Sunday, April 11, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

မိုးခေါင်မှုကြောင့် အီရတ်ဆည်တစ်ခုအတွင်းက သက်တမ်း နှစ်ပေါင်း ၃၄၀၀ခန့်ရှိ နန်းတော်ဟောင်း ပြန်ပေါ်လာခဲ့

by Thutamm
August 17, 2019
Reading Time: 1min read
0
မိုးခေါင်မှုကြောင့် အီရတ်ဆည်တစ်ခုအတွင်းက သက်တမ်း နှစ်ပေါင်း ၃၄၀၀ခန့်ရှိ နန်းတော်ဟောင်း ပြန်ပေါ်လာခဲ့
Share on FacebookShare on Twitter

အီရတ်နိုင်ငံမြောက်ပိုင်းမှာ မိုးခေါင်မှုကြောင့် ရေများခမ်းခြောက်သွားရာကနေ နန်းတော်အဆောက်အအုံပျက်တစ်ခုဟာ  ပြန်ပေါ်လာခဲ့ပါတယ်။ ပညာရှင်တွေလေ့လာမှုအရ သက်တမ်း နှစ်ပေါင်း ၃၄၀၀ ခန့်ရှိတဲ့ ဒီနန်းတော်အဆောက်အအုံဟောင်းကို Kurdistan ဒေသ Tigris မြစ်ကမ်းပါးမှာရှိတဲ့ မိုဆူးလ်ဆည် ထဲကနေ တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ ဒီတွေ့ရှိမှုအတွက် သုတေသနပညာရှင်တွေ စိတ်လှုပ်ရှားနေကြပြီး အကြောင်းကတော့ ဒီအဆောက်အအုံပျက်ဟာ ရှေးဟောင်းအင်ပါယာတစ်ခုဖြစ်တဲ့ Mittani အင်ပါယာနဲ့ သက်ဆိုင်နေလို့ပဲ ဖြစ်ပါတယ်။

Mittani အင်ပါယာဟာ အရှေ့အလယ်ပိုင်းဒေသမှာ ဘီစီ ၁၅၀၀ ကနေ ၁၃၀၀ အတွင်း ပေါ်ထွန်းခဲ့ဖူးတဲ့ အင်ပါယာတစ်ခုဖြစ်ပါတယ်။ အင်ပါယာရဲ့ အအောင်မြင်ဆုံးအချိန်ဟာ ဘီစီ ၁၄ရာစုခန့်မှာဖြစ်ပြီး မြို့တော်ကတော့ ခိုင်ဘာမြစ်ကမ်းပေါ်က Washukanni မြို့ဖြစ်ပါတယ်။ ယူဖရေးတီး နှင့် တိုက်ဂရန် မြစ်နှစ်သွယ်ပေါင်းဆုံရာ အရပ်မှာ မင်းမူခဲ့တဲ့ Mittani အင်ပါယာဟာ ဟစ်တိုက်တွေနဲ့ အဆီးရီးယန်းတို့ရဲ့တိုက်ခိုက်မှုကြောင့် အင်အားလျော့လာခဲ့ပြီး နောက်ဆုံးမှာတော့ အလယ်ပိုင်းအဆီးရီးယန်းအင်ပါယာရဲ့နယ်မြေတစ်ခုအဖြစ် သိမ်းသွင်းခြင်းခံခဲ့ရပါတယ်။

အခုပြန်လည်တွေ့ရတဲ့ ဒီနန်းတော်ဟောင်းဟာ အဲဒီ Mitani အင်ပါယာတန်ခိုးထွားစဉ်အခါက တည်ဆောက်ခဲ့တယ်လို့ ဆိုပါတယ်။ နန်းတော်ပျက်အတွင်းမှာတော့ အနီ နဲ့ အပြာရောင်တွေနဲ့ ဆေးခြယ်ထားတဲ့ နံရံဆေးရေးပန်းချီများကို မပျက်မစီးသေးပဲ တွေ့ရှိရပါသေးတယ်။ ဒီနေရာမှာ နန်းတော်ရှိနေတယ်ဆိုတာကို ၂၀၁၀ခုနှစ်လောက်ကတည်းက သိရှိခဲ့ကြပေမယ့် ရေများရှိနေတဲ့အတွက်ကြောင့် လေ့လာခွင့်မရခဲ့ပဲ မိုးခေါင်ပြီး ဆည်ထဲကရေများလျှော့ကျသွားတဲ့ ယခုအခါမှ တူးဖော်လေ့လာခွင့်ရခဲ့ကြတာ ဖြစ်ပါတယ်။

“အခုပြန်လည်တွေ့ရှိမှုဟာ ဒီဒေသရဲ့ရှာဖွေတွေ့ရှိမှုတွေထဲမှာ အရေးအကြီးဆုံးတွေ့ရှိမှုဖြစ်တယ် ” လို့ကာ့ဒ်ရှေးဟောင်းသုတေသနပညာရှင်တစ်ယောက်ဖြစ်တဲ့ Hasan Ahmed Qasim က ဆိုပါတယ်။ နန်းတော်ဟောင်ကို မြစ်နဲ့ ၆၅ပေ သာ ကွာဝေးတဲ့နေရာမှာ တည်ဆောက်ထားခဲ့တာဖြစ်ပါတယ်။ နံရံတွေကို ရွှံ့အုတ်တွေနဲ့ တည်ဆောက်ထားခဲ့တာဖြစ်ပြီး အဲဒီခေတ်ရဲ့ ဗိသုကာပညာရပ်တွေကို ပြန်လည်လေ့လာမှတ်တမ်းတင်ခွင့် ရခဲ့ကြပါတယ်။

ဂျာမနီနိုင်ငံ Tübingen တက္ကသိုလ်က အရှေ့အလယ်ပိုင်းလေ့လာရေး သုတေသနပညာရှင် Ivana Puljiz ကတော့ ဒီနန်းတော်ရဲ့အမည်ဟာ Kemune ဖြစ်ကြောင်းနဲ့ နန်းတော်နံရံအထူကို ရွှံ့အုတ်များနဲ့ အထူ ၆.၆ပေ အထိ တည်ဆောက်ထားတယ်လို့ ရှင်းပြခဲ့ပါတယ်။ ကျန်ရှိနေတဲ့ နံရံတချို့ရဲ့အမြင့်ဟာလည်း ၇ပေနီးပါးရှိနေပြီး အခန်းပေါင်းများစွာကို ခွဲပြီးတည်ဆောက်ထားခဲ့တာကို တွေ့ရှိခဲ့ကြပါတယ်။

ဒါ့အပြင် ရှေးခေတ်အဆီးရီးယန်းတို့ရဲ့ စာရေးနည်းဖြစ်တဲ့ ဖောင်းစာရေးနည်း cuneiform နဲ့ ရေးထားတဲ့ ရွံ့စေးပြား ၁၀ ချပ်ကိုလည်း တွေ့ရှိရပါသေးတယ်။ ဘာတွေရေးထားသလဲသိရဖို့ ရွံ့စေးပြားစာတွေကို ဓာတ်ပုံရိုက်ပြီး ဂျာမနီကိုပို့ကာ ဘာသာပြန်ခိုင်းထားတယ်လို့ သိရပါတယ်။ Mitani အင်ပါယာနဲ့ ပတ်သတ်တဲ့ ဗိသုကာ ၊ စီးပွားရေး ၊ အုပ်ချုပ်ရေး စတဲ့ တစ်ခုခုကို ဒီစာတွေထဲကနေ တွေ့ရှိနိုင်ဖို့ မျှော်လင့်ထားကြပါတယ်။

လက်ရှိမှာတော့ သုတေသနပညာရှင်တွေဟာ ဒီနေရာကို အမြန်ဆုံး တူးဖော်လေ့လာရေးတွေကို လုပ်ဆောင်နေကြရပါတယ်။ အကြောင်းကတော့ ရေပြန်လည်တက်လာတဲ့အခါ နန်းတော်ဟောင်းရှိရာနေရာကို ပြန်လည်ဖုံးလွှမ်းသွားနိုင်တာကြောင့် ဖြစ်ပါတယ်။

Ref
CNN : Ancient palace emerges from drought-hit Iraq reservoir

Tags: world news

Related Posts

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ
news

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ

ဒီတပတ်တော့ ပလပ်စတစ်ကို ခြေဖျက်တဲ့ bacterial cocktail လို့ခေါ်တဲ့ ရောနှောဘက်တီးရီးယားကို ဟန်ဂေရီက ဇီဝဓါတုပညာရှင် ၂ ဦး ဖန်တီးလိုက်တဲ့ အကြောင်း ပြောပြပေးပါမယ်။ Liz Madaras။ ။ “ကျမတို့က Poliloop ကုမ္ပဏီကို...

သံမဏိလူသား ပြိုင်ပွဲမှာ နောက်ဆုံးပန်းဝင်တဲ့အထိ ယှဉ်ပြိုင်နိုင်ခဲ့တဲ့ ဒေါင်း လူငယ်လေး
Amazing

သံမဏိလူသား ပြိုင်ပွဲမှာ နောက်ဆုံးပန်းဝင်တဲ့အထိ ယှဉ်ပြိုင်နိုင်ခဲ့တဲ့ ဒေါင်း လူငယ်လေး

ဒေါင်း(Down) ဆိုတာကတော့ Down Syndrome(ဒေါင်းဆင်ဒရုန်း) ကိုပြောတာဖြစ်ပါတယ်။ မြန်မာမှာတော့ ဒေါင်းဆင်တုံး လို့ပဲ အလွယ်တကူခေါ်ဝေါ်နေကြတဲ့ ရောဂါဖြစ်ပါတယ်။ အဖြစ်အများဆုံး မျိုးရိုးဗီဇဆိုင်ရာ ရောဂါတမျိုးဖြစ်ပြီး ဒီရောဂါခံစားနေရသူတွေရဲ့ မျက်နှာသွင်ပြင်တွေဟာ တူညီနေလေ့ရှိပါတယ်။ စာရေး စာဖတ် သင်ကြားဖို့ ခက်ခဲလေ့ရှိပြီး...

နာဆာရဲ့ အာကာသ သန့်စင်ခန်းဒီဇိုင်းပြိုင်ပွဲမှာ အနိုင်ရသွားတဲ့ ၉နှစ်သား
Amazing

နာဆာရဲ့ အာကာသ သန့်စင်ခန်းဒီဇိုင်းပြိုင်ပွဲမှာ အနိုင်ရသွားတဲ့ ၉နှစ်သား

အမေရိကန်ရဲ့ အမျိုးသား အာကာသနှင့် လေကြောင်း ဦးစီးဌာန (နာဆာ) က ကျင်းပတဲ့ ၂၀၂၀ ခုနှစ် Lunar Loo Challenge ပြိုင်ပွဲမှာ ချန်ပီယံအဖြစ် အနိုင်ရရှိသွားသူကတော့ Zyson Kang Zy Sun...

ကိုဗစ် ကူးစက်ခံလိုက်ရတဲ့ သမ္မတ ဒေါ်နယ်ထရမ့်
news

ကိုဗစ် ကူးစက်ခံလိုက်ရတဲ့ သမ္မတ ဒေါ်နယ်ထရမ့်

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် နဲ့ Melania Trump တို့ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတယ်လို့ သောကြာနေ့ မနက်ပိုင်းမှာ ထုတ်ဖော် ကြေငြာသွားခဲ့ပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်ဟာ အသက် ၇၄နှစ်ရှိပြီဖြစ်တာကြောင့် ကိုရိုနာဗိုင်းရပ်စ်တိုက်ခိုက်မှုကို ခံရတဲ့ အစိုးရိမ်ရဆုံး အသက်အပိုင်းအခြားမှာ...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!