ဒီစိတ်ဝင်စားစရာ ဓာတ်ပုံကို အင်တာပေါ်မှာ တခါတရံမြင်ဖူးကြမှာပါ။ အဲဒီပုံနဲ့အတူ စစ်သားတွေဟာ မြည်းကို ချစ်လို့ ကုန်းပိုးတာမဟုတ်ပဲ အဲဒီနေရာမှာ မြေမြုပ်မိုင်းတွေ ရှိတာကြောင့် မြည်းလျှောက်ပြေးရင် အားလုံးအသက်ဆုံးကုန်မှာ စိုးတဲ့အတွက် အခုလို ကုန်းမပိုးချင်ပဲ ပိုးကြရတာဖြစ်တယ် ။ မြည်းလိုလူတွေကြောင့် လူကောင်းတွေပါနစ်နာသွားနိုင်တယ် ဆိုတဲ့စာပါ ပါရှိပါတယ်။ ဒါပေမယ့် ဒါဟာ ဒီပုံရဲ့ တကယ့်အဖြစ်မှန် မဟုတ်ပါဘူး။
တကယ်တော့ ဒီဓာတ်ပုံဟာ ၁၉၅၈ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အယ်ဂျီးရီးယားစစ်ပွဲကာလအတွင်းက ပုံရိပ်တခုဖြစ်ပါတယ်။ ဒီစစ်ပွဲဟာ ပြင်သစ်နဲ့ အယ်ဂျီးရီးယား FLN တို့ ဦးဆောင်တိုက်ခိုက်ခဲ့ကြတဲ့ တိုက်ပွဲဖြစ်ပါတယ်။ ဒီဓာတ်ပုံမှာပါတဲ့ မြင်းကို ကုန်းပိုးထားသူဟာ ပြင်သစ် Legion တပ်ဖွဲ့ဝင်တဦးဖြစ်ပါတယ်။ ပထမကမ္ဘာစစ်ကနေ စလို့ သယ်ယူပို့ဆောင်ရေး နဲ့ စီးနင်းဖို့အတွက် မြည်းတွေကို စစ်တပ်တွေမှာ အသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်။
အမှန်တော့ပြင်သစ်စစ်သည်လေးဟာ မိုင်းဇုန်ကို ဖြတ်ခါနီးမှာ ဦးတည်ရာသွားတတ်တဲ့ မြည်းကိုထိန်းကြောင်းဖို့ မနှစ်သက်တဲ့ပုံမျိုးနဲ့ကျောပိုးခဲ့တာ မဟုတ်ပါဘူး။ သူဟာမြည်းလေးအပေါ်ချစ်ခြင်းမေတ္တာအပြည့်နဲ့ ထမ်းပိုးခဲ့တာပါ။ လမ်းခရီးတစ်လျှောက်မှာလည်း ပြင်သစ် Dble Legion အမှတ်(၁၃)တပ်ရင်းကစစ်သည်တွေဟာ တစ်ယောက်တစ်လှည့်ပုံစံမျိုးနဲ့ ယင်းမြည်းလေးကိုထမ်းပိုးပြီးဌာနချုပ်ကိုပြန်လာခဲ့ကြတာ ဖြစ်ပါတယ်။
ပုံရဲ့နောက်ခံရှုခင်းမှာတွေ့ရတာကလည်းမှိုင်းဇုံတစ်ခုမဟုတ်ပါဘူး။ အယ်ဂျီးရီးယားစစ်မြေပြင်ရဲ့နေရာတစ်ခုမှာသာဖြစ်ပါတယ်။ စစ်သားလေးတွေဟာ တိုက်ပွဲကာလအတွင်း ဒဏ်ရာရပြီး အားပြတ်ပြီးလဲနေတဲ့မြည်းပေါက်လေးတကောင်ကို တွေ့ရှိခဲ့ကြပါတယ်။ မြည်းလေးကို သနားသွားကြတာကြောင့် ခက်ခက်ခဲခဲနဲ့ကို အခြေစိုက်စခန်းရှိရာကို သယ်ဆောင်လာခဲ့တာဖြစ်ပါတယ်။ စခန်းရောက်ချိန်မှာလည်းကောင်းကောင်းမွန်မွန် ပြုစုပေးခဲ့ပြီး ယင်းမြည်းအမည်ကိုတောင် Bambi လို့ပေးပြီး ရေရှည်မွေးမြူသွားခဲ့ပါတယ် ။
အဲဒီအကြောင်းအရာတွေအားလုံးကလည်း (၁၉၉၁)ခုနှစ်ထုတ် စာရေးဆရာ Douglas Porch ရဲ့ ပြင်သစ်ကြေးစားစစ်သည်တွေရဲ့သမိုင်းကြောင်း စာအုပ်မှာဖော်ပြထားတာရှိပါတယ်။ (၁၉၅၈)ခုနှစ်ကဖြစ်ခဲ့တဲ့ယင်းဓာက်ပုံကြောင့် ပြင်သစ်ကြေးစားတပ်ရင်းတပ်မဟာ (၁၃)ဟာဆိုရင် လန်ဒန်မှာရှိတဲ့ အမေရိကန်တိရိစ္ဆာန်ညှင်းပန်းကာကွယ်စောင့်ရှောက်ရေးအဖွဲ့ RSPCA ရဲ့ဂုဏ်ထူးဆောင်ဆုတံဆိပ်ပိုချီးမြှင့်ခြင်းခံခဲ့ရပါတယ်။
Daily Mail ကနေပြင်သစ်စစ်သည်တွေရဲ့ဆာလောင်နေတဲ့မြည်းတစ်ကောင်ကိုတိုက်ပွဲ အကြားခက်ခက်ခဲခဲသယ်ဆောင်တာနဲ့ ပတ်သက်ပြီးဖော်ပြရာကနေ ယင်းဓာတ်ပုံဟာ ကမ္ဘာအနှံ့အပြားကိုရောက်ရှိသွားခဲ့ပါတော့တယ်။ ယင်းနောက်မှာတော့ ရှုထောင့်မျိုးစုံ ကနေ ယင်းဖြစ်ရပ်အပေါ်ခေါင်းစဉ် အမျိုးမျိုးတပ်ပြီးရေးသားခဲ့ကြပါတယ်။
ယင်းပုံကိုဥပမာပေးပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဖြစ်စဉ်အပေါ် မလိုက်နာသူ/စည်းကမ်းမရှိသူကြောင့် လူကောင်းတွေပါထိခိုက်နိုင်ကြောင်း ခိုင်းနှိုင်းကြရာကနေ လူသိပြန်များလာခဲ့တာဖြစ်ပါတယ်။