Sunday, April 11, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

မန္တလေးက ရှေးဟောင်းကြေးရုပ်ကြီးတွေရဲ့ သမိုင်းကြောင်း

by Thutamm
July 25, 2019
Reading Time: 1min read
0
မန္တလေးက ရှေးဟောင်းကြေးရုပ်ကြီးတွေရဲ့ သမိုင်းကြောင်း
Share on FacebookShare on Twitter

မဟာမုနိဘုရားပရဝဏ်ရှိ ကြေးရုပ်ကြီးများ သည် မြန်မာနိုင်ငံ၊ မန္တလေးမြို့၊ မဟာမုနိရုပ်ပွားရှင်တော်မြတ် တည်ရှိရာ မဟာရာမ်အတွင်းတွင် တည်ရှိသည်. ကြေးရုပ်ကြီးများမှာ ခေါင်းသုံးလုံးနှင့် ဧရာဝဏ်ဆင်ရုပ် (၁) ၊ နတ်ရုပ် (၂) ၊ ခေါင်း (၁)ခု ပြုတ်နေသော ခြင်္သေ့ကိုယ်နှင့်ခေါင်း၊ ခေါင်းမရှိသော ခြင်္သေ့ကိုယ်ထည်တစ်ခုတို့ဖြစ်သည်။ ယင်းတို့ကို ထိုင်းလူမျိုးများက ‘ဒေဝဂဿရူပ နတ်ရုပ်’ ဟု ဆိုကြလေသည်။

ဓညဝတီ ရခိုင်ပြည်မှ အိမ်ရှေ့မင်းသိမ်းယူလာသော ကြေးရုပ်ကြီးများသည် မူလက ကမ္ဘာဇတိုင်း အန်ကာမြို့မှ ဆောင်ယူလာခြင်းဖြစ်၍ ဟံသာဝတီဘုရင့်နောင် ကျော်ထင်အနော်ရထာမင်း ယိုးဒယားကို အောင်နိုင်သောအခါ သက္ကရာဇ် ၉၂၅ ခု ၊ တန်ခူးလပြည့်ကျော် (၂)ရက်နေ့တွင် မြန်မာနိုင်ငံသို့ ယူဆောင်ခဲ့ရာ ဟံသာဝတီသို့ သက္ကရာဇ် ၉၂၆ ခု ၊ နယုန်လဆန်း (၆)ရက်နေ့တွင် ရောက်သည်။ (အချို့မှတ်တမ်းများ ၌ ကြေးရုပ်များကို ၉၂၃ ခုနှစ်တွင် လင်းဇင်းမှ ယူဆောင်လာကြောင်း တွေ့ရ၏။)

သက္ကရာဇ် ၉၆၀ ၌ သံသာဝတိပျက်သောအခါ ဟံသာဝတီဘုရင်သည် တောင်ငူ၌ ကွက်မျက်ခံရသည်။ ဟံသာဝတီဘုရင်၏ သမီးတော် ခင်မနှောင်းနှင့်တကွ ဆင်ဖြူတစ်စီး၊ အထူးထူးသော ပစ္စည်းများကို ရခိုင်မင်းတပ်သို့ ပို့ရသည်။ ထိုစဉ်က ယိုးဒယားမှ ယူဆောင်လာသော ကြေးရုပ်များကို ဟံသာဝတီမှတဆင့် တောင်ငူမင်းနှင့်တကွ ရခိုင်မင်းတို့ထံသို့ ဆောင်ယူသွားကြသည်။

ဟံသာဝတီသို့ ယိုးဒယားဘုရင် ဗြနုရာဇ် စစ်ချီစဉ်အခါကပင် ရခိုင်မင်းရာဇာသည် တောင်ငူမြန်မာတို့ဘက်မှ စစ်ကူရာ အောင်နိုင်လျှင် ဟံသာဝတီမှ သံပစ္စည်းဟူသမျှကိုလည်း ရခိုင်သို့ ယူဆောင်သွားလေသည်။ ထိုစဉ်က ကြေးရုပ်ကြီးများနှင့်အတူ အမြောက် (၁၀ဝ) ကိုလည်း ရခိုင်သို့ ယူဆောင်သွားသည်။

ရခိုင်ပြည်မှ အမရပူရသို့ ပင့်ဆောင်လာသော မဟာမုနိရုပ်ပွားရှင်တော်မြတ်နှင့်အတူ ကြေးရုပ်ပေါင်း (၃၀)ပါသည်ဟု ဆိုလေသည်။ ကြေးရုပ်ကြီးများနှင့် အမြောက်ကြီး (၂၀ဝဝ)ကို မော်တဂင်ရစ် ရေကြောင်း ပင်လယ်လမ်းဖြင့် ယူဆောင်ခဲ့သည်။ အမရပူရသို့ မဟာမုနိရုပ်ရှင်တော်ကို ပင့်ဆောင်ရာ ကြေးရုပ်ကြီး (၃၀)ကို မဟာမုနိ၏ အရှေ့တောင်ယွန်း ယင်းတောင်မြို့စား မိဖုရားသီရိသုစန္ဒာဒေဝီ ဆောက်လုပ်သော သိမ်တော်ကြီးအတွင်း၌ ပထမဦးစွာ ထားလေသည်။ ထိုကြေးရုပ်များတွင် ဧရာဝဏ် ဆင်ရုပ်နှင့် လူရုပ်များပါသည်။

ကမ္ဘာဇ အန်ကာမြို့ တည်ရှိစဉ်က ဧရာဝဏ် ဆင်မင်း၏ ပြဿဒ်နန်းတော် သီးသန့်ရှိသည်။ ဧရာဝဏ်ဆင်သည် ဦးခေါင်းသုံးခုပါသည်။ လူရုပ်ကြီးများကို ယိုးဒယားမင်း ပြသားဓိပတိနှင့် မိဖုရားကြီး၏အရုပ်ဟူ၍ ဆိုစမှတ်ပြုကြသည်။ အချို့ကလည်း ယိုးဒယားနတ်ရုပ်ဟုဆိုသည်။ ယခုတွေ့ရသော ကြေးရုပ်နှစ်ရုပ်သည် ယောက်ျား ပုံတူများဖြစ်၍ လူရုပ်တစ်ခုမှာ ထက်အောက်ဆင့်၍ ဆက်ထားသော အပေါ်ပိုင်းလူနှင့် အောက်ပိုင်းလူနှစ်ခုကို တစ်ခုပြုထားသည်ကို တွေ့ရသည်။

ရှေးကထက်က အရုပ်ပေါင်း (၃၀)ဟုဆိုသည်။ ရာမမင်း၊ ဟာနုမာန်ကျောက်ရုပ်၊ အလပ္ပါယ် မြွေသမား ရုပ်များပါကြောင်း ဆိုသည်။ ရခိုင်ပြည်မှ မဟာမုနိရုပ်ရှင်တော် ပင့်ဆောင်လာပြီးနောက် ကြေးရုပ်ကြီးများကို ပထမဦးစွာ သိမ်(နီ)ကြီးခေါ် အာနန္ဒာဘုရားပြဿဒ် မဟာရာမ်အတွင်း အင်္ဂါထောင့်၌ ထားသည်။ ပုဂံမင်း လက်ထက်မတိုင်မီ ကာလ မူလသိမ်ပြဿဒ်ကြီး ပြိုကျရာတွင် ကြေးရုပ်များ ထိခိုက်၍ အချို့ကျိုးပဲ့ပျက်စီးသည်ဟု ဆိုသည်။

ကမ္ဘာ့သုတေသီများ စာတမ်အရ ကြေးရုပ်များသည် မူလက ကမ္ဘာဇတိုင်းမှဖြစ်၍ ယိုးဒယား (ထိုင်း)တို့က အယုဒ္ဓယသို့ ဆောင်ယူလာကြောင်း ထိုမှ မြန်မာမင်းတို့က ဟံသာဝတီသို့ ဆောင်ယူလာကြောင်း ထိုမှ မြန်မာမင်းတို့က ဟံသာဝတီသို့ ဆောင်ယူပြီး ဟံသာဝတီပျက်သောအခါမှ တောင်ငူမင်းနှင့် ရခိုင်မင်းတို့က ဝေခွဲယူကြခြင်း ဖြစ်သည်။ ၁၂၆၅ခုနှစ်ခန့်က ကြေးရုပ်များကို ပြုပြင်ခဲ့ကြောင်း မှတ်တမ်းအရသိရသည်။

ယခုအခါ ကြေးရုပ်များကို မဟာမုနိဘုရားပရဝဏ်၏ အနောက်မြောက်ဘက် အုတ်တိုက်ခန်း၌ ထားရှိသည်။ အစဉ်အလာအတိုင်း (၉၆)ပါး ရောဂါများ ပျောက်ကင်းရန် ကြေးရုပ်များကို ပွတ်သပ်ပြီး ဆုတောင်းကြသည်။ သက္ကရာဇ် ၁၃၁၇ ခုနှစ်၌ မန္တလေးမြို့ ဝါးတန်းရပ် ဒေါ်ဖွားအို ၊ သား ဦးထောင်လောင် ဘဏ္ဍာတော်ထိန်းဖြစ်စဉ်က အုတ်တိုက်အလျား (၂၇)ပေ ၊ အနံ (၁၂) ပေအတွင်း ကြေးရုပ်ကြီးများကို လုံခြုံစွာ ထားလေသည်။

Via : မြန်မာ့စွယ်စုံကျမ်း
Myanmar Wikipedia

Tags: myanmar history

Related Posts

ဒေါ်လာ သန်း ၄၀ အကုန်အကျခံကာ အီဂျစ်အမွေအနှစ်များကို ကယ်တင်ခဲ့ကြခြင်း
History

ဒေါ်လာ သန်း ၄၀ အကုန်အကျခံကာ အီဂျစ်အမွေအနှစ်များကို ကယ်တင်ခဲ့ကြခြင်း

အီဂျစ်နိုင်ငံရဲ့ လူသိအများဆုံးနေရာတွေလို့ ပြောလိုက်တာနဲ့ ပိရမစ်ကြီးတွေနဲ့ အတူ ပါဝင်လာလေ့ရှိတာကတော့ Abu Simbel အဘူစင်ဘယ် ဆိုတဲ့နေရာပါ။ အဘူစင်ဘယ် ဆိုတာကတော့ အီဂျစ်နိုင်ငံတောင်ပိုင်း ဆူဒန်နိုင်ငံရဲ့နယ်စပ်အနီး နူဘီးယားဒေသမှာ တည်ရှိတဲ့ ရွာတရွာဖြစ်ပြီး အဲဒီမှာရှိတဲ့ ရှေးဟောင်းဘုရားကျောင်းတွေကြောင့် အဘူစင်ဘယ်...

History

အသားအဝါရောင်ပြောင်းခဲ့ရတဲ့ မိန်းကလေးများ

ကနေရီ မိန်းကလေးများ Canary Girls ဆိုတာကတော့ ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်ကာလအတွင်းက ဗြိတိန်တပ်မတော်အတွက် လက်နက်ခဲယမ်း တွေထုတ်လုပ်ပေးရတဲ့ အမျိုးသမီးတွေဖြစ်ကြပါတယ်။ Canary ငှက်ဆိုတာ အဝါရောင်ငှက်ဖြစ်တာကြောင့် Canary Girls ဟာ အဝါရောင်အမျိုးသမီးများလို့ အဓိပ္ပါယ်ရမှာဖြစ်ပါတယ်။ ယင်းအမျိုးသမီးတွေဟာဆိုရင်...

တချိန်တုန်းက စိတ်ဝင်စားစရာ နည်းပညာပုံရိပ်များ
History

တချိန်တုန်းက စိတ်ဝင်စားစရာ နည်းပညာပုံရိပ်များ

နည်းပညာ တိုးတက်ပြောင်းလဲမှုတွေဟာ တနှစ်ထက်တနှစ် အလွန်လျှင်မြန်တဲ့ အမြန်နှုန်းနဲ့ ပြောင်းလဲလျက်ရှိပါတယ်။ တိုးတက်တဲ့ နိုင်ငံကြီးတွေကို မဆိုထားနဲ့ ၊ ကျွန်တော်တို့ မြန်မာနိုင်ငံကို ကြည့်ရင်ပဲ လွန်ခဲ့တဲ့ ၁၀ နှစ်နဲ့ အခုအချိန်နဲ့ဟာ လုံး၀ ပြောင်းလဲသွားပါပြီ။ လွန်ခဲ့တဲ့...

လမ်းခင်းပစ်ခံလိုက်ရသော မြကန် ပိဋကတ်တိုက် နှင့် ပုဂံ နှစ်ထပ်အုတ်ကျောင်းများ
History

လမ်းခင်းပစ်ခံလိုက်ရသော မြကန် ပိဋကတ်တိုက် နှင့် ပုဂံ နှစ်ထပ်အုတ်ကျောင်းများ

ရေးသားသူ - ဘိက္ခု ကေသရ ပုဂံခေတ်ဦးပိုင်းတွင် ထင်ရှားသော ပိဋကတ်တိုက် (၂) လုံးရှိသည် ဟု ဆိုကြပေသည်။ ပထမ ပိဋကတ်တိုက်မှာ ပုဂံ မြို့ တံတိုင်းအတွင်း မှ အနော်ရထာမင်း၏ ပိဋကတ်တိုက်ဖြစ်၍ ဒုတိယ...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!