Tuesday, April 13, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

မြို့အတုအောက်မှာ ဖျောက်ထားခဲ့တဲ့ အမေရိကန်ဘိုးရင်းလေယာဉ်စက်ရုံကြီး 

by Thutamm
March 9, 2020
Reading Time: 1min read
0
မြို့အတုအောက်မှာ ဖျောက်ထားခဲ့တဲ့ အမေရိကန်ဘိုးရင်းလေယာဉ်စက်ရုံကြီး 
Share on FacebookShare on Twitter

ဒုတိ်ယကမ္ဘာစစ်ကာလက တိုက်လေယာဉ်တွေထုတ်လုပ်တဲ့လုပ်ငန်းဟာ မဟာမိတ်တပ်ပေါင်းစုအတွက်အရေးပါတဲ့ လုပ်ငန်းတစ်ခုဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် လေတပ် ကိုအဓိကနေရာကနေ အသုံးပြုပြီးထိုးစစ်ဆင်လေ့ရှိတဲ့ အမေရိကန်နဲ့သူမဟာ မိတ်တွေ အတွက်ကတော့ တိုက်လေယာဉ်ထုတ်လုပ်မှုလုပ်ငန်းဟာ အလွန်ကိုအရေးပါတဲ့ နေရာကနေရှိနေတာဖြစ်ပြီး တစ်ဆင့်ပြီးတစ်ဆင့်မြှင့်တင်လာနိုင်တဲ့ လေတပ်နည်းပညာနဲ့ ကမ္ဘာစစ်ကြီးကို အနိုင်ပိုင်းဖို့အထိ ရည်ရွယ်ထားကြတာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ပုလဲဆိပ်ကမ်း လိုစစ်အခြေစိုက်စခန်းတွေကို ဂျပန်တွေရဲ့လျှပ်တပြတ်ထိုးစစ်နဲ့တိုက်ခိုက်ခံမှုနောက်ပိုင်း မှာတော့ မဟာမိတ်ဗိုလ်ချုပ်ကြီးတွေဟာ သူတို့ရဲ့အားနည်းချက်တွေကို ပြန်လည်ဆင်ခြင်မိပြီး ဂျပန်တွေထက် လေတပ်စွမ်းအားပိုမိုသာလွန်တဲ့ ဂျာမန်လေတပ်ရဲ့ အန္တရာယ်အပေါ် စိုးရွံလာပါတယ်။

အဓိကကတော့ သူတို့ရဲ့လက်နက်ထုတ်တဲ့စက်ရုံတွေ ၊ လေယာဉ်လိုပစ္စည်းထုတ်လုပ်တဲ့ စက်ရုံတွေကို ရန်သူရဲ့တိုက်ခိုက်ခံရမှုကိုစိုးရွံ့လာခဲ့တာ ဖြစ်ပါတယ်။ ဒီအတွက်သူတို့ရဲ့ပြင်ဆင်မှုကတော့ ကောင်းကင်ကနေသာလာရောက် တိုက်ခိုက်ဖို့ရာခိုင်နှုန်းများတဲ့ ရန်သူတွေရဲ့ဝေဟင်ကနေကြည့်မြင်တဲ့ အမြင်ကိုပြောင်း လဲသွားအောင်လုပ်ဖို့အားထုတ်လာကြတာဖြစ်ပါတယ်။

ယင်းအချိန်မှာ နာမည်ကျော် အမေရိကန်လေယာဉ်ထုတ်လပ်တဲ့ Boeing Plant 2 လို့အမည်ရတဲ့ လျိုဝှက်တိုက်လေယာဉ်ထုတ်လုပ်ရေးစခန်းတွေကို အမေရိကန်အင်ဂျင်နီယာတပ်ရင်းကမူရင်း ဘိုရင်းကုမ္ပဏီနဲ့ပေါင်းစပ်ဖန်တီးလာပါတယ်။ အမှန်တော့ Boeing ကုမ္ပဏီဟာ (၁၉၃၆)ခုနှစ်က တည်းက Washington မှာရှိတဲ့ King County ဒေသက King County နိုင်ငံတကာ လေဆိပ်နဲ့ Duwamish မြစ်ကမ်းအကြားမှာ လေယာဉ်စက်ရုံတစ်ခုကိုတည်ဆောက်ပြီး ထုတ်လုပ်နေတာဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်ကို ရုတ်တရက်ကြီးဝင်တိုက်ရတဲ့ အမေရိကန်တာဝန်ရှိသူတွေဟာ ယင်းအရပ်မှာပဲ ဘိုရင်းလေယာဉ်စက်ရုံကိုထပ်မံတိုးချဲ့ကာ Boein Plant 2 လျို့ဝှက်လေယာဉ်တည် ဆောက်ရေးစီမံကိန်းကို စတင်အကောင်အထည်ဖော်ပါတယ်။ Boein Plant 2 မှာတော့ နောက်ဆုံးပေါ်လေယာဉ်တပ်ဆင်ရေးနည်းပညာတွေအပြင် တိုက်လေယာဉ် ထုတ်လုပ်မှုစွမ်းအားကိုပါ အမေရိကန်တွေဘက်ကအစွမ်းကုန်မြှင့်တင်တည်ဆောက်ခဲ့ ကြတာကိုတွေ့ရပါတယ်။

Boein Plant 2 အတွက်နောက်ထပ်မြေ စတုရန်းပေ (၁.၇) သန်းလောက်ကို ထပ်မံတိုးချဲ့ခဲ့တယ်လို့သိရပါတယ်။ Boein Plant 2 ဟာစစ်အတွင်းက အမေရိကန်နဲ့မဟာမိတ်တပ်တွေအတွက် အဓိကလိုအပ်တဲ့တိုက်လေယာဉ်တွေကို သာမက စစ်ကြီးပြီးဆုံးသွားချိန်မှာလည်း ကမ္ဘာလေကြောင်းသမိုင်းရဲ့နာမည်ကျော်တိုက် လေယာဉ်တွေဖြစ်တဲ့ B-17 Flying Fortresses ၊B-29 Superfortress ၊B-47 Stratojets B-52 Stratofotresses တွေကိုဆက်လက်ထုတ်လုပ်လာနိုင်ခဲ့ပါတယ်။

အမေရိကန်အင်ဂျင်နီယာတပ်ရင်းကတော့ ယင်းလေယာဉ်ထုတ်လုပ်ရေးစခန်းကြီးကို ရန်သူတွေရဲ့လေကြောင်းဘေးကနေကာကွယ်ရန်အတွက် များစွာသောပြောင်းလဲပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီအတွက်ဟော်လီးဝုဒ်ကရိုက်ကွင်းနောက်ခံဒီဇိုင်း ဖန်တီးသူတစ်ယောက်ဖြစ်တဲ့ John Stewart Detlie ဆိုသူကဦးဆောင်ပြီး လေယာဉ်တွေကိုဖုံးကွယ်ဖို့ အတွက် လေယာဉ်စက်ရုံအမိုးပေါ်မှာ လမ်းအတုတွေ၊ပလက်ဖောင်းအတုတွေ၊မြက်ခင်း၊သစ်ပင်နဲ့ အိမ်ခေါင်မိုးအတုတွေကို တည်ဆောက်ပြီး Boein Plant 2 ဧရိယာတစ်ခုလုံးကိုရုပ်ဖျက်ပစ်ခဲ့ပါတယ်။

ယင်းပစ္စည်းတုတွေရဲ့ အကျယ်ဝန်းပဲ (၂၃)ဧကလောက်အထိရှိနေခဲ့ပြီး ဝေဟင်ကလာတဲ့ ရန်သူ အတွက်ကတော့ ဒီနေရာမှာလောယာဉ်တည်စက်ရုံရှိနေပြီး တိုက်လေယာဉ်ထောင်ချီရပ် နားထားတယ်ဆိုတာ လုံးဝကိုမသိနိုင်လောက်အောင် ပြင်ဆင်ထားနိုင်ခဲ့ကြပါတယ်။ အမှန်လည်း Boein Plant 2 ရဲ့ဧရိယာတစ်ခုလုံးဟာ ကျေးလက်တောရွာလေးတစ်ခု ပုံစံဖြစ်သွားခဲ့ပြီး ဒီနေရာမှာလေယာဉ်စက်ရုံရှိတယ်ဆိုတာ ဘယ်ထောက်လှမ်းရေးသတင်းတွေကမှ မရိပ်မိအောင်ဘက်ပေါင်းစုံက လျို့ဝှက်လုံခြုံရေးစနစ်တွေကိုလည်း အမေရိကန် အာဏာပိုင်တွေက မြှင့်တင်နိုင်ခဲ့တာကိုလည်းတွေ့ရပါတယ်။

Boein Plant 2 မှာဆိုရင်ယောင်္ကျားမိန်းမလုပ်သားပေါင်း (၃၀၀၀၀)လောက်လုပ်ကိုင် နေကြပြီး တစ်လကိုတိုက်လေယာဉ် (၃၀၀)လောက်တည်ဆောက်နိုင်ကြပြီး ကမ္ဘာ အရပ်ရပ်က မဟာမိတ်စစ်မျက်နှာတွေကို အလုံအလောက်ပို့ဆောင်နိုင်ခဲ့ကြပါတယ်။ အမှန်တကယ်ဆိုရင်တော့ မြို့အတုတွေ၊စစ်စခန်းအတုတွေကို ပြုလုပ်တဲ့နည်းစနစ်ဟာ ဂျာမန်တွေရဲ့နည်းစနစ်ဖြစ်ပြီး ပိုက်စကာအတုတွေ၊မီးခိုးမှိုင်းတွေနဲ့ မဟာမိတ်စစ်တပ်တွေကို စစ်မြေ ပြင်အတွင်းလှည့်စားမှုပြုလုပ်သူတွေကလည်း ဂျာမန်တွေသာဖြစ်ပါတယ်။

ဒါပေမဲ့ အမေရိကန်ရဲ့ အနုပညာရှင်တွေပါ ပူးပေါင်းပြီးမြိုကအတုတွေဖန်တီးခဲ့ချိန်မှာတော့ မူရင်း ပိုင်ရှင်ဂျာမန်တွေတောင် မျက်စိလည်သွားရတဲ့အထိဖြစ်သွားခဲ့ရတာဖြစ်ပါတယ်။ ဂျာမန်ခေါင်းဆောင် ဟစ်တလာကိုယ်တိုင် မဟာမိတ်တပ်တွေရဲ့ အားသာချက် လိုဖြစ်နေတဲ့ လေယာဉ်တွေရဲ့ မူလလာရာလမ်းကြောင်းကို ထောက်လှမ်းဖို့ အစီအမံများစွာ ချမှတ်ခဲ့ပေမယ့် ဂျာမန် တွေသာမက မည်သည့်ရန်သူတွေကမှ အမေရိကန်ရဲ့အမာခံလေတပ်စက်ရုံကြီးကို ရှာဖွေတွေ့ခဲ့ခြင်းမရှိခဲ့ပါဘူး။ ဒါကြောင့် စစ်ပွဲကာလကြာလာလေလေ လေတပ်အင်အားသာ လွန်တဲ့ မဟာမိတ်တွေအတွက် အခွင့်အရေးပိုရလေလေဖြစ်ခဲ့တာလို့ဆိုရပါမယ်။

ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန်မှာတော့ Boein Plant 2 လေယာဉ်စက်ရုံကို ဆက်လက်ထားရှိခဲ့ပေမယ့် ပုံဖျက်ထားတဲ့အရာတွေကိုယ်တော့ ဖယ်ရှားခဲ့ရပါတယ်။ ယင်းအချိန်ရောက်မှ အမေရိကန်တွေရဲ့လျိုဝှက်လေယာဉ်တည်ဆောက်ရေးစခန်းကို တစ်ကမ္ဘာလုံးက အံ့သြ သင့်ခဲ့ရပြီး မီဒီယာတွေထက်မှအကျယ်တဝင့်ဖော်ပြခြင်းခံခဲ့ရပါတယ်။ Boein Plant 2 ဟာ စစ်အေးတိုက်ပွဲကာလတစ်လျှောက်လည်း ဆက်လက်လည်ပတ်ခဲ့တာကိုတွေ့ရပြီး နောက်ဆုံးမှာတော့ လေယာဉ်တည်ဆောက်ရေးလုပ်ငန်းတွေကိုရပ်နားခဲ့ပါတယ်။ (၂၀၁၀)ခုနှစ်မှာတော့ Boein Plant 2 ရဲ့အဆေက်အအုံတွေကိုဖျက်သိမ်းခြင်းတွေကို ပြုလုပ်ခဲ့ပြီး အဆောက်အအုံအချိုကိုတော့ အမှတ်တရနေရာတွေအဖြစ်ဆက်လက်ထား ရှိခဲ့ပါတယ်။။

VIDEO

Tags: world history

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

၁ ဂါလန်ကို ဒေါ်လာ ၃၉သန်း တန်တဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးအရည်
Amazing

၁ ဂါလန်ကို ဒေါ်လာ ၃၉သန်း တန်တဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးအရည်

ကမ္ဘာပေါ်မှာ ကင်းမြီးကောက်မျိုးစိတ်ပေါင်း ၂၀၀၀ ခန့်ရှိပေမယ့် ဒီအထဲက မျိုးစိတ် ၄၀ ခန့်ကသာ အဆိပ်ပြင်းထန်ပါတယ်။ တချို့ကင်းမြီးကောက်တွေရဲ့ အဆိပ်ကတော့ လူကို အသက်အန္တရာယ် ရှိစေနိုင်တဲ့အထိပြင်းထန်ပြီး ဒီအထဲမှာ deathstalker ကင်းမြီးကောက်တွေလည်း ပါဝင်ပါတယ်။ သူတို့ရဲ့အဆိပ်ရည်က အလွန်တန်ဖိုးရှိပြီး...

ဒေါ်လာ သန်း ၄၀ အကုန်အကျခံကာ အီဂျစ်အမွေအနှစ်များကို ကယ်တင်ခဲ့ကြခြင်း
History

ဒေါ်လာ သန်း ၄၀ အကုန်အကျခံကာ အီဂျစ်အမွေအနှစ်များကို ကယ်တင်ခဲ့ကြခြင်း

အီဂျစ်နိုင်ငံရဲ့ လူသိအများဆုံးနေရာတွေလို့ ပြောလိုက်တာနဲ့ ပိရမစ်ကြီးတွေနဲ့ အတူ ပါဝင်လာလေ့ရှိတာကတော့ Abu Simbel အဘူစင်ဘယ် ဆိုတဲ့နေရာပါ။ အဘူစင်ဘယ် ဆိုတာကတော့ အီဂျစ်နိုင်ငံတောင်ပိုင်း ဆူဒန်နိုင်ငံရဲ့နယ်စပ်အနီး နူဘီးယားဒေသမှာ တည်ရှိတဲ့ ရွာတရွာဖြစ်ပြီး အဲဒီမှာရှိတဲ့ ရှေးဟောင်းဘုရားကျောင်းတွေကြောင့် အဘူစင်ဘယ်...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!