Friday, April 16, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

မြောက်အိုင်ယာလန် နိုင်ငံအကြောင်း သိကောင်းစရာ

by Thutamm
August 28, 2020
Reading Time: 4min read
0
မြောက်အိုင်ယာလန် နိုင်ငံအကြောင်း သိကောင်းစရာ
Share on FacebookShare on Twitter

မြောက်အိုင်ယာလန်ဟာ ယူနိုက်တက်ကင်းဒမ်း(UK) နိုင်ငံ ၄နိုင်ငံမှာ ဧရိယာအငယ်ဆုံး နိုင်ငံဖြစ်ပါတယ်။ ဒီနေရာမှာ မိတ်ဆွေတချို့ ယူနိုက်တက်ကင်းဒမ်း နဲ့ ဂရိတ်ဗြိတိန်ကို ရောနေတတ်ကြပါတယ်။ ဂရိတ်ဗြိတိန်ဆိုတာက ဂရိတ်ဗြိတိန်ကျွန်းမကြီးကိုပြောတာဖြစ်ပြီး အင်္ဂလန် ၊ စကော့တလန် နဲ့ ဝေးလ်(ဝေလ) နိုင်ငံတွေပါဝင်ပါတယ်။ ယူနိုက်တက်ကင်းဒမ်းဆိုရင်တော့ အပေါ်က ၃နိုင်ငံအပြင် အိုင်ယာလန်ကျွန်းမြောက်ပိုင်းမှာရှိတဲ့ မြောက်အိုင်ယာလန်နိုင်ငံကိုပါ ထည့်သွင်းခေါ်ဆိုခြင်းဖြစ်ပါတယ်။ အပေါ်က ၃နိုင်ငံအကြောင်းကို အရင်က သုတဇုန်မှာ တင်ခဲ့ပြီးဖြစ်တဲ့အတွက် ဒီတခါတော့ နောက်ဆုံးကျန်တဲ့ မြောက်အိုင်ယာလန်အကြောင်းကို ဝေမျှလိုက်ပါတယ်။

မြောက်အိုင်ယာလန်ကို နိုင်ငံလို့ သိကြပေမယ့် တချို့ကိုလည်း နိုင်ငံအဖြစ်မသတ်မှတ်ပဲ ယူနိုက်တက်ကင်းဒမ်းရဲ့ အစိတ်အပိုင်းပြည်နယ်တခုအဖြစ်သာ မှတ်ယူကြပါတယ်။ ဟိုးအရင်က အောက်စတာ Ulster လို့ခေါ်တဲ့ အိုင်းရစ်ပြည်နယ်ဖြစ်ခဲ့တာကြောင့် မြောက်အိုင်ယာလန်ကို Ulster လို့လည်းခေါ်ကြလေ့ရှိပါတယ်။ အိုင်ယာလန်ကျွန်းကြီးရဲ့ မြောက်ပိုင်းမှာ တည်ရှိနေပြီး မြောက်ဘက်မှာ မြောက်အတ္တလန္တိတ် ၊ အရှေ့ဘက်မှာ မြောက်ရေလက်ကြား ၊ အရှေ့တောင်ဘက်မှာ အိုင်းရစ်ပင်လယ် ၊ တောင်ဘက်မှာ အိုင်ယာလန်သမ္မတနိုင်ငံတွေနဲ့ နယ်မြေခြင်း ထိစပ်နေပါတယ်။

နိုင်ငံရဲ့ အကျယ်အဝန်းကတော့ ဧရိယာစတုရန်းမိုင်ပေါင်း ၅၄၆၀ ဖြစ်ပြီး ၂၀၁၉ ခုနှစ်စာရင်းအရ လူဦးရေ ၁,၈၉၃,၇၀၀ ခန့်ရှိကာ ယူကေလူဦးရေစုစုပေါင်းရဲ့ ၃% သာ ဖြစ်ပါတယ်။ ရုံးသုံးဘာသာစကားကတော့ အင်္ဂလိပ်ဘာသာစကားဖြစ်ပြီး အိုင်းရစ် နဲ့ Ulster Scots ဘာသာစကားတွေကိုလည်း သုံးစွဲကြသလို တရုတ်ဘာသာစကား သုံးစွဲသူလည်း အနည်းငယ်ရှိပါတယ်။

မြောက်အိုင်ယာလန်ကို Antrim, Armagh, Derry (Londonderry), Tyrone, Fermanagh, နဲ့ County Down ဆိုပြီး နယ်မြေ ၆ ခုခွဲခြားထားပြီး အကြီးဆုံးနဲ့ မြို့တော်ကတော့ ဘဲလ်ဖတ်စ် Belfast ဖြစ်ပါတယ်။ Belfast ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀၀၀ ခန့်ကတည်းက လူတွေအခြေချနေထိုင်ခဲ့တဲ့နေရာဖြစ်ပြီး ၁၂ရာစုမှာတော့ လက်ရှိယူနိုက်တက်ကင်းဒမ်းတဝိုက်မှာ အကြီးဆုံးမြို့ဖြစ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ နေထိုင်သူဦးရေ ၃၄၁,၈၇၇ ဦးသာ ရှိပါတယ်။ အခြားထင်ရှားတဲ့မြိုကတွေကတော့ Derry ၊ Craigavon ၊ Newtownabbey နဲ့ Bangor တို့ ဖြစ်ကြပါတယ်။

သမိုင်းကြောင်း

အိုင်ယာလန်ကျွန်းဟာ မူလက ဂရိတ်ဗြိတိန်ကျွန်းနဲ့ တဆက်တည်းရှိနေခဲ့ပြီး ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှုနဲ့ အတူ ရေခဲတွေအရည်ပျော်ရာကနေ ယနေ့လိုခွဲထွက်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အိုင်ယာလန်ကျွန်းရဲ့ နေရာအားလုံးနီးပါး ဘီစီ ၁၀၀၀၀ ဝန်းကျင်လောက်အထိ ရေခဲပြင်တွေဖြစ်နေတုန်းပါ။ အဲဒီကာလကတည်းက လူသားတွေဟာ အိုင်ယာလန်ကျွန်းပေါ်မှာ နေထိုင်နေကြပါပြီ။ အေဒီ ၅ရာစု ခန့်မှာတော့ ဘုန်းတော်ကြီး Patrick ဟာ အိုင်ယာလန်ကို ခရစ်ယာန်ဘာသာ စတင်ပျံ့နှံ့စေခဲ့ပါတယ်။ အေဒီ ၈ရာစု နှောင်းပိုင်းမှာတော့ ဗိုက်ကင်းတွေ စတင်အခြေချနေထိုင်လာခဲ့ကြပြီး မြို့ရွာတွေတည်ထောင်ခဲ့ကြပါတယ်။

အေဒီ ၁၂ရာစုခန့်မှာတော့ အိုင်ယာလန် တကျွန်းလုံးဟာ အင်္ဂလန်ဘုရင်တွေရဲ့ လက်အောက်ကိုကျရောက်ခဲ့ပါတယ်။ နောက်ရာစုမှာတော့ အိုင်းရစ်တွေဟာ အင်္ဂလိပ်တွေကို တိုက်ခိုက်ခဲ့ပြီး မိမိတို့နယ်မြေကို ပြန်လည်သိမ်းပိုက်ခဲ့ကြပါတယ်။ နှစ်ပေါင်း ၄၀၀ ခန့် အိုင်းရစ်ခေါင်းဆောင်တွေအုပ်ချုပ်ခဲ့ပြီး အေဒီ ၁၆၄၉ မှာတော့ အင်္ဂလိပ်စစ်ဗိုလ်ချုပ် အော်လီဗာ ခရွန်းမ်ဝဲလ်ဟာ အလွန်ရက်စက်တဲ့နည်းလမ်းတွေကိုသုံးကာ အိုင်းရစ်တို့နယ်မြေကို ပြန်လည်သိမ်းပိုက်ခဲ့ပြန်ပါတယ်။

အင်္ဂလိပ်တို့နဲ့ အိုင်းရစ်တို့အကြား နှစ်ပေါင်းများစွာ တော်လှန်တိုက်ခိုက်မှု တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ ၁၉၂၀ မှာတော့ အိုင်ယာလန်ဟာ တောင်ပိုင်းအိုင်ယာလန် နဲ့ မြောက်ပိုင်းအိုင်ယာလန်ဆိုပြီး နှစ်ပိုင်းကွဲသွားပါတယ်။ တောင်ပိုင်းက လွတ်လပ်ရေး ရလိုပြီး မြောက်ပိုင်းကတော့ အင်္ဂလိပ်တို့လက်အောက်မှာပဲဆက်လက်နေချင်တဲ့အတွက် ဖြစ်ပါတယ်။ မြောက်ပိုင်းနေထိုင်သူအများစုဟာ အင်္ဂလိပ်လူမျိုးတွေဖြစ်နေလို့ပါ။ ဒီလိုနဲ့ ၁၉၂၁ ခုနှစ်မှာတော့ မြောက်အိုင်ယာလန်ဆိုပြီး ဖြစ်လာခဲ့ပါတယ်။ တောင်ပိုင်းဟာ အိုင်ယာလန်နိုင်ငံအဖြစ် ၁၉၄၉ ခုနှစ်မှာ လွတ်လပ်ရေးရခဲ့ပါတယ်။ ဒါပေမယ့် ပြဿနာတွေကတော့ ရပ်မသွားပါဘူး။ အိုင်ယာလန်ဟာ မြောက်အိုင်ယာလန်ကိုပါ မိမိတို့နယ်မြေအဖြစ် သိမ်းသွင်းခဲ့ချင်တာကြောင့်ဖြစ်ပါတယ်။

ပူးပေါင်းချင်သူတွေနဲ့ မပူးပေါင်းချင်သူတွေအကြား ပြင်းထန်တဲ့ အထိကရုဏ်းတွေ တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပါတယ်။ ၁၉၆၀ ကနေ ၁၉၈၈ ခုနှစ်အထိ ပြင်းထန်တဲ့ အထိကရုဏ်းများစွာ ဖြစ်ခဲ့ပြီး The Troubles လို့ လူသိများပါတယ်။ ဒီဖြစ်ရပ်တွေကြောင့် အနှစ် ၃၀အတွင်း လူပေါင်း ၃၀၀၀ကျော် သေဆုံးခဲ့ရသလို ဒဏ်ရာရရှိသူပေါင်း ၄၇၀၀၀ကျော်ရှိခဲ့ပါတယ်။ ယူနိုက်တက်ကင်းဒမ်းအနေနဲ့ မြောက်အိုင်ယာလန်ကိုထိမ်းသိမ်းဖို့ စစ်သွားတွေ စေလွှတ်ခဲ့ပါတယ်။ ၁၉၇၂ ခုနှစ်မှာတော့ ယူကေလွှတ်တော်ကနေ မြောက်အိုင်ယာလန်ကို အပြည့်အဝထိမ်းချုပ်ဖို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ ဆယ်စုနှစ်ပေါင်းများစွာ မငြိမ်မသက်ဖြစ်ခဲ့ပြီး ၁၉၉၈ ခုနှစ် မှာတော့ Good Friday သဘောတူညီချက်ကို ရေးထိုးနိုင်ခဲ့ပြီး ပြန်လည်ငြိမ်းချမ်းလာခဲ့ပါတယ်။

၁၉၉၉ ခုနှစ် ဒီဇင်ဘာမှာတော့ အစိုးရအသစ်ကို ပြန်လည်ဖွဲ့စည်းခဲ့ပြီး ဗြိတိသျှအစိုးရဟာ တိုင်းပြည်အာဏာကို မြောက်အိုင်ယာလန် လွှတ်တော်ထံ ပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာဘုရင်စနစ် နဲ့ ယှဉ်တွဲကာ အာဏာခွဲဝေမှု ဥပဒေပြုမှုစနစ်နဲ့ အုပ်ချုပ်ပြီး ပထမဝန်ကြီးကတော့ အိုင်းရစ်အမျိုးသမီး Arlene Foster ဖြစ်ပါတယ်။

မြောက်အိုင်ယာလန်ရဲ့ နေရာအများစုဟာ အရမ်းမမြင့်တဲ့ တောင်တန်းတောင်ကုန်းတွေနဲ့ ဖွဲ့စည်းထားပြီး အချို့နေရာတွေမှာတော့ ရေခဲလွှာတွေ ဖုံးအုပ်နေတတ်ပါတယ်။ အမြင့်ဆုံး နေရာကတော့ Ulster ပြည်နယ်မှာရှိတဲ့ Slieve Donard တောင်ဖြစ်ပြီး အမြင့်ပေ ၂၇၈၂ပေ မြင့်ပါတယ်။ အဓိကတောင်တန်းတွေကတော့ Sperrin, Mourne နဲ့ Antrim Plateau တို့ဖြစ်ပါတယ်။ အကြီဆုံးမြစ်နှစ်စင်းကတော့ Bann မြစ် နဲ့ Foyle မြစ်တို့ ဖြစ်ပါတယ်။ အလွန်အေးတဲ့ ရာသီဥတုကို ပိုင်ဆိုင်ထားပြီး ပျမ်းမျှအမြင့်ဆုံးအပူချိန်ဟာ ဆောင်းရာသီမှာ ၆ဒီဂရီ ဆဲစီးယပ်စ်ရှိကာ နွေရာသီမှာတော့ ၁၈ဒီဂရီ ဆဲစီးယပ်စ် ရှိတတ်ပါတယ်။

မြောက်အိုင်ယာလန်ဟာ The Troubles ရဲ့ အကျိုးဆက်တွေကြောင့် အခြား ယူကေနိုင်ငံတွေနဲ့ ယှဉ်လျှင် စီးပွားရေးမှာ အလွန်နိမ့်ကျလျှက်ရှိပါတယ်။ အဓိကစီးပွားရေးလုပ်ငန်းတွေကတော့ ဆောက်လုပ်ရေး ၊ စိုက်ပျိုးရေး ၊ သင်္ဘောတည်ဆောက်ရေး ၊ ကြိုးထုတ်လုပ်ရေး နဲ့ ချည်မျှင်အထည် လုပ်ငန်းတွေပဲဖြစ်ပါတယ်။ နိုင်ငံသား တဦးချင်းစီရဲ့ နှစ်စဉ်ပျမ်းမျှဝင်ငွေကတော့ အမေရိကန်ဒေါ်လာ ၂၇၉၇၇ ဖြစ်ပြီး ယူကေနိုင်ငံဖြစ်တဲ့အတွက် ငွေကြေးစနစ်ကို ပေါင်စတာလင်ပဲ သုံးပါတယ်။

နိုင်ငံလူဦးရေစုစုပေါင်းရဲ့ ၉၈%ကျော်က လူဖြူ(ဥရောပသား)တွေဖြစ်ပြီး အာရှသား ၁%ခန့်ဟာလည်း မြောက်အိုင်ယာလန်မှာ နေထိုင်ကြပါတယ်။ ကိုးကွယ်ယုံကြည်မှုအနေနဲ့ ခရစ်ယာန်ဘာသာကိုးကွယ်သူ ၈၂% ခန့်ရှိပြီး ဘာသာမဲ့ ၁၇% နဲ့ အခြားဘာသာကိုးကွယ်သူ ၁% ခန့်ရှိပါတယ်။

ပညာရေးစနစ်အနေနဲ့ ၄နှစ်ကနေ ၁၆နှစ်အထိ မသင်မနေရ အခမဲ့ပညာရေးစနစ်ကို ကျင့်သုံးပြီး အရွယ်ရောက်ပြီး စုစုပေါင်းရဲ့ ၉၉% ဟာ စာတက်မြောက်ကြပါတယ်။ တက္ကသိုလ်ကြီး ၃ ခု ၊ ကောလိပ် ၃ခု ၊ ပညာရေးကောလိပ် ၆ ခု ၊ စိုက်ပျိုးရေးနဲ့ အစားအစာဆိုင်ရာ ကောလိပ် နဲ့ အခြားကောလိပ်တွေလည်း ဖွင့်လှစ်ထားပါတယ်။ တက္ကသိုလ်ကြီး ၃ခုကတော့ The Open University ၊ Queen’s University Belfast နဲ့ Ulster University တို့ဖြစ်ပါတယ်။

မြောက်အိုင်ယာလန်နိုင်ငံရဲ့ စိတ်ဝင်စားစရာအချက်များ

ဗြိတိသျှကျွန်းစုတခုလုံးမှာ အကြီးဆုံးရေကန်ဖြစ်တဲ့ Lough Neagh ရေကန်ဟာ မြောက်အိုင်ယာလန်မှာ တည်ရှိပါတယ်။ ရေမျက်နှာပြင်အကျယ်အဝန်း ၁၅၁ စတုရန်းမိုင်ကျယ်ဝန်းတဲ့ ဒီရေချိုကန်ကြီးဟာ မြောက်အိုင်ယာလန်ရဲ့ရေအရင်းအမြစ် ၄၀% ခန့်ကို ထောက်ပံ့ပေးထားပါတယ်။

မြောက်အိုင်ယာလန်ရဲ့ စိတ်အဝင်စားခံရဆုံးနေရာကတော့ ယူနက်စကိုကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေရာလည်းဖြစ်တဲ့ Giant’s Causeway ပါ။ Bushmills မြို့ရဲ့ ၃မိုင်ခန့်အကွာမှာတည်ရှိနေပြီး ဒီနေရာမှာ ဆဌဂံပျားအုံကွက်ပုံစံရှိတဲ့ ကျောက်တိုင်တွေဟာ လူတွေဖန်တီးထားသလို ညီညာစွာ ရှိနေပါတယ်။ လွန်ခဲ့သောနှစ်ပေါင်း သန်း၅၀ခန့် က ကြီးမားတဲ့ မီးတောင်ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ မီးတောင်ကျောက်ပေါင်း ၄၀၀၀၀ ခန့် ညီညာစွာ တစ်စုတစ်ဝေးတည်း ရှိနေခြင်းဖြစ်ပါတယ်။ အမြင့်ဆုံးကျောက်တိုင်ဟာ ၃၉ပေ ရှိပါတယ်။ ဒီကျောက်ဆောင်တာရိုး ကမ်းရိုးတန်းရဲ့ အရှည်ဟာ ၃မိုင်ခန့်ရှိပါတယ်။

ကမ္ဘာပေါ်မှာနာမည်အကြီးဆုံးဖြစ်တဲ့ တိုက်တန်းနစ်သင်္ဘောကို ဆောက်လုပ်ခဲ့တဲ့နေရာကတော့ မြောက်အိုင်ယာလန်က Belfast ဆိပ်ကမ်းမှာဖြစ်ပါတယ်။ တိုက်တန်းနစ်သင်္ဘောကြီးကို ၁၉၁၁ ခုနှစ်က Belfast shipyard Harland & Wolff က တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

မြောက်အိုင်ယာလန်ဟာ ငယ်ရွယ်သူအများစု နေထိုင်တယ်လို့ ဆိုရမှာပါ။ စုစုပေါင်း လူဦးရေရဲ့ ၄၆% ဟာ အသက် ၃၀နှစ်အောက်မှာသာ ရှိပါတယ်။မြောက်အိုင်ယာလန်ဟာ အလွန်အေးခဲတဲ့ ဒေသဖြစ်တာကြောင့် ဒီနိုင်ငံမှာ ခြင် ၊ မြွေ နဲ့ ဖားတွေ မရှိပါဘူးတဲ့။

မြောက်အိုင်ယာလန်ကနေ စကော့ကမ်းရိုးတန်းဟာ ၁၃မိုင်ခန့်ပဲ ကွာဝေးပြီး ကြည်လင်တဲ့နေ့တွေမှာဆိုရင် Antrim မြို့ကနေ စကော့တလန် ဘက်ခြမ်းက အိမ်တွေကိုတောင် လှမ်းမြင်ရပါတယ်။

မြောက်အိုင်ယာလန်အမျိုးသား ဘောလုံးအသင်းကိုတော့ ၁၉၂၁ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။ နိုင်ငံငယ်လေးဖြစ်ပေမယ့် မြောက်အိုင်ယာလန်ဘောလုံးအသင်းဟာ ကမ္ဘာ့ဖလားမှာ ၃ကြိမ်တိုင်ပါဝင်ခွင့်ရခဲ့ပါတယ်။ ၁၉၅၈ ခုနှစ် ၊ ၁၉၈၂ ခုနှစ် နဲ့ ၁၉၈၆ တို့မှာဖြစ်ပြီး ကွာတားဖိုင်နယ်အဆင့်အထိ ရောက်ရှိခဲ့ဖူးပါတယ်။ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတယောက်ဖြစ်တဲ့ ဂျော့ဂျ်ဘတ်စ် ဟာ မြောက်အိုင်ယာလန်ကဖြစ်ပြီး သူဟာ မန်ယူအသင်းရဲ့ ကျောနံပါတ် ၇ ကို ဝတ်ဆင်ကစားခွင့်ရခဲ့သူလည်းဖြစ်ပါတယ်။

Carrickfergus ရဲတိုက်ကတော့ မြောက်အိုင်ယာလန်မှာ ထင်ရှားတဲ့ရဲတိုက်တခုဖြစ်ပြီး ၁၂ရာစု အင်္ဂလိပ်-နော်မန်ခေါင်းဆောင် John de Courcy က တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ Belfast Lough ကမ်းစပ် Carrickfergus မြို့မှာတည်ရှိတာဖြစ်ပါတယ်။ ၁၉၂၈ ခုနှစ်တိုင် အင်္ဂလိပ်စစ်တပ်ရဲ့ အရေးပါတဲ့နေရာတခုဖြစ်ခဲ့ပြီး လက်ရှိအချိန်မှာတော့ မြောက်အိုင်ယာလန်သဘာဝထိမ်းသိမ်းရေးအဖွဲ့က ထိမ်းသိမ်းစောင့်ရှောက်လျက်ရှိပါတယ်။

နောက်ထပ်ထင်ရှားတဲ့နေရာတခုကတော့ Cultra မှာတည်ရှိတဲ့ Ulster Folk and Transport ပြတိုက်ဖြစ်ပါတယ်။ Folk ပြတိုက် နဲ့ သယ်ယူပို့ဆောင်ရေးပြတိုက်ဆိုပြီး နှစ်ခုခွဲပြသထားပါတယ်။ Folk ပြတိုက်မှာတော့ အိုင်းရစ်လူမျိုးတွေရဲ့ အစဉ်အဆက်နေထိုင်မှုဘဝပုံစံတွေကို သရုပ်ဖော်ပြသထားပြီး သယ်ယူပို့ဆောင်ရေးပြတိုက်မှာတော့ မြောက်အိုင်ယာလန် ကုန်းလမ် ၊ ရေလမ်း ၊ လေကြောင်း သယ်ယူပို့ဆောင်ရေးသမိုင်းကို ပြသထားပါတယ်။

မြောက်အိုင်ယာလန်ရဲ့ လက်ရှိတရားဝင် အလံက ယူနိုက်တက်ကင်းဒမ်းအလံ ယူနီယံဂျက်ပဲဖြစ်ပါတယ်။ ဒါပေမယ့် တချို့အားကစားဆိုင်ရာ ပြိုင်ပွဲတွေမှာတော့ မြောက်အိုင်ယာလန်အလံဟာ Ulster Banner အလံဖြစ်ပါတယ်။ ဒီအလံကိုတော့ ၁၉၅၃ ခုနှစ်ကနေ ၁၉၇၃ ခုနှစ်အထိ တရားဝင်အလံအဖြစ် သုံးစွဲခဲ့ပြီး လက်ရှိအချိန်ထိလည်း တချို့နေရာတွေမှာ သုံးစွဲနေဆဲဖြစ်ပါတယ်။ အဖြူနောက်ခံပေါ်မှာ အနီရောင်ကြက်ခြေခတ်ရှိနေပြီး အလယ်ခြောက်ထောင့်ကြယ်အထဲမှာ လက်ဝါးအနီ ၊ အပေါ်ဘက်မှာ သရဖူတို့ပါဝင်ပါတယ်။ ခြောက်ထောင့်ကြယ်ကတော့ နယ်မြေကောင်တီ ၆ခုကို ကိုယ်စားပြုပြီး ၊ သရဖူကတော့ ယူကေအပေါ်သစ္စာရှိမှုကို ဖော်ညွှန်းပါတယ်။ ကျန်တာတွေကတော့ မြောက်အိုင်ယာလန်ကို အစဉ်အဆက်အုပ်စိုးခဲ့ကြတဲ့ တော်ဝင်မိသားစုတွေရဲ့ အမှတ်အသားဖြစ်ပါတယ်။

—– —— ———–

(Zawgyi)

ေျမာက္အိုင္ယာလန္ ႏုိင္ငံအေၾကာင္း သိေကာင္းစရာ

ေျမာက္အိုင္ယာလန္ဟာ ယူႏိုက္တက္ကင္းဒမ္း(UK) ႏိုင္ငံ ၄ႏိုင္ငံမွာ ဧရိယာအငယ္ဆုံး ႏိုင္ငံျဖစ္ပါတယ္။ ဒီေနရာမွာ မိတ္ေဆြတခ်ိဳ႕ ယူႏိုက္တက္ကင္းဒမ္း နဲ႔ ဂရိတ္ၿဗိတိန္ကို ေရာေနတတ္ၾကပါတယ္။ ဂရိတ္ၿဗိတိန္ဆိုတာက ဂရိတ္ၿဗိတိန္ကြၽန္းမႀကီးကိုေျပာတာျဖစ္ၿပီး အဂၤလန္ ၊ စေကာ့တလန္ နဲ႔ ေဝးလ္(ေဝလ) ႏိုင္ငံေတြပါဝင္ပါတယ္။ ယူႏိုက္တက္ကင္းဒမ္းဆိုရင္ေတာ့ အေပၚက ၃ႏိုင္ငံအျပင္ အိုင္ယာလန္ကြၽန္းေျမာက္ပိုင္းမွာရွိတဲ့ ေျမာက္အိုင္ယာလန္ႏိုင္ငံကိုပါ ထည့္သြင္းေခၚဆိုျခင္းျဖစ္ပါတယ္။ အေပၚက ၃ႏိုင္ငံအေၾကာင္းကို အရင္က သုတဇုန္မွာ တင္ခဲ့ၿပီးျဖစ္တဲ့အတြက္ ဒီတခါေတာ့ ေနာက္ဆုံးက်န္တဲ့ ေျမာက္အိုင္ယာလန္အေၾကာင္းကို ေဝမွ်လိုက္ပါတယ္။

ေျမာက္အိုင္ယာလန္ကို ႏိုင္ငံလို႔ သိၾကေပမယ့္ တခ်ိဳ႕ကိုလည္း ႏိုင္ငံအျဖစ္မသတ္မွတ္ပဲ ယူႏိုက္တက္ကင္းဒမ္းရဲ႕ အစိတ္အပိုင္းျပည္နယ္တခုအျဖစ္သာ မွတ္ယူၾကပါတယ္။ ဟိုးအရင္က ေအာက္စတာ Ulster လို႔ေခၚတဲ့ အိုင္းရစ္ျပည္နယ္ျဖစ္ခဲ့တာေၾကာင့္ ေျမာက္အိုင္ယာလန္ကို Ulster လို႔လည္းေခၚၾကေလ့ရွိပါတယ္။ အိုင္ယာလန္ကြၽန္းႀကီးရဲ႕ ေျမာက္ပိုင္းမွာ တည္ရွိေနၿပီး ေျမာက္ဘက္မွာ ေျမာက္အတၱလႏၲိတ္ ၊ အေရွ႕ဘက္မွာ ေျမာက္ေရလက္ၾကား ၊ အေရွ႕ေတာင္ဘက္မွာ အိုင္းရစ္ပင္လယ္ ၊ ေတာင္ဘက္မွာ အိုင္ယာလန္သမၼတႏိုင္ငံေတြနဲ႔ နယ္ေျမျခင္း ထိစပ္ေနပါတယ္။

ႏိုင္ငံရဲ႕ အက်ယ္အဝန္းကေတာ့ ဧရိယာစတုရန္းမိုင္ေပါင္း ၅၄၆၀ ျဖစ္ၿပီး ၂၀၁၉ ခုႏွစ္စာရင္းအရ လူဦးေရ ၁,၈၉၃,၇၀၀ ခန႔္ရွိကာ ယူေကလူဦးေရစုစုေပါင္းရဲ႕ ၃% သာ ျဖစ္ပါတယ္။ ႐ုံးသုံးဘာသာစကားကေတာ့ အဂၤလိပ္ဘာသာစကားျဖစ္ၿပီး အိုင္းရစ္ နဲ႔ Ulster Scots ဘာသာစကားေတြကိုလည္း သုံးစြဲၾကသလို တ႐ုတ္ဘာသာစကား သုံးစြဲသူလည္း အနည္းငယ္ရွိပါတယ္။

ေျမာက္အိုင္ယာလန္ကို Antrim, Armagh, Derry (Londonderry), Tyrone, Fermanagh, နဲ႔ County Down ဆိုၿပီး နယ္ေျမ ၆ ခုခြဲျခားထားၿပီး အႀကီးဆုံးနဲ႔ ၿမိဳ႕ေတာ္ကေတာ့ ဘဲလ္ဖတ္စ္ Belfast ျဖစ္ပါတယ္။ Belfast ဟာ လြန္ခဲ့တဲ့ႏွစ္ေပါင္း ၅၀၀၀ ခန႔္ကတည္းက လူေတြအေျခခ်ေနထိုင္ခဲ့တဲ့ေနရာျဖစ္ၿပီး ၁၂ရာစုမွာေတာ့ လက္ရွိယူႏိုက္တက္ကင္းဒမ္းတဝိုက္မွာ အႀကီးဆုံးၿမိဳ႕ျဖစ္ခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ေနထိုင္သူဦးေရ ၃၄၁,၈၇၇ ဦးသာ ရွိပါတယ္။ အျခားထင္ရွားတဲ့ၿမိဳကေတြကေတာ့ Derry ၊ Craigavon ၊ Newtownabbey နဲ႔ Bangor တို႔ ျဖစ္ၾကပါတယ္။

သမိုင္းေၾကာင္း

အိုင္ယာလန္ကြၽန္းဟာ မူလက ဂရိတ္ၿဗိတိန္ကြၽန္းနဲ႔ တဆက္တည္းရွိေနခဲ့ၿပီး ပင္လယ္ေရမ်က္ႏွာျပင္ျမင့္တက္မႈနဲ႔ အတူ ေရခဲေတြအရည္ေပ်ာ္ရာကေန ယေန႔လိုခြဲထြက္သြားခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။ အိုင္ယာလန္ကြၽန္းရဲ႕ ေနရာအားလုံးနီးပါး ဘီစီ ၁၀၀၀၀ ဝန္းက်င္ေလာက္အထိ ေရခဲျပင္ေတြျဖစ္ေနတုန္းပါ။ အဲဒီကာလကတည္းက လူသားေတြဟာ အိုင္ယာလန္ကြၽန္းေပၚမွာ ေနထိုင္ေနၾကပါၿပီ။ ေအဒီ ၅ရာစု ခန႔္မွာေတာ့ ဘုန္းေတာ္ႀကီး Patrick ဟာ အိုင္ယာလန္ကို ခရစ္ယာန္ဘာသာ စတင္ပ်ံ႕ႏွံ႔ေစခဲ့ပါတယ္။ ေအဒီ ၈ရာစု ေႏွာင္းပိုင္းမွာေတာ့ ဗိုက္ကင္းေတြ စတင္အေျခခ်ေနထိုင္လာခဲ့ၾကၿပီး ၿမိဳ႕႐ြာေတြတည္ေထာင္ခဲ့ၾကပါတယ္။

ေအဒီ ၁၂ရာစုခန႔္မွာေတာ့ အိုင္ယာလန္ တကြၽန္းလုံးဟာ အဂၤလန္ဘုရင္ေတြရဲ႕ လက္ေအာက္ကိုက်ေရာက္ခဲ့ပါတယ္။ ေနာက္ရာစုမွာေတာ့ အိုင္းရစ္ေတြဟာ အဂၤလိပ္ေတြကို တိုက္ခိုက္ခဲ့ၿပီး မိမိတို႔နယ္ေျမကို ျပန္လည္သိမ္းပိုက္ခဲ့ၾကပါတယ္။ ႏွစ္ေပါင္း ၄၀၀ ခန႔္ အိုင္းရစ္ေခါင္းေဆာင္ေတြအုပ္ခ်ဳပ္ခဲ့ၿပီး ေအဒီ ၁၆၄၉ မွာေတာ့ အဂၤလိပ္စစ္ဗိုလ္ခ်ဳပ္ ေအာ္လီဗာ ခ႐ြန္းမ္ဝဲလ္ဟာ အလြန္ရက္စက္တဲ့နည္းလမ္းေတြကိုသုံးကာ အိုင္းရစ္တို႔နယ္ေျမကို ျပန္လည္သိမ္းပိုက္ခဲ့ျပန္ပါတယ္။

အဂၤလိပ္တို႔နဲ႔ အိုင္းရစ္တို႔အၾကား ႏွစ္ေပါင္းမ်ားစြာ ေတာ္လွန္တိုက္ခိုက္မႈ တိုက္ပြဲေတြျဖစ္ပြားခဲ့ပါတယ္။ ၁၉၂၀ မွာေတာ့ အိုင္ယာလန္ဟာ ေတာင္ပိုင္းအိုင္ယာလန္ နဲ႔ ေျမာက္ပိုင္းအိုင္ယာလန္ဆိုၿပီး ႏွစ္ပိုင္းကြဲသြားပါတယ္။ ေတာင္ပိုင္းက လြတ္လပ္ေရး ရလိုၿပီး ေျမာက္ပိုင္းကေတာ့ အဂၤလိပ္တို႔လက္ေအာက္မွာပဲဆက္လက္ေနခ်င္တဲ့အတြက္ ျဖစ္ပါတယ္။ ေျမာက္ပိုင္းေနထိုင္သူအမ်ားစုဟာ အဂၤလိပ္လူမ်ိဳးေတြျဖစ္ေနလို႔ပါ။ ဒီလိုနဲ႔ ၁၉၂၁ ခုႏွစ္မွာေတာ့ ေျမာက္အိုင္ယာလန္ဆိုၿပီး ျဖစ္လာခဲ့ပါတယ္။ ေတာင္ပိုင္းဟာ အိုင္ယာလန္ႏိုင္ငံအျဖစ္ ၁၉၄၉ ခုႏွစ္မွာ လြတ္လပ္ေရးရခဲ့ပါတယ္။ ဒါေပမယ့္ ျပႆနာေတြကေတာ့ ရပ္မသြားပါဘူး။ အိုင္ယာလန္ဟာ ေျမာက္အိုင္ယာလန္ကိုပါ မိမိတို႔နယ္ေျမအျဖစ္ သိမ္းသြင္းခဲ့ခ်င္တာေၾကာင့္ျဖစ္ပါတယ္။

ပူးေပါင္းခ်င္သူေတြနဲ႔ မပူးေပါင္းခ်င္သူေတြအၾကား ျပင္းထန္တဲ့ အထိက႐ုဏ္းေတြ တိုက္ခိုက္မႈေတြျဖစ္ပြားခဲ့ပါတယ္။ ၁၉၆၀ ကေန ၁၉၈၈ ခုႏွစ္အထိ ျပင္းထန္တဲ့ အထိက႐ုဏ္းမ်ားစြာ ျဖစ္ခဲ့ၿပီး The Troubles လို႔ လူသိမ်ားပါတယ္။ ဒီျဖစ္ရပ္ေတြေၾကာင့္ အႏွစ္ ၃၀အတြင္း လူေပါင္း ၃၀၀၀ေက်ာ္ ေသဆုံးခဲ့ရသလို ဒဏ္ရာရရွိသူေပါင္း ၄၇၀၀၀ေက်ာ္ရွိခဲ့ပါတယ္။ ယူႏိုက္တက္ကင္းဒမ္းအေနနဲ႔ ေျမာက္အိုင္ယာလန္ကိုထိမ္းသိမ္းဖို႔ စစ္သြားေတြ ေစလႊတ္ခဲ့ပါတယ္။ ၁၉၇၂ ခုႏွစ္မွာေတာ့ ယူေကလႊတ္ေတာ္ကေန ေျမာက္အိုင္ယာလန္ကို အျပည့္အဝထိမ္းခ်ဳပ္ဖို႔ ဆုံးျဖတ္ခ်က္ ခ်ခဲ့ပါတယ္။ ဆယ္စုႏွစ္ေပါင္းမ်ားစြာ မၿငိမ္မသက္ျဖစ္ခဲ့ၿပီး ၁၉၉၈ ခုႏွစ္ မွာေတာ့ Good Friday သေဘာတူညီခ်က္ကို ေရးထိုးႏိုင္ခဲ့ၿပီး ျပန္လည္ၿငိမ္းခ်မ္းလာခဲ့ပါတယ္။

၁၉၉၉ ခုႏွစ္ ဒီဇင္ဘာမွာေတာ့ အစိုးရအသစ္ကို ျပန္လည္ဖြဲ႕စည္းခဲ့ၿပီး ၿဗိတိသွ်အစိုးရဟာ တိုင္းျပည္အာဏာကို ေျမာက္အိုင္ယာလန္ လႊတ္ေတာ္ထံ ျပန္လည္လႊဲေျပာင္းေပးခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ဖြဲ႕စည္းပုံအေျခခံဥပေဒဆိုင္ရာဘုရင္စနစ္ နဲ႔ ယွဥ္တြဲကာ အာဏာခြဲေ၀မႈ ဥပေဒျပဳမႈစနစ္နဲ႔ အုပ္ခ်ဳပ္ၿပီး ပထမ၀န္ႀကီးကေတာ့ အုိင္းရစ္အမ်ဳိးသမီး Arlene Foster ျဖစ္ပါတယ္။

ေျမာက္အုိင္ယာလန္ရဲ႕ ေနရာအမ်ားစုဟာ အရမ္းမျမင့္တဲ့ ေတာင္တန္းေတာင္ကုန္းေတြနဲ႔ ဖြဲ႔စည္းထားၿပီး အခ်ုိ႕ေနရာေတြမွာေတာ့ ေရခဲလႊာေတြ ဖုံးအုပ္ေနတတ္ပါတယ္။ အျမင့္ဆုံး ေနရာကေတာ့ Ulster ျပည္နယ္မွာရွိတဲ့ Slieve Donard ေတာင္ျဖစ္ၿပီး အျမင့္ေပ ၂၇၈၂ေပ ျမင့္ပါတယ္။ အဓိကေတာင္တန္းေတြကေတာ့ Sperrin, Mourne နဲ႔ Antrim Plateau တုိ႔ျဖစ္ပါတယ္။ အႀကီဆုံးျမစ္ႏွစ္စင္းကေတာ့ Bann ျမစ္ နဲ႔ Foyle ျမစ္တုိ႔ ျဖစ္ပါတယ္။ အလြန္ေအးတဲ့ ရာသီဥတုကို ပုိင္ဆုိင္ထားၿပီး ပ်မ္းမွ်အျမင့္ဆုံးအပူခ်ိန္ဟာ ေဆာင္းရာသီမွာ ၆ဒီဂရီ ဆဲစီးယပ္စ္ရွိကာ ေႏြရာသီမွာေတာ့ ၁၈ဒီဂရီ ဆဲစီးယပ္စ္ ရွိတတ္ပါတယ္။

ေျမာက္အုိင္ယာလန္ဟာ The Troubles ရဲ႕ အက်ဳိးဆက္ေတြေၾကာင့္ အျခား ယူေကႏုိင္ငံေတြနဲ႔ ယွဥ္လွ်င္ စီးပြားေရးမွာ အလြန္နိမ့္က်လွ်က္ရွိပါတယ္။ အဓိကစီးပြားေရးလုပ္ငန္းေတြကေတာ့ ေဆာက္လုပ္ေရး ၊ စုိက္ပ်ဳိးေရး ၊ သေဘၤာတည္ေဆာက္ေရး ၊ ႀကဳိးထုတ္လုပ္ေရး နဲ႔ ခ်ည္မွ်င္အထည္ လုပ္ငန္းေတြပဲျဖစ္ပါတယ္။ ႏုိင္ငံသား တဦးခ်င္းစီရဲ႕ ႏွစ္စဥ္ပ်မ္းမွ်၀င္ေငြကေတာ့ အေမရိကန္ေဒၚလာ ၂၇၉၇၇ ျဖစ္ၿပီး ယူေကႏုိင္ငံျဖစ္တဲ့အတြက္ ေငြေၾကးစနစ္ကို ေပါင္စတာလင္ပဲ သုံးပါတယ္။

ႏုိင္ငံလူဦးေရစုစုေပါင္းရဲ႕ ၉၈%ေက်ာ္က လူျဖဴ(ဥေရာပသား)ေတြျဖစ္ၿပီး အာရွသား ၁%ခန္႔ဟာလည္း ေျမာက္အုိင္ယာလန္မွာ ေနထုိင္ၾကပါတယ္။ ကိုးကြယ္ယုံၾကည္မႈအေနနဲ႔ ခရစ္ယာန္ဘာသာကိုးကြယ္သူ ၈၂% ခန္႔ရွိၿပီး ဘာသာမဲ့ ၁၇% နဲ႔ အျခားဘာသာကုိးကြယ္သူ ၁% ခန္႔ရွိပါတယ္။

ပညာေရးစနစ္အေနနဲ႔ ၄ႏွစ္ကေန ၁၆ႏွစ္အထိ မသင္မေနရ အခမဲ့ပညာေရးစနစ္ကို က်င့္သုံးၿပီး အရြယ္ေရာက္ၿပီး စုစုေပါင္းရဲ႕ ၉၉% ဟာ စာတက္ေျမာက္ၾကပါတယ္။ တကၠသုိလ္ႀကီး ၃ ခု ၊ ေကာလိပ္ ၃ခု ၊ ပညာေရးေကာလိပ္ ၆ ခု ၊ စုိက္ပ်ဳိးေရးနဲ႔ အစားအစာဆုိင္ရာ ေကာလိပ္ နဲ႔ အျခားေကာလိပ္ေတြလည္း ဖြင့္လွစ္ထားပါတယ္။ တကၠသုိလ္ႀကီး ၃ခုကေတာ့ The Open University ၊ Queen’s University Belfast နဲ႔ Ulster University တုိ႔ျဖစ္ပါတယ္။

ေျမာက္အုိင္ယာလန္ႏုိင္ငံရဲ႕ စိတ္၀င္စားစရာအခ်က္မ်ား

ၿဗိတိသွ်ကြ်န္းစုတခုလုံးမွာ အႀကီးဆုံးေရကန္ျဖစ္တဲ့ Lough Neagh ေရကန္ဟာ ေျမာက္အုိင္ယာလန္မွာ တည္ရွိပါတယ္။ ေရမ်က္ႏွာျပင္အက်ယ္အ၀န္း ၁၅၁ စတုရန္းမုိင္က်ယ္၀န္းတဲ့ ဒီေရခ်ဳိကန္ႀကီးဟာ ေျမာက္အုိင္ယာလန္ရဲ႕ေရအရင္းအျမစ္ ၄၀% ခန္႔ကို ေထာက္ပံ့ေပးထားပါတယ္။

ေျမာက္အုိင္ယာလန္ရဲ႕ စိတ္အ၀င္စားခံရဆုံးေနရာကေတာ့ ယူနက္စကိုကမာၻ႔အေမြအႏွစ္စာရင္း၀င္ေနရာလည္းျဖစ္တဲ့ Giant’s Causeway ပါ။ Bushmills ၿမဳိ႕ရဲ႕ ၃မုိင္ခန္႔အကြာမွာတည္ရွိေနၿပီး ဒီေနရာမွာ ဆဌဂံပ်ားအုံကြက္ပုံစံရွိတဲ့ ေက်ာက္တုိင္ေတြဟာ လူေတြဖန္တီးထားသလုိ ညီညာစြာ ရွိေနပါတယ္။ လြန္ခဲ့ေသာႏွစ္ေပါင္း သန္း၅၀ခန္႔ က ႀကီးမားတဲ့ မီးေတာင္ေပါက္ကြဲမႈေၾကာင့္ ျဖစ္ေပၚလာတဲ့ မီးေတာင္ေက်ာက္ေပါင္း ၄၀၀၀၀ ခန္႔ ညီညာစြာ တစ္စုတစ္ေ၀းတည္း ရွိေနျခင္းျဖစ္ပါတယ္။ အျမင့္ဆုံးေက်ာက္တုိင္ဟာ ၃၉ေပ ရွိပါတယ္။ ဒီေက်ာက္ေဆာင္တာရုိး ကမ္းရုိးတန္းရဲ႕ အရွည္ဟာ ၃မုိင္ခန္႔ရွိပါတယ္။

ကမာၻေပၚမွာနာမည္အႀကီးဆုံးျဖစ္တဲ့ တုိက္တန္းနစ္သေဘၤာကို ေဆာက္လုပ္ခဲ့တဲ့ေနရာကေတာ့ ေျမာက္အုိင္ယာလန္က Belfast ဆိပ္ကမ္းမွာျဖစ္ပါတယ္။ တုိက္တန္းနစ္သေဘၤာႀကီးကို ၁၉၁၁ ခုႏွစ္က Belfast shipyard Harland & Wolff က တည္ေဆာက္ခဲ့တာျဖစ္ပါတယ္။

ေျမာက္အုိင္ယာလန္ဟာ ငယ္ရြယ္သူအမ်ားစု ေနထုိင္တယ္လုိ႔ ဆုိရမွာပါ။ စုစုေပါင္း လူဦးေရရဲ႕ ၄၆% ဟာ အသက္ ၃၀ႏွစ္ေအာက္မွာသာ ရွိပါတယ္။ေျမာက္အုိင္ယာလန္ဟာ အလြန္ေအးခဲတဲ့ ေဒသျဖစ္တာေၾကာင့္ ဒီႏုိင္ငံမွာ ျခင္ ၊ ေျမြ နဲ႔ ဖားေတြ မရွိပါဘူးတဲ့။

ေျမာက္အုိင္ယာလန္ကေန စေကာ့ကမ္းရုိးတန္းဟာ ၁၃မုိင္ခန္႔ပဲ ကြာေ၀းၿပီး ၾကည္လင္တဲ့ေန႔ေတြမွာဆုိရင္ Antrim ၿမဳိ႕ကေန စေကာ့တလန္ ဘက္ျခမ္းက အိမ္ေတြကိုေတာင္ လွမ္းျမင္ရပါတယ္။

ေျမာက္အုိင္ယာလန္အမ်ဳိးသား ေဘာလုံးအသင္းကိုေတာ့ ၁၉၂၁ ခုႏွစ္မွာ စတင္တည္ေထာင္ခဲ့ပါတယ္။ ႏုိင္ငံငယ္ေလးျဖစ္ေပမယ့္ ေျမာက္အုိင္ယာလန္ေဘာလုံးအသင္းဟာ ကမာၻ႔ဖလားမွာ ၃ႀကိမ္တုိင္ပါ၀င္ခြင့္ရခဲ့ပါတယ္။ ၁၉၅၈ ခုႏွစ္ ၊ ၁၉၈၂ ခုႏွစ္ နဲ႔ ၁၉၈၆ တုိ႔မွာျဖစ္ၿပီး ကြာတားဖုိင္နယ္အဆင့္အထိ ေရာက္ရွိခဲ့ဖူးပါတယ္။ ကမာၻ႔အေကာင္းဆုံးေဘာလုံးသမားတေယာက္ျဖစ္တဲ့ ေဂ်ာ့ဂ်္ဘတ္စ္ ဟာ ေျမာက္အုိင္ယာလန္ကျဖစ္ၿပီး သူဟာ မန္ယူအသင္းရဲ႕ ေက်ာနံပါတ္ ၇ ကို ၀တ္ဆင္ကစားခြင့္ရခဲ့သူလည္းျဖစ္ပါတယ္။

Carrickfergus ရဲတုိက္ကေတာ့ ေျမာက္အုိင္ယာလန္မွာ ထင္ရွားတဲ့ရဲတုိက္တခုျဖစ္ၿပီး ၁၂ရာစု အဂၤလိပ္-ေနာ္မန္ေခါင္းေဆာင္ John de Courcy က တည္ေဆာက္ခဲ့တာျဖစ္ပါတယ္။ Belfast Lough ကမ္းစပ္ Carrickfergus ၿမဳိ႕မွာတည္ရွိတာျဖစ္ပါတယ္။ ၁၉၂၈ ခုႏွစ္တုိင္ အဂၤလိပ္စစ္တပ္ရဲ႕ အေရးပါတဲ့ေနရာတခုျဖစ္ခဲ့ၿပီး လက္ရွိအခ်ိန္မွာေတာ့ ေျမာက္အုိင္ယာလန္သဘာ၀ထိမ္းသိမ္းေရးအဖြဲ႔က ထိမ္းသိမ္းေစာင့္ေရွာက္လ်က္ရွိပါတယ္။

ေနာက္ထပ္ထင္ရွားတဲ့ေနရာတခုကေတာ့ Cultra မွာတည္ရွိတဲ့ Ulster Folk and Transport ျပတုိက္ျဖစ္ပါတယ္။ Folk ျပတုိက္ နဲ႔ သယ္ယူပုိ႔ေဆာင္ေရးျပတုိက္ဆုိၿပီး ႏွစ္ခုခြဲျပသထားပါတယ္။ Folk ျပတုိက္မွာေတာ့ အုိင္းရစ္လူမ်ဳိးေတြရဲ႕ အစဥ္အဆက္ေနထုိင္မႈဘ၀ပုံစံေတြကို သရုပ္ေဖာ္ျပသထားၿပီး သယ္ယူပုိ႔ေဆာင္ေရးျပတုိက္မွာေတာ့ ေျမာက္အုိင္ယာလန္ ကုန္းလမ္ ၊ ေရလမ္း ၊ ေလေၾကာင္း သယ္ယူပို႔ေဆာင္ေရးသမုိင္းကို ျပသထားပါတယ္။

ေျမာက္အုိင္ယာလန္ရဲ႕ လက္ရွိတရား၀င္ အလံက ယူႏုိက္တက္ကင္းဒမ္းအလံ ယူနီယံဂ်က္ပဲျဖစ္ပါတယ္။ ဒါေပမယ့္ တခ်ဳိ႕အားကစားဆုိင္ရာ ၿပဳိင္ပြဲေတြမွာေတာ့ ေျမာက္အုိင္ယာလန္အလံဟာ Ulster Banner အလံျဖစ္ပါတယ္။ ဒီအလံကိုေတာ့ ၁၉၅၃ ခုႏွစ္ကေန ၁၉၇၃ ခုႏွစ္အထိ တရား၀င္အလံအျဖစ္ သုံးစြဲခဲ့ၿပီး လက္ရွိအခ်ိန္ထိလည္း တခ်ုိ႕ေနရာေတြမွာ သုံးစြဲေနဆဲျဖစ္ပါတယ္။ အျဖဴေနာက္ခံေပၚမွာ အနီေရာင္ၾကက္ေျခခတ္ရွိေနၿပီး အလယ္ေျခာက္ေထာင့္ၾကယ္အထဲမွာ လက္၀ါးအနီ ၊ အေပၚဘက္မွာ သရဖူတုိ႔ပါ၀င္ပါတယ္။ ေျခာက္ေထာင့္ၾကယ္ကေတာ့ နယ္ေျမေကာင္တီ ၆ခုကို ကုိယ္စားျပဳၿပီး ၊ သရဖူကေတာ့ ယူေကအေပၚသစၥာရွိမႈကို ေဖာ္ညႊန္းပါတယ္။ က်န္တာေတြကေတာ့ ေျမာက္အုိင္ယာလန္ကို အစဥ္အဆက္အုပ္စုိးခဲ့ၾကတဲ့ ေတာ္၀င္မိသားစုေတြရဲ႕ အမွတ္အသားျဖစ္ပါတယ္။

Tags: countries

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!