Sunday, April 18, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

မာယာရှေးဟောင်း ဘုရားကျောင်းအောက်က လျို့ဝှက်မြေအောက်လမ်းကို ရှာဖွေတွေ့ရှိ

by Thutamm
July 26, 2019
Reading Time: 1min read
0
မာယာရှေးဟောင်း ဘုရားကျောင်းအောက်က လျို့ဝှက်မြေအောက်လမ်းကို ရှာဖွေတွေ့ရှိ
Share on FacebookShare on Twitter

ကမ္ဘာပေါ်က ထူးခြားတဲ့လူမျိုးစုတစ်စုဖြစ်တဲ့ မာယာလူမျိုးတွေရဲ့မြို့တော် Chichen Itza မှာရှိတဲ့ ကူကူတန်ကျောင်းတော်အောက်မှာ မြေအောက်လျို့ဝှက်လမ်းကြောင်းတစ်ခုကို သုတေသနပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ Chichen Itza မြို့ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၄၀၀ ဝန်းကျင်က အလွန်စည်ကားခဲ့တဲ့မာယာတွေရဲ့မြို့ဖြစ်ပြီး လက်ရှိအချိန်မှာတော့ မက္ကဆီကိုနိုင်ငံ ယူကာတန်ကျွန်းဆွယ်မှာတည်ရှိနေပါတယ်။ သမိုင်းထဲက ထူးဆန်းစွာပျောက်ဆုံးသွားတဲ့ မာယာလူမျိုးတွေဟာ အဆောက်အအုံတွေလွဲလို့ ဘာမှတ်တမ်းမှတ်ရာမှ မထားခဲ့တာကြောင့် အခုရှာဖွေတွေ့ရှိမှုကနေ မာယာလူမျိုးတွေရဲ့ သမိုင်းအချက်အလက်တွေကိုတွေ့ရမလားဆိုတာကတော့ စိတ်ဝင်စားစရာပါ။

အခုတွေ့ရတဲ့ လမ်းကြောင်းဟာ ကူကူတန်ကျောင်းတော်အောက် မြေအောက်လိုဏ်ဂူထဲကို ဆက် သွယ်ပေးထားတဲ့ လျှို့ဝှက်လမ်းကြောင်း ဖြစ်ပြီး ရှေးဟောင်းသုတေသီ Guillermo de Anda နဲ့ အဖွဲ့က lidar လို့အမည်ရတဲ့ ပုံ ရိပ်ဖော်နည်းပညာတွေကို အသုံးပြုပြီး ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ Lida နည်းပညာဟာ လျှပ်စစ်သံလိုက်လှိုင်း အချက်ပြတဲ့ ရေဒါစနစ်အသုံးပြုထားတဲ့ နောက်ဆုံးပေါ်ပုံရိပ်ဖော်နည်းပညာတစ်ခုဖြစ်ပါတယ်။

ရေတွေပြည့်နေတဲ့ လိုဏ်ဂူ တွေဖြစ်ပြီး မာယာလူမျိုးတွေရဲ့ ရှေး ဟောင်း အမွေအနှစ်တွေ အထောက်အထားတွေ ရှိနေဖို့ ရှေးဟောင်းသုတေသီတွေက မျှော် လင့်နေကြပါတယ်။ ရှာဖွေသူတွေဟာ လောလောဆယ်မှာတော့ ဒီလျို့ဝှက်လမ်းကြောင်းရဲ့ ဝင်ပေါက်ကိုရှာဖွေလျှက်ရှိပါတယ်။ ဦးဆောင်သူ ဒေါက်တာ de Anda ကတော့ ဝင်ပေါက်တွေကို မာယာလူမျိုးတွေကိုယ်တိုင် ပိတ်ခဲ့တာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

သုတေသနပညာရှင်တွေဟာ နှစ်သက်တမ်း ၁၀၀၀ ကျော်ပြီဖြစ်တဲ့ ဒီကျောင်းတော်အနီးက တွင်းပေါက်ကြီးကို ၂၀၁၅ခုနှစ်တည်းက တွေ့ခဲ့တာဖြစ်ပြီး လျို့ဝှက်လမ်းကိုတော့ အခုမှရှာဖွေနိုင်ခဲ့ကြတာပါ။ တွင်းပေါက်ကြီးဟာ အနက် ပေ ၁၁၄ ပေ ရှိပါတယ်။ ကူကူတန်ကျောင်းတော်ကို ကူကူတန်ပိရမစ် (သို့) El Castillo လို့လည်းခေါ်ကြပါသေးတယ်။

မြေအောက်မြစ်တစ်စင်းကြောင့် ကျောင်း တော်အောက်လိုဏ်ဂူတွင်းမှာ တစ်ချိန်က ရေတွေ ပြည့်နှက်နေခဲ့တာဖြစ်ပါတယ်။ ဒီမြေအောက်မြစ်ကြောင့် ကူကူကန် ကျောင်းတော်ကြီးရဲ့တည်တံ့မှုအတွက်စိုးရိမ်နေရပြီး အချိန်မရွေး ပြိုကျသွားနိုင်တဲ့အခြေအနေဖြစ်ခဲ့ရတာ လို့ သုတေသီတွေက သုံးသပ်ကြပါတယ်။ မြေအောက်မြစ်ဟာ ကျောင်းတော်ကြီးရဲ့အောက် အနက် ၆၅ပေမှာ ရှိနေတာဖြစ်ပါတယ်။ ဒါ့အပြင် ဒီပိရမစ်ကြီးရဲ့အောက်ဘက်မှာ ပိရမစ်ငယ်တစ်ခုရှိနေတာကိုလည်း သုတေသနပညာရှင်တွေဟာ ၁၉၃၀ခုနှစ်တည်းက သိထားပြီးဖြစ်ပါတယ်။

VIDEO


မာယာရှေးဟောင်း ဘုရားကျောင်းအောက်က လျို့ဝှက်မြေအောက်လမ်းကို ရှာဖွေတွေ့ရှိ (unicode)

ကမ္ဘာပေါ်က ထူးခြားတဲ့လူမျိုးစုတစ်စုဖြစ်တဲ့ မာယာလူမျိုးတွေရဲ့မြို့တော် Chichen Itza မှာရှိတဲ့ ကူကူတန်ကျောင်းတော်အောက်မှာ မြေအောက်လျို့ဝှက်လမ်းကြောင်းတစ်ခုကို သုတေသနပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ Chichen Itza မြို့ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၄၀၀ ဝန်းကျင်က အလွန်စည်ကားခဲ့တဲ့မာယာတွေရဲ့မြို့ဖြစ်ပြီး လက်ရှိအချိန်မှာတော့ မက္ကဆီကိုနိုင်ငံ ယူကာတန်ကျွန်းဆွယ်မှာတည်ရှိနေပါတယ်။ သမိုင်းထဲက ထူးဆန်းစွာပျောက်ဆုံးသွားတဲ့ မာယာလူမျိုးတွေဟာ အဆောက်အအုံတွေလွဲလို့ ဘာမှတ်တမ်းမှတ်ရာမှ မထားခဲ့တာကြောင့် အခုရှာဖွေတွေ့ရှိမှုကနေ မာယာလူမျိုးတွေရဲ့ သမိုင်းအချက်အလက်တွေကိုတွေ့ရမလားဆိုတာကတော့ စိတ်ဝင်စားစရာပါ။

အခုတွေ့ရတဲ့ လမ်းကြောင်းဟာ ကူကူတန်ကျောင်းတော်အောက် မြေအောက်လိုဏ်ဂူထဲကို ဆက် သွယ်ပေးထားတဲ့ လျှို့ဝှက်လမ်းကြောင်း ဖြစ်ပြီး ရှေးဟောင်းသုတေသီ Guillermo de Anda နဲ့ အဖွဲ့က lidar လို့အမည်ရတဲ့ ပုံ ရိပ်ဖော်နည်းပညာတွေကို အသုံးပြုပြီး ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ Lida နည်းပညာဟာ လျှပ်စစ်သံလိုက်လှိုင်း အချက်ပြတဲ့ ရေဒါစနစ်အသုံးပြုထားတဲ့ နောက်ဆုံးပေါ်ပုံရိပ်ဖော်နည်းပညာတစ်ခုဖြစ်ပါတယ်။ ရေတွေပြည့်နေတဲ့ လိုဏ်ဂူ တွေဖြစ်ပြီး မာယာလူမျိုးတွေရဲ့ ရှေး ဟောင်း အမွေအနှစ်တွေ အထောက်အထားတွေ ရှိနေဖို့ ရှေးဟောင်းသုတေသီတွေက မျှော် လင့်နေကြပါတယ်။ ရှာဖွေသူတွေဟာ လောလောဆယ်မှာတော့ ဒီလျို့ဝှက်လမ်းကြောင်းရဲ့ ဝင်ပေါက်ကိုရှာဖွေလျှက်ရှိပါတယ်။ ဦးဆောင်သူ ဒေါက်တာ de Anda ကတော့ ဝင်ပေါက်တွေကို မာယာလူမျိုးတွေကိုယ်တိုင် ပိတ်ခဲ့တာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

သုတေသနပညာရှင်တွေဟာ နှစ်သက်တမ်း ၁၀၀၀ ကျော်ပြီဖြစ်တဲ့ ဒီကျောင်းတော်အနီးက တွင်းပေါက်ကြီးကို ၂၀၁၅ခုနှစ်တည်းက တွေ့ခဲ့တာဖြစ်ပြီး လျို့ဝှက်လမ်းကိုတော့ အခုမှရှာဖွေနိုင်ခဲ့ကြတာပါ။ တွင်းပေါက်ကြီးဟာ အနက် ပေ ၁၁၄ ပေ ရှိပါတယ်။ ကူကူတန်ကျောင်းတော်ကို ကူကူတန်ပိရမစ် (သို့) El Castillo လို့လည်းခေါ်ကြပါသေးတယ်။ မြေအောက်မြစ်တစ်စင်းကြောင့် ကျောင်း တော်အောက်လိုဏ်ဂူတွင်းမှာ တစ်ချိန်က ရေတွေ ပြည့်နှက်နေခဲ့တာဖြစ်ပါတယ်။ ဒီမြေအောက်မြစ်ကြောင့် ကူကူကန် ကျောင်းတော်ကြီးရဲ့တည်တံ့မှုအတွက်စိုးရိမ်နေရပြီး အချိန်မရွေး ပြိုကျသွားနိုင်တဲ့အခြေအနေဖြစ်ခဲ့ရတာ လို့ သုတေသီတွေက သုံးသပ်ကြပါတယ်။ မြေအောက်မြစ်ဟာ ကျောင်းတော်ကြီးရဲ့အောက် အနက် ၆၅ပေမှာ ရှိနေတာဖြစ်ပါတယ်။ ဒါ့အပြင် ဒီပိရမစ်ကြီးရဲ့အောက်ဘက်မှာ ပိရမစ်ငယ်တစ်ခုရှိနေတာကိုလည်း သုတေသနပညာရှင်တွေဟာ ၁၉၃ဝခုနှစ်တည်းက သိထားပြီးဖြစ်ပါတယ်။

 

Tags: newsworld places

Related Posts

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ
news

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ

ဒီတပတ်တော့ ပလပ်စတစ်ကို ခြေဖျက်တဲ့ bacterial cocktail လို့ခေါ်တဲ့ ရောနှောဘက်တီးရီးယားကို ဟန်ဂေရီက ဇီဝဓါတုပညာရှင် ၂ ဦး ဖန်တီးလိုက်တဲ့ အကြောင်း ပြောပြပေးပါမယ်။ Liz Madaras။ ။ “ကျမတို့က Poliloop ကုမ္ပဏီကို...

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်
Places

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်

ဟိုတယ် ဆိုတာဟာ အပန်းဖြေ နားခိုဖို့အပြင် အစားအစာနဲ့ အခြားဝန်ဆောင်မှုတွေ ရရှိနိုင်တဲ့ နေရာတခုဆိုတာ အားလုံးသိပြီးသားပါ။ ဟိုတယ်တွေဟာ အလွန်ဆုံးအနေနဲ့ ဒီဘက် ရာစုနှစ်တွေမှာမှ စတင်ပေါ်ပေါက်လာတာ လို့ ထင်စရာရှိပေမယ့် ကမ္ဘာပေါ်က အစောဆုံးဟိုတယ်အဖြစ် သတ်မှတ်ခံထားရတဲ့ ဒီဟိုတယ်ကတော့...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ
Knowledge

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ

အရင်တခါကတော့ ကမ္ဘာ့အကြီးဆုံး ဘောလုံးကွင်းကြီး ၁၀ ခု ရဲ့ အကြောင်းကို တင်ခဲ့ပြီးပါပြီ။ ဒီတခါတော့ ပရိသတ်ဝင်ဆံ့မှုအရ ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီး ၅ ခုရဲ့ အကြောင်း ကို ထပ်ပြီးတော့ ဝေမျှလိုက်ပါတယ်။ အားကစား ဆိုတဲ့အတွက်ကြောင့်...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!