သာသနာပိုင် ဆရာတော်ကြီးမှ စာဖြင့်ပေဖြင့် မန္တလေးအရပ်တွင် မြို့ထီးပြထီး နန်းစိုက်သည်မှာ သင့်လျော်ကြောင်းကို ဘုရင့်ထံ ပို့ဆောင်ပေးလေ၏။ ထိုအပြင် အမရပူရရှိ နာမည်ကျော် ရွှေရေးဆောင် ဆရာတော် သာမက နာမည်ကျော် စာပေပညာရှင်များမှ ဘုရင့်ကို ထောက်ခံသည့် စာများ အသီးသီး ရေးသား တင်သွင်းကြသဖြင့် မင်းတုန်းမင်း အဖို့ စိတ်သက်သာရာ ရလေ၏။
ထိုသို့ ပြည်သူတချို့ ကန့်ကွက်သော်လည်း ၁၈၅၆ ၊ ၁၂ လပိုင်း ၃၀ ရက်နေ့ လွှတ်တော်ညီလာခံတွင် မှူ းမတ် အပေါင်းတို့မှ ဘုရင်အား မန္တလေးအရပ်တွင် မြို့ရာနင်းချင်းပြီး မြို့တော် တည်ထောင်စံတော်ပါ ဟု လျှောက်ထားကြသဖြင့် မင်းတုန်းမင်းမှ မြို့တော်အသစ်တည်ရန် အမိန့်တော်ထုတ်လေသည်။
ထို့ကြောင့် ရဟန်းပညာရှိ လူပညာရှိတို့၏ တိုင်ပင်လျှောက်ထားပြီး သက္ကရာဇ် ၁၂၁၈ ခုနှစ် (ခရစ်နှစ်သက္ကရာဇ် ၁၈၅၇ ခုနှစ် ) မှစတင်၍ မန္တလေးအရပ်၌ မြို့ရာချင်းနင်းစေပြီးမြို့တော် ၊ နန်းတော်မှစ၍ တည်ဆောက်စေရန် စီမံခဲ့သည်။ မင်းတုန်းမင်းတည်ခဲ့သော ရတနာပုံ မန္တလေးမြို့တော်သည် မြောက်လတ္တီတွဒ် (၂၁) ဒီဂရီ ၊ (၅၉) မိနစ်နှင့် အရှေ့လောင်တီတွဒ် (၉၆) ဒီဂရီ (၆)မိနစ်တို့ ဆုံရာ၌ တည်ရှိသည်။
ပုရပိုဒ်မူထဲမှတွေ့ရသော မန္တလေးမြို့ရွှေကြိုးသတ်နယ် နယ်နိမိတ်များသည် အရှေ့ဘက်နယ်ထိပ်တောင်ရိုး ၊ တောင်ဘက်ဒုဌာဝတီမြစ် ၊ အနောက်ဘက် ဧရာဝတီမြစ် ၊ မြောက်ဘက်မတ္တရာ ချောင်းမကြီး တို့ဖြစ်သည်။ အရှေ့အနောက် (၁၃) မိုင် ကျယ်ဝန်းပြီး တောင်မြောက် (၃၂) မိုင် ရှည်လျားသည်။ မန္တလေးမြို့နယ်အတွင်း၌ ရွာပေါင်း (၂၃၅)ရွာ ၊ အင်းပေါင်း (၇၀) ၊ ချောင်း (၁၁)ချောင်း ၊ ကန်သေး (၂၂) ကန် ၊ ကန်ကြီး (၅) ကန် တို့ပါဝင်ကြောင်းသိရသည်။
ဤတွင် မန္တလေးမြို့ကိုတည်စဉ်က တြင်းကြေ ၊ နဝင်းကြေဖြစ်စေရန် ကန် (၉) ကန် ၊ ကုန်း(၉) ကုန်း ၊ တောင် (၉) လုံး တို့ကို အမည်နာမနှင့်တကွ ဖွဲ့စည်းသတ်မှတ်ခဲ့ရာ အောက်ပါအတိုင်းဖြစ်ပေသည်။
(ဤတွင် ကိုးနဝင်း အကြောင်းကို မသိသေးသူများအတွက် အနည်းငယ်ပြောလိုပါ သည်။ ကိုးနဝင်း ဆိုသည်မှာ ဟိန္ဒူဗြဟ္မဏတို့၏ ဂြိုဟ်ကြီးကိုးလုံးအယူဝါဒနှင့် ဆက်နွယ်၍ပေါ်ပေါက်လာသောဝါဒဖြစ်သည်။ ‘ကိုး’ နှင့်မြှောက်သည့် ဂဏန်းဟူ သမျှကို ပေါင်းလျှင် ‘ကိုး’ ဂဏန်းပင်ရသောကြောင့် ‘ကိုး’ ဂဏန်းကို ထူးဆန်းသည့် ဂဏန်းဟု သတ်မှတ်ကြသည်။ ဥပမာ ၂၇ ၊ ၈၁ ၊ ၁၀၈ … စသည်ဖြင့် ဂဏန်းများကိုပေါင်းလျှင် ‘ကိုး’ ပင်ရသဖြင့်ကိုးနဝင်းဟု သတ်မှတ်သည်။ ‘ကိုး’ ဂဏန်းသည် အစွမ်းထက်သည်ဟုလည်း မှတ်ယူကြသည်။ ရှေးမြန်မာမင်းတို့သည် “အတိတ်”၊”နိမိတ်”၊ “ဗေဒင်” ၊ “ယတြာ” ၊ “ကိုးနဝင်း”၊ “တြင်းကြေ”၊ “နဝင်းကြေ” စသည် တို့ကို အထူးယုံကြည်ကြသည်။ )
ကန်(၉) ကန်
၁။ ကြာနီကန်၊ ၂။ အောင်ပင်လယ်ကန် ၊ ၃။ နန္ဒာကန် ၊ ၄။ ဇောင်းကလောကန် (တောင်ကလေးကန်)၊ ၅။ မင်္ဂလာကန် (မင်းကန်) ၊ ၆။ သရက်ကန် ၊ ၇။ မဲနယ်ကန် ၊ ၈။ ခံတက်ကန် ၊၉။ ဆင်ဖြူကန်
ကုန်း (၉) ကုန်း
၁။ သစ်ချိုကုန်း၊ ၂။ ကျီတော်ကုန်း၊ ၃။ သဇင်ကုန်း၊ ၄။ သမန်းကုန်း၊ ၅။ ဥသျှစ်ကုန်း၊ ၆။ ဝါခင်းကုန်း၊ ၇။ ကုလားပျိုကုန်း၊ ၈။ ပုဏ္ဏားကုန်း၊ ၉။ ဗောတိကုန်း
တောင်(၉) တောင်
၁။ မန္တလေးတောင်၊ ၂။ ရန်ကင်းတောင် ၊ ၃။ ကုလမတောင် ၊၄။ ကြက်ယက်တောင်၊ ၅။ မျက်မွေးတောင်၊ ၆။ တောင်လှုပ်တောင် ၊ ၇။ တောင်ပုလုတောင်၊ ၈။ ဆားခါးတောင် ၊ ၉။ ဂန္ဓမာတောင်
မန္တလေးရဲ့ တချိန်က ပုံရိပ်များ
သမိုင်းပုံရိပ် ဘလော့မှ