Witten By Yar Zu
မန်နီကို ၁၉၇၈ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ဖိလစ်ပိုင်ကျွန်းစု တောင်ပိုင်းက General Santos City Sarangani Province မှာမွေးဖွားခဲ့တယ်။ သူ့ကို မွေးတော့ ဖာဒီနန်မားကို့စ်ဆိုတဲ့အာဏာရှင်ကြီးက စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်နေချိန် တောင်ပိုင်း ဖိလစ်ပိုင်းကျွန်းစုတွေမှာသူပုန်ထ ကောင်းနေပြီးတစ်တိုင်းပြည်လုံး ဆင်းရဲမွဲတေ သွေးထွက်သံယိုမှုတွေ နေရာအနှံ့ပြားဖြစ်နေချိန်မှာပါ။
ခလေးတွေ အများကြီး မွေးပြီး တံငါရွာကလေးက တောထဲက အုန်းလက်ကလေးတွေနဲ့ကာရံထားတဲ့ တဲစုပ်ကလေးမှာ မွေးချင်းတွေ အများကြီး (၈ယောက်နဲ့ ) မန်နီတစ်ယောက် ထမင်းအကြိမ်ကြိမ်ငတ်ခဲ့တယ်။ သူ့အဖေက သူတို့ကို သိတ်ပြန်မကြည့်လို့ သူ့အမေနဲ့အတူ မိသားစု အတွက်သူက တာဝန် ကို ငယ်ငယ်လေးနဲ့ ယူခဲ့ရတဲ့သူပါဘဲ။ သူပြန်သွားကြည့်တော့ သူတို့နေအိမ်လေးမရှိတော့ပါဘူး။
တံငါရွာလေး မှာ တစ်နေကုန် ငါးပိုက်တန်းတွေ မှာ ပင်ပင်ပန်းပန်းပိုက်ဆွဲ မှ အိမ်အပြန်ငါးတစ်ချို့ကို လုပ်အားခအဖြစ်ရခဲ့အရွယ်လောက်ကထဲက အမေအားကိုးရတယ်လူလေး မန်နီပါဘဲ။ ၆တန်းအရောက်မှာတော့ ကျောင်းဆက်မတက်နိုင်တော့လို့ မန်နီကျောင်းထွက်ပြီး ညီအစ်မောင်နှမတွေအတွက် လမ်းဘေးမှာ ဒိုးနပ်တွေ လိုက်ရောင်း ရင်း အသက်မွေးဝမ်းကျောင်းခဲ့ပြန်တယ်။ ဒါပေမဲ့ ပိုမိုဆင်းရဲလာလို့ နေစရာမရှိတော့တာနဲ့ နောက်ဆုံး ဦးလေး နေအိမ် လေးကို သူတို့အားလုံးပြောင်းရွှေ့ခဲ့ကြပြန်ပါတယ်။
အဲဒီမှာ ကျောင်းမထားနိုင်လို့ မန်နီကို ၁၂နှစ်သား အရွယ်မှာ သူ့ဦးလေးက လက်ဝှေ့စထိုးသင်ပေးခဲ့ရာကနေ အစပြုတယ်ပြောရမယ် ။ အဝတ်စုတ်တွေနဲ့ လုပ်ထားတဲ့ လက်ဝှေ့အိပ်ကလေးတွေကိုသူ့ဦးလေးက ယနေ့ထက်တိုင် အမှတ်တရ သိမ်းထားဆဲပါဘဲ။ သူက သက်လုံကောင်းဘို့ အပြေးလေ့ကျင့်ချိန်မှာ ဖိနပ်မပါဘဲ ပြေးခဲ့ရတဲ့အထိ ဒူပေဒဏ်ပေခံနိုင်ခဲ့တယ်။
တနင်္ဂနွေ နေ့လေး တစ်ရက် ပန်းခြံထဲက အားကစားပွဲ လက်ဝှေ့ပွဲမှာ ဦးလေးက နာမည်စာရင်းပေးခဲ့တော့ မန်နီဝင်ထိုးဖြစ်တယ် ဒီပွဲမှာလဲ ပြိုင်ဘက်တွေကို အပြတ်စော် ပြီး ပထမဆုံး နိုင်တဲ့ ပွဲမှာ ဆုကြေး 100 peso (USD 2 dollar) သာ ရခဲ့တာပါ ။ အဲဒီနောက်ပိုင်း အနိုင်နဲ့ ငွေကြေး ကို သူ အရသာတွေ့လာတယ်။ မန်နီ ဆက်တိုက် နိုင်လာတယ်။ မှတ်မှတ်ရရ Mindanao Open မှာ တစ်ပတ်လုံးလုံး သူတစ်ယောက်ပြီးတစ်ယောက် ကို သူစိန် ခေါ် ထိုးသတ် အောင် နိုင်ခဲ့တယ်။ သူပထမဆုံး ရွှေတံဆိပ်ဆုရခဲ့တာပါဘဲ။
ဘဝမှာမျှော်လင့်ချက်နည်းတော့ လက်ဝှေ့ဟာ သူနဲ့ သူအမေ မိသားစု တို့ဘ၀ ကို ဆင်းရဲတွင်းကလွတ်စေမယ်လို့သူယုံကြည်ခဲ့တယ်။ အသက် ၁၃နှစ် အရွယ်မှာတော့ သူတို့ င်္မေးရပ်ကနေ ၃ရက်ကျော်ကြာမောင်းသွားရတဲ့ ပြည်တွင်း ကုန် သင်္ဘောလေးပေါ်မှာ ခိုးလိုက်ခဲ့ရင်း မြို့တော်မနီလာကို သူထွက်ခွာခဲ့တော့တယ်။ ပိုက်ဆံတစ်ပြားမှမပါ လို့ ထမင်းစားစရာတောင်မရှိတဲ့မန်နီတစ်ယောက် မြို့ပေါ်ရောက်တော့ မော်တော်ကားတစ်ခါမှ မမြင်ဘူးလို့ အရမ်းကြောက်လန့်ခဲ့ရသလို ။ TV လဲမမြင်ဘူး တော့ TV အနောက်ဘက် က အပေါက်လေး ချောင်းကြည့်ရတဲ့ အဖြစ်ပါဘဲ။ နေစရာမရှိတော့ ညနေ သူများတွေ အိမ်ပြန်ချိန်မှာ Boxing Ring ကြိုးဝိုင်း လေ့ကျင့်ကွင်းမှာ ညအိပ်ဘို့ ကပ်နေခဲ့တယ်။
မာမား သားတော့ အမေ့မသိအောင် မနီလာကို ခိုးထွက်လာပြီ ရှင်သန်နေပါတယ်။ သားတို့ မိသားစု ဆင်းရဲတွင်းက လွတ်စေမယ်။ ခွင့်တောင်းရင် အမေက ပေးသွားမှာ မဟုတ်လို့ သား ခိုးထွက်လာတာကို ခွင့်လွှတ်ပါ လက်ဝှေ့ထိုးရင်း ငွေရှာမယ် လို့ အမေ့ဆီရေးတဲ့စာကို ရမှ သူ့အမေခင်ဗျာ သိတတ်တဲ့ သားလေး အတွက် စိတ်ပူ သောက ဖြစ်ရရှာတယ်။
သူ့ကို ပထမဆုံး လေ့ကျင့် ပေးတဲ့ဆရာ ကပြောတယ်။ မန်နီက ဘာမှစဉ်းစားမနေတတ်ဘူး နိုင်ဘို့ဘဲ ။ နည်းစနစ်လဲ ဘေးချိတ်ပြီး ဘဲလ်တီးတာနဲ့ ဒေါသပုန်ထ ပြိုင်ဘက်ကို ဆက်တိုက် သူ့ရဲ့လျင်မြန်လွန်းတဲ့လက်သီးတွေတစ်ရစပ် ပစ်သွင်း ထိုးသတ်တာကိုပြိုင်ဘက်တော်တော်များများတောင့်မခံနိုင်ဘဲ လဲကုန်ကြတာဘဲလို့ဆိုပါတယ်။ သူ့ကို ကြေးစား ဘ၀ ရောက်ဘို့ရာ ထိုးသတ်ခွင့်လိုင်စင်ကို လုပ်ချိန်မှာ လိုအပ်ချက်က အသက် ၁၈နှစ်ပြည့်ပြီး ပေါင်ချိန် ၁၀၈ပေါင် အနည်းဆုံးရှိရမဲ့ အချိန်မှာ မန်နီက ၁၆နှစ်သား လူဗလံ ၉၈ပေါင်သာ ရှိပါတယ်။ တောနယ်လေးမှာမွေးလို့ မွေးစာရင်းမရှိသူ မန်နီက ၁၈နှစ်သားလို့လိမ်ပြီး ပေါင်ချိန်တိုင်း ဘောင်းဘီအိပ်ထဲ အလေးတွေထည့်ပြီး လိမ်ခဲ့ပြီး စောစောစီးစီး ကြိုးဝိုင်းထဲဝင်လာသူ မန်နီဟာ သူ့ထက် အကောင်ကြီးသူတွေ တိုင်းကို ဖြိုခဲ့ရာကနေ ဖိလစ်ပိုင် ပြည်တွင်း လက်ဝှေ့ ပွဲတွေမှာ ပက်ကရောင်း ပက်ကရောင်း နဲ့ နာမည်ကြီးလာပါတယ်။
သူ ၁၉ နှစ် အရွယ်မှာ OPBF Champion ဖြစ်လာတယ်။ ချန်ပီယံဖြစ်ချိန်မှာတော့ သူ့ဇနီးဖြစ်လာမဲ့Jinkee နဲ့ ချစ်သူဘ၀ ရောက်နေပါပြီ။ ကျမ မိသားစု က မေးတယ် လက်ဝှေ့သမားတစ်ယောက်က မင်းကို ဘယ်လို လူတစ်လုံး သူတစ်လုံးဖြစ်စေမလဲဆိုတဲ့ မေးခွန်း ကို မဖြေနိုင်ခဲ့ဘူး။ သူမ ပထမဆုံး လာကြည့်ဖြစ်ချိန်မှာ သူတို့ အိမ်ထောင်မကျသေးပေမဲ့ ကိုယ်ဝန် ကတော့ ၆လလွယ်ထားနေပါပြီ အစပိုင်းမှာ ထိုးသတ်နေတာတွေကို မကြည့်ရဲတဲ့Jinkee ဟာ နောက်ပိုင်းမှာတော့ နေ့တိုင်း လေ့ကျင့်ရေးကွင်းကို ယောက်ကျားဖြစ်သူနဲ့ အတူတူလိုက်ပါမြဲလိုက်ပါခဲ့ပါတယ်။
ဖိလစ်ပိုင်မှာ ထိုးသတ်စရာ လူကုန်သွားချိန်မှာတော့ သူ့မန်နေဂျာနဲ့ အဖွဲ့ဟာ ရွေးချယ်စရာ အမေရိက ကိုသာ ဦးတည်လိုက်ကြပါတော့တယ်။ အဲဒီမှာ နိုင်ငံတစ်ကာဝင်ဆန့်ဘို့ သူ့ မန်နေဂျာ Rod Nazario က Trainer ကောင်းကောင်းကို လိုက်ရှာရင်းနဲ့ နောက်ဆုံးမှာတော့ Los Angeles (L.A) Wildcard Boxing Club မှာ ကိုယ်တိုင်ထိုးသတ် အောင်မြင်ခဲ့သူ Freddie Roach
နဲ့ တွေ့တယ်။ Boxing မှာ နောက်ထပ် မိုဟာမက် အလီ လိုကောင် ထပ် မပေါ်နိုင်ဘူး လို့ ဘယ်သူမှမပြောနိုင်ဘူးလို့ ငါက ပြောနေတုန်း မှာဘဲ ငါတို့ ကြိုးဝိုင်းကို လူကောင်သေးသေး အသားညိုညို အာရှသား ကောင်လေးရောက် လာတယ်။
Freddie က လက်ဝှေ့သမားတွေရဲ့ ထိုးသတ်ရာ Punch တွေကို လက်အိပ် Mitts လက်ခံ လေ့ကျင့်တာ တော်တယ်လို့နာမည် ကြီးတာနဲ့ မန်နီနဲ့ ဖရက်ဒီတို့ စမ်းကြချိန်မှာ ၁၀ မိနစ်အတွင်းမှာ သူတို့၂ဦး ငယ်ပေါင်းကြီးဖော် ညီရင်းအစ်ကိုသဖွယ် ရင်းနှီးသွားကြတာ က လဲ မန်နီပြောသလို ဘုရားသခင်ရဲ့ အလိုတော်အတိုင်းလို့ဆိုရမယ်။ မန်နီ နဲ့ Trainer ဖရက်ဒီတို့ လက်ဝှေ့ကို ချစ်ခင်တဲ့နှလုံးသားတွေထပ်တူကျချက်က တော့ ပြောစမတ်တွင်လောက်အောင်ကို အတွဲညီကြခြင်း ပါဘဲ။ မန်နီ အောင်မြင်မှုရဲ့ နောက်ကွယ်က သော့ချက်ဟာ ဖရက်ဒီဆိုတာငြင်းမရဘူး ။
ပထမဆုံး အမေရိက ကြေးစား Fight ဟာ ပြင်ဆင်ချိန်မရတဲ့ IBF Bantanweight Champion တောင်အာဖရိကသား Lehlo Ledwaba နဲ့ ဘဲဖြစ်တယ် ။ သူ့ထက် reach ၃လက္မ ပိုတဲ့ လူမည်း ချန်ပီယံ 22 ပေါင်တန်းမှာ ကြောက်စရာအကောင်းဆုံး ပြိုင်ဘက် ကို အမေရိက ရောက်လို့ ၁၀ ရက် သာ ပြင်ဆင်ချိန်ရတဲ့ မန်နီက MGM လက်ဝှေ့ကွင်းထဲမှာ ပွဲစထဲက ထိုးချက်ပြင်းပြင်းတွေ နဲ့ တစ်ချီမှ နလံမထူအောင်ထိုးသတ်ခဲ့ပြီး ချန်ပီယံဖြစ်သွားချိန်မှာ ခလေးသူငယ်တွေရဲ့ မျှော်လင့်ချက်တွေရတဲ့ မျက်လုံး အပြုံးနဲ့ ပျော်ရွှင်ခြင်းတွေကို Manny ဆီမှာ ကျနော် တို့ စတွေ့ရတော့တာပါဘဲ ။
စိန်ခေါ်သူ မန်နီဟာဲက နောက်တစ်ဆင့်တက် Barrera ကို ဒိုင်ပွဲရပ် နဲ့ အနိုင်ရပြန်တယ်။ ထိုးသတ်ကြေးငွေ ဒေါ်လာ ၇သိန်းထဲက ၃သိန်းစတင်ရရှိပါတော တယ်။ ဒီပွဲ အပြီးမှာတော့ ဘဝဒဏ်ရာတွေကို စိတ်တင်းထားတဲ့ မန်နီတစ်ယောက် ဝမ်းသာဝမ်းနည်း ထိန်းမထားနိုင်တော့ဘဲ ချုံးပွဲချ Broke down and cried ငိုကြွေးခဲ့တယ်ဗျ။ နောက်ပိုင်းမှာ ရှုံးပွဲကြုံပါတယ် Morales ကို ဘယ်ဝိုက်လက်သီး အားကိုးနဲ့ အနိုင်ယူမယ် ကြံထားတဲ့ မန်နီ အလူးအလဲ ခံရပြီး ရှုံးခဲ့ချိန်မှာ နည်းစနစ် ဖရက်ဒီ ပြုပြင်ပြီး ဘက်လက်သီး စွမ်းရည် ကို မြှင့်တင်ပေးရပြန်တယ်။ နည်းပြရဲ့ ဆွဲထုတ်နိုင်သလောက်ထုတ် တိုင်း လိုက်နာ တတ်သူ မန်နီ ကြောင့်လဲ သူတို့၂ယောက် ရှေ့ဆက် အောင်ပွဲတွေ ဆက်တိုက်နဲ့ကမ္ဘာမှာ ၈ကြိမ်တိတိ အလေးချိန် ဝိတ်တွေတိုးပြောင်း ဝိတ်တန်းတက်ထိုး အောင်မြင်မှု သရဖူဆောင်း တာကို Guiness Book Records ဝင် တဲ့ အထိ မန်နီ ဟာ အောင်မြင်ခဲ့ပါတော့တယ်။
ပြောရရင်တော့ မိုဟာ မက် အလီထက် ပိုပြီး ရိုးသား ပွင့်လင်း သူ အပြုံးချိုချို နဲ့ ဆင်းရဲမွဲတေ စားစရာမရှိ Underdog ဘ၀ ကနေ မီလျံနာ ဖြစ်လာသူ လွှတ်တော်အမတ် မြို့တော်ဝန် အပြင် ဘာသာတရားအလွန်းကိုင်းရှိုင်းသူ ဖြစ်တာမို့ မန်နီ ဟာ ဖိလစ်ပိုင် တစ်နိုင်ငံလုံး ရဲ့ အာဇာနည် Icon ဂုဏ်သိက္ခာ တွေကို ပခုံး ထက် ထမ်း ရသူ National Hero ဖြစ်လာပါတော့တယ်။ မန်နီ ထိုးသတ်တဲ့နေ့တွေမှာဆို ဖိလစ်ပိုင် တစ်တိုင်းပြည်လုံး လမ်းပေါ်မှာမရှိတော့ဘဲ TV ဖန်လ် သားပြင် ထက်ကို ရောက်နေကြတော့တယ်။ ရာဇဝတ်မှု မဖြစ်ဘူး ၊ နောက်ဆုံး မွတ်စလင် သူပုန် အဘူဆာရိတ်တို့တောင်မှာ အစိုးရတပ် နဲ့ Cesae Fire လုပ်ပြီး လက်ဝှေ့ပွဲကို အားပေးကြတဲ့ အထိ ကို မန်နီကို ချစ်ကြတယ်။
ရိုးသား ပွင့်လင်းတဲ့ မန်နီက ဆင်းရဲမွဲတေလှတဲ့ သူတို့ နယ်အတွက် လွှတ်တော်ကိုယ်စားလှယ် အဖြစ်အရွေးခံတာ အနိုင်ရပြန်တယ် ပထမဆုံး လူတွေ လိုအပ်လှတဲ့ နယ်ဆေးရုံကြီးတစ်ခုကို ရအောင် လုပ်ပေးနိုင်ခဲ့တယ်။ ၅နှစ်တစ်ကြိမ် ရွေးကောက်ပွဲမှာ ၂၀၁၃ မှာ ထပ်ရွေးခံရလို့ ၂၀၁၈ အထိ တာဝန် ထမ်းဆောင်နေဦးမယ့် မန်နီတစ်ယောက် ခြောက်ပစ်ကင်း သဲလဲစင်တော့ မဟုတ်ခဲ့ဘူး။ငွေကြေးချမ်းသာ လာတော့ မန်နီ ဟာ လောင်းကစားနွယ်လာတယ် ၊ အိမ်ထောင်ရေးဖောက်ပြန်လာပါတော့တယ်။ လက်ဝှေ့ပွဲတွေတိုင်း လိုက်လာ အားပေးနေကြ Jinkee မလိုက်လာတော့ပါဘူး၊ မန်နီ အသက်ကြီး လာပြီး အလုပ်တွေ များလာပေမဲ့ စနစ်တကျလေ့ကျင့် အလုပ်တွေ လုပ်နေနိုင်တုန်းပေမဲ့ အိမ်ထောင်ရေး အက်ကွဲမှု ကြောင့် ယိုယွင်းလာတဲ့ မိသားစု အခြေအနေကို အချိန်မီ ထိန်းကြောင်းဘို့ ဘုရားသခင်ထံ မိမိကိုယ်ကို ကိုထပ်မံ အပ်နှံ အမိန့်နာခံ ပြီး လောင်းကစား ပွဲတွေ မိန်းမချောလေးတွေကို မန်နီ စွန့်လွှတ်ခဲ့ပြီး ငယ်ပေါင်း Jinkee ကလဲ ခွင့်လွှတ်ခဲ့ပြန်တော့ မန်နီ ရဲ့ ခလေးငယ်တစ်ယောက်ရဲ့ အပြုံးနဲ့ မျက်လုံးတွေကို ကျနော်တို့ ပြန်မြင်ရပြန်တယ် ။
နာမည်ကြီးလာတော့ Finacial Adviser တွေ အေးဂျင့်တွေငှားရန်းလို့ ကြော်ငြာ တွေ Interview တွေ မျိုးစုံ နေရာ အနှံ့ မှာ everybody wants a piece of Manny ဖြစ်လာတဲ့ အပြင် နောက်ဆုံး ထိုးသတ် ပွဲမှာ သန်း ၇၀ ကျော် ကနေ ၁၀၀ နီးပါ အခကြေးငွေ ရလာတဲ့ ဖိနပ်မပါဘဲ ပြေးသူ ၊ အဝတ် ထုတ်တွေ နဲ့ လက်ဝှေ့ထိုးကျင့်သူ ၃ရက်လောက်ထမင်းငတ်ခံ ပြီး မြို့ကြီးပြကြီးကို စွန့်ထွက်ခဲ့သူ အမေရိက ကိုရောက်ပြီး ၁၀ ရက် အကြာ မှာ အောင်မြင်မှုရသူ မိသားစု အပေါ် သံယောဇဉ်အလွန်ကြီးလွန်းသူ ဘုရားသခင် ကို အထူး ယုံကြည်ကိုးကွယ်သူ မန်နီ ပတ်ကရောင်း ရဲ့ လူသား ဘ၀ နေဝင်ချိန် မှာ ……
သူ့ရှေ့က နောင်တော်ကြီးတွေ လိုဘဲ လက်ဝှေ့ဒဏ်ကြောင့် ဦးနှောက် ကြောတွေ ဆိုင်းတဲ့ ရောဂါဖြစ်မလား
အောင်မြင်မှု ငွေကြေး လောင်းကစား မိန်းမ အဖျက်ဒဏ် တွေကို ကျော်လွှားနိုင်မလား
ဆင်းရဲတဲ့ သူတို့ နယ်က လူအများကောင်းကျိုး ဆထက်တံပိုးတိုး ထမ်းရွက်နိုင်မလား..
ဆိုတာကတော့ အခုမှ ၃၉ နှစ်ပြည့်မဲ့ မန်နီ အတွက်တော့သက်သေပြရန် အချိန်တွေ အများကြီး ကျန်နေ ပါ သေးတယ်လို့ဘဲ ပြောရပေတော့မည်။
ဈာန်ဝင်ခံစား အားကျစေလိုခြင်း စေတနာ ဖြင့် မျှဝေခံစားပေးလိုက်ရပါသည်။
REF: Manny The Movie
With Love
Yar Zu