Tuesday, April 13, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

မြန်မာ့ရုပ်ရှင်သမိုင်းထဲမှ ရဲဝံ့စွန့်စား စတန့်မင်းသား ချစ်ရွှေကြီး

by Thutamm
September 14, 2019
Reading Time: 1min read
0
မြန်မာ့ရုပ်ရှင်သမိုင်းထဲမှ ရဲဝံ့စွန့်စား စတန့်မင်းသား ချစ်ရွှေကြီး
Share on FacebookShare on Twitter

(Unicode)

(၂၀၁၃ခုနှစ် အောက်တိုဘာလထုတ် ကြေးမုံသတင်းစာတွင် ဆရာတင့်လွင်ဦး(စီးပွားရေးတက္ကသိုလ်) ရေးသားခဲ့သော ဆောင်းပါးဖြစ်ပါသည်။)

မြန်မာ့ရုပ်ရှင် ငွေရတုကာလ ၁၉၂၀-၁၉၄၅ ခုနှစ်က မြန်မာအဆွေ-အေဝမ်းဖလင်မှ ဝတ္ထုဇာတ်ညွှန်း ဒဂုံမြတ် လေးနွယ် (ဗိုလ်မှူးအေးငွေ)၊ဒါရိုက်တာ အေဝမ်းဦးတင်မောင်ရိုက်ကူးခဲ့သည့် “မြဂနိုင်” ဇာတ်ကားကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ရံဖန်ရံခါထုတ်လွှင့်ပြသပေးသည့်အတွက် ဝမ်းသာပီတိဖြစ်မိပါသည်။ ထိုကဲ့သို့ မြန်မာ့ရုပ်ရှင် ခေတ်ဦးကာလ၊ ခေတ်ဟောင်း ကာလရိုက်ကူးခဲ့သည့် ဇာတ်ကားမျိုး ယခုအခါပြန်လည်ကြည့်ရှုခွင့်ရရေး မှာမလွယ် ပါ။ မြန်မာ့ရုပ်ရှင်သည် အင်္ဂလိပ်ခေတ် နှင့် ဂျပန်ခေတ်တို့တွင် ဗုံးသံ၊ အမြောက်သံ၊ စက်သေနတ်သံတွေ ပွက်ပွက်ညံနေ သည့်ကြားက ခက်ခဲစွာဖြတ်သန်း လာခဲ့ရသည့်အတွက် ရုပ်ရှင်ဖလင်နှင့် မှတ်တမ်းမှတ်ရာ အထောက်အထား များ စဉ်ဆက်မပြတ်ထိန်းသိမ်းထားနိုင်ဖို့ရာ ခက်လှပေမည်။

ယနေ့ခေတ်သိပ္ပံနှင့် စက်မှုနည်းပညာများသည် စက္ကန့်နှင့်အမျှ ဖွံ့ဖြိုးတိုးတက်လျက်ရှိရာ ရုပ်ရှင်အနုပညာနှင့် Camera Trick ခေါ် ကင်မရာလှည့်စားချက်များ၊ Special Effect ခေါ် အထူးပြုလုပ်ချက်များပေါင်းစပ်၍ ရုပ်ရှင်ကား တစ်ကားကို အရသာရှိရှိ ဘက်စုံခံစားကြည့်ရှုခွင့် ရကြသည်။ ထိုသို့မတိုးတက်မီ၊ မဖွံ့ဖြိုးမီအတိတ်ကာလ စွန့်စားခန်းများ ရိုက်ကူးရာ တွင် ကင်မရာကိုအားကိုး၍မရ၊ လူအားကိုးဖြင့် တကယ်စွန့်စားကြရသည်။ ထိုသို့စွန့်စား ကြသူများကို ပရိသတ် က စတန့်မင်းသားဟု တင်စား အားပေးခဲ့ကြသည်။

“စတန့်” ဟူသော စကားမှာ မြန်မာဝေါဟာရမဟုတ်၊ Stunt အင်္ဂလိပ်ဝေါဟာရဖြစ်သည်။ အများသူငါမလုပ်ရဲ၊ မလုပ်နိုင် သောအလုပ်ကို ထူးထူးကဲကဲစွန့်စားပြုလုပ်သည် ဟု အဓိပ္ပာယ်သက်ရောက်ပါသည်။ မြန်မာ့ရုပ်ရှင်ပထမဦး ဆုံးသော စတန့်မင်းသားမှာ နိုင်ငံကျော်စာရေးဆရာကြီး ပီမိုးနင်း၏သားဗစ်တာမိုးနင်း (ခေါ်) ဘမောင် (ခေါ်) ကျော်စိုး၊ နိုင်ငံခြားမှ ဆက်ကပ်ပညာများသင်ယူခဲ့ပြီး မြန်မာ အဆွေဖလင်မှ ဒါရိုက်တာဦးညီပုရိုက်ကူးသည့် “ရွှေမင်းဝံ” ဇာတ်ကားတွင် မင်းသား ဦးဘကလေး(ခေါ်)ရွှေရိုးမှာ မြင်း မစီးရဲသည့်အတွက် ဦးဘကလေးကိုယ်စား မြင်းစီး၍အစွမ်း ပြခန်းများ ရိုက်ကူးပေး ခဲ့သည်။

ပီမိုးနင်း၏ဝတ္ထုကို အခြေခံရိုက်ကူးထားသည့် “ချစ်တဲ့သူရယ်” ဇာတ်ကားတွင် “ဘမောင်”သည် ဇာတ်ရံအဖြစ် လည်းကောင်း၊ ဗြိတိသျှ ဘားမားဖလင်မှဒါရိုက်တာ ဆရာရွှေရိုက်ကူးသည့်“တစ်ကိုယ်တော်” ဇာတ်ကားတွင် ခေါင်းဆောင် မင်းသား “ကျော်စိုး”အဖြစ် လည်းကောင်း စတန့်ပြကွက်များဖြင့် အိတ်သွန် ဖာမှောက်အစွမ်းပြရိုက်ကူးခဲ့သည်။ သူ၏ ဂုဏ် ဟိတ်သည် အထွတ်အထိပ်သို့ရောက်နေဆဲ “ဆယ်နာရီ” ဇာတ်ကား ရိုက်ကူးနေစဉ် ဖလင်ပေ ၆၀၀၀ သို့ အရောက် ချစ်သူရည်းစားကိစ္စ အချင်းများ၍ ဓားထိုးခံရပြီးသေဆုံးသွား ခဲ့သည်။

“ကျော်စိုး”သည် “ရွှေမင်းဝံ” ဇာတ်ကားတွင် မြင်းကိုဒုန်းစိုင်းပြေးစေပြီး မတ်တတ်ရပ်စီး၊ နောက်ပြန်စီး၊ ကင်းမြီး ကောက် ထောင်စီး၊ ပြန်တွယ်တက်၊ ပတ်ချာလည် ခဲရာခဲဆစ်ပြကွက်များကို ကျွမ်းကျင်သွက်လက်စွာ အစွမ်းပြခဲ့ သည်။ “ချစ်တဲ့ သူရယ်” ဇာတ်ကားတွင် ဆူးလေဘုရားလမ်းကို ကန့်လန့်ဖြတ် သွယ်တန်းထားသည့် ကြိုးတန်းပေါ် လမ်းလျှောက်ပြ ခဲ့သည်။ “တစ်ကိုယ်တော်” ဇာတ်ကားတွင် ဆိုင်ကယ်ကို အရှိန် ပြင်းစွာ မောင်းနေစဉ် မတ်တတ်စီး၊ မြေကြီးနှင့် ထိလုနီး ပါးတစ်စောင်းစီး၊ အပြင်း မောင်း၊ အပြိုင်မောင်းနေသည့် ကားတစ်စီးမှ တစ်စီးပေါ်သို့ ခုန်တက်သတ်ပုတ်ခန်းတို့သည် အံ့မခန်း၊ သူ့လိုအရည်အချင်းကောင်းရှိသူမျိုး၊ ထူးချွန်သူမျိုး၊ အရွယ်ကောင်းတုန်းဆုံးရှုံး သွား သဖြင့် မြန်မာ့ရုပ်ရှင်လောက အတွက် နစ်နာဆုံးရှုံးမှုတစ်ရပ်ဟုဆိုချင်သည်။ “ကျော်စိုး” မရှိသည့် နောက်ဆက်လက်ထွက်ပေါ်ခဲ့သော စတန့် မင်းသား များမှာ ကျော်ဟိုး၊ ကျော်မိုး၊ တင်ဖေ၊ တင်ဆွေ၊ တင်ငွေ၊ ချစ်ရွှေ၊ ကျော်ညွ န့်၊ ကျော်အေး၊ ကျော်ဖေ၊ ရွှေဘ၊ တင်ညွန့်၊ ဒိုင်ဗင် တင်လှ၊ ဖေသိန်း၊ ကျော်ညွန့်လေး၊ ရဲချစ်၊ ရဲမြင့်၊ လွန်းဖေ၊ စံတင်၊ ဌေးဝင်း၊ ဌေးအောင်နှင့် အခြား စာရေးသူ လက်လှမ်း မမီသော စတန့်မင်းသားများလည်း ကျန်ရှိနိုင် ပါသည်။

ထိုခေတ်ထိုအခါက စတန့်မင်းသားများသည် စွန့်စားရဲသောသတ္တိရှိရုံသာမက မျိုးချစ်စိတ်အပြည့်ရှိကြသည်။ ယနေ့ခေတ် ကဲ့သို့ ဈေးကွက်တွက်မနေအား၊ ငွေကြေးကိုအဓိကမထား၊ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးနှင့် ကိုယ့်ရုပ်ရှင် ပီပြင်ရေးကိုသာ ဦးစားပေးခဲ့ကြသည်။ စွန့်စား ခန်းများရိုက်ကူးစဉ် အခန့်မသင့်က ဘဝပျက်သွားနိုင်သည်။ ဒုက္ခိတဖြစ်သွားနိုင်သည်။ အာမခံကြေးမရှိ၊ ထိုက်တန် သောလျော်ကြေးလည်းရနိုင်မည်မဟုတ်၊ နောင်ရေးကို ကြိုတွေးမနေ အား၊ ညာနေ၍မရ၊ ညှာနေ၍မရ၊ မြန်မာ့ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကား ပရိသတ်ရှေ့ချပြနိုင်ရေး သည်သာ အဓိက၊ ထိုသူတို့၏ဇွဲသတ္တိနှင့် စိတ်ဓာတ်တို့မှာ လေးစားစရာ၊ ထိုသူတို့အထဲမှ ထူးထူးခြားခြားစွန့်စားပြ သွားသူ “ချစ်ရွှေ” (ခ) “ချစ်ဆွေ” (ခ) “ရဲခေါင်ချစ်ရွှေ” အကြောင်းလေ့လာမိသမျှပြောပြချင်ပါသည်။

ပေါက်ခေါင်းသားဖြစ်သူ သရုပ်ဆောင်ဒါရိုက်တာ ဦးဌေးဆောင် (ဆွေဗမာ)၏ ပြောပြချက်အရ “ချစ်ရွှေ” သည် “ပြည်”ဘက်က၊ ပေါက်ခေါင်းမြို့မှ လေးမိုင်ခန့်အကွာတွင် “ကျောက်စာတိုင်” ဆိုသော ရွာတစ်ရွာရှိသည်။ အင်္ဂလိပ် လက်ထက်က တစ်ကျွန်းပြန်မိုက်ခဲများအား စာရိတ္တပြုပြင်သည့်စခန်းကို ထိုရွာမှာဖွင့်ထားသည်။ ယောက်ဖဖြစ်သူက ထိုစခန်းမှ ရဲအရာရှိ၊ “ချစ်ရွှေ” သည် အစ်မဖြစ်သူနှင့် လိုက်နေရင်း ချစ်သူရည်းစားကိစ္စ အချင်းများကြရာမှ ရန်ကုန်မြို့ သို့ တက်လာခဲ့ပြီး ရုပ်ရှင် နယ်ထဲ ရောက်ရှိသူဟုသိရသည်။

“ချစ်ရွှေ” ရိုက်ကူးခဲ့သောဇာတ်ကားမှာ “စိမ်းရွှေရွှေ” (ပထမဆုံးဒုတိယခေါင်းဆောင်မင်းသား)၊ ဒွေးညီနောင် (ဒုတိယ ခေါင်းဆောင်မင်းသား)၊ မြဂနိုင် (ပထမဆုံး ခေါင်းဆောင်မင်းသားအဖြစ် ရိုက်ကူးခဲ့သောဇာတ်ကား)၊ နီလာရောင်၊ ကျား၊ တက်လူ၊ ရွှေမျက်နှာ၊ သတ္တိခဲ၊ ဘုန်း တော်ရှင်၊ သွေးတစ်စက်၊ ကြင်သက်ဝေ၊ စန်းရောင်ရှင်၊ မြခွာညို၊ မာနရှင်၊ မှိုင်းညိုညို၊ မင်းအာဏာ၊ အောင်မြေ၊ အောင်သပြေ၊ ဖူးစာရှင်၊ အသားမင်းသား၊ စောရင်လေး၊ မြမျက်ချယ်နှင့် ဇွဲ၊ အခြားရိုက်ကူးခဲ့သော ဇာတ်ကားများ လည်း ကျန်ရှိနိုင်ပါသည်။ စတန့်ပြကွက်ပေါင်းများစွာအနက် မှ “ချစ်ရွှေ”၏ ထူးခြားသည့် စွန့်စားခန်းတို့ကို ရွေးထုတ် တင်ပြပါရစေ။

“စိမ်းရွှေရွှေ” ဇာတ်ကားတွင် ကတ္တူလှေကြီး၏ ပေ ၁၂၀ မြင့်သော ရွက်တိုင်ထိပ်မှ ရေထဲသို့ ဒိုင်ဗင်ထိုးချခဲ့သည်။ “ဒွေးညီနောင်” ဇာတ်ကားတွင် ၁၉၃၄ ခုနှစ် နှစ်ဆန်း မှ ဖွင့်လှစ်ခဲ့သည့် ပူပူနွေးနွေး၊ အသစ်စက်စက် “စစ်ကိုင်း တံတား” ပေါ်မှ ဧရာဝတီမြစ်ထဲသို့ ဒိုင်ဗင်ထိုးချခဲ့သည်။ ထိုဇာတ်ကားထဲမှာပင် လေးထပ်တိုက်ခေါင်မိုးမှ ဝင့်ကြွား လှပစွာ ဒိုင်ဗင် ထိုးချခန်းမှာ ပရိသတ်အသက်ရှူမှားစရာ။ “မြဂနိုင်” ဇာတ်ကားသည် ဝတ္ထု၏ကောင်းခြင်း၊ ဒါရိုက်တာ၏ကောင်းခြင်း၊ ချစ်ရွှေ၏ကောင်းခြင်းနှင့် သက်ဆိုင်သူ များ၏ကောင်းခြင်းတို့ကြောင့် မြန်မာ့ရုပ်ရှင်သမိုင်း၏ဂန္ထဝင်စံတင်ဇာတ်ကားဖြစ်ခဲ့ရသည်။ ဘယ်အခါ ကြည့်ကြည့် မရိုး၊ ထိုခေတ်ထိုကာလက စက်မှုနည်းပညာမဖွံ့ဖြိုးသေးသော်လည်း ရှိတာလေးနဲ့လှအောင်ဝတ်ပြီး မြန်မာ့ရုပ်ရှင်အဆင့်ကို မြှင့်နိုင်ခဲ့သည်။

ချစ်ရွှေ၏ကျစ်လျစ် သန်မာအချိုးအစားကျသော ခန္ဓာကိုယ်၊ ဖျတ်လတ် သွက်လက်သော လှုပ်ရှားမှု၊ ဘားကျွမ်း၊ ဒိုင်ဗင်ကျွမ်းနှင့် ကျွမ်းကျင်သေသပ်လှပေသော “ကြောင်” ကျ၊ ရဲဝံ့စွန့်စား သောသတ္တိတို့ကြောင့် အခြားသော စတန့်ကားများနှင့်မတူ တစ်မူထူးခြား၊ “မြဂနိုင်”သည် ကျော်ကြားမှု အားကောင်း ခဲ့သည်။ ဇာတ်လမ်းအစ ပုလိပ်လိုက်၍ ပြေးရသော အခန်း တွင် ရှေ့ကျွမ်း၊ နောက်ကျွမ်း၊ ပတ်လည်ကျွမ်း၊ ဒိုင်ဗင်များ အပြင် မော်တော်ဆိုင်ကယ်ကိုဝေ့ကာ ဝိုက်ကာ၊ စောင်းကာ စိုက်ကာ အပြင်းမောင်းနှင်ခြင်း၊ ချောက်ကမ်းပါးတစ်ဖက်မှ တစ်ဖက်သို့ အလျားခုန်ကူးခြင်း၊ သွပ်ထရံကို ဝါးလုံး ထောက်ခုန်၍ ကျော်လွှားခြင်းတို့ဖြင့် စွန့်စားပုံ မထပ်စေရ ဘဲ ရဲရဲတောက်လုပ်ဆောင်ပြသွားသည်မှာ ဩဘာ လက်ခုပ်သံ ညံမစဲ ရုံကွဲမတတ်ပင်။

မြန်မာပြည်တွင် ဧရာမမီးပုံး ပျံကြီးဖြင့် ဝေဟင်ယံ ထက် အမြင့်ပေ ၄၀၀၀ ကျော်တက်၍ ကောင်းကင်ဘား ကစားပြသူမှာ “ဦးကျော်ရင်” တစ်ဦး တည်းသာရှိခဲ့ရာ “မြဂနိုင်” ဇာတ်ကားတွင် “ဦးကျော်ရင်”စီးမည့် မီးပုံး ပျံကြီးအား လုယက်စီးနင်း ပြေးသွား သည့်အတွက် ဒုတိယမြောက် မီးပုံးပျံ သူရဲကောင်းဟု ပြောရမလို၊ မြဂနိုင် တောအုပ်အတွင်း သစ်ပင်တစ်ပင်မှ တစ်ပင်သို့ ယှက်နွှယ်နေသည့် နွယ်ပင် ကြီးများကိုတွဲခိုစီးရင်း လျင်မြန် ပေါ့ပါးခုန်ကူး သွားပုံများမှာ “မြန်မာ တာဇံ”ဟု ဆိုရမလို။

အေဝမ်းဖလင်မှ ဝတ္ထုဒဂုန် မြတ်လေးနွယ်၊ ဒါရိုက်တာ အေဝမ်းဦးတင်မောင်ရိုက်ကူးခဲ့သည့် “နီလာရောင်” ဇာတ်ကား တွင် “ချစ်ရွှေ” ၊ “ညွန့်ညွန့်ခင်”တို့ ခေါင်းဆောင် ပါဝင်ခဲ့သည်။ “ချစ်ရွှေ”နှင့် မိချောင်းအရှင် လတ်လတ် သတ်ပုတ်ခန်းကို ကြံကြံဖန်ဖန်ဇာတ်ကွက်ဆင်ခဲ့ကြသည်။ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ပျဉ်ခရိုင် ကျေးရွာဘက်မှ မိကျောင်းငါးကောင်ကို တစ်ကောင်လျှင် တစ်ရာကျပ်ဖြင့် ဝယ်ယူခဲ့ပြီး သင်္ဘောဖြင့် ရေကြောင်းမှ သယ်ယူလာရာ လမ်းတွင် တစ်ကောင်သေသွားသည့်အတွက် မော်လမြိုင်ကျွန်း ဘက်မှ ထပ်မံဝယ်ယူရပြန်သည်။

ထို မိကျောင်းများဝယ်ယူစဉ်ကာလက အင်္ဂလိပ်ခေတ် ၁၉၃၅ ခုနှစ်ဝန်းကျင် ရွှေတစ် ကျပ်သား ဆယ့်နှစ်ကျပ်၊ ရုပ်ရှင်ကား ကောင်းတစ်ကားပီပြင်စွာ ပေါ်ထွက်ရေးအတွက် အကျိုး အမြတ်ကိုအဓိကမထားဘဲ ရင်းနှီးခဲ့ကြသည့် ထုတ်လုပ်သူ တို့၏စေတနာကို စာဖတ်သူတို့တွက်ဆ၍ သိနိုင်မည် ထင်ပါသည်။ ထိုမိကျောင်းများကို အေဝမ်းခြံအတွင်း ရေကန်ကြီးတူး၍မွေးမြူထားခဲ့ပြီး “ချစ်ရွှေ”ကို ကြိုက်ရာတစ်ကောင်ရွေး၍သတ်ပုတ်စေခဲ့သည်။ “ချစ်ရွှေ”နှင့် မိကျောင်းသတ်ပုတ်ခန်းရိုက်ကူးရာတွင် ရှုထောင့်အမျိုးမျိုး ရရှိစေရန် ကင်မရာသုံးလုံးဖြင့် ရိုက်ကူးခဲ့ကြ သည်။ တစ်ပတ်ခန့်ကြိုတင်အားမွေးလေ့ကျင့်ထားသော “ချစ်ရွှေ”သည် အသွားတစ်ပေခန့်ရှိသော ဓားမြှောင်တစ်ချောင်းကို ခါးထိုးပြီး ရေထဲခုန်ချကာ မိကျောင်းကြီးကို သတ်ပုတ်ခဲ့ သည်။

ကန်ပေါင်ရိုးပေါ်မှ ဒါရိုက်တာ အေဝမ်းဦးတင် မောင်နှင့် အစ်ကိုဖြစ်သူ ဒါရိုက်တာမောင်မောင်စိုးတို့က “ချစ်ရွှေ” နိုင်မည့်ပုံမပေါ်ပါက မိချောင်းကိုသတ်ပစ်ရန် သေနတ်ကိုယ်စီဖြင့် အသင့်ပြင်ထားခဲ့ကြသည်။ ချစ်ရွှေနှင့် မိကျောင်း သူတစ်ပြန်ကိုယ်တစ်ပြန်သတ်ပုတ်ကြရာ တစ် ကြိမ်တွင် မိကျောင်းက အမြီးနှင့် ရိုက်ချသည့်အတွက် ချစ်ရွှေဖင်ထိုင်ကျသွားသည်။ ချက်ချင်းပြန်ထပြီး မိကျောင်း ကြီး၏ နံကြားကိုဓားမြှောင်ဖြင့် အဆုံးထိထိုးသွင်းလိုက်ရာ မိကျောင်းကိုယ်မှထွက်သောသွေးများ ရေကန်တစ်ကန်လုံး ချက်ချင်းနီသွားတော့သည်။ မိကျောင်း၏ တိုက်ကွက် အားလျော့သွားစဉ် ချစ်ရွှေကဆက်ကာဆက်ကာ နေရာအနှံ့ ဓားဖြင့် ထိုးသတ်ခဲ့ရာ မိကျောင်းကြီး ငြိမ်ကျသွားတော့မှ အဖွဲ့သားအားလုံးသက်ပြင်းချနိုင်ကြပြီး ချစ်ရွှေကို ဆယ်မပွေ့ဖက်ချီးကျူးကြတော့သည်။

“ချစ်ရွှေ”မှာ “မြန်မာအဆွေ-အေဝမ်းဖလင်” မှ စင်တင်ပေးခဲ့သောမင်းသားဖြစ်ပြီး ချစ်ရွှေနှင့် ရိုက်ကူးခဲ့ သော ရုပ်ရှင် ကုမ္ပဏီများမှာ မြန်မာအဆွေ-အေဝမ်းဖလင်၊ ဗြိတိသျှဘားမား၊ ဇမ္ဗူ့မိတ်ဆွေ၊ သက်နှင်းဘရားသား၊ ပဲရော့ ရုပ်ရှင်နှင့် ရန်ကုန်ရုပ်ရှင်တို့ဖြစ်ကြပြီး မြန်မာအဆွေ-အေဝမ်းဖလင်နှင့် ဇာတ်ကားအများဆုံးရိုက်ကူးခဲ့သည်။မျိုးချစ်စိတ်ဓာတ်ရှိသူပီပီ တိုင်းပြည်လွတ်လပ်ရေး အတွက် စစ်ထဲသို့ဝင်ရောက်သွားခဲ့ရာ ရှေ့တန်းတွင် ကျဆုံးသွားခဲ့ ကြောင်း သတင်းကြားသိရသည်။ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးတို့၏ အစွမ်းအစကို ဖော်ထုတ်ပြသရင်း မြန်မာ့ ရုပ်ရှင်အတွက် တစ်ထောင့်တစ်နေရာမှ စွမ်းဆောင်ပြခဲ့သည့် ချစ်ရွှေ (ခ) ချစ်ဆွေ (ခ) ရဲခေါင်ချစ်ဆွေအား လေးစားဂုဏ် ပြုသောအားဖြင့် ဤဆောင်းပါးကို ရေးသားပါသည်။

(သတင်းနှင့် မှတ်တမ်းများကူညီပံ့ပိုးပေးသည့် မြန်မာ့ရုပ်ရှင် သမိုင်းပြတိုက်ကြီးကြပ်ရေးကော်မတီနှင့် ဒါရိုက် တာ အေဝမ်းသိန်းထွဋ်အား အထူးကျေးဇူးတင်လျက်)
တင့်လွင်ဦး(စီးပွားရေးတက္ကသိုလ်)

မြဂနိုင်ရုပ်ရှင် (Trailer)

(Zawgyi)

ျမန္မာ့ရုပ္ရွင္သမုိင္းထဲမွ ရဲဝံ့စြန႔္စား စတန႔္မင္းသား ခ်စ္ေ႐ႊႀကီး

(၂၀၁၃ခုႏွစ္ ေအာက္တုိဘာလထုတ္ ေၾကးမုံသတင္းစာတြင္ ဆရာတင့္လြင္ဦး(စီးပြားေရးတကၠသုိလ္) ေရးသားခဲ့ေသာ ေဆာင္းပါးျဖစ္ပါသည္။)

ျမန္မာ့႐ုပ္ရွင္ ေငြရတုကာလ ၁၉၂၀-၁၉၄၅ ခုႏွစ္က ျမန္မာအေဆြ-ေအဝမ္းဖလင္မွ ဝတၳဳဇာတ္ၫႊန္း ဒဂုံျမတ္ ေလးႏြယ္ (ဗိုလ္မႉးေအးေငြ)၊ဒါ႐ိုက္တာ ေအဝမ္းဦးတင္ေမာင္႐ိုက္ကူးခဲ့သည့္ “ျမဂႏိုင္” ဇာတ္ကားကို ျမန္မာ့အသံႏွင့္ ႐ုပ္ျမင္သံၾကားမွ ရံဖန္ရံခါထုတ္လႊင့္ျပသေပးသည့္အတြက္ ဝမ္းသာပီတိျဖစ္မိပါသည္။ ထိုကဲ့သို႔ ျမန္မာ့႐ုပ္ရွင္ ေခတ္ဦးကာလ၊ ေခတ္ေဟာင္း ကာလ႐ိုက္ကူးခဲ့သည့္ ဇာတ္ကားမ်ိဳး ယခုအခါျပန္လည္ၾကည့္႐ႈခြင့္ရေရး မွာမလြယ္ ပါ။ ျမန္မာ့႐ုပ္ရွင္သည္ အဂၤလိပ္ေခတ္ ႏွင့္ ဂ်ပန္ေခတ္တို႔တြင္ ဗုံးသံ၊ အေျမာက္သံ၊ စက္ေသနတ္သံေတြ ပြက္ပြက္ညံေန သည့္ၾကားက ခက္ခဲစြာျဖတ္သန္း လာခဲ့ရသည့္အတြက္ ႐ုပ္ရွင္ဖလင္ႏွင့္ မွတ္တမ္းမွတ္ရာ အေထာက္အထား မ်ား စဥ္ဆက္မျပတ္ထိန္းသိမ္းထားႏိုင္ဖို႔ရာ ခက္လွေပမည္။

ယေန႔ေခတ္သိပၸံႏွင့္ စက္မႈနည္းပညာမ်ားသည္ စကၠန္႔ႏွင့္အမၽွ ဖြံ႕ၿဖိဳးတိုးတက္လ်က္ရွိရာ ႐ုပ္ရွင္အႏုပညာႏွင့္ Camera Trick ေခၚ ကင္မရာလွည့္စားခ်က္မ်ား၊ Special Effect ေခၚ အထူးျပဳလုပ္ခ်က္မ်ားေပါင္းစပ္၍ ႐ုပ္ရွင္ကား တစ္ကားကို အရသာရွိရွိ ဘက္စုံခံစားၾကည့္႐ႈခြင့္ ရၾကသည္။ ထိုသို႔မတိုးတက္မီ၊ မဖြံ႕ၿဖိဳးမီအတိတ္ကာလ စြန္႔စားခန္းမ်ား ႐ိုက္ကူးရာ တြင္ ကင္မရာကိုအားကိုး၍မရ၊ လူအားကိုးျဖင့္ တကယ္စြန္႔စားၾကရသည္။ ထိုသို႔စြန္႔စား ၾကသူမ်ားကို ပရိသတ္ က စတန္႔မင္းသားဟု တင္စား အားေပးခဲ့ၾကသည္။

“စတန္႔” ဟူေသာ စကားမွာ ျမန္မာေဝါဟာရမဟုတ္၊ Stunt အဂၤလိပ္ေဝါဟာရျဖစ္သည္။ အမ်ားသူငါမလုပ္ရဲ၊ မလုပ္ႏိုင္ ေသာအလုပ္ကို ထူးထူးကဲကဲစြန္႔စားျပဳလုပ္သည္ ဟု အဓိပၸာယ္သက္ေရာက္ပါသည္။ ျမန္မာ့႐ုပ္ရွင္ပထမဦး ဆုံးေသာ စတန္႔မင္းသားမွာ ႏိုင္ငံေက်ာ္စာေရးဆရာႀကီး ပီမိုးနင္း၏သားဗစ္တာမိုးနင္း (ေခၚ) ဘေမာင္ (ေခၚ) ေက်ာ္စိုး၊ ႏိုင္ငံျခားမွ ဆက္ကပ္ပညာမ်ားသင္ယူခဲ့ၿပီး ျမန္မာ အေဆြဖလင္မွ ဒါ႐ိုက္တာဦးညီပု႐ိုက္ကူးသည့္ “ေ႐ႊမင္းဝံ” ဇာတ္ကားတြင္ မင္းသား ဦးဘကေလး(ေခၚ)ေ႐ႊ႐ိုးမွာ ျမင္း မစီးရဲသည့္အတြက္ ဦးဘကေလးကိုယ္စား ျမင္းစီး၍အစြမ္း ျပခန္းမ်ား ႐ိုက္ကူးေပး ခဲ့သည္။

ပီမိုးနင္း၏ဝတၳဳကို အေျခခံ႐ိုက္ကူးထားသည့္ “ခ်စ္တဲ့သူရယ္” ဇာတ္ကားတြင္ “ဘေမာင္”သည္ ဇာတ္ရံအျဖစ္ လည္းေကာင္း၊ ၿဗိတိသၽွ ဘားမားဖလင္မွဒါ႐ိုက္တာ ဆရာေ႐ႊ႐ိုက္ကူးသည့္“တစ္ကိုယ္ေတာ္” ဇာတ္ကားတြင္ ေခါင္းေဆာင္ မင္းသား “ေက်ာ္စိုး”အျဖစ္ လည္းေကာင္း စတန္႔ျပကြက္မ်ားျဖင့္ အိတ္သြန္ ဖာေမွာက္အစြမ္းျပ႐ိုက္ကူးခဲ့သည္။ သူ၏ ဂုဏ္ ဟိတ္သည္ အထြတ္အထိပ္သို႔ေရာက္ေနဆဲ “ဆယ္နာရီ” ဇာတ္ကား ႐ိုက္ကူးေနစဥ္ ဖလင္ေပ ၆၀၀၀ သို႔ အေရာက္ ခ်စ္သူရည္းစားကိစၥ အခ်င္းမ်ား၍ ဓားထိုးခံရၿပီးေသဆုံးသြား ခဲ့သည္။

“ေက်ာ္စိုး”သည္ “ေ႐ႊမင္းဝံ” ဇာတ္ကားတြင္ ျမင္းကိုဒုန္းစိုင္းေျပးေစၿပီး မတ္တတ္ရပ္စီး၊ ေနာက္ျပန္စီး၊ ကင္းၿမီး ေကာက္ ေထာင္စီး၊ ျပန္တြယ္တက္၊ ပတ္ခ်ာလည္ ခဲရာခဲဆစ္ျပကြက္မ်ားကို ကၽြမ္းက်င္သြက္လက္စြာ အစြမ္းျပခဲ့ သည္။ “ခ်စ္တဲ့ သူရယ္” ဇာတ္ကားတြင္ ဆူးေလဘုရားလမ္းကို ကန္႔လန္႔ျဖတ္ သြယ္တန္းထားသည့္ ႀကိဳးတန္းေပၚ လမ္းေလၽွာက္ျပ ခဲ့သည္။ “တစ္ကိုယ္ေတာ္” ဇာတ္ကားတြင္ ဆိုင္ကယ္ကို အရွိန္ ျပင္းစြာ ေမာင္းေနစဥ္ မတ္တတ္စီး၊ ေျမႀကီးႏွင့္ ထိလုနီး ပါးတစ္ေစာင္းစီး၊ အျပင္း ေမာင္း၊ အၿပိဳင္ေမာင္းေနသည့္ ကားတစ္စီးမွ တစ္စီးေပၚသို႔ ခုန္တက္သတ္ပုတ္ခန္းတို႔သည္ အံ့မခန္း၊ သူ႕လိုအရည္အခ်င္းေကာင္းရွိသူမ်ိဳး၊ ထူးခၽြန္သူမ်ိဳး၊ အ႐ြယ္ေကာင္းတုန္းဆုံး႐ႈံး သြား သျဖင့္ ျမန္မာ့႐ုပ္ရွင္ေလာက အတြက္ နစ္နာဆုံး႐ႈံးမႈတစ္ရပ္ဟုဆိုခ်င္သည္။ “ေက်ာ္စိုး” မရွိသည့္ ေနာက္ဆက္လက္ထြက္ေပၚခဲ့ေသာ စတန္႔ မင္းသား မ်ားမွာ ေက်ာ္ဟိုး၊ ေက်ာ္မိုး၊ တင္ေဖ၊ တင္ေဆြ၊ တင္ေငြ၊ ခ်စ္ေ႐ႊ၊ ေက်ာ္ၫြ န္႔၊ ေက်ာ္ေအး၊ ေက်ာ္ေဖ၊ ေ႐ႊဘ၊ တင္ၫြန္႔၊ ဒိုင္ဗင္ တင္လွ၊ ေဖသိန္း၊ ေက်ာ္ၫြန္႔ေလး၊ ရဲခ်စ္၊ ရဲျမင့္၊ လြန္းေဖ၊ စံတင္၊ ေဌးဝင္း၊ ေဌးေအာင္ႏွင့္ အျခား စာေရးသူ လက္လွမ္း မမီေသာ စတန္႔မင္းသားမ်ားလည္း က်န္ရွိႏိုင္ ပါသည္။

ထိုေခတ္ထိုအခါက စတန္႔မင္းသားမ်ားသည္ စြန္႔စားရဲေသာသတၱိရွိ႐ုံသာမက မ်ိဳးခ်စ္စိတ္အျပည့္ရွိၾကသည္။ ယေန႔ေခတ္ ကဲ့သို႔ ေဈးကြက္တြက္မေနအား၊ ေငြေၾကးကိုအဓိကမထား၊ ကိုယ့္ႏိုင္ငံ၊ ကိုယ့္လူမ်ိဳးႏွင့္ ကိုယ့္႐ုပ္ရွင္ ပီျပင္ေရးကိုသာ ဦးစားေပးခဲ့ၾကသည္။ စြန္႔စား ခန္းမ်ား႐ိုက္ကူးစဥ္ အခန္႔မသင့္က ဘ၀ပ်က္သြားႏိုင္သည္။ ဒုကၡိတျဖစ္သြားႏိုင္သည္။ အာမခံေၾကးမရွိ၊ ထိုက္တန္ ေသာေလ်ာ္ေၾကးလည္းရႏိုင္မည္မဟုတ္၊ ေနာင္ေရးကို ႀကိဳေတြးမေန အား၊ ညာေန၍မရ၊ ၫွာေန၍မရ၊ ျမန္မာ့႐ုပ္ရွင္ဇာတ္ကားေကာင္းတစ္ကား ပရိသတ္ေရွ႕ခ်ျပႏိုင္ေရး သည္သာ အဓိက၊ ထိုသူတို႔၏ဇြဲသတၱိႏွင့္ စိတ္ဓာတ္တို႔မွာ ေလးစားစရာ၊ ထိုသူတို႔အထဲမွ ထူးထူးျခားျခားစြန္႔စားျပ သြားသူ “ခ်စ္ေ႐ႊ” (ခ) “ခ်စ္ေဆြ” (ခ) “ရဲေခါင္ခ်စ္ေ႐ႊ” အေၾကာင္းေလ့လာမိသမၽွေျပာျပခ်င္ပါသည္။

ေပါက္ေခါင္းသားျဖစ္သူ သ႐ုပ္ေဆာင္ဒါ႐ိုက္တာ ဦးေဌးေဆာင္ (ေဆြဗမာ)၏ ေျပာျပခ်က္အရ “ခ်စ္ေ႐ႊ” သည္ “ျပည္”ဘက္က၊ ေပါက္ေခါင္းၿမိဳ႕မွ ေလးမိုင္ခန္႔အကြာတြင္ “ေက်ာက္စာတိုင္” ဆိုေသာ ႐ြာတစ္႐ြာရွိသည္။ အဂၤလိပ္ လက္ထက္က တစ္ကၽြန္းျပန္မိုက္ခဲမ်ားအား စာရိတၱျပဳျပင္သည့္စခန္းကို ထို႐ြာမွာဖြင့္ထားသည္။ ေယာက္ဖျဖစ္သူက ထိုစခန္းမွ ရဲအရာရွိ၊ “ခ်စ္ေ႐ႊ” သည္ အစ္မျဖစ္သူႏွင့္ လိုက္ေနရင္း ခ်စ္သူရည္းစားကိစၥ အခ်င္းမ်ားၾကရာမွ ရန္ကုန္ၿမိဳ႕ သို႔ တက္လာခဲ့ၿပီး ႐ုပ္ရွင္ နယ္ထဲ ေရာက္ရွိသူဟုသိရသည္။

“ခ်စ္ေ႐ႊ” ႐ိုက္ကူးခဲ့ေသာဇာတ္ကားမွာ “စိမ္းေ႐ႊေ႐ႊ” (ပထမဆုံးဒုတိယေခါင္းေဆာင္မင္းသား)၊ ေဒြးညီေနာင္ (ဒုတိယ ေခါင္းေဆာင္မင္းသား)၊ ျမဂႏိုင္ (ပထမဆုံး ေခါင္းေဆာင္မင္းသားအျဖစ္ ႐ိုက္ကူးခဲ့ေသာဇာတ္ကား)၊ နီလာေရာင္၊ က်ား၊ တက္လူ၊ ေ႐ႊမ်က္ႏွာ၊ သတၱိခဲ၊ ဘုန္း ေတာ္ရွင္၊ ေသြးတစ္စက္၊ ၾကင္သက္ေဝ၊ စန္းေရာင္ရွင္၊ ျမခြာညိဳ၊ မာနရွင္၊ မႈိင္းညိဳညိဳ၊ မင္းအာဏာ၊ ေအာင္ေျမ၊ ေအာင္သေျပ၊ ဖူးစာရွင္၊ အသားမင္းသား၊ ေစာရင္ေလး၊ ျမမ်က္ခ်ယ္ႏွင့္ ဇြဲ၊ အျခား႐ိုက္ကူးခဲ့ေသာ ဇာတ္ကားမ်ား လည္း က်န္ရွိႏိုင္ပါသည္။ စတန႔္ျပကြက္ေပါင္းမ်ားစြာအနက္ မွ “ခ်စ္ေ႐ႊ”၏ ထူးျခားသည့္ စြန႔္စားခန္းတို႔ကို ေ႐ြးထုတ္ တင္ျပပါရေစ။

“စိမ္းေ႐ႊေ႐ႊ” ဇာတ္ကားတြင္ ကတၱဴေလွႀကီး၏ ေပ ၁၂၀ ျမင့္ေသာ ႐ြက္တိုင္ထိပ္မွ ေရထဲသို႔ ဒိုင္ဗင္ထိုးခ်ခဲ့သည္။ “ေဒြးညီေနာင္” ဇာတ္ကားတြင္ ၁၉၃၄ ခုႏွစ္ ႏွစ္ဆန္း မွ ဖြင့္လွစ္ခဲ့သည့္ ပူပူေႏြးေႏြး၊ အသစ္စက္စက္ “စစ္ကိုင္း တံတား” ေပၚမွ ဧရာဝတီျမစ္ထဲသို႔ ဒိုင္ဗင္ထိုးခ်ခဲ့သည္။ ထိုဇာတ္ကားထဲမွာပင္ ေလးထပ္တိုက္ေခါင္မိုးမွ ဝင့္ႂကြား လွပစြာ ဒိုင္ဗင္ ထိုးခ်ခန္းမွာ ပရိသတ္အသက္ရွဴမွားစရာ။ “ျမဂႏိုင္” ဇာတ္ကားသည္ ဝတၳဳ၏ေကာင္းျခင္း၊ ဒါ႐ိုက္တာ၏ေကာင္းျခင္း၊ ခ်စ္ေ႐ႊ၏ေကာင္းျခင္းႏွင့္ သက္ဆိုင္သူ မ်ား၏ေကာင္းျခင္းတို႔ေၾကာင့္ ျမန္မာ့႐ုပ္ရွင္သမိုင္း၏ဂႏၳဝင္စံတင္ဇာတ္ကားျဖစ္ခဲ့ရသည္။ ဘယ္အခါ ၾကည့္ၾကည့္ မ႐ိုး၊ ထိုေခတ္ထိုကာလက စက္မႈနည္းပညာမဖြံ႕ၿဖိဳးေသးေသာ္လည္း ရွိတာေလးနဲ႔လွေအာင္ဝတ္ၿပီး ျမန္မာ့႐ုပ္ရွင္အဆင့္ကို ျမႇင့္ႏိုင္ခဲ့သည္။

ခ်စ္ေ႐ႊ၏က်စ္လ်စ္ သန္မာအခ်ိဳးအစားက်ေသာ ခႏၶာကိုယ္၊ ဖ်တ္လတ္ သြက္လက္ေသာ လႈပ္ရွားမႈ၊ ဘားကြၽမ္း၊ ဒိုင္ဗင္ကြၽမ္းႏွင့္ ကြၽမ္းက်င္ေသသပ္လွေပေသာ “ေၾကာင္” က်၊ ရဲဝံ့စြန႔္စား ေသာသတၱိတို႔ေၾကာင့္ အျခားေသာ စတန႔္ကားမ်ားႏွင့္မတူ တစ္မူထူးျခား၊ “ျမဂႏိုင္”သည္ ေက်ာ္ၾကားမႈ အားေကာင္း ခဲ့သည္။ ဇာတ္လမ္းအစ ပုလိပ္လိုက္၍ ေျပးရေသာ အခန္း တြင္ ေရွ႕ကြၽမ္း၊ ေနာက္ကြၽမ္း၊ ပတ္လည္ကြၽမ္း၊ ဒိုင္ဗင္မ်ား အျပင္ ေမာ္ေတာ္ဆိုင္ကယ္ကိုေဝ့ကာ ဝိုက္ကာ၊ ေစာင္းကာ စိုက္ကာ အျပင္းေမာင္းႏွင္ျခင္း၊ ေခ်ာက္ကမ္းပါးတစ္ဖက္မွ တစ္ဖက္သို႔ အလ်ားခုန္ကူးျခင္း၊ သြပ္ထရံကို ဝါးလုံး ေထာက္ခုန္၍ ေက်ာ္လႊားျခင္းတို႔ျဖင့္ စြန႔္စားပုံ မထပ္ေစရ ဘဲ ရဲရဲေတာက္လုပ္ေဆာင္ျပသြားသည္မွာ ဩဘာ လက္ခုပ္သံ ညံမစဲ ႐ုံကြဲမတတ္ပင္။

ျမန္မာျပည္တြင္ ဧရာမမီးပုံး ပ်ံႀကီးျဖင့္ ေဝဟင္ယံ ထက္ အျမင့္ေပ ၄၀၀၀ ေက်ာ္တက္၍ ေကာင္းကင္ဘား ကစားျပသူမွာ “ဦးေက်ာ္ရင္” တစ္ဦး တည္းသာရွိခဲ့ရာ “ျမဂႏိုင္” ဇာတ္ကားတြင္ “ဦးေက်ာ္ရင္”စီးမည့္ မီးပုံး ပ်ံႀကီးအား လုယက္စီးနင္း ေျပးသြား သည့္အတြက္ ဒုတိယေျမာက္ မီးပုံးပ်ံ သူရဲေကာင္းဟု ေျပာရမလို၊ ျမဂႏိုင္ ေတာအုပ္အတြင္း သစ္ပင္တစ္ပင္မွ တစ္ပင္သို႔ ယွက္ႏႊယ္ေနသည့္ ႏြယ္ပင္ ႀကီးမ်ားကိုတြဲခိုစီးရင္း လ်င္ျမန္ ေပါ့ပါးခုန္ကူး သြားပုံမ်ားမွာ “ျမန္မာ တာဇံ”ဟု ဆိုရမလို။

ေအဝမ္းဖလင္မွ ဝတၳဳဒဂုန္ ျမတ္ေလးႏြယ္၊ ဒါ႐ိုက္တာ ေအဝမ္းဦးတင္ေမာင္႐ိုက္ကူးခဲ့သည့္ “နီလာေရာင္” ဇာတ္ကား တြင္ “ခ်စ္ေ႐ႊ” ၊ “ၫြန႔္ၫြန႔္ခင္”တို႔ ေခါင္းေဆာင္ ပါဝင္ခဲ့သည္။ “ခ်စ္ေ႐ႊ”ႏွင့္ မိေခ်ာင္းအရွင္ လတ္လတ္ သတ္ပုတ္ခန္းကို ႀကံႀကံဖန္ဖန္ဇာတ္ကြက္ဆင္ခဲ့ၾကသည္။ဧရာဝတီတိုင္းေဒသႀကီး ပုသိမ္ၿမိဳ႕နယ္ ပ်ဥ္ခ႐ိုင္ ေက်း႐ြာဘက္မွ မိေက်ာင္းငါးေကာင္ကို တစ္ေကာင္လွ်င္ တစ္ရာက်ပ္ျဖင့္ ဝယ္ယူခဲ့ၿပီး သေဘၤာျဖင့္ ေရေၾကာင္းမွ သယ္ယူလာရာ လမ္းတြင္ တစ္ေကာင္ေသသြားသည့္အတြက္ ေမာ္လၿမိဳင္ကြၽန္း ဘက္မွ ထပ္မံဝယ္ယူရျပန္သည္။

ထို မိေက်ာင္းမ်ားဝယ္ယူစဥ္ကာလက အဂၤလိပ္ေခတ္ ၁၉၃၅ ခုႏွစ္ဝန္းက်င္ ေ႐ႊတစ္ က်ပ္သား ဆယ့္ႏွစ္က်ပ္၊ ႐ုပ္ရွင္ကား ေကာင္းတစ္ကားပီျပင္စြာ ေပၚထြက္ေရးအတြက္ အက်ိဳး အျမတ္ကိုအဓိကမထားဘဲ ရင္းႏွီးခဲ့ၾကသည့္ ထုတ္လုပ္သူ တို႔၏ေစတနာကို စာဖတ္သူတို႔တြက္ဆ၍ သိႏိုင္မည္ ထင္ပါသည္။ ထိုမိေက်ာင္းမ်ားကို ေအဝမ္းၿခံအတြင္း ေရကန္ႀကီးတူး၍ေမြးျမဴထားခဲ့ၿပီး “ခ်စ္ေ႐ႊ”ကို ႀကိဳက္ရာတစ္ေကာင္ေ႐ြး၍သတ္ပုတ္ေစခဲ့သည္။ “ခ်စ္ေ႐ႊ”ႏွင့္ မိေက်ာင္းသတ္ပုတ္ခန္း႐ိုက္ကူးရာတြင္ ရႈေထာင့္အမ်ိဳးမ်ိဳး ရရွိေစရန္ ကင္မရာသုံးလုံးျဖင့္ ႐ိုက္ကူးခဲ့ၾက သည္။ တစ္ပတ္ခန႔္ႀကိဳတင္အားေမြးေလ့က်င့္ထားေသာ “ခ်စ္ေ႐ႊ”သည္ အသြားတစ္ေပခန႔္ရွိေသာ ဓားေျမႇာင္တစ္ေခ်ာင္းကို ခါးထိုးၿပီး ေရထဲခုန္ခ်ကာ မိေက်ာင္းႀကီးကို သတ္ပုတ္ခဲ့ သည္။

ကန္ေပါင္႐ိုးေပၚမွ ဒါ႐ိုက္တာ ေအဝမ္းဦးတင္ ေမာင္ႏွင့္ အစ္ကိုျဖစ္သူ ဒါ႐ိုက္တာေမာင္ေမာင္စိုးတို႔က “ခ်စ္ေ႐ႊ” ႏိုင္မည့္ပုံမေပၚပါက မိေခ်ာင္းကိုသတ္ပစ္ရန္ ေသနတ္ကိုယ္စီျဖင့္ အသင့္ျပင္ထားခဲ့ၾကသည္။ ခ်စ္ေ႐ႊႏွင့္ မိေက်ာင္း သူတစ္ျပန္ကိုယ္တစ္ျပန္သတ္ပုတ္ၾကရာ တစ္ ႀကိမ္တြင္ မိေက်ာင္းက အၿမီးႏွင့္ ႐ိုက္ခ်သည့္အတြက္ ခ်စ္ေ႐ႊဖင္ထိုင္က်သြားသည္။ ခ်က္ခ်င္းျပန္ထၿပီး မိေက်ာင္း ႀကီး၏ နံၾကားကိုဓားေျမႇာင္ျဖင့္ အဆုံးထိထိုးသြင္းလိုက္ရာ မိေက်ာင္းကိုယ္မွထြက္ေသာေသြးမ်ား ေရကန္တစ္ကန္လုံး ခ်က္ခ်င္းနီသြားေတာ့သည္။ မိေက်ာင္း၏ တိုက္ကြက္ အားေလ်ာ့သြားစဥ္ ခ်စ္ေ႐ႊကဆက္ကာဆက္ကာ ေနရာအႏွံ႔ ဓားျဖင့္ ထိုးသတ္ခဲ့ရာ မိေက်ာင္းႀကီး ၿငိမ္က်သြားေတာ့မွ အဖြဲ႕သားအားလုံးသက္ျပင္းခ်ႏိုင္ၾကၿပီး ခ်စ္ေ႐ႊကို ဆယ္မေပြ႕ဖက္ခ်ီးက်ဴးၾကေတာ့သည္။

“ခ်စ္ေ႐ႊ”မွာ “ျမန္မာအေဆြ-ေအဝမ္းဖလင္” မွ စင္တင္ေပးခဲ့ေသာမင္းသားျဖစ္ၿပီး ခ်စ္ေ႐ႊႏွင့္ ႐ိုက္ကူးခဲ့ ေသာ ႐ုပ္ရွင္ ကုမၸဏီမ်ားမွာ ျမန္မာအေဆြ-ေအဝမ္းဖလင္၊ ၿဗိတိသွ်ဘားမား၊ ဇမၺဴ့မိတ္ေဆြ၊ သက္ႏွင္းဘရားသား၊ ပဲေရာ့ ႐ုပ္ရွင္ႏွင့္ ရန္ကုန္႐ုပ္ရွင္တို႔ျဖစ္ၾကၿပီး ျမန္မာအေဆြ-ေအဝမ္းဖလင္ႏွင့္ ဇာတ္ကားအမ်ားဆုံး႐ိုက္ကူးခဲ့သည္။မ်ိဳးခ်စ္စိတ္ဓာတ္ရွိသူပီပီ တိုင္းျပည္လြတ္လပ္ေရး အတြက္ စစ္ထဲသို႔ဝင္ေရာက္သြားခဲ့ရာ ေရွ႕တန္းတြင္ က်ဆုံးသြားခဲ့ ေၾကာင္း သတင္းၾကားသိရသည္။ ကိုယ့္ႏိုင္ငံ၊ ကိုယ့္လူမ်ိဳးတို႔၏ အစြမ္းအစကို ေဖာ္ထုတ္ျပသရင္း ျမန္မာ့ ႐ုပ္ရွင္အတြက္ တစ္ေထာင့္တစ္ေနရာမွ စြမ္းေဆာင္ျပခဲ့သည့္ ခ်စ္ေ႐ႊ (ခ) ခ်စ္ေဆြ (ခ) ရဲေခါင္ခ်စ္ေဆြအား ေလးစားဂုဏ္ ျပဳေသာအားျဖင့္ ဤေဆာင္းပါးကို ေရးသားပါသည္။

(သတင္းႏွင့္ မွတ္တမ္းမ်ားကူညီပံ့ပိုးေပးသည့္ ျမန္မာ့႐ုပ္ရွင္ သမိုင္းျပတိုက္ႀကီးၾကပ္ေရးေကာ္မတီႏွင့္ ဒါ႐ိုက္ တာ ေအဝမ္းသိန္းထြဋ္အား အထူးေက်းဇူးတင္လ်က္)
တင့္လြင္ဦး(စီးပြားေရးတကၠသုိလ္)

ျမဂႏိုင္ရုပ္ရွင္ (Trailer)

Tags: myanmar people

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်
People

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်

၉.၁.၂၀၂၁ ရက်နေ့ Forbes ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ စာရင်းကို ကိုးကားထားခြင်းဖြစ်ပါတယ်။ ၁၀။ ဆာဂေးဘရင် ပြီးခဲ့တဲ့နှစ်က အဆင့် ၁၀ နေရာမှာရှိခဲ့တဲ့ အိန္ဒိယသူဌေးကြီး မာခက်ရှ် အမ်ဘန်နီက အဆင့် ၁၃ နေရာကိုရောက်သွားပြီး ဂိုဂဲရဲ့ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့...

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ
People

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ

ကျည်ကာအင်္ကျီတွေကိုတော့ စစ်ဘက်ဆိုင်ရာနဲ့ တကိုယ်ရေ ကာကွယ်မှုဆိုင်ရာ ကဏ္ဍတွေမှာအသုံးပြုကြပါတယ်။ ကျည်ကာအင်္ကျီတွေကိုတော့ အပူခံနိုင်ပြီး အလွန်မာကြောခိုင်ခံ့တဲ့ Kevlar လူလုပ်ဖိုက်ဘာမျှင်နဲ့ ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။ Kevlar ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ဝန်းကျင်ကတည်းက ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး တီထွင်ခဲ့သူကတော့ အမျိုးသမီးတဦးဖြစ်ပါတယ်။ သူအမှန်တကယ်တီထွင်ခဲ့တာက...

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု
Knowledge

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု

မိုနာလီဇာပန်းချီကားနဲ့ ကျော်ကြားတဲ့ လီယိုနာဒိုဒါဗင်ချီဟာ ပုံမှန်လူသားတယောက်ထက် ထူးကဲကာ အံ့ဖွယ်အနုသုခုမ ရှေးဦးပညာရှင်၊ ဆေးဘက်ဆိုင်ရာ စွန့်ဦးတီထွင်သူ နဲ့ ဖန်တီးမှုနည်းပညာ စတဲ့နယ်ပယ်ပေါင်းစုံမှာ ကြီးကျယ်တဲ့ တီထွင်မှုတွေကို ပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း သမိုင်းတလျှောက် အတော်ဆုံး တီထွင်သူတွေကို...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!