လူတိုင်းတွင် ဘဝရည်မှန်း ချက် ကိုယ်စီရှိကြသည်။ ဆင်းရဲ သားများမှာလည်း ရည်မှန်းချက်ရှိ သလို သူဌေးများမှာလည်း ရည် မှန်းချက် ရှိသည်။ နိုင်ငံတစ်နိုင်ငံ၏ သမ္မတမှာလည်း ရည်မှန်းချက် ရှိ နေတတ်သေးသလို ကမ္ဘာ့ထိပ်ဆုံး ခေါင်းဆောင် ဆိုသူတွေမှာလည်း ရည်မှန်းချက်တွေ ရှိနေတတ်သေး သည်။ ဘဝရည်မှန်းချက်ဆိုသည် မှာ ဖြစ်ချင်သော ဘဝ၊ ရောက်ချင် သော ဘဝ၊ ရချင်သော ဘဝဟု အလွယ်တကူ ပြော၍ ရမည်ထင် သည်။
ဘဝရည်မှန်းချက်ဆိုသည် မှာ ဘယ်သောအခါမှ ကုန်ဆုံးသွား တတ်သောအရာမျိုး မဟုတ်။ ပထမ ရည်မှန်းထားသော အဆင့်တစ်ခုသို့ ရောက်လျှင် ထို အဆင့်မှ လှမ်း၍မြင်ရသော မြင် ကွင်းကျယ်ကြီးထဲမှ နောက်ထပ် ရည်မှန်းချက်တစ်ခုဆီသို့ မှန်းမျှော် ကြည့်မိလေ့ ရှိသည်။ ထိုသို့ မှန်း မျှော်ကြည့်မိရာသို့ ထပ်မံကြိုးစား အားထုတ်၍ ရောက်ရှိ၊ ရရှိသွားပြီ ဆိုလျှင်လည်း ရောက်ရှိနေသော၊ ရရှိထားသော နေရာမှ လှမ်းကြည့် လျှင် နောက်ထပ်ရည်မှန်းချက်ထား စရာတွေကို တွေ့ရတတ်သည်။ ထိုအခါ ထပ်ကြိုးစားရပြန်သည်။ ဤသို့ဖြင့် ရည်မှန်းချက်တွေက လှမ်း၍၊ မှန်း၍ မဆုံးတော့။ လူ သေတော့မှပဲ ရည်မှန်းချက်တွေ ဆုံး တော့သည်။ ဒါတောင်မှပဲ မသေ ခင် ကာလကလေးတွေထဲတွင် နောက်ဘဝအတွက် ရည်မှန်းချက် တွေ ထားဖြစ်အောင် ထားလိုက်ကြ သေးသည်။
သေသွားသော သူ သည် စကားပြန်ပြော၍ မရသော ကြောင့်သာ တော်သေးသည်။ နို့မို့ ဆိုလျှင် သေပြီးတွင် ရည်မှန်းချက် ထားစရာတွေ တွေ့နေပြန်ပြီဟုများ ပြောလေမည်လား မသိ။ ဤသည် ကား လူနှင့် အတောမသတ်နိုင် သော ဘဝရည်မှန်းချက်၏အဆက် အစပ် ဖြစ်သည်။ လောဘဟု ပြော၍မရ ထိုသို့ အတောမသတ်သော ရည်မှန်းချက်ဖြင့် လူအဖြစ် ရှင်သန် နေသော ဘဝတိုင်းကို လောဘ ကြီးသည်ဟု ပြောရန်မသင့်။ အတ္တ ကြီးသည်ဟု ဆိုရန်မသင့်ပါ။ လူ့ဘဝဟူသည် တစ်ခုခုကို ဦးတည် ရည်မှန်းပြီး လုပ်ကိုင်(ကြိုးစား) နေ ထိုင်နိုင်ပါမှသာ ရှင်သန်အသက် ဝင်သော ဘဝတစ်ခု ဖြစ်လာမည်။ ဖြစ်ချင်ရချင်သော ရည်မှန်းချက် အဆင့်တစ်ခုသို့ ရောက်ပြီဟုဆိုကာ ဘာကိုမျှ ထပ်၍ ကြိုးစားချင်စိတ် မရှိတော့သော၊ ဘာကိုမှ ရည်မှန်း ချက်မထားချင်တော့သော လူတစ် ယောက်၏ ဘဝသည် ဘဝသေ တစ်ခုသာဖြစ်မှာ သေချာသည်။ လူ့ ဘဝတွင် ဤသို့သော လူစားမျိုး တွေ ရှိသည်။ သိချင်စိတ်၊ တတ်ချင် စိတ်၊ နားလည်ချင်စိတ်၊ ရလိုချင် စိတ်၊ ဖြစ်လိုချင်စိတ်တွေ ကုန်ခန်း သွားပြီး ရောက်နေသော အဆင့် တွင် ရပ်နေလိုက်သော လူစားမျိုး တွေလည်း ဖြစ်သည်။
သူက သူ့နေရာ အဆင့် တွင် ရပ်နေသည်ဟုဆိုသော်လည်း လောကသဘာဝသည် ရှေ့သို့ တိုး သွားနေသော သဘာဝရှိသည့် အတွက် လောကလူသားတွေ ကလည်း ရှေ့ကို တိုးသွားကြ၊ ပြေး လွှားသွားကြ ရှိနေသည့်ကြားထဲ တွင် ထိုသို့ရပ်နေသော သူသည် အလိုလိုပင် နောက်၌ ကျန်ရစ်ခဲ့ရ တော့သည်။ ဥပမာ – အနေဖြင့် မြန်မာ နိုင်ငံပညာရေး၌ အမြင့်ဆုံး ဘွဲ့ဟု သတ်မှတ်ထားသော ဒေါက် တာဘွဲ့(Ph.D) ရထားသူ နှစ် ယောက်ကို နှိုင်းယှဉ်ပြလိုပါသည်။ ဘာသာရပ်တစ်ခုတည်းတွင် တစ် နှစ်တည်း၌ ဒေါက်တာဘွဲ့ ရထား ကြသူတွေလည်း ဖြစ်ပါသည်။
မညိုက သူ့ဘဝတွင် (Ph.D)ရလျှင် ကျေနပ်ပြီဟု စိတ် ဒုံးဒုံးချထားသူ ဖြစ်သည်။ မဖြူက နဂိုကတည်းကပင် ပညာရပ်နှင့် ပတ်သက်၍ လေ့လာအားထုတ် တတ်သူ ဖြစ်သည်။ သူတို့ (Ph.D) ရပြီးချိန်တွင် မညိုက မည်သည့် လေ့လာအားထုတ်မှုကိုမျှ မလုပ် တော့ဘဲ ရထားသော ဘွဲ့၊ တဖြည်း ဖြည်း လုပ်သက်ဖြင့် ရလာမည့် ရာထူးအပေါ်၌ပဲ အာရုံထားပြီး နေ သည်။
မဖြူကတော့ Ph.D မရခင် တုန်းကလိုပဲ ကြိုးစားလေ့လာ သည်။ ပညာရပ်နယ် ပယ်၌ သိသင့် သိထိုက်သည်များ၊ နိုင်ငံတကာမှ အသစ် တွေ့ရှိချက်များကို လက် လှမ်းမီသလောက် ကြိုးစားလေ့လာ သည်။ ဤသို့ဖြင့် နှစ်ယောက် စလုံး Ph.D ရပြီးလျှင် ငါးနှစ်လောက်ကြာ သောအခါ မညိုနှင့်မဖြူတို့၏ သိမှု၊ တတ်မှုအဆင့်က အတော်လေး ကွာခြားသွားတော့သည်။ မဖြူက သူတို့၏ ပညာအဆင့်တူ ကြားတွင် ခေါင်းတစ်လုံး ပိုမြင့်သူ ဖြစ်လာ သည်။ ခေါင်းတစ်လုံး ပို၍မြင့်လာ ခြင်း အပေါ်၌ မဖြူသည် ကျေနပ် ရောင့်ရဲမည် မဟုတ်။ သူ့ရည်မှန်း ချက်က နိုင်ငံတကာ ပညာရှင် အဆင့်အတန်းဆီသို့ မှန်းနေဦးမည် သေချာသည်။
ကိုယ့်ဘာသာရပ်အတွက်၊ ကိုယ့်ဌာနအတွက်လည်း တိုးတက် သထက် တိုးတက်အောင် အား ထုတ်နေမှာ သေချာသည်။ ဤသို့ သော ရည်မှန်းချက်တစ်ဆင့်ပြီး တစ်ဆင့် တိုးတက်ထားရှိခြင်းကို လောဘဟု ပြော၍ ရနိုင်ပါ့ မည်လား။
အရွယ်ချင်းမတူလို့
လူတိုင်းတွင် ဘဝရည်မှန်း ချက် ကိုယ်စီရှိကြသည်ဟု အစပိုင်း တွင် ရေးခဲ့သည်။ ကလေးအရွယ် မှာလည်း သူ့အသိဉာဏ်၊ သူကျင် လည်ရသော ပတ်ဝန်းကျင်နှင့် သူ အားကျသော လူပုဂ္ဂိုလ်ပေါ် မူတည်၍ ဖြစ်ချင်သော ဘဝတို့ ရှိ ကြသည်။ တချို့က မော်ဒလ်ဂဲ (Midel Girl) ဖြစ်ချင်သည်။ တချို့ က မင်းသမီး ဖြစ်ချင်သည်။ တချို့ က ဆရာဝန်၊ တချို့က ကျောင်း ဆရာ၊ တချို့က ဘုရင်၊ တချို့က သူပုန်၊ တချို့က တရားသူကြီး၊ တချို့ မာသာထရီဇာ၊ တချို့က ချေဂွေဗားရား၊ တချို့က…။ ကလေးဘဝတွင် သူတို့စိတ်ထဲမှာ သဘောကျတာကို ဖြစ်လိုက်ချင် သည်။ ဘယ်ကလေးကို သွားမေး မေး၊ ကြီးလာရင် ဘာလုပ်မှာလဲဟု မေးလျှင် တစ်ခုခုကို ပြန်ပြောလိမ့် မည်။ ကလေးအတွေးမှ ထွက်လာ သော ရည်မှန်းချက်သည် အတည် တကျ မဟုတ်သေး။ တဖြည်းဖြည်း ကြီးလာသောအခါတွင်မှ သူတို့ရည် မှန်းချက်က ခိုင်မာလာသည်။ သူတို့ မှာ ရှိနေ၊ စွဲနေသော ရည်မှန်းချက် ကို ဖြစ်အောင် ကြိုးစားအားထုတ် လာကြသည်။
တချို့ ခက်ခဲပင်ပန်းစွာ ကြိုး စားအားထုတ်မှ ရနိုင်မည့် ဘဝရည် မှန်းချက်ကို ဘာမှ မကြိုးစားဘဲနှင့် ရည်မှန်းကြသည်။ တချို့ မြင့်မြင့်ကို ရည်မှန်းပြီး ခက်ခက်ခဲခဲ ကြိုးပမ်း အားထုတ်သည်။ ရည်မှန်းချက် အတိုင်း ဖြစ်လာသော ဘဝတွေရှိ သည်။ မှန်းချက်နှင့် နှမ်းထွက်လွဲ သွားသော ဘဝတွေ ရှိသည်။ ရည် မှန်းချက်အတိုင်း မဖြစ်လာသော သူတွေထဲတွင် တချို့က ဒုတိယ ရည်မှန်းချက်တစ်ခုထားပြီး ကြိုးစား ၍ အောင်မြင်သွားသည်။ တချို့က ဘာမှ ဆက်မကြိုးစားတော့ဘဲ ယောယိမ်းလိုက်၊ ဘသားယိမ်း လိုက်နှင့် လောကကြီးထဲမှာ အလိုက်သင့်နေသူနေ၍ တချို့က ဘဝကို ရေစုန်မျှောလိုက်သွားကြ သည်။ ရည်မှန်းချက်တစ်ခု ထား တိုင်း ထိုအတွက် ကြိုးစားအား ထုတ်ဖို့ လိုအပ်သည်ဟူသော သဘာဝကို လျစ်လျူရှုထားသူတွေ ကတော့ သူတို့ရည်မှန်းရာ ဘဝသို့ ရမည်ရောက်မည်မဟုတ်ပါ။ မျက်စိ လည် လမ်းမှား၍ မမြင်ရသော ကံ တရားကြောင့်ပဲ ရသွားသည်ဆို လျှင်တောင်မှ ထူးချွန်သူ၊ ထူးခြား ထက်မြက်သူမျိုး ဖြစ်မလာတတ်ဟု ထင်ပါသည်။
ယေဘုယျ လူနှစ်မျိုး
စဉ်းစားဆင်ခြင်တတ်ပြီး ဘဝကို ခွဲခြားနားလည်သော အရွယ်ရောက်ချိန်တွင် ထားရှိတတ် သော ရည်မှန်းချက်များက ပို၍ လက်တွေ့ကျပြီး ဖြစ်နိုင်ခြေများ သော ရည်မှန်းချက်များဟု ဆိုနိုင် သည်။ ထိုအသက်အရွယ်တွင် ကိုယ့်အတွက် ရည်မှန်းချက်က ဘာ၊ အများအတွက် ရည်မှန်းချက် က ဘာဆိုတာကိုလည်း ခွဲခွဲခြား ခြား နားလည်လာလေ့ ရှိသည်။ ကိုယ့်ကောင်းစားဖို့အတွက် မည်သို့ လုပ်မည်ကို သိသလို အများ ကောင်းစားရေးအတွက်ဆိုလျှင် မည်သို့လုပ်မှ ဖြစ်မည်ကိုလည်းရှင်း ရှင်းလင်းလင်း သိလာကြသည်။
လူဆိုသည်ကို နှစ်မျိုးပဲ ခွဲပါ ဟုဆိုလျှင် အတ္တလူနှင့် ပရလူဟု ခွဲ၍ရသည်။ အတ္တလူက ကိုယ် ကောင်းစားရေး၊ ကိုယ်အဆင်ပြေ ရေး သက်သက်ကိုပဲ ကြည့်တတ် ပြီး တစ်မြို့လုံး ထမင်းငတ်နေလျှင် တောင်မှ ကိုယ့်တစ်အိမ်တည်း ထမင်းမငတ်ဖို့ နည်းလမ်းပေါင်းစုံ သုံးပြီး ကြိုးစားမည့်သူမျိုး ဖြစ် သည်။ ပရလူကတော့ကိုယ့်ကောင်း စားရေးထက် အများကောင်းစား ရေး၊ ကိုယ်အဆင်ပြေရေးထက် အများအဆင်ပြေရေးအတွက် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ကြိုးစား အားထုတ်ပြီး အနစ်နာခံသူ ဖြစ် သည်။ တစ်မြို့လုံး ထမင်းငတ်နေ ချိန်တွင် ကိုယ်တစ်ယောက်တည်း လူမသိအောင် ခိုးဝှက်စားမည့် အစား ကိုယ့်မှာရှိသည့် စားစရာ တွေကို ဝေငှစားမည့်သူဖြစ်သည့် အပြင် တစ်မြို့လုံး၏ အငတ် ပြဿနာ ပြေလည်ရေးအတွက် အများနှင့် ပူးပေါင်းပြီး ဖြေရှင်းဖို့ ကြိုးစားမည့်သူမျိုး ဖြစ်သည်။
လူ့လောကကြီးတွင် လူ တော်တော်များများက အတ္တလူစား မျိုးတွေ ဖြစ်နေကြပြီး ပရလူ အမျိုး အစားက နည်းနေတတ်သည်။ အတ္တများများ၊ ပရနည်းနည်းလူစား မျိုးတွေ ရှိသလို အတ္တနည်းနည်း၊ ပရများများ လူစားမျိုးတွေ ရှိသည်။ တချို့ အတ္တလုပ်ရင်း ပရကို ပါတတ် နိုင်သလောက် လုပ်သည်။ တချို့ ကတော့ လူထူးလူဆန်း အမျိုး အစားဟု ပြောရမည်လား၊ လူ့ အယောင်ဆောင်တွေဟု ပြောရ မည်လား၊ လူလည်တွေဟု ပြောရ မည်လား၊ လူယုတ်မာတွေဟု ပြော ရမည်လား၊ ခွဲခြားပြောရခက်သည့် (ပရအကျိုး) လုပ်ချင်ယောင် ဆောင်၍ အတ္တအကျိုး(ကိုယ်ကျိုး) ချည်းပဲ လုပ်ကြသူများ ဖြစ်သည်။ မြန်မာစကားမှာတော့ `ကြောင်သူ တော် ြွကက်သူခိုး´ ဟူသော စကား က ရှိပြီးသားဖြစ်ပါ၏။
ကိုယ့်ဘ၀ ကိုယ်ရွေး
လူတိုင်းတွင် ရည်မှန်းချက် ကိုယ်စီရှိကြပြီး ဆင်းရဲသားရော သူဌေးသား၌ပါ ရှိတတ်ကြကြောင်း နှင့် ကလေးရော လူကြီးတွေ၌ပါ ရှိတတ်ကြသည့်အကြောင်းကို ပြောခဲ့ပြီးပါပြီ။ ထို့အပြင် ကိုယ့်ရည် မှန်းချက်က အတ္တလူ ဖြစ်ရေးလား၊ ပရလူဖြစ်ရေးလားဟူ၍ ခွဲခြားသိ မြင်နိုင်အောင်လည်း လောက သဘာဝနှင့်လူ့သဘာဝကိုအတော် အတန်ကို ရှင်းပြခဲ့ပြီးပါပြီ။
ဤဆောင်းပါး ဖတ်နေသော ပုဂ္ဂိုလ်သည် ကိုယ့်ဘဝရည်မှန်း ချက်ကို ပီပြင်ပြတ်သားစွာ မချမှတ် ရသေးသူ ဖြစ်နေပါက စဉ်းစားစရာ အနေဖြင့် အထောက်အပံ့ တစ်စုံ တစ်ရာ ရနိုင်လိမ့်မည်ဟု မျှော်လင့် ပါသည်။ ရည်မှန်းချက် တစ်ဆင့်သို့ ရောက်တိုင်း၊ နောက်ထပ်ရည်မှန်း ချက်တစ်ခုက ထပ်ဖြစ်လာတတ် သည့် လူ့သဘာဝကိုလည်း တင်ပြ ခဲ့ပါသည်။ စာဖတ်သူသည် ရည် မှန်းချက်ဖြင့် ဘဝကို ရှင်သန်နေ ထိုင်သူလား။ ရည်မှန်းချက် မထား တော့ဘဲ ရောက်ရာနေရာမှာရပ်တန့် နေသူလား။
ကမ္ဘာကြီးက လည်ပတ်နေ ပြီး လူတွေက ကိုယ့်မှန်းချက်နှင့် ကိုယ့်ရှေ့သို့ တက်နေသွားနေကြ သည့်အတွက် ရပ်နေသူသည် ကျန်ရစ်သူဖြစ်သည်ဆိုတာကိုပဲ သတိပြုမိစေချင်သည်။
Knowledge Bridge