Tuesday, April 13, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

မီးလောင်၍ ပျက်စီးခဲ့ရသော ရေပေါ်နန်းတော် ပင်လယ်ကူးသင်္ဘောကြီး

by Thutamm
December 25, 2019
Reading Time: 2min read
0
မီးလောင်၍ ပျက်စီးခဲ့ရသော ရေပေါ်နန်းတော် ပင်လယ်ကူးသင်္ဘောကြီး
Share on FacebookShare on Twitter

အလွန်ကြီးမားပြီး ရေပြင်ထက်ကနန်းတော်တစ်ခုပမာဖြစ်နေတဲ့ SS Normandie ဟာ ပေပေါင်း(၁၀၀၀)နီးပါး (၉၈၁ပေ) လောက်ရှည်လျားပြီး၊(၁၈၄)ပေလောက်မြင့်မားကာ သူ့ခေတ်သူအခါက အတ္တလန္တိတ်ဒေသအတွင်းမှာ သာမက ကမ္ဘာပေါ်မှာပါအကြီးမားဆုံးသော ဇိမ်ခံပင်လယ်ကူးသင်္ဘောကြီးဖြစ်ခဲ့ပါတယ် ။ အကျယ် ၁၁၇ပေ ၊ ရေစူး ၃၇ပေ၊ သင်္ဘောရဲ့တန်ချိန် (၇၉၂၈၀) GRT ကနေ (၈၃၄၂၃) GRT အထိရှိတဲ့ ဧရာမပင်လယ်ကူးသင်္ဘောကြီးဖြစ်ပါတယ်။

ဒီဇိမ်ခံသင်္ဘောကြီးကိုတည်ဆောက်ခဲ့တာကတော့ ပြင်သစ်နိုင်ငံ Saint-Nazaire မှာဖြစ်ပြီး ပြင်သစ်သင်္ဘောကုမ္ပဏီတစ်ခုဖြစ်တဲ့ CGT ကနေ တာဝန်ယူတည်ဆောက်ခဲ့ တာလည်းဖြစ်ပါတယ်။ အဲဒီအချိန်က အားအကောင်းဆုံးသော ရေနွေးငွေ့အားသုံး Turbo- electric အင်ဂျင်(၄)လုံးကိုတပ်ဆင်ထားပြီး စုစုပေါင်းမြင်းကောင်ရေအားကတော့ (၁၆၀၀၀၀) ကနေ အမြင့်ဆုံး(၂၀၀၀၀၀)အထိ အင်ဂျင်ပါဝါရှိပါတယ်။ SS Normandie မှာတာဝန်ထမ်းဆောင်တဲ့ သင်္ဘောသားဝန်ထမ်းအရေအတွက်ကတော့ Firsr Class မှာ (၈၄၈)ဦး၊ Tourist Class မှာ (၆၇၀)ဦးနဲ့ Third Class မှာ(၄၅၄)ဦးစုစုပေါင်း (၁၉၇၂) ယောက်အထိ တာဝန်ထမ်းဆောင်ခဲ့ကြပါတယ်။

SS Normandieဟာ ပြင်သစ်နိုင်ငံ La Havre မြိုကနေ အမေရိကန်ပြည်ထောင်စု နယူးယောက်ဆိပ်ကမ်းကို (၁၉၃၅)ခုနှစ်ကစတင်ပြီး ပုံမှန်ပြေးဆွဲပေးနေတဲ့ ခရီးသည်တင်ပင်လယ်ကူးသင်္ဘော ဖြစ်ပြီး ခရီးစဉ်တစ်ခုအတွင်းမှာတော့ ကြာမြင့်ချိန်ဟာ ပျှမ်းမျှအားဖြင့်(၄)ရက်ကျော်ခန့်ဖြစ်ပါတယ်။ ဒီသင်္ဘောအတွင်းမှာပဲ ရေကူးကန်၊ကပွဲရုံ၊အရက်ဘား၊စားသောက်ဆိုင် များစွာပါရှိသလို ပေ(၂၀)လောက်အထိရှည်လျားတဲ့ တံခါးမကြီးတွေကိုတပ်ဆင်ထား ပါတယ်။

သင်္ဘောရဲ့ ပထမတန်းမှာလိုက်ပါလေ့ရှိတဲ့ခရီးသည်အများစုရဲ့ ရည်ရွယ်ချက် ကတော့ ခရီးသွားလာခြင်းထက် SS Normandie မှာပါရှိတဲ့ ထိပ်တန်းဟိုတယ်ဝန်ဆောင်မှု တွေမှာလာရောက် ဇိမ်ခံဖို့သက်သက်သာ လိုက်ပါလာကြသူများပါတယ်။ သင်္ဘောကြီးရဲ့အတွင်းပိုင်းဖွဲ့စည်းပုံအများစုဟာ ယင်းခေတ်အခါကနာမည် ကျော်ဒီဇိုင်းတွေဖြစ်တဲ့ Art Deco နဲ့ Streamline Moderne ပုံစံတွေဖြစ်ပြီး ပြင်သစ် ပြည်ထဲက နော်မန်ဒီကမ်းခြေရဲ့အငွေ့အသက်ပါတဲ့ နံရံဆေးပန်းချီတွေ ကျောက်ဆစ် ပညာရပ်တွေကို နေရာအတော်များများမှာ ဖန်တီးထားပါတယ်။

စစ်ပြီးကာလကနေနောက်ထပ်နှစ်ပေါင်း(၈၀)ကာလရောက်ချိန်ထိ ဆောက်လုပ်ခဲ့တဲ့ ပင်လယ်ကူးသင်္ဘောတွေအနက်တော့ SS Normandie နဲ့ RMS Queen Mary တို့ထက်ပိုမိုကောင်းမွန်တဲ့ ဇိမ်ခံသ င်္ဘောဆိုတာ ကမ္ဘာပေါ်မှာမရှိခဲ့ပါဘူး။ SS Normandie ရဲ့ပထမဆုံးသောရေကြောင်းခရီးစဉ်မှာပဲ အတ္တလနိတ်သမုဒ္ဒရာကို အမြန်ဆုံးကျော်ဖြတ်နိုင်ခဲ့တဲ့ ပင်လယ်ကူးသင်္ဘောအဖြစ် ဖဲကြိုးပြာတွေနဲ့ အမေရိကန် နယူးယောက်ဆိပ်ကမ်းမှာ ဂုဏ်ပြုပေးခြင်းခံခဲ့ရပါတယ်။

အမေရိကန်ဆိပ်ကမ်းမှာပြုလုပ် ခဲ့တဲ့ SS Normandie ရဲ့ဂုဏ်ပြုပွဲကိုတက်ရောက်သူဦးရေဟာ (၁၀၀၀၀၀)နီးပါးရှိခဲ့ပြီး ပထမဆုံးခရီးစဉ်မှာတော့ Le Havre ဆိပ်ကမ်းကနေ နယူး ယောက်ဆိပ်ကမ်းကို (၄)ရက်၊(၃)နာရီနဲ့ (၁၄)မိနစ် နဲ့ရောက်အောင် ခုတ်မောင်းနိုင်ခဲ့ပါတယ်။ ဒီသင်္ဘောကြီးရဲ့ ပထမဆုံးသော ခရီးသည်ကတော့ အင်္ဂလိပ်လူမျိုးဓာတ်ပုံဆရာ Percy Byron ဆိုသူဖြစ်ပြီး SS Normandieရဲ့ပထမဆုံးသော ခရီးစဉ်အကြောင်းကို ဓာတ်ပုံ ရိုက်မှတ်တမ်းတင်ပေးခဲ့တဲ့အပြင် ကြီးကျယ်ခန်းနားတဲ့ သင်္ဘောBကီးရဲ့ အတွင်းပိုင်းအ ပြင်အဆင်များစွာကိုလည်း ဓာတ်ပုံပညာနဲ့ ကမ္ဘာမီဒီယာတွေထံကို ချပြနိုင်ခဲ့ပါတယ်။

Byron ရဲ့ဓာတ်ပုံတွေအရ SS Normandieရဲ့အခမ်းနားဆုံးသောအပိုင်းဟာ ကပွဲဆောင် ခမ်းမဖြစ်ပြီး ယင်းအဆောင်ရဲ့တံခါးမကြီးတွေဟာ ပေ(၂၀)လောက်အမြင့်ရှိပြီး အတွင်း ပိုင်းမှာတော့ ပြင်သစ်လူမျိုးမှန်အလှဆင်ပညာရှင် Lalique ရဲ့ မီးဆိုင်းပဒေသာကြီးတွေ၊ ဖန်သားတွေစီခြယ်ထားတဲ့ ထောက်တိုင်ကြီးတွေနဲ့ တန်ဖိုးကြီးပရိဘောဂတွေဟာ အလွန်ခမ်းနားလှတာကိုတွေ့ရပါတယ်။

ဒါအပြင် ဘူဖေးစတိုင်ပြင်ဆင်ထားတဲ့ စားသောက်ခန်းနေရာတွေကိုလည်း တွေ့ရမှာ ဖြစ်ပြီး တန်ဖိုးမြင့်အရက်တွေ အစီအရီထားရှိတဲ့ အရက်ဘားတွေကို SS Normandie ပေါ်မှာမြင်တွေ့နိုင်ပါတယ်။ အရက်ဘားတွေမှာ ယမကာဖျော်စပ်သူ ဝန်ထမ်းတွေလည် ထားရှိပြီး တစ်ခါသောက်သုံးရင် တစ်ငုံစာမျှရှိတဲ့ အရက်ကို ဖန်ခွက်ရှည်တွေနဲ့ ဝန် ဆောင်မှုပေးထားပါတယ်။

သင်္ဘောပေါ်မှာရှိတဲ့ ရေကူးကန်တွေဟာလည်း အလွန်အဆင့်အတန်း မြင့်မားတာကို ဓာတ်ပုံတွေကနေသိရှိရပြီး ရေကူးသင်တန်းဆရာတွေကိုတောင် ထားရှိ ပြီး ရေကူးသင်လိုသူခရီးသည်တွေအတွက် အခမဲ့ဝန်ဆောင်မှုပေးပါတယ်။ ဒါအပြင် အားကစားခန်းမတွေအထိ ထည့်သွင်းတည်ဆောက်ထားတာကိုတွေ့ရပြီး ခရီးသည် အမျိုးသမီးတွေအတွက် ကိုယ်ကာယကြံ့ခိုင်ရေးနည်းပြတွေထားရှိပေးထားပြီး အမျိုး သားတွေအတွက် အပျော်တမ်းလက်ဝှေလေ့ကျင့်ရေး ကိရိယာတွေအထိ အခမဲ့အသုံး ပြုခွင့်ပေးထားတာကိုတွေ့ရပါတယ်။

ခွေး၊ကြောင်စတဲ့ အိမ်မွေးတိရိစ္ဆာန်သယ်ဆောင်လာတဲ့ ခရီးသည်တွေအတွက် လှောင် အိမ်ပါရှိတဲ့ သီးသန့်နေရာတွေဖန်တီးပေးထားပြီး အစားအစာကျွေးမွေးရေး အစီစဉ်တွေကိုပါ သင်္ဘောဝန်ထမ်းတွေက ဆောင်ရွက်ပေးပါတယ်။ ဒါအပြင် ကျန်းမာရေးဆိုင်ရာ ဆေးခန်း၊သွားဘက်ဆိုင်ရာဆေးခန်းအပြင် ဆံပင်ညှပ်ဆရာတွေအထိ SS Normandie ဇိမ်ခံသင်္ဘောအတွင်း ထားရှိဝန်ဆောင်မှုပေးခဲ့ပါတယ်။ ဒါအပြင်ကလေးတွေအတွက် လည်းကလေးကစားကွင်းတစ်ခုကို သင်္ဘောပေါ်မှာဖန်တီးထားပေးခဲ့ပါတယ်။

SS Normandie ဇိမ်ခံသင်္ဘောမှာ စုစုပေါင်းဝန်ထမ်း(၁၃၄၅)ယောက်တာဝန်ထမ်း ဆောင်ခဲ့ပြီး ဝန်ထမ်းအများစုဟာ သင်္ဘောကုန်းပတ်လည်မှာပဲခရီးသည် (၁၉၇၂) ယောက်အတွက် လိုအပ်တဲ့ ဝန်ဆောင်မှုတွေကိုပြုလုပ်ပေးလေ့ရှိပါတယ်။

ယခုတွေ့ရှိရတဲ့ SS Normandieရဲ့ပုံတွေရဲ့မူရင်းဟာ ကာလအတော်ကြာအောင် ပျောက်ကွယ်နေရာမှ ဖုံအထပ်ထပ်အနေအထားနဲ့ အင်္ဂလန်နိုင်ငံ ၊ Kent ကောင်တီဒေသ အတွင်းက လေလံတင်ရောင်းချမဲ့ပစ္စည်းတွေအတွင်းကနေ ပြန်လည်တွေ့ရှိခဲ့ပါတယ်။ မူရင်းဓာတ် ပုံပေါင်း(၆၀)လောက်ရှိပြီး ပိုင်ရှင်ဖြစ်သူ Tony Prattဟာ (၁၉၇၀)လောက်ကတည်းက ဒီအယ်ဘမ်ကိုဝယ်ယူထားခဲ့တယ်လို့ဆိုပါတယ်။

ဝယ်ယူစဉ်တည်းက အနက်ရောင်ဓာတ်ပုံအယ်ဘမ်တစ်ခုအဖြစ်အနေနဲ့ပဲ သိရှိထားပြီး သူ ယူရို(၆၀၀) နဲ့လေလံတင်ရောင်းချမဲ့ ရှေးဟောင်းပစ္စည်းတွေအတွင်းပါဝင်တဲ့ ကြေငြာသင်ပုန်းတစ်ခုအတွင်းမှာ ဒီအယ်ဘမ်ဟာ ရှိနေခဲ့တာပါ။ အဲဒီပုံတွေအားလုံး အင်္ဂလိပ်ဓာတ်ပုံဆရာ Byron ရဲ့လက်ရာတွေ ဖြစ်ပြီး အချို့သောပုံတွေကတော့ နယူးယောက်ပြတိုက်အတွင်းမှာ ယနေ့အချိန်ထိ ပြသထားပါတယ်။

မှတ်တမ်းမှတ်ရာတွေကပြောတဲ့ SS Normandie ရဲ့ခမ်းနားမှုတစ်ခုကတော့ သင်္ဘောအတွင်းမှာပဲ တည်ရှိတဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းပဲဖြစ်ပါတယ်။ ကျောင်းနံရံတွေပေါ်မှာ ရှေးဟောင်းအနုပညာလက်ရာမျိုးစုံခြယ်သထားတာကိုတွေ့ရပြီး ကြီးမားတဲ့မီးဆိုင်းကြီးတွေအပြင် ပြင်ပအလင်းရောင်တိုက်ရိုက်ကျရောက်နိုင်အောင် မှန်အကြည်တွေကို ဘုရားကျောင်းရဲ့နေရာအချို့မှာကာရံထားပါတယ်။

ဒုတိယကမ္ဘာစစ်မစတင်မီလအနည်းငယ်အလိုမှာတော့ပြင်သစ်နိုင်ငံနဲ့နီးစပ်စွာရှိနေတဲ့ ဂျာမနီနိုင်ငံရဲ့ အန္တရာယ်ကြောင့် SS Normandie ကိုအမေရိကန် အစိုးရကလက်လွဲယူခဲ့ပြီး စစ်သားတွေတင်ဆောင်ရာမှာအသုံးပြုဖို့ရည်ရွယ်ခဲ့ပါတယ်။ ယင်းအချိန်ထိ ဒီသင်္ဘောကြီးဟာ ပြင်သစ်ကနေ အမေရိကန်ပြည်ထောင်စုကို ခရီးစဉ်ပေါင်း (၁၃၉)ကြိမ်လောက်ပြေးဆွဲနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။

ပုလဲဆိပ်ကမ်းတိုက်ခိုက်မှုကိုခံရချိန်ပြီးမှာတော့ အမေရိကန်ပြည်ထောင်စုဟာ စစ်အတွင်း ဝင်ရောက်လာခဲ့ပြီး SS Normandieကိုလည်း USS Lafayette လို့အမည် ပြောင်းခဲ့ပါတယ်။ ယင်းနောက်အမေရိကန်စစ်သည်များစွာကို SS Normandie တစ်ဖြစ် လည်း USS Lafayette ကိုအသုံးပြုပြီး ဥရောပစစ်မြေပြင်ကိုပို့ဆောင်နိုင်ဖို့ အမေရိကန် ရေတပ်တာဝန်ရှိသူတွေက စီစဉ်ခဲ့ပါတယ်။

ဒါပေမဲ့ သူတို့ရဲ့အကြံအစဉ်ဟာလက်တွေ့မှာတော့ အကောင်အထည်ဖော်နိုင်ခဲ့ခြင်း မရှိပါဘူး။ (၁၉၄၂)ခုနှစ်၊ဖေဖော်ဝါရီရောက်ချိန်မှာတော့ SS Normandie ဟာစစ်ဘက်ဆိုင်ရာရေယာဉ် အနေနဲ့လိုအပ်တဲ့ပြင်ဆင်မှုတွေကိုပြုလုပ်ရန် အမေရိကန်နယူးယောက်ဆိပ်ကမ်းမှာလာရောက်ရပ်နားခဲ့ချိန်မှာပဲ မီးလောင်ခဲ့ပါတယ်။

လောင်ကျွမ်းမှုဟာ ဂဟေဆော်သမားတစ်ဦးရဲ့ပေါဆမှုကြောင့် ဖြစ်ပြီး ဒီမီးဟာအသက်ကယ်အကျီတွေထားရှိရာ အဝတ်ပုံ ထဲကိုကူးစောက်လောင်ကျွမ်းခဲ့ပြီး ယင်းကနေလောင်စာဆီထားရှိတဲ့နေရာတွေအထိပျံ့နှံ့ကာ ကြီးမားတဲ့ မီးလောင် ကျွမ်းမှုကြီး ဖြစ်ခဲ့ပြီး သင်္ဘောကြီးဟာ ဆက်လက်သုံးစွဲ လို့မရအောင်ကို ပျက်စီးခဲ့ပါတယ်။ မီဒီယာတွေမှာတော့ မီးလောင်သွားခဲ့တဲ့ ရေပေါ်နန်းတော်အဖြစ် ဖော်ပြကြပါတယ်။

အမေရိကန်အာဏာပိုင်တွေအနေနဲ့ ဒီသင်္ဘောပျက်ကြီးကိုပြန်လည်ပြင်ဆင်ဖို့ မူလကရည်မှန်းထားခဲ့ပေမယ့် စစ်ပြီးကာစပျက်စီးမှုတွေ ဖြစ်ခဲ့တဲ့ ကမ္ဘာတလွှားစီးပွားရေးဈေးကွက်နဲ့ ယင်းအချိန်က ပြိုလဲသွားတဲ့ အဓိကမဟာမိတ် တွေဖြစ်တဲ့ ပြင်သစ်၊အင်္ဂလန်တို့ကို ကူညီနေရတာကြောင့် နောက်ပိုင်းမှာလက်လျော့ခဲ့ ပါတယ်။ ဒါအပြင် SS Normandieကိုပြန်လည်ပြင်ဆင်ရာမှာလည်း ဒေါ်လာသန်းနဲ့ချီ ကုန်ကျမှာဖြစ်ပြီး မွမ်းမံပြီးစီးပါကလည်း တွက်ခြေကိုက်လောက်အောင်ပြေးဆွဲနိုင်မဲ့ ခရီးလမ်း မရှိတာကြောင့် (၁၉၄၆)ခုနှစ် အောက်တိုဘာလမှာ SS Normandie ရဲ့အစိတ်အပိုင်း သံထည်အားလုံးကို ဖြုတ်သိမ်းပြီးရောင်းချခဲ့ပြီးတဲ့နောက် ရေပေါ်နန်းတော်ကြီးဟာ ပျောက်ကွယ်သွားခဲ့ရပါတော့တယ်။

VIDEO

သုတဇုန္

Ref : Daily Mail

Tags: world historyworld knowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!