Friday, April 16, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဘရာဇီးမှာ (၃)လအတွင်း ပျားကောင်ရေ သန်း(၅၀၀)အထိသေဆုံး

by Thutamm
August 25, 2019
Reading Time: 1min read
0
ဘရာဇီးမှာ (၃)လအတွင်း ပျားကောင်ရေ သန်း(၅၀၀)အထိသေဆုံး
Share on FacebookShare on Twitter

ပျားတွေဟာလူသားတွေနဲ့ အဆက်စပ်ဆုံးသော သတ္တဝါတွေဖြစ်ကြပါတယ်။ ပညာရှင် အချို့ကဆိုရင် နေ့စဉ်လူသားတွေစားသုံးတဲ့ အစားအစာ ၃ပုံ ၁ပုံဟာ ပျားတွေနဲ့ တိုက်ရိုက်ဖြစ်စေ၊သွယ်ဝိုက်ပြီးဖြစ်စေ ဆက်စပ်နေပါတယ်လို့ ဆိုကြပါတယ်။ အကြောင်းကတော့ ကမ္ဘာပေါ်မှာရှိတဲ့ သစ်ပင်၊ပန်းမန်၊ဟင်းသီးဟင်းရွတ်တွေ အောင်မြင်စွာသီးပွင့်နိုင်ဖို့ ပျားရိုင်းတွေနဲ့အိမ်မွေးပျားတွေကပဲ ဝတ်မှုန်ကူးခြင်းလုပ်ငန်း တွေကို အများဆုံးဆောင်ရွက် ပေးနေလို့ဖြစ်ပါတယ်။

ဒါအပြင်ပျားတွေရဲ့ဆက်စပ်ပစ္စည်း တွေဖြစ်တဲ့ ပျားရည်၊ပျားဖယောင်းနဲ့အခြားသောဆေးဝါးတွေကိုလည်း ပျားတွေကနေ ရရှိနေတာကြောင့် လူသားတွေအတွက် အတော်ကိုအထောက်အကူဖြစ်စေပါတယ်။

ကမ္ဘာ့ကုလမသဂ္ဂရဲ့စားနပ်ရိက္ခာဖူလုံရေးအဖွဲ့ (FAO)ရဲ့အစီရင်ခံစာတွေအရဆိုရင် ကမ္ဘာပေါ်မှာရှိတဲ့ ကောက်ပဲသီးနှံစုစုပေါင်းရဲ့(၇၅)ရာခိုင်နှုန်းလောက်ဟာ ပျားကောင်လေးတွေ ရဲ့ဝတ်မှုန်ကူးခြင်းကြောင့် အောင်မြင်ဖြစ်ထွန်းနေတယ်လို့သိရပါတယ်။ ဒါကြောင့် ပျား သတ္တဝါတွေအများအပြားသေဆုံးနေရတာဟာ လူသားတွေအတွက်တော့ သတင်းကောင်းမဖြစ်နိုင်တာ သေချာနေပါတယ်။

တောင်အမေရိကတိုက်က ဘရာဇီးနိုင်ငံမှာ တော့ ပျားကောင်သန်း(၅၀၀)လောက်ဟာ (၃)လအတွင်းသေဆုံးခဲ့ရတယ်လို့သိရပါ တယ်။ ဒီသတင်းဟာ ကမ္ဘာတဝှမ်းပြန့်နှံ့သွားချိန်မှာတော့ အစာအဟာရ သိပ္ပံပညာရှင်တွေက ကြေငြာချက်များစွာထုတ်ပြန်ခဲ့ရသလိုတစ်ဖက်ကလည်း လူသားတွေ ရှေ့ဆက်သွားမဲ့ အနာဂတ်အစီစဉ်တွေတောင် ကစဉ့်ကလျား ဖြစ်ကောင်း ဖြစ်သွားနိုင်ပါတယ်လို့ဝေဖန်မှုတွေရှိလာပါတယ်။

အမှန်လည်း ပျားတွေမျိုးတုံးသွားခဲ့မယ်ဆိုရင် တစ်စတစ်စများပြားလာတဲ့ ကမ္ဘာ့လူဦးရေနှုန်းထားအတွက် လိုအပ်တဲ့ရိက္ခာ ပမာဏကိုရယူနိုင်ဖို့ဆိုတဲ့နေရာမှာ မေးခွန်းတွေတသီကြီး ဖြစ်ပေါ်နေတာလည်း ဖြစ်ပါတယ်။ သတင်းတွေအရတော့ ဘရာဇီးနိုင်ငံရဲ့ ပျားမွေးမြူရေးစခန်းတွေတည်ရှိရာ ပြည်နယ်တွေဖြစ်တဲ့ Rio Grande od Sul မှာဆိုရင်ပျားကောင်ရေသန်း(၄၀၀)ခန့်၊ Sao Pauloမှာဆိုရင် (၇)သန်းခန့်၊ Santa Catarina မှာဆိုရင်ကောင်ရေသန်း(၅၀)ခန့်၊ Mato Groso do Sul မှာဆိုရင် ကောင်ရေ (၄၅) သန်းအထိ (၂၀၁၈)ခုနှစ် ဒီဇင်ဘာလကနေ (၂၀၁၉) ဖေဖော်ဝါရီလအထိ ၃လအတွင်း အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရပါတယ်။

Rio Grande od Sul ပြည်နယ်ပျားမွေးမြူရေးလုပ်ငန်းဒုတိယဥက္ကဌ Aldo Machado ကနေ Bloomberg ကိုပြောကြားခဲ့ရာမှာတော့ (၄၈)နာရီအတွင်းမှာ ပဲသောင်းနဲ့ချီတဲ့ ပျားကောင်ရေတွေဟာ ပျံသန်းနိုင်ခြင်းမရှိတော့ပဲ အတုံးအရုန်းကို သေဆုံးသွားခဲ့ပါတယ်။ နောက်ပိုင်းမှာ ကျန်းမာရေးကောင်းမွန်တဲ့ အခြားပျားတွေအထိ အဆိပ်အတောက်ဒဏ်ကိုခံစားလာရပြီး ထပ်မံပြီးသေဆုံးလာခဲ့ကြတာ ကောင်ရေ သန်း ပေါင်းရာချီသွားတော့တာပါပဲ လို့အစောပိုင်းထုတ်ဖော်ပြောကြားမှုတွေရှိခဲ့ပါတယ်။

ပတ်ဝန်းကျင်နဲ့အဟာရသိပ္ပံပညာရှင်တွေကတော့ ဒီဖြစ်ရပ်ဟာ စိုက်ပျိုး၊မွေးမြူရေးလုပ်ငန်းတွေ မှာအသုံးပြုတဲ့ ပိုးသတ်ဆေ ပမာဏ လိုအပ်တာထက် အလွန်အကျူးသုံးစွဲခြင်းရဲ့ အကျိုး ဆက်ဖြစ်တယ်လို့ ဆိုကြပါတယ်။ အမှန်တကယ်လည်း သက်ဆိုင်ရာပြည်နယ် အစိုး ရအဖွဲ့တွေဟာ စိုက်ပျိုး၊မွေးမြူရေးလုပ်ငန်းအတွက် နောက်ထပ်ပိုးသတ်ဆေးအမျိုးအစားပေါင်း (၃၀၀)လောက်ကို (၂၀၁၈) ဇန်နဝါရီလထဲက စိုက်ခင်းနဲ့မွေးမြူရေးခြံတွေမှာ သုံးစွဲဖို့ခွင့်ပြုခဲ့ပါတယ်။

နောက်ပိုင်းလေ့လာ တွေ့ရှိချက်တွေအရတော့ များစွာသောပိုးသတ်ဆေးတွေဒဏ်ကြောင့် အဆိပ်သင့်ခဲ့ရတဲ့ပျားတွေအတွက် အဆိုးဆုံးဖြစ်ခဲ့တာကတော့ နိုက်ထရိုက်ဓာတ်ပေါင်းတွေဖြစ်တဲ့ Fipronil ပိုးသတ်ဆေးကဲ့သို့သော အင်းဆက်ကောင် တွေရဲ့ အာရုံကြောစနစ်ကို ပျက်စီးစေတဲ့အရာတွေက ပိုမိုအဓိက ကျတယ်လို့သိခဲ့ရပါတယ်။ Fipronilကိုတော့ ကျွဲ၊နွား၊သိုး၊ဆိတ်စတဲ့တိရိစ္ဆာန်တွေရဲ့ထိခိုက်ဒဏ်ရာတွေကို ပိုးသတ်ဖို့နဲ့ သန်း၊မွှားစတဲ့အင်းဆက်တွေကို ရှင်းလင်းရာမှာအများဆုံးသုံးပါတယ်။

အမေရိကန်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အေဂျင်စီတွေရဲ့အဆိုအရတော့ Fipronil ပိုးသတ်ဆေးတွေဟာ လူသားတွေအတွက် ကင်ဆာရောဂါကိုဖြစ်ပွားစေတဲ့ ဓာတုဒြပ်ပေါင်းတွေဖြစ်တယ်လို့ ထောက်ပြမှုတွေရှိခဲ့ပါတယ်။ ဒါကြောင့် Fipronil တွေ ဟာပျားတွေကိုသာမက လူသားတွေအထိတောင် ပြင်းပြင်းထန်ထန်ရိုက်ခတ်မှုတွေ ရှိနေတာကို သိရှိခဲ့ရပါတယ်။

ဒီဖြစ်ရပ်တွေအတွက် Brazil’s Federal District ရဲ့ Apiculturist Association ရဲ့ ဥက္ကဌ Alberto Bastos ကတော့ ပျားတွေမျိုးတုံးခြင်းဟာ လူသားတွေအတွက်အဆိပ်၊ အတောက်ဖြစ်စဉ်တွေကိုသာ ဖန်တီးမှာဖြစ်တယ်လို့ Bloomberg သတင်းဌာနကို ပြော ကြားခဲ့ပါတယ်။ ပျားတွေသာမရှိခဲ့ရင် ကမ္ဘာလူထုရဲ့အဓိကစားသောက်ကုန်ဖြစ်တည်ရာ စိုက်ပျိုးရေးကဏ္ဍအတွက် အကြီးအကျယ်ထိခိုက်မှာဖြစ်ပါတယ်။

ပျားတွေသေဆုံးရတဲ့ အခြားအကြောင်းအရင်းဖြစ်တဲ့ ပျားဖွတ်ခြင်းအလေ့ဟာ ကမ္ဘာ့နိုင်ငံအားလုံး လိုလိုမှာရှိနေပေမဲ့ ကမ္ဘာမှာရှိနေတဲ့ပျားကောင်ရေ ပမာဏအရကြောင့် ထည့်သွင်းမတွက်ချက်လည်း ပြသာနာအများကြီးမရှိနိုင်ပါဘူး။ ယခုဈေးကွက်အတွင်း မှာရှိတဲ့ အသင့်စားစားသောက်ကုန်တွေဆိုတာလည်း သဘာဝအတိုင်းမဟုတ်ပဲ နည်းပညာရပ်ဆိုင်စားသောက်ကုန်တွေဖြစ်တာကြောင့် အကန့်အသတ်ရော၊ဆိုးကျိုးရော မျာစွာရှိနေတာပါ။

လူသားတွေကြောင့် ယိုယွင်းလာတဲ့ ကမ္ဘာကြီးရဲ့ ဆုတ်ယုတ်မှုတွေထဲမှာ ဓာတုပစ္စည်းတွေရဲ့အခန်းကဏ္ဍဟာလည်း တစ်စိတ်တစ်ပိုင်းပါဝင်နေသလို ယခုလိုဓာတုပစ္စည်းအသေးစား ပိုးသတ်ဆေးတွေကနေ လူ့အသက်တွေပါသေစေနိုင်တဲ့ ဓာတုလက်နက်တွေကိုတောင်ဖန်တီးမှုတွေရှိနေခြင်းဟာ လူသားတွေ အနာဂတ်အတွတ်မေးခွန်းထုတ်စရာအဖြစ် ရှိနေဆဲဖြစ်ပါတော့တယ်။

Ref:
Half a billion bees die within three months in Brazil – Independent Uk
500 Million Bees Have Already Died In Brazil Within Three Months – BoredPanda

Tags: animalsworld news

Related Posts

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ
news

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ

ဒီတပတ်တော့ ပလပ်စတစ်ကို ခြေဖျက်တဲ့ bacterial cocktail လို့ခေါ်တဲ့ ရောနှောဘက်တီးရီးယားကို ဟန်ဂေရီက ဇီဝဓါတုပညာရှင် ၂ ဦး ဖန်တီးလိုက်တဲ့ အကြောင်း ပြောပြပေးပါမယ်။ Liz Madaras။ ။ “ကျမတို့က Poliloop ကုမ္ပဏီကို...

သံမဏိလူသား ပြိုင်ပွဲမှာ နောက်ဆုံးပန်းဝင်တဲ့အထိ ယှဉ်ပြိုင်နိုင်ခဲ့တဲ့ ဒေါင်း လူငယ်လေး
Amazing

သံမဏိလူသား ပြိုင်ပွဲမှာ နောက်ဆုံးပန်းဝင်တဲ့အထိ ယှဉ်ပြိုင်နိုင်ခဲ့တဲ့ ဒေါင်း လူငယ်လေး

ဒေါင်း(Down) ဆိုတာကတော့ Down Syndrome(ဒေါင်းဆင်ဒရုန်း) ကိုပြောတာဖြစ်ပါတယ်။ မြန်မာမှာတော့ ဒေါင်းဆင်တုံး လို့ပဲ အလွယ်တကူခေါ်ဝေါ်နေကြတဲ့ ရောဂါဖြစ်ပါတယ်။ အဖြစ်အများဆုံး မျိုးရိုးဗီဇဆိုင်ရာ ရောဂါတမျိုးဖြစ်ပြီး ဒီရောဂါခံစားနေရသူတွေရဲ့ မျက်နှာသွင်ပြင်တွေဟာ တူညီနေလေ့ရှိပါတယ်။ စာရေး စာဖတ် သင်ကြားဖို့ ခက်ခဲလေ့ရှိပြီး...

နာဆာရဲ့ အာကာသ သန့်စင်ခန်းဒီဇိုင်းပြိုင်ပွဲမှာ အနိုင်ရသွားတဲ့ ၉နှစ်သား
Amazing

နာဆာရဲ့ အာကာသ သန့်စင်ခန်းဒီဇိုင်းပြိုင်ပွဲမှာ အနိုင်ရသွားတဲ့ ၉နှစ်သား

အမေရိကန်ရဲ့ အမျိုးသား အာကာသနှင့် လေကြောင်း ဦးစီးဌာန (နာဆာ) က ကျင်းပတဲ့ ၂၀၂၀ ခုနှစ် Lunar Loo Challenge ပြိုင်ပွဲမှာ ချန်ပီယံအဖြစ် အနိုင်ရရှိသွားသူကတော့ Zyson Kang Zy Sun...

ကိုဗစ် ကူးစက်ခံလိုက်ရတဲ့ သမ္မတ ဒေါ်နယ်ထရမ့်
news

ကိုဗစ် ကူးစက်ခံလိုက်ရတဲ့ သမ္မတ ဒေါ်နယ်ထရမ့်

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် နဲ့ Melania Trump တို့ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတယ်လို့ သောကြာနေ့ မနက်ပိုင်းမှာ ထုတ်ဖော် ကြေငြာသွားခဲ့ပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်ဟာ အသက် ၇၄နှစ်ရှိပြီဖြစ်တာကြောင့် ကိုရိုနာဗိုင်းရပ်စ်တိုက်ခိုက်မှုကို ခံရတဲ့ အစိုးရိမ်ရဆုံး အသက်အပိုင်းအခြားမှာ...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!