Tuesday, April 13, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

မင်းငါးဆက်တိုင် မိဖုရားမြှောက်ခြင်းကိုခံရသူ (သို့) ရှင်ဘို့မယ်

by Thutamm
July 24, 2019
Reading Time: 1min read
0
မင်းငါးဆက်တိုင် မိဖုရားမြှောက်ခြင်းကိုခံရသူ (သို့) ရှင်ဘို့မယ်
Share on FacebookShare on Twitter

ရှင်ဘို့မယ်လို့ ဆိုလိုက်ရင် “မင်းဆက်ငါးသွယ် ရှင်ဘို့မယ် ၊ နန်းလယ်တင့်သည်သာ” ဆိုတဲ့စာချိုးအတိုင်း မင်းငါးဆက်တိုင် မိဖုရားမြှောက်ခံခဲ့ရသူဖြစ်ကြောင့် ကြားဖူးကြမှာပါ။ ရှင်ဘို့မယ်ဟာ မင်းကြီးစွာစော်ကဲရဲ့ မြေးတော်စပ်သူဖြစ်ပါတယ်။

ရှင်ဘို့မယ်နဲ့ ပထမဆုံး လက်ဆက်ခဲ့သူက အင်းဝ-ဟံသာဝတီ နှစ်လေးဆယ် စစ်ပွဲထဲက အင်းဝ ဘုရင် မင်းခေါင်ဖြစ်ပါတယ်။ ဘုရင်မင်းခေါင် ဟာ ရှင်ဘို့မယ်ရဲ့ ဦးလေးတော်သူ ဖြစ်ပါတယ်။ ဘုရင်မင်းခေါင်ကွယ်လွန်ပြီး နန်းတက်ခဲ့သူ ဆင်ဖြူရှင် သီဟသူကလည်း မိထွေးတော် ရှင်ဘို့မယ်ကို မိဖုရားထပ်မြှောက်ပြန်ပါတယ်။ သီဟသူပြီးတဲ့နောက် မင်းလှငယ် ၊ ကလေးကျေးတောင်ညိုမင်း နဲ့ မိုးညှင်းသတိုးတို့ဟာ ရှင်ဘို့မယ်ကို ဆက်လက်ပြီး မိဖုရားမြှောက်ကြပြန်ပါတယ်။

ပထမဆုံး ဘုရင်မင်းခေါင်နဲ့ လက်ထပ်စဉ်က ရှင်ဘို့မယ်ဟာ အသက် ၁၇ ၊ ၁၈ နှစ်လောက်ပဲ ရှိပါသေးတယ်။ ဘုရင်မင်းခေါင်ဆိုတာကလည်း အဲဒီအချိန်က ရာဇာဓိရာဇ်နဲ့ စစ်ပြိုင်နေသူပါ။ ရာဇာဓိရာဇ်ကို တိုက်ဖို့အောက်မြန်မာပြည်ကို စစ်ချီတဲ့အခါ မိဖုရား ၊ မင်းညီမင်းသားတွေကိုပါ လိုက်ပါစေပါတယ်။ အဲဒီစစ်ပွဲမှာ ဘုရင်မင်းခေါင်ရှုံးပြီး တပ်ဆုတ်ခဲ့ရပါတယ်။ အပြေးအလွှားဆုတ်တဲ့အချိန်မှာ ရှင်ဘို့မယ်ဟာ ဆင်ပေါ်က ပြုတ်ကျကျန်ခဲ့ပါတယ်။ နောက်ကလည်း ဟံသာဝတီ တပ်တွေလိုက်တိုက်ခိုက်နေတာကြောင့် ရှင်ဘို့မယ်ဟာ ပုန်းအောင်နေခဲ့ပါတယ်။ အချိန်တော်တော်ကြာတဲ့အခါမှာ နောက်ဆုံးကနေ ဆုတ်လာတဲ့ ဘုရင့်ဆင်တော် ရဲမြတ်စွာကို တွေ့တဲ့အခါအော်ဟစ်အကူအညီတောင်းပါတယ်။ ဒီအချိန်မှာပဲ ဆင်ပေါ်က ဆင်ကဲက “ငါတော့ဘေးရောက်ပြီ ၊ မင်းသတိထားပါ” လို့ ဆင်ဦးစီးကိုပြောလိုက်ပါတယ်။ အကြောင်းကတော့ မိဖုရားကို မကယ်ခဲ့လို့ ဘုရင်သိသွားရင်လည်း အသတ်ခံရမယ် ၊ ကယ်သွားပြန်ပါကလည်း လမ်းခရီးမှာ မိဖုရားနဲ့ မသင်္ကာဖြစ်ရင်လည်း အသတ်ခံရမှာပဲ ဖြစ်ပါတယ်။

ဒီလိုနဲ့ ဆင်ကဲတို့ဟာ ရှင်ဘို့မယ်ကို ကယ်ခဲ့ပါတယ်။ လမ်းခရီးတစ်ဝက်မှာ နားတဲ့အခါ ရှင်ဘို့မယ်ကို လင့်စင်ပေါ်မှာ အိပ်စေပြီး သူတို့ကတော့ အောက်မှာပဲ အိပ်ပါတယ်။ ဘုရင်မင်းခေါင်ကတော့ မိဖုရားတစ်ပါး ရှင်မိနောက်အဖမ်းခံရတဲ့ သတင်းကိုကြားပြီး ရှင်ဘို့မယ်အကြောင်းကို မကြားရတဲ့အတွက် ခေါင်းမီးတောက်နေပါတယ်။ ရှင်ဘို့မယ်ကို ဆင်ကဲ ကယ်လာတာတွေ့တော့ စစ်ဆေးမေးမြန်းပြီး ယုံကြည်တဲ့အတွက် ဆင်ကဲတို့ကို ဆုတွေချီးမြှင့်လိုက်ပါတယ်။

ဒါပေမယ့် ဘုရင်မင်းခေါင်ဟာ အူတိုတတ်သူဖြစ်လေတော့ မကြာခဏ အဲဒီအကြောင်းကိုမေးပါတယ်။ မေးတိုင်းလည်း ရှင်ဘို့မယ်က ဘာမှမဖြစ်တဲ့အကြောင်းဖြေပါတယ်။ တစ်နေ့ ရှင်ဘို့မယ်ဟာ ဘုရင်နဲ့အတူထိုင်စဉ် ကွမ်းသီးညှပ်ရာမှာ ကွမ်းညှပ်ကလက်ကိုထိတဲ့အခါ ‘အို ဆင်ကဲကယ်ပါ’ လို့ ယောင်မိတဲ့အခါ ချက်ချင်းပဲ ဆင်ကဲကို သတ်စေခဲ့ပါတယ်။ သက်ဦးစံပိုင်စနစ်အောက်မှာ အပြစ်မရှိတဲ့ ဆင်ကဲသေသွားရပါတယ်။ သူ့ကြောင့်ဆင်ကဲ သေရတယ်ဆိုပြီး ရှင်ဘို့မယ်ဟာမြေပေါ်မှာ ဣန္ဒြေပျက်လောက်အောင်ကို လူးလှိမ့်ပြီးငိုတယ်လို့ ရာဇာဓိရာဇ်အရေးတော်ပုံကျမ်းမှာ ရေးထားပါတယ်။ ဒီလိုနဲ့ရှင်ဘို့မယ်ဟာ ဘုရင်မင်းခေါင်ရဲ့ မိဖုရားအဖြစ်နှစ်ပေါင်း ၂၀ကျော်နေခဲ့ပါတယ်။

မင်းခေါင်ကွယ်လွန်တဲ့အခါ သီဟသူနန်းတက်ခဲ့ပြီး မိထွေးတော်ရှင်ဘို့မယ်ကို မိဖုရားထပ်မြှောက်ပြန်ပါတယ်။ နန်းသက် ၄နှစ်အရောက်မှာ စစ်ပွဲအတွင်းကျဆုံးခဲ့ပါတယ်။ သီဟသူ ပြီးတဲ့နောက်မှာ သားတော်မင်းလှငယ် နန်းတက်ပါတယ်။ မင်းလှငယ်ရဲ့ အသက်က ၉နှစ် သာ ရှိပါသေးတယ်။ မှူးမတ်တွေက နန်းတင်ပြီး ဘုရင်လုပ်ခိုင်းတဲ့အတွက် ဘုရင်ဖြစ်ခဲ့ပြီး ရှင်ဘို့မယ်ဟာ ထုံးစံအရ မိဖုရားဖြစ်လာပါတယ်။ မင်းလှငယ်ဟာလည်း နန်းသက် ၃လမှာပဲ အဆိပ်မိပြီး ကွယ်လွန်ခဲ့ပြန်ပါတယ်။ (ရှင်ဘို့မယ်ဟာ ကလေးကျေးတောင်ညိုကို ခေါ်ယူပြီး မင်းလှငယ်ကို အဆိပ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်)

မင်းလှငယ်ရဲ့နောက်မှာ တက်လာသူကတော့ ကလေးကျေးတောင်ညိုဖြစ်ပါတယ်။ သူဟာ ရှင်ဘို့မယ်ရဲ့ ငယ်ချစ်ဖြစ်ပါတယ်။ သူလည်း နန်းတက် ၇လအရောက်မှာ မိုးညှင်းသတိုးလာရောက်တိုက်ခိုက်တာကြောင့် ရခိုင်ဘက်ကို ဆုတ်ပြေးခဲ့ပါတယ်။ လမ်းမှာပဲ မနာမကျန်းဖြစ်ပြီး ကွယ်လွန်ခဲ့ပါတယ်။ အဲဒီနောက်တော့ ရှင်ဘို့မယ်ဟာ အင်းဝကို မပြန်တော့ပဲ ရွှေစက်တော်အရပ်မှာတပ်ချပြီးနေခဲ့ပါတယ်။

မိုးညှင်းသတိုးက ရှင်ဘို့မယ်ကို တခမ်းတနားနဲ့ ခေါ်ယူစေခဲ့ပါတယ်။ ရှင်ဘို့မယ်ရောက်လာတဲ့အခါ မိုးညှင်းသတိုးက လှေဆိပ်ကိုဆင်းကြိုပြီး ကျန်းမာပါစ လို့မေးတဲ့အခါ ရှင်ဘို့မယ်က”ကျွန်စော်နံတယ်” ဆိုပြီးမျက်နှာလွဲပါတယ်။ မိုးညှင်းသတိုးကို ကျွန်လို့ပြောရတာအကြောင်းရှိပါတယ်။ မိုးညှင်းသတိုးဟာ လည်း အနှစ် ၄၀ စစ်ပွဲအတွင်းက နာမည်ကျော်စစ်သူကြီး တစ်ယောက်ဖြစ်ခဲ့သူပါ။ ပန်းကျော်ချောင်းမှာ သစ္စာပြုရင်း လဂွန်းအိမ်ကို သစ္စာမှန်သလောလို့ မေးခဲ့သူဟာ မိုးညှင်းသတိုးပါ။ ဒါပေမယ့်သူဟာ ဘုရင်မင်းခေါင်ရဲ့ သာမန်စစ်သားကနေ စစ်သူကြီးဖြစ်လာခဲ့သူမို့ မိဖုရားဖြစ်တဲ့ ရှင်ဘို့မယ်က ကျွန်လို့ခေါ်လိုက်တာပဲ ဖြစ်ပါတယ်။ သဘောထားပြည့်ဝတဲ့ ဘုရင်ဖြစ်တာကြောင့် မိုးညှင်းသတိုးဟာ ရှင်ဘို့မယ်ကို အပြစ်မယူခဲ့ပဲ နန်းတော်တွင်းမှာပဲ အိမ်တစ်ဆောင်ဆောက်နေစေခဲ့ပါတော့တယ်။

ရှင်ဘို့မယ် လက်ဆက်ခဲ့သူများရတာကတော့ ဘုရင်မင်းခေါင်နောက်ပိုင်း ဘုရင်တွေရဲ့ နန်းသက်တိုခြင်း ၊ နန်းတွင်းရေးရှုပ်ထွေးခြင်းများကြောင့်ပဲ ဖြစ်ပါတယ်။ ရှင်ဘို့မယ်ကို ရုပ်ချောပေမယ့် မာနကြီးသူ မောက်မာသူအဖြစ် သမိုင်းဆရာများက သတ်မှတ်ထားပါတယ်။ ဒါတွေကတော့ မင်းငါးဆက်တိုင် လက်ဆက်ခဲ့သူရှင်ဘို့မယ်ရဲ့အကြောင်းတွေပါပဲ။

Ref:
ရာဇာဓိရာဇ်အရေးတော်ပုံကျမ်း – နိုင်ပန်းလှ
ရာဇဝင်ထဲက မိန်းမသားများ – ဒေါက်တာမတင်ဝင်း

Tags: myanmar historymyanmar people

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်
People

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်

၉.၁.၂၀၂၁ ရက်နေ့ Forbes ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ စာရင်းကို ကိုးကားထားခြင်းဖြစ်ပါတယ်။ ၁၀။ ဆာဂေးဘရင် ပြီးခဲ့တဲ့နှစ်က အဆင့် ၁၀ နေရာမှာရှိခဲ့တဲ့ အိန္ဒိယသူဌေးကြီး မာခက်ရှ် အမ်ဘန်နီက အဆင့် ၁၃ နေရာကိုရောက်သွားပြီး ဂိုဂဲရဲ့ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့...

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ
People

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ

ကျည်ကာအင်္ကျီတွေကိုတော့ စစ်ဘက်ဆိုင်ရာနဲ့ တကိုယ်ရေ ကာကွယ်မှုဆိုင်ရာ ကဏ္ဍတွေမှာအသုံးပြုကြပါတယ်။ ကျည်ကာအင်္ကျီတွေကိုတော့ အပူခံနိုင်ပြီး အလွန်မာကြောခိုင်ခံ့တဲ့ Kevlar လူလုပ်ဖိုက်ဘာမျှင်နဲ့ ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။ Kevlar ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ဝန်းကျင်ကတည်းက ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး တီထွင်ခဲ့သူကတော့ အမျိုးသမီးတဦးဖြစ်ပါတယ်။ သူအမှန်တကယ်တီထွင်ခဲ့တာက...

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု
Knowledge

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု

မိုနာလီဇာပန်းချီကားနဲ့ ကျော်ကြားတဲ့ လီယိုနာဒိုဒါဗင်ချီဟာ ပုံမှန်လူသားတယောက်ထက် ထူးကဲကာ အံ့ဖွယ်အနုသုခုမ ရှေးဦးပညာရှင်၊ ဆေးဘက်ဆိုင်ရာ စွန့်ဦးတီထွင်သူ နဲ့ ဖန်တီးမှုနည်းပညာ စတဲ့နယ်ပယ်ပေါင်းစုံမှာ ကြီးကျယ်တဲ့ တီထွင်မှုတွေကို ပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း သမိုင်းတလျှောက် အတော်ဆုံး တီထွင်သူတွေကို...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!