Saturday, April 17, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

မန်ချူးရီးယား(သို့) မန်ချူးကိုးနယ် ဆိုသည်မှာ

by Thutamm
August 15, 2019
Reading Time: 1min read
0
မန်ချူးရီးယား(သို့) မန်ချူးကိုးနယ် ဆိုသည်မှာ
Share on FacebookShare on Twitter

မန်ချူးရီးယား(သို့) မန်ချူးကိုး သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံပိုင် ပြည်နယ်တစ်ခုဖြစ်၍ တရုတ်နိုင်ငံ၏ အရှေ့မြောက်ဖက်အစွန်တွင် တည်ရှိသည်။ မန်ချူးရီးယားဟူသည်ကား မန်ချူးတို့၏ ဌာနီဟုအဓိပ္ပါယ်ရကာ အမေရိကန်နှင့် ဥရောပတိုက်သားတို့က ခေါ်ဝေါ်သောအမည် ဖြစ်ပေသည်။ မန်ချူးလူမျိုးတို့သည် တရုတ်ပြည်ကို ၁၉၁၁ ခုနှစ်တိုင် နှစ်ပေါင်း ၃ဝဝ ကျော် အုပ်စိုးသွားသူများဖြစ်ကြ၏။ ဂျပန်တို့သိမ်းပိုက်ပြီးသည်နောက်တွင် မန်ချူးရီးယားကို မန်ချူးကိုးဟု ပြောင်းလဲခေါ် ဝေါ်သည်။ အဓိပ္ပါယ်မှာ မန်ချူးတို့၏ ဌာနီပင် ဖြစ် ၏။

တရုတ်လူမျိုးတို့ကမူ အရှေ့မြောက်ပိုင်းဒေသဟု အဓိပ္ပါယ်ရသော ထွန်ပေ ဟူသော အမည်ဖြင့် ခေါ်ဝေါ်လေသည်။ မန်ချူးရီးယားသည် တရုတ်နိုင်ငံနှင့် တောင်များဖြင့် ဆီးတား ခြားနားလျက်ရှိသည်။ သယံဇာတပစ္စည်းများ ကြွယ်ဝသောကြောင့် အိမ်နီးချင်း နိုင်ငံများဖြစ်သော ရုရှနှင့် ဂျပန်တို့သည် မန်ချူးရီးယားကိုမျက်စောင်းထိုးလျက်ရှိကာ ပိုင်ဆိုင်မှုအတွက် ရုရှ၊ တရုတ်တို့အချင်းပွားကြရပေသည်။ ထို့ကြောင့် ကမ္ဘာအရှေ့ဖျား သမိုင်းတွင် အရေးပါ ထင်ရှားသော ပြည်နယ်ဖြစ်၏။

သမိုင်း

မန်ချူးရီးယား ပြည်နယ်သို့ ဘီစီ ၂ဝဝ ခန့်က မွန်ဂိုနှင့် ထွန်ဂူလူမျိုးတို့ လာရောက်နေထိုင်ကြ၏။ ခရစ် ၆၆၈ ခုနှစ်တွင် မိုဟိုထွန်ဂူ လူမျိုးတို့သည် ပိုဟိုင်းပြည်ကို တည်ထောင်၏။ ယင်း ကို ခရစ် ၉၂၆ ခုနှစ်တွင် ခိတန်မွန်ဂိုတို့က ဖျက်ဆီးလိုက်သည်။ ၁၁ဝဝ ပြည့် နှစ်ကျော်တွင် ထွန်ဂူ လူမျိုးတို့ ပြန်လည်၍ အာဏာ ရလာ၏။ သူတို့ကို နာချင်မျိုးတူစုက ခေါင်းဆောင်သည်။ နာချင် တို့သည် နောင်သော် မန်ချူးတို့ ဖြစ်လာသည်။

မန်ချူးတို့သည် ခရစ် ၁၆၄၄ ခုနှစ်တိုင်အောင် တရုတ်နိုင်ငံကြီးကို စိုးမိုးအုပ်ချုပ်ခဲ့ပေသည်။ ထိုကာလအတွင်း၌ တရုတ် အများအပြား မန်ချူးရီးယား ပြည်တွင်းသို့ ဝင်ရော်လာ၏။ မန်ချူး လူမျိုးတို့သည် တရုတ်ဘာသာ စကားကို လက်ခံပြောဆိုကြသည်။ တရုတ်နိုင်ငံကို အုပ်စိုးရာ၌ အသုံးပြုသော စစ်တပ်မှ တပ်သားများ ကို မန်ချူးဘုရင်တို့သည် မန်ချူးရီးယားမှ ဖြည့်တင်းခဲ့သည်။ ထိုအခိုက်တွင် အိမ်နီးချင်း နိုင်ငံများ ဖြစ်ကြသော ရုရှားနှင့် ဂျပန်နိုင် ငံတို့သည် မြေဆီဩဇာ ကြွယ်ဝဖွံ့ဖြိုးသော မန်ချူးရီးယား ကို မျက်စောင်းထိုးလျက်ရှိ၏။ ရုရှားသည် ဆိုက်ဘေးရီးယားကိုဖြတ်၍ မီးရထားလမ်း ဖောက်လုပ်လို၏။ တရုတ်တို့က မန်ချူးရီးယား မြောက်ပိုင်း တစ်စိတ်တစ်ဒေသကိုဖြတ်၍ ဖောက်လုပ်ခွင့်ပြုထား သည်။ ထို့ပြင် ပစိဖိတ်သမုဒ္ဒရာ ကမ်းခြေပေါ်တွင် ရေမခဲသော ဆိပ်ကမ်းတစ်ခုကို ရလို၏။

၁၈၉၈ ခုနှစ်တွင် တရုတ် နိုင်ငံသည် ရုရှားအား ကွမ်တွန်ကျွန်းဆွယ်ကို အနှစ် အစိတ် ငှားရမ်း လိုက်၏။ ဂျပန်တို့သည်လည်း မန်ချူးရီးယားပြည်ကို စိတ်ဝင်စား လျက်ရှိ၏။ ၁၉ဝ၅ ခုနှစ်တွင် ဂျပန်တို့သည် ရုရှ ဂျပန် စစ်ပွဲတွင် အောင်မြင်သောကြောင့် ရုရှတို့၏ အခွင့်အရေး တစ်ခုဖြစ်သော ကွမ်တွန်ကျွန်းဆွယ် ငှားရမ်းခွင့်ကို ရရှိလိုက်ပေသည်။ ဂျပန်တို့ သည် မန်ချူးရီးယား တောင်ပိုင်းမီးရထားလမ်းကို ဖောက်လုပ်ပြီး လျှင် စက်ရုံ၊ အလုပ်ရုံ၊ သတ္တုတွင်းများကို ဖွင့်လေသည်။ သိပ္ပံ နည်းစံနစ်ဖြင့် လယ်ယာစိုက်ပျိုးခြင်းကိုလည်း အားပေသည်။

၁၉၁၁ ခုနှစ်တွင် တရုတ် တော်လှန်ရေး ဖြစ်ပွားသောအခါ မန်ချူး တို့၏ နောက်ဆုံး ဧကရာဇ်မင်းကို တွန်းလှန် လိုက်၏။ စစ်ဗိုလ်ကြီးများ အုပ်စိုးသော ခေတ်တွင် မန်ချူးရီးယားကို အုပ်စိုး သူမှာ ချန်ဆိုလင် ဖြစ်၏။ ချန်ဆိုလင် အအုပ်အချုပ် အစီအမံ အခန့်အခွဲ ကောင်းသောကြောင့် ဂျပန်တို့က သူ့အား ဖယ်ထုတ်ရန် ဆုံးဖြတ်၏။ ချန်ဆိုလင်၏ နေရာကို သူ၏သား ချန်ရှိုလျှန်က ဆက်ခံသည်။ ချန်ရှိုလျှန်သည် ချန်ကေရှိတ်ခေါင်းဆောင်သော အမျိုးသား အစိုးရသစ်၏ ဘက်တော်သား ဖြစ်၏။

ချန်ကေရှိတ် အစိုးရသစ်၏ သက်တမ်း ၃ နှစ် ကာလတွင် ဂျပန်တို့ သည်မန်ချူးရီးယားကို ထိပါးတော့၏။ တရုတ်နှင့် ဂျပန်တို့၏ စစ်ပွဲသည် စင်စစ်အား ဖြင့် ၁၉၃၁ ခုနှစ်စက်တင်ဘာလ ၁၈ ရက်နေ့တွင် မုကဒင်မြို့၌ စတင်ခဲ့ပေသည်။၁၉၃၂ ခုနှစ်တွင် ဂျပန်တို့သည် မန်ချူးရီးယား ပြည်တွင် မန်ချူးကိုးဟူ၍ အမည်တွင်သော ရုပ်သေးနိုင်ငံတစ်ခု တည်ထောင်သည်။  ထိုအတောအ တွင်း၌ ဂျပန်တို့သည် မန်ချူးရီးယားပြည်တွင်းမှ အဖိုးတန်ရိက္ခာ အထောက်အပံ့ ပစ္စည်းများကို ရရှိခဲ့လေသည်။

၁၉၄၁ ခုနှစ်တွင် ဂျပန်တို့က အမေရိကန်တို့အပေါ် စစ်ကြေညာသောအခါ တရုတ် – ဂျပန် စစ်ပွဲသည် ဒုတိယ ကမ္ဘာစစ်ကြီး၏ တစ်စိတ် တစ်ဒေသ ဖြစ်လာ၏။ အမေရိကန်တို့သည် မန်ချူးရီးယား ပြည်တွင်းရှိ စက်ရုံ အလုပ်ရုံများကို ဗုံးကြဲ၏။ ဒုတိယ ကမ္ဘာစစ် ပြီးဆုံးသောအခါ မန်ချူးရီးယားပြည်ကို ဆိုဗီယက် တပ်များက သိမ်းပိုက်လိုက်သည်။ ဆိုဗီယက် စစ်တပ်တို့သည် မန်ချူးရီးယားပြည်တွင်းမှ ၁၉၄၆ ခုနှစ် နှစ်ဦးပိုင်းမှ ရုပ်သိမ်းသွား၏။ သို့သော် မန်ချူးရီးယားပြည် ရှိ ချက်ကောင်းမြို့ကြီးများကို တရုတ်ကွန်မြူနစ်လက်တွင်းသို့ လွှဲအပ်သွားသည်။ ၁၉၄၈ ခုနှစ် မကုန်မီပင် မန်ချူးရီးယား တပြည်လုံးသည် တရုတ်ကွန်မြူနစ်အစိုးရ လက်အတွင်းသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

ပထဝီဝင်

မန်ချူးရီးယား ပြည်နယ်သည် အကျယ်အဝန်းအားဖြင့် ၄၆၀၂၆၅ စတုရန်းမိုင်းရှိ၍ တရုတ်နိုင်ငံ စုစုပေါင်း အကျယ်အဝန်း၏ ၈ မိုင် ၁ ပိုင်း ဖြစ်သည်။ မန်ချူးရီးယား ပြည်နယ်သည် မြေဩဇာကောင်းသော မြေပြန့်ဖြစ်၍ တောင်ကြီး တောင်ငယ်နှင့် မြစ်ပင်လယ်တို့ဖြင့် ပတ်ရံလျက်ရှိသည်။ တည်နေရာအားဖြင့်သော်ကား အရှေ့နှင့် အရှေ့တောင်ဖက်တွင် ကိုရီးယားနိုင်ငံ၊ မြောက်ဖက်တလွှားတွင် ရုရှဆိုက်ဗီးရီးယား၊ အနောက်မြောက် ယွန်းယွန်းတွင် မွန်ဂိုးလီးယား၊ အနောက်တောင်ဖက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တောင်ဖက်တွင် ပင်လယ်ဝါတို့ဖြင့် ပတ်ရံလျက် ရှိသည်။

မန်ချူးရီးယား ပြည်နယ်သည် မြေပြန့်လွင်ပြင်ကြီးဖြစ်၍ တစ်သီးတစ်ခြား တည်ရှိသော တောင်တန်းကြီး ၃ ခုဖြင့်ဝန်းရံလျက်ရှိသည်။ မြေပြန့် လွင်ပြင်တွင် အပိုင်း ၃ ပိုင်းရှိ၏။ မြို့ကြီးပြကြီးများနှင့် လယ်ယာစိုက်ပျိုးရေးအတွက် အကောင်းဆုံးဒေသတို့သည် တောင်ပိုင်းတွင် တည်ရှိသည်။ မြောက်ပိုင်းသည် မြက်ခင်းပြန့်ကြီး ဖြစ်ပြီးလျှင် တတိယပိုင်းဖြစ်သော အရှေ့ဖက်သည် တောင်ကြားဒေသဖြစ်၍ အရေးမပါလှပေ။ မန်ချူးရီးယား ပြည်နယ်၏ အနောက်ဖက်တွင် ခင်ဂန် တောင်တန်းသည် အဆက်မပြတ်သလောက်ပင် တောက်လျှောက် သွယ်တန်း၍ တည်ရှိသည်။ ထိုတောင်တန်းသည် မန်ချူးရီးယား ပြည်နယ်ကို မွန်ဂိုးလီးယားမှ ပိုင်းခြားလိုက်လေသည်။ မန်ချူးရီးယား ပြည် နယ်၏ ရုံးစိုက်မြို့တော်မှာ Tonghua မြို့ဖြစ်ပြီး အခြား မြို့ကြီးများကား မုကဒင်(မြို့တော်ဟောင်း)၊ ဒိုင်ရင်၊ ပို့အာသာ ၊ ကီရင်တို့ ဖြစ်လေသည်။

မန်ချူးရီးယား ပြည်နယ်တွင် အရေးပါသော မြစ်များမှာ လီယို၊ ဟန်၊ ဆွန်ဂါရီ၊ နွန်နီ၊ ယာလူးတို့ဖြစ်၏။ လီယိုနှင့် ဟန် တို့သည် မန်ချူးရီးယားပြည်နယ်၏ အနောက်တောင်ပိုင်းသို့ စီးဆင်း၍ လီယိုတွန် ပင်လယ်ကွေ့တွင်းသို့ စီးဝင်သည်။ နွန်နီနှင့် ဆွန်ဂါရီမြစ်တို့သည် မြောက်ပိုင်းရှိ လယ်ယာခြံမြေများအဖို့ ရေရစေသည်။ ရာသီဥတုအားဖြင့်သော်ကား မန်ချူးရီးယား ပြည်နယ် သည် ဆောင်းအခါတွင် အေးချမ်း၍ လေပြင်းထန်ကာ နှင်းမုန်တိုင်းလည်း ကျတတ်ပေသည်။ မြောက်ပိုင်း တွင် ဆောင်းအခါ၌ တစ်ခါတစ်ရံ သုညအောက် ၄၉ ဒီဂရီ အထိပင် ရောက်သည်။ နွေအခါတွင် မပူလှဘဲ ပျမ်းမျှ ၇၅ ဒီဂရီဖာရင်ဟိုက်ခန့်တွင် တည်သည်။ မိုးနည်းပါး၍ နွေအခါတွင် မိုးရွာလေ့ရှိသည်။

တရုတ်နိုင်ငံတွင် မန်ချူးရီးယား ပြည်နယ်သည် မိမိနယ်၌ လိုသည်ထက် စားနပ်ရိက္ခာ ပို၍ ထွက်သော တစ်ခုတည်းသော ဒေသ ဖြစ်၏။ အခြားအခြားသော ပြည်နယ်များတွင်ကား ထွက် သော စားနပ်ရိက္ခာတို့မှာ မိမိပြည်နယ်တွင်းရှိ လူများအတွက်ပင် မလုံလောက်ဘဲရှိ၏။ မန်ချူးရီးယားပြည်နယ်၌ အဓိက စိုက်ပျိုး သော ကောက်ပင်မှာ ပဲငပိ ပြုလုပ်သော ဆိုယာပဲ (ပဲကျတ်ပျဉ်) ဖြစ်၏။ထိုပဲ၏ ၅ ပုံ ၄ ပုံကို ပဲဆီအဖြစ် လည်းကောင်း၊ ပဲဖတ်အဖြစ် လည်းကောင်း၊ ပဲစေ့အဖြစ်လည်းကောင်း နိုင်ငံခြားသို့ ထုတ်သည်။

ဂျုံ၊ မယော၊ ဆေး၊ဝါဂွမ်းနှင့် ပိုက်ဆံလျှော်ပင်တို့ကိုလည်း စိုက်ပျိုး သည်။ မုကဒင်မြို့ အနီးရှိ ဖူရှနယ် ကျောက်မီးသွေးတွင်းသည်ကမ္ဘာပေါ်ရှိ ကျောက်မီးသွေးတွင်းများ အနက် ကျောက်မီးသွေးကြော အကြီးဆုံး၊ အထူဆုံး ဖြစ်သဖြင့် ကျော်ကြားလေသည်။ ကျောက်မီးသွေးနှင့် သံအပြင်၊ ရွှေ၊ ကြေးနီ၊ ခဲ၊ သွပ်၊ ကျောက်ဂွမ်း၊ ဒန်၊ မဂ္ဂနီဆိုက်နှင့် မိုလစ်ဒီနမ်တို့လည်း ထွက်သည်။ ပင်လယ်ရေငန်မှဆား ရရှိသည်။ မန်ချူးရီးယား ပြည်နယ်တွင် တရုတ်နိုင်ငံတစ်ခုလုံး၏ စက်မှုလုပ်ငန်း ၄ ပုံ ၃ ပုံ စုဝေး တည်ရှိသည်။

တချိန်က မန်ချူးလူမျိုးများနေထိုင်ရာဒေသဖြစ်သော်လည်း  ယခုအခါ မန်ချူးရီးယား ပြည်နယ်တွင် နေထိုင်သော လူဦးရေ အနက် ရာခိုင်နှုန်း ၉ဝ မှာ တရုတ်လူမျိုးတို့ ဖြစ်၏။ အစ ပထမတွင် မန်ချူးတို့သည် တရုတ်တို့ မန်ချူးရီးယားနယ်တွင် ပြောင်းရွှေ့နေထိုင်ခြင်းကို တားမြစ်၏။ သို့သော် ၁၇၇၆ ခုနှစ်၌ လာရောက် နေခွင့်ပြုသည်တွင် တရုတ်တို့သည် တရုတ်နိုင်ငံ မြောက်ပိုင်း၌ မဆံ့သောကြောင့် မန်ချူးရီးယား ပြည်နယ်တွင်းသို့ ဝင်ရောက်လာ၏။ ၁၉၂၈ ခုနှစ်က မန်ချူးရီးယား ပြည်နယ်တွင်း သို့ ရက်သတ္တ တစ်ပတ်လျှင် တရုတ်လူမျိုးပေါင်း ၄ဝ,ဝဝဝ ဝင်ရောက်ခဲ့သည်ဟူ၏။ ၁၉၄၀ ခုနှစ်က မန်ချူးရီးယားပြည်နယ်၏ လူဦးရေမှာ ၃၅သန်း ဖြစ်သည်။ လက်ရှိအချိန်တွင် မန်ချူးရီးယားပြည်နယ် ဟူ၍ မရှိတော့ပဲ Heilongjiang ပြည်နယ် ၊ jilin ပြည်နယ် ၊ LIiaoning ပြည်နယ် နှင့် Inner Mongolia ပြည်နယ် တို့တွင် တစ်စိတ်တစ်ပိုင်းစီ ပါဝင်လျှက်ရှိပေသည်။

မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)
Wikipedia

Tags: countries

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!