Monday, March 8, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဘရာဇီးနိုင်ငံ အကြောင်း သိကောင်းစရာ

by Thutamm
October 3, 2019
Reading Time: 2min read
0
ဘရာဇီးနိုင်ငံ အကြောင်း သိကောင်းစရာ
Share on FacebookShare on Twitter

(Unicode)

ဘရာဇီးနိုင်ငံရဲ့တရားဝင်အမည်ကတော့ ဘရာဇီးဖက်ဒရယ်သမ္မတနိုင်ငံ(Federative Republic of Brazil) ဖြစ်ပြီး လူဦးရေ အရရောနိုင်ငံရဲ့အကျယ်အဝန်းအရပါ ကမ္ဘာပေါ်မှာ ပဉ္စမမြောက်အကြီးဆုံးနိုင်ငံတစ်ခုအဖြစ်ရှိနေပါတယ်။ ဘရာဇီး ဆိုတဲ့စကားကတော့ ပေါ်တူဂီလို pau-brasil လို့ခေါ်တဲ့ brazilwood ဆိုတဲ့စကားလုံးကနေ ဆင်းသက်လာပါတယ်။ Brazilwood ဆိုတာကတော့ ဘရာဇီးကမ်းရိုးတန်းမှာ သာပေါက်ရောက်လေ့ရှိတဲ့ အပင်တွေဖြစ်ပြီးအနီရောင်မီးစလို့အဓိပ္ပါယ်ရပါတယ်။

တောင်အမေရိကတိုက်မှာဆိုရင်တော့ ဘရာဇီးဟာ အကြီးဆုံးနဲ့ လူဦးရေအများဆုံးဖြစ်ပြီး မြို့တော်ကတော့ Brasilia ဖြစ်ပါတယ်။ ဧရိယာစတုရန်းကီလိုမီတာ (၈.၅)သန်းလောက်ကျယ်ဝန်းတဲ့ဘရာဇီးရဲ့ လူနေထူထပ်ဆုံးမြို့ကတော့ Sao Paulo မြို့ ဖြစ်ပါတယ်။ ဘရာဇီးနိုင်ငံကို ပြည်နယ်ပေါင်း(၂၆)ခုနဲ့ဖွဲ့စည်းထားပြီး နိုင်ငံတွင်းမြူနီစပယ်ဧရိယာပေါင်း (၅၅၇၀)လောက်အထိရှိနေပါတယ်။ စပိန်ဘာသာ စကားကိုသာ အသုံးပြုတဲ့ တောင်အမေရိကနိုင်ငံတွေ အနက်မှာတော့ ဘရာဇီးဟာ ပေါ်တူဂီ ဘာသာကိုရုံးသုံးဘာသာစကားကိုရုံးသုံးဘာသာအဖြစ်အသုံးပြုတဲ့ အကြီးဆုံးနိုင်ငံ အဖြစ်လည်း မှတ်တမ်းဝင်ထားပါတယ်။

ဘရာဇီးနိုင်ငံ အရှေဘက်ပိုင်းမှာတော့ အတ္တလန္တိတ်သမုဒ္ဒရာက ကာရံထားတာကိုတွေ့ရပြီး ဘရာဇီးရဲ့ကမ်းးရိုးတန်းအရှည်မိုင်ကတော့(၄၆၅၅)မိုင်ရှည်လျားပါတယ်။ ဘရာဇီးနိုင်ငံ ဟာ တောင်အမေရိကကတိုက်ရဲ့ကုန်းမြေ ဧရိယာစုစုပေါင်းရဲ့ (၄၇.၃) ရာခိုင်နှုန်းလောက်အထိရယူထားပြီး အီကွေဒေါနဲ့ချီလီနိုင်ငံတွေကလွဲလို့ ကျန်နိုင်ငံ အားလုံးရဲ့နယ်နိမိတ်ချင်းထိစပ်လျက်ရှိနေပါတယ်။

အမေဇုံမြစ်ဝှမ်းအပါအအဝင် ကျယ်ပြန့်တဲ့အပူပိုင်းအမြဲစိမ်းတောနက်ကြီးတွေ၊ ကွဲပြား ခြားနားတဲ့ရှားပါးတိရိစ္ဆာန်နဲ့ အပင်မျိုးစိတ်တွေ ၊မြင့်မားတဲ့ဂေဟစနစ်နည်းပညာတွေကို ပိုင်ဆိုင်ထားတဲ့ နိုင်ငံဖြစ်နေတဲ့အပြင် သားရဲတိရိစ္ဆာန်ဘေးမဲ့ ဧရိယာအဖြစ်သတ်မှတ်ထား တဲ့တောနက်ဧရိယာများစွာနဲ့ သဘာဝသယံဇာတပေါများစွာထွက်ရှိတဲ့ ဘရာဇီးနိုင်ငံဟာ Megadiverse countries လို့သိကြတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကမ္ဘာထိပ်တန်း (၁၇) နိုင်ငံမှာတစ်ခုအပါအဝင်ဖြစ်ပါတယ်။

ဘရာဇီးကုန်းမြေကို စတင်တွေ့ရှိသူလို့ဆိုရမဲ့ ပေါ်တူဂီလူမျိုး Pedro Alvares Cabral ရောက်ရှိခဲ့တဲ့(၁၅၀၀)ပြည့်နှစ်ကာလကတည်းက ဘရာဇီးကုန်းမြေမှာ မျိုးနွယ်စု များစွာရှိနေခဲ့ပြီး ဖြစ် တယ်လို့သိရပါတယ်။ ဘရာဇီးဟာအချိန်တော်တော်ကြာပေါ်တူဂီ အင်ပါယာလက်အောက်ကျရောက်ခဲ့ပြီး (၁၈၀၈)ခုနှစ်မှာတော့ ပြင်သစ်စစ်ဘုရင်နပိုလီယံဟာ ပေါ်တူဂီနိုင်ငံကိုဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ပေါ်တူဂီအင်ပါယာရဲ့မြို့တော်ကို လစဘွန်းကနေ ယခုဘရာဇီးနိုင်ငံ ရီယိုဒီဂျေးနရိုးမြို့ဆီကိုပြောင်းရွေခဲ့ရပါတယ်။

(၁၈၁၅) ခုနှစ်မှာတော့ပေါ်တူဂီအင်ပါယာရဲ့ကိုလိုနီတွေဖြစ်တဲ့ ဘရာဇီးဟာသီးခြားဘုရင် နိုင်ငံအဖြစ်ထူထောင်ဖို့တောင်းဆိုလာခဲ့ပါတယ်။ (၁၈၂၂)ခုနစ်မှာတော့ ဘရာဇီးဟာ လွတ်လပ်ရေးရရှိခဲ့ပြီး စည်းမျဉ်းခံဘုရင်စနစ်နဲ့ပါလီမန်စနစ်ကျင့်သုံးတဲ့ နိုင်ငံအဖြစ်ရပ် တည်လာခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်းမှာတော့ ဘရာဇီးဟာ မဟာမိတ်တပ်တွေဘက်ကနေပါဝင်ခဲ့လို့ စစ်နိုင်တဲ့နိုင်ငံတစ်ခု အဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်။ (၁၈၈၉)ခုနှစ်မှာတော့ ဘရာဇီးဟာသမ္မတနိုင်ငံအဖြစ်ရပ်တည်ခဲ့ ပြီး (၁၉၆၄)ကနေ (၁၉၈၅)ခုနှစ်အတွင်းမှာတော့ စစ်အာဏာရှင်စနစ်နဲ့အုပ်ချုပ်ခြင်းခံခဲ့ရ ပါတယ်။ ယင်းအခါကဘရာဇီးစစ်တပ်ဟာ ကျွန်စနစ်ကိုဖျက်သိမ်းလိုက်တဲ့ အတွက်မကျေမလည်ဖြစ်နေတဲ့ ကျွန်ပိုင်ရှင်လူချမ်းသာတွေရဲ့ ကျောထောက်နောက်ခံ ပြုထားတဲ့စစ်တပ် အနေနဲ့ရှိနေခဲ့တာဖြစ်ပါတယ်။

ယင်းနောက်မှာတော့ အရပ်သားအစိုးရတက်လာခဲ့ပြီး (၁၉၈၈)ခုနှစ်ကတည်း ကရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဘရာဇီးဟာဖက်ဒရယ်သမ္မတနိုင်ငံတစ်ခုအ ဖြစ်ရှိနေတာကိုလည်းတွေ့ရမှာပါ။ ယဉ်ကျေးမှုသမိုင်းအစဉ်အလာကြီးမားလွန်းတာ ကြောင့်ဘရာဇီဟာ UNESCO ရဲ့(၁၃)ခုမြောက်ကမ္ဘာ့အမွေအနှစ်ထိန်းသိမ်းရေးနယ်မြေ အများဆုံးရှိရာနိုင်ငံအဖြစ်လည်းရှိတာပါ။

ဘရာဇီးနိုင်ငံဟာအရှိန်အဟုန်နဲ့စီးပွားရေးတိုးတက်လာတဲ့ကမ္ဘာနိုင်ငံစာရင်းမှာထိပ်ဆုံး ကနေပါဝင်နေခဲ့ပြီး GDP(nominal)နဲ့ တွက်ချက်မယ်ဆိုရင်တော့ ကမ္ဘာပေါ်မှာ(၉)ခုမြောက် စီးပွားရေး အင်အားအကြီးဆုံးနိုင်ငံဖြစ်ပြီး GDP ခန့်မှန်းတန် ဖိုး(PPP)နဲ့တွက်ချက်မယ်ဆိုရင်တော့ အဆင့်(၈)နေရာမှာရှိနေပါတယ်။ နိုင်ငံသားတစ်ဦချင်းစီရဲ့ တစ်နှစ်ဝင်ငွေကတော့ အမေရိကန်ဒေါ်လာ (၁၅၉၁၉) အထိရှိနေပြီး လုပ်သားထုအင်အားပေါင်း(၁၀၇)သန်း ခန့်ရှိကာ အလုပ်လက်မဲ့ ရာခိုင်နှုန်းကတော့ (၆.၂)ရာခိုင်နှုန်းရှိပါတယ်။


လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ သတ္ထုတူးဖော်ရေးလုပ်ငန်း၊လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်း၊ အထွေထွေ ဝန်ဆောင်မှုလုပ်ငန်းတွေကိုအဓိကထားလုပ်ကိုင်ကြတာကိုတွေ့ရမှာဖြစ်ပြီးပေါကြွယ်ဝ တဲ့နိုင်ငံရဲ့ သဘာဝထွက်ကုန်တွေကို နည်းစနစ်တစ်ကျထုတ်ယူတဲ့အပိုင်းမှာလည်း ဘရာဇီးဟာအစဉ်တိုးတက်လျက်ရှိနေပါတယ်။

လိမ္မော်သီး၊ကော်ဖီ၊သကြား၊ပလောပီနံမှုန့်၊ပဲပုပ်၊သင်္ဘောသီး စတဲ့စိုက်ပျိုးသီးနှံတွေကို အများဆုံးထုတ်လုပ်နိုင်ခဲ့ပြီဘရာဇီးဟာစက်မှုလုပ်ငန်းပိုင်းမှာလည်း မော်တော်ကား၊ သံမဏိ၊ကွန်ပျူတာ၊လေယာဉ်နဲ့ဓာတုဗေဒ ပစ္စည်းများစွာကို ထုတ်လုပ်ရောင်းချ ပါတယ်။ စက်မှုဖွံဖြိုးပြီးနိုင်ငံများ G-20၊ စီးပွားရေးထိပ်တန်းနိုင်ငံများ (BRICs) စတဲ့ကမ္ဘာထိပ်သီး နိုင်ငံတွေသာပါဝင်တဲ့ အစုအဖွဲ့အသင်းဝင်ဖြစ်ပြီၤး နိုင်ငံရဲ့ကဏ္ဍတိုင်းဟာနှစ်စဉ်တိုးတက် အောင်မြင်နေတဲ့ နိုင်ငံကြီး တစ်ခုအနေ အထားကိုရောက်ရှိနေပါပြီ။

လေ့လာတွေ့ရှိချက်တွေအရတော့ ယခုဘရာဇီးနိုင်ငံမှာ လွန်ခဲ့တဲ့နှစ်ပေါင်း(၁၁၀၀၀) ကာလလောက်ကတည်းက လူသားမျိုးနွယ်တွေအခြေချနေထိုင်ခဲ့တယ်လို့သိရပါတယ်။ ဥရောပတိုက်သားတွေအခြေချနေထိုင်ခြင်းမရှိချိန်တည်းက ဘရာဇီးနိုင်ငံမှာ ဒေသခံ တိုင်းရင်းသား မျိုးနွယ်ပေါင်း (၇)သန်းလောက်အခြေချနေထိုင်ခဲ့ကြပြီးအများစုကတော့ လူရိုင်းသာသာတွေသာဖြစ်ကြကာ အမဲလိုက်ခြင်း၊ငါးဖမ်းခြင်း၊စုပေါင်းနေထိုင်ခြင်း၊ ရွေပြောင်းတောင်ယာလုပ်ကိုင်ခြင်းနည်းတွေနဲ့ အသက်မွေးဝမ်းကြောင်းပြုကြပါတယ် ။ မျိုးနွယ်စုတွေအချင်းချင်းလည်း သင့်မြတ်ကြခြင်းမရှိပဲ အမြဲတစ်စေတိုက်ခိုက်သတ်ဖြတ်ကြလေ့ ရှိပါတယ်။

(၁၅၀၀)ပြည့်နှစ်၊ဧပြီလ(၂၂)ရက် မှာတော့ပေါ်တူဂီလူမျိုး စူးစမ်းရှာဖွေရေးသမား Pedro Alvares Cabral ရဲ့သင်္ဘောအုပ်စုဟာယခုဘရာဇီးနိုင်ငံကုန်းမြေကို ဆိုက်ကပ်လာခဲ့ပြီး ဒေသခံတိုင်းရင်းသားတွေကို စစ်ရေးနည်း အပါအဝင် နည်းအမျိုးမျိုးနဲ့စုစည်းပြီး ပေါ်တူဂီ အင်ပါယာအတွင်းကိုသွတ်သွင်းခဲ့ပါတယ်။ ယင်းကာလက ဘရာဇီးမှာနေထိုင်သူတွေဟာ Tupi-Guarani ဘာသာစကားကိုပြောဆိုကြပါတယ်။

(၁၅၃၂)ရောက်ချိန်မှသာပေါ်တူဂီတွေဟာ ဘရာဇီးကုန်းမြေမှာအခြေတစ်ကျနေထိုင်ပြီး တည်ဆောက်ရေးလုပ်ငန်းတွေကို စတင်လုပ်ဆောင်ခဲ့ပါတယ်။(၁၅၃၄)မှာတော့ ပေါ်တူဂီဘုရင် John (2)ဟာဘရာဇီးနိုင်ငံကို နယ်မြေခွဲ(၁၅)ခုအဖြစ်ပိုင်းခြားအုပ်ချုပ်ခဲ့ ပါတယ်။ နောက်ပိုင်းမှာတော့ ယင်းစနစ်နဲ့အုပ်ချုပ်တဲ့စနစ်ဟာ အငြင်းပွားစရာပြသာနာ များစွာရှိနေတာကြောင့် (၁၅၄၉)ခုနှစ်မှာတော့ ဘုရင်ခံချုပ်တစ်ဦးခန့်ထားအုပ်ချုပ်စေခဲ့ ပါတယ်။

(၁၆)ရာစုအလယ်ကိုရောက်လာချိန်မှာတော့ သကြားဟာ ဘရာဇီးနိုင်ငံရဲ့တင် ပို့ကုန်ဖြစ်လာပြီး နိုင်ငံတကာအမှာစာများစွာရရှိတာကြောင့်ပေါ်တူဂီတွေအတွက်များစွာ အကျိုးအမြတ်ရရှိလာခဲ့ပါတယ်။ ဒါအပြင်ဘရာဇီးရဲ့ပေါကြွယ်ဝတဲ့အရင်းအမြစ်တွေကို ထုတ်ယူဖို့အတွက်လည်း ပေါ်တူဂီတွေဟာ အချို့သောတိုင်းရင်းသားတွေကိုကျွန်အဖြစ် အသုံးပြုခဲ့တဲ့အပြင် အာဖရိကတိုက်ကကျွန်တွေကိုပါ ဘရာဇီးနိုင်ငံအတွင်းကို သွတ်သွင်းလာခဲ့ပါတယ်။

ပေါ်တူဂီတွေဟာ ဘရာဇီးရဲ့နယ်မြေအတော် များများ ကိုပိုင်ဆိုင်ထားတဲ့ ပြင်သစ် တွေဆီကနေတိုက်ခိုက်ပြီးနယ်မြေသစ်တွေကိုစုဆောင်းခဲ့ ပြီးနိုင်ငံအရှေတောင်ပိုင်းမှာရှိတဲ့ ရီယိုဒီဂျေနေရိုးမြို့ကို(၁၅၆၇)ခုနှစ်မှာတိုက်ခိုက်အောင် မြင်ခဲ့သလိုအနောက်မြောက်ပိုင်းက ဆောလူးဝစ်မြို့ကိုတော့ (၁၆၁၅)ခုနှစ်မှာတိုက်ခိုက် သိမ်းပိုတ်နိုင်ခဲ့ပါတယ်။

ဒါအပြင်အမေဇုံမိုးသစ်တောအတွင်းမှာအခိုင်အမာအခြေချထား တဲ့အင်္ဂလိပ်နဲ့ဒတ်ချ်တွေရဲ့ နယ်မြေများစွာကိုလည်းဆက်လက်သိမ်ပိုက်နိုင်ခဲ့ပြီး (၁၆၈၀) မှာတော့တောင်ပိုင်းအစွန်ဆုံးပိုင်းမှာ ရီယိုဒီပလာမြစ်ကမ်းမှာ ဆာခရာမင်တိုမြို့ကို ထူထောင်ပေးခဲ့ပါတယ်။(ယခုအခါယင်းမြို့ဟာ ဥရုဂွေးနိုင်ငံအတွင်းကိုပါဝင်နေပါတယ်)

ဘရာဇီးဟာတောင်အမေရိကတိုက်ရဲ့ုအရှေဘက်ကမ်းရိုးတန်ဒေသတွင်းမှာပါဝင်နေပြီး တောင်ဘက်မှာဆိုရင်ဥရုဂွေးနိုင်ငံ၊အနောက်တောင်ဘက်ပိုင်းမှာ အာဂျင်တီးနားနဲ့ ပါရာဂွေးနိုင်ငံ၊ အနောက်ဘက်မှာဆိုရင် ဘိုလစ်ဗီးယားနဲ့ပီရှုးနိုင်ငံ၊အနောက်မြောက် ဘက်မှာကိုလံဘီယာနိုင်ငံ၊ဗင်နီဇွဲလားနိုင်ငံ၊ဂူအာနနိုင်ငံ၊ဂိုင်ယာနာနိုင်ငံနဲ့ ပြင်သစ်နိုင်ငံရဲ့ နယ်ဝေးနယ်နိမိတ်ဖြစ်တဲ့ ပြင်သစ်ဂီနီတို့နဲ့ နယ်နိ မိတ်ချင်းထိစပ်လျက်ရှိပါတယ်။

ဒါအပြင်သမုဒ္ဒရာအတွင်းကကျွန်းစုတွေဖြစ်တဲ့ Fendando de Noronha၊ Rocas Atoll၊ Saint Peter နဲ့ Paul Rocks ၊ Trindade and Martim Vaz ကျွန်းစုတွေဟာလည်း ဘရာဇီးရဲ့နယ်မြေအတွင်းပါဝင်နေပါတယ်။ ဘရာဇီးနိုင်ငံဟာကြီးမားတဲ့အရွယ်အစားနဲ့ လိုက်ဖက်အောင် မြေမျက်နှာပြင်အမျိုးမျိုးတည်ရှိနေမှု၊ရာသီဥတုနဲ့ သဘာဝအရင်းအ မြစ်များကြောင့် နိုင်ငံရဲ့ပထဝီဝင်အနေအထားဟာတစ်နေရာနဲ့တစ်နေရာကွဲပြားပါတယ်။ အတ္တလနစ်သမုဒ္ဒရာတွင်းကကျွန်းများအပါအဝင်ဘရာဇီးဟာ မြောက်လတ္တီကျု၆ ဒီဂရီ ကနေ တောင်လတ္တီကျု ၃၄ ဒီဂရီ၊ အရှေလောင်ဂျီကျူ (၂၈)ဒီဂရီကနေအနောက်လောင် ဂျီကျူ (၇၄)ဒီဂရီအကြားမှာတည်ရှိနေပါတယ်။

ဘရာဇီးဟာကမ္ဘာပေါ်ဆိုရင်ပဉ္စမမြောက်အကြီးမားဆုံးနိုင်ငံအဖြစ်ရှိနေပြီး အမေရိက တိုက်မှာဆိုရင်တော့ တတိယမြောက်အကြီးမားဆုံးနိုင်ငံအဖြစ်ရှိနေတာပါတယ်။ ဧရိယာ စတုရန်းကီလိုမီတာ (၈၅၁၅ ၇၆၇ )ဘရာဇီးနိုင်ငံဟာ ရေပြင်ဧရိယာကတော့ (၅၅ ၄၅၅) စတုရန်းကီလိုမီတာအထိရှိနေပါတယ်။

ဘရာဇီးနိုင်ငံနေရာအတော်များများရဲ့မြေပြင်အနေအထားဟာ ပင်လယ်ရေမျက်နှာ ပြင်အထက် ပေ(၆၆၀)ကနေ (၂၆၀၀)ပေအကြားမြင့်မားကြပြီး နိုင်ငံရဲ့တောင်ဘက်စွန်း ဒေသတစ်ဝက်လောက်ဟာ ကုန်းမြေအမြင့်များဖြစ်ကြပါတယ်။ နိုင်ငံရဲ့အရှေတောင် ဘက်စွန်းပိုင်းမှာဆိုရင်လည်း မြင့်မားကြမ်းတမ်းတဲ့တောင်တန်းတွေကိုပိုင်ဆိုင်ထားတာ ကိုတွေ့ရမှာဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်ထက်အမြင့်ပေ (၃၉၀၀)လောက်မြင့်မားတဲ့ တောင်တန်းတွေဟာ ဘရာဇီးရဲ့အမြင့်ဆုံးအပိုင်းတွေဖြစ်ပါတယ်။ ဒီတောင်တန်းတွေ အတွင်းမှာတော့ Mantiqueira ၊ Espinhaco နဲ့ Serra do Mar တောင်တန်းတွေ ပါဝင်နေပါတယ်။ ဘရာဇီးရဲ့အမြင့်ဆုံးဒေသကတော့ ပေပေါင်း (၉၈၂၃)ပေမြင့်မားတဲ့ Pico da Neblina ဖြစ်ပြီး အနိမ့်ဆုံးအပိုင်းကတော့ အတ္တလန္တိတ် သမုဒ္ဒရာဖြစ်ပါတယ်။

ဘရာဇီးနိုင်ငံရဲ့အဓိကမြစ်ဝှမ်း(၈)ခုဟာ အတ္တလန္တိတ်သမုဒ္ဒရာအတွင်းကိုပဲ စီးဝင်တာကို တွေ့ရမှာဖြစ်ပြီး အဓိကမြစ်တွေအဖြစ်တော့ အရှည်ဆုံး နဲ့ ရေထုထည်အများဆုံးဖြစ်တဲ့ အမေဇုံမြစ်၊ ပါရာနာမြစ်နဲ့ အီဂွာဆူမြစ်၊နီဂရိုးမြစ်၊ဆာအိုဖ ရန်ကိုမြစ်၊ဇင်ဂူမြစ်၊မက်ဒီယာမြစ်နဲ့ တာပါဂျော့မြစ်တွေဖြစ်ကြပါတယ်။

Time Zone အနေနဲ့ဆိုရင်တော့ (၄)ခု အထိရှိနေတာကိုတွေ့ရပြီး ဘရာဇီးဟာအီကွေတာမျဉ်ပေါ်မှာရှိနေပေမဲ့ Tropic of Capricorn လို့ိသိကြတဲ့အပူပိုင်းဒေသအတွင်းမှာကျရောက်မှုမရှိပဲ အခြားဒေသအမျိုး အစားထဲမှာပါဝင်နေတဲ့ တစ်ခုတည်းသောနိုင်ငံလည်းဖြစ်ပါတယ်။ နေရာဒေသအမျိုးမျိုး ၊မြေမျက်နှာပြင်အမျိုးမျိုးကိုပိုင်ဆိုင်ထားတဲ့ဘရာဇီးနိုင်ငံရဲ့ဒေသအများစုကတော့ အပူပိုင်းဒေသရာသီဥတုမျိုးပဲဖြစ်ပါတယ်။

နိုင်ငံရဲ့မြောက်ဘက်ပိုင်းမှာဆိုရင် အီကွေတာဆန်တဲ့ မိုးသစ်တောရာသီဥတုကျရောက်ပြီး အရှေမြောက်ဘက်ပိုင်းမှာဆိုရင်ကန္တာရဆန်တဲ့ ရာသီ၊တောင်ဘက်ပိုင်းမှာဆိုရင် သစ်တောတွေဖုံးလွှမ်းလျက်ရှိတာကြောင့် စိမ်းစိုတဲ့ သမပိုင်းရာသီဥတု၊နိုင်ငံရဲ့အလယ်ပိုင်းမှာဆိုရင်တော့ အပူပိုင်းဒေသရာသီမျိုးကိုပိုင် ဆိုင်ထားတာကိုတွေ့ရပါတယ်။ ဘရာဇီးရဲ့ပျှမ်းမျှအပူချိန်ကတော့ (၂၅)ဒီဂရီဆဲစီးရတ်အထိရှိတာကိုတွေ့ရမှာဖြစ်ပြီး ရာသီဥတုအခြေအနေအပေါ်မူတည်ပြီး နေ့၊ည အပူချိန်ခြား နားမှုဟာ အလွန်များပြားပါတယ်။ ပင်လယ်ကမ်းရိုးတန်းနဲ့နီးစပ်တဲ့တောင်ပိုင်း Bahia ဒေသနဲ့ဆာအိုပေါ်လိုဝန်းကျင်ဒေသတွေကတော့ တစ်နှစ်ပတ်လုံးနီးပါးမိုးရွာသွန်းပြီး ပျှမ်းမျှအပူချိန်ဟာ (၁၈)ဒီဂရီထက်မကျော်လွန်ပါဘူး။

(၂၀၁၉)ခုနှစ်က တွက်ချက်မှုတွေအရတော့ ဘရာဇီးနိုင်ငံရဲ့လူဦးရေဟာ ၂၁၀.၁၄၇သန်း ရှိပြီး လူဦးရေသိပ်သည်းဆကတော့ (၁)စတုရန်းမိုင်မှာ (၆၄.၇)ဦးနေထိုင်ပါတယ်။ လူဖြူ(၄၇.၇၃)ရာခိုင်နှုန်း၊ သွေးနှော(၄၃.၁၃)ရာခိုင်နှုန်း၊ လူမည်း(၇.၆၁) ရာခိုင် နှုန်း၊အာရှသား(၁.၀၉)ရာခိုင်နှုန်း၊ အေမာရီဒီယန်(ဝ.၄၃)ရာခိုင်နှုန်းအထိနေထိုင်ကြပါ တယ်။ ကိုးကွယ်ယုံကြည်မှုအနေနဲ့ကတော့ ရိုမန်ကတ်သလစ်ဘာသာဝင် (၆၄.၆) ရာခိုင်နှုန်း၊ ပရိုတက်စတင့်(၂၂.၂)ရာခိုင်နှုန်း၊ ဘာသာမဲ့(၈)ရာခိုင်နှုန်း၊နတ်ကိုးကွယ်သူ (၂)ရာခိုင်နှုန်းနဲ့အခြားဘာသာဝင် (၃.၂)ရာခိုင်နှုန်းရှိနေပါတယ်။

ထူးခြားချက်ကတော့ ကမ္ဘာပေါ်မှာဘရာဇီးဟာကျယ်ဝန်းတဲ့နယ်မြေ၊ ပေါကြွယ်ဝတဲ့ သယံဇာတ တွေကြောင့်နာမည်ကြီးတယ်ဆိုတာထက် ယနေ့ခေတ်သည်းခြေကြိုက် အားကစားဖြစ်တဲ့ ဘောလုံးအားကစားနည်းရဲ့ ဘုရင်လို့တင်စားခေါ်ဆိုတဲ့ ပီလီကနေအစ၊ ရိုမာရီယို၊ရိုနယ်ဒို၊ရော်နယ်ဒင်ဟို၊ ရော်ဘတ်တိုကားလော့၊ကာကာ၊တို့ကအလယ် မျက်မှောက်ခေတ် ဘရာဇီကစားသမား တွေဖြစ်တဲ့ နေးမာ၊ဂါဘရီရယ်ဂျီးဆတ် စတဲ့ဘောလုံးသူရဲကောင်းတွေစဉ်ဆက်မပြတ် ထွက်ပေါ်ရာနိုင်ငံအဖြစ် လူသိများတယ် ဆိုတဲ့အချက်ဖြစ်ပါတယ်။ ဒါအပြင်ဘရာဇီးဟာကမ္ဘာဘောလုံးလောကရဲ့ အမြင့်ဆုံးဆုတံဆိပ်လို့ညွှန်းဆိုရမဲ့ ကမ္ဘာဖလားကိုလည်း အကြိမ်အရေအတွက်အများဆုံးရတဲ့အသင်း အဖြစ် (၅)ကြိမ်တိုင်ဗိုလ်စွဲထားနိုင်ခဲ့ပါတယ်။

(Zawgyi)

ဘရာဇီးႏိုင္ငံ အေၾကာင္း သိေကာင္းစရာ

ဘရာဇီးႏိုင္ငံရဲ႕တရားဝင္အမည္ကေတာ့ ဘရာဇီးဖက္ဒရယ္သမၼတႏိုင္ငံ(Federative Republic of Brazil) ျဖစ္ၿပီး လူဦးေရ အရေရာႏိုင္ငံရဲ႕အက်ယ္အဝန္းအရပါ ကမာၻေပၚမွာ ပၪၥမေျမာက္အႀကီးဆုံးႏိုင္ငံတစ္ခုအျဖစ္ရွိေနပါတယ္။ ဘရာဇီး ဆိုတဲ့စကားကေတာ့ ေပၚတူဂီလို pau-brasil လို႔ေခၚတဲ့ brazilwood ဆိုတဲ့စကားလုံးကေန ဆင္းသက္လာပါတယ္။ Brazilwood ဆိုတာကေတာ့ ဘရာဇီးကမ္း႐ိုးတန္းမွာ သာေပါက္ေရာက္ေလ့ရွိတဲ့ အပင္ေတြျဖစ္ၿပီးအနီေရာင္မီးစလို႔အဓိပၸါယ္ရပါတယ္။

ေတာင္အေမရိကတိုက္မွာဆိုရင္ေတာ့ ဘရာဇီးဟာ အႀကီးဆုံးနဲ႔ လူဦးေရအမ်ားဆုံးျဖစ္ၿပီး ၿမိဳ႕ေတာ္ကေတာ့ Brasilia ျဖစ္ပါတယ္။ ဧရိယာစတုရန္းကီလိုမီတာ (၈.၅)သန္းေလာက္က်ယ္ဝန္းတဲ့ဘရာဇီးရဲ႕ လူေနထူထပ္ဆုံးၿမိဳ႕ကေတာ့ Sao Paulo ၿမိဳ႕ ျဖစ္ပါတယ္။ ဘရာဇီးႏိုင္ငံကို ျပည္နယ္ေပါင္း(၂၆)ခုနဲ႔ဖြဲ႕စည္းထားၿပီး ႏိုင္ငံတြင္းျမဴနီစပယ္ဧရိယာေပါင္း (၅၅၇၀)ေလာက္အထိရွိေနပါတယ္။ စပိန္ဘာသာ စကားကိုသာ အသုံးျပဳတဲ့ ေတာင္အေမရိကႏိုင္ငံေတြ အနက္မွာေတာ့ ဘရာဇီးဟာ ေပၚတူဂီ ဘာသာကို႐ုံးသုံးဘာသာစကားကို႐ုံးသုံးဘာသာအျဖစ္အသုံးျပဳတဲ့ အႀကီးဆုံးႏိုင္ငံ အျဖစ္လည္း မွတ္တမ္းဝင္ထားပါတယ္။

ဘရာဇီးႏိုင္ငံ အေရွဘက္ပိုင္းမွာေတာ့ အတၱလႏၲိတ္သမုဒၵရာက ကာရံထားတာကိုေတြ႕ရၿပီး ဘရာဇီးရဲ႕ကမ္းး႐ိုးတန္းအရွည္မိုင္ကေတာ့(၄၆၅၅)မိုင္ရွည္လ်ားပါတယ္။ ဘရာဇီးႏိုင္ငံ ဟာ ေတာင္အေမရိကကတိုက္ရဲ႕ကုန္းေျမ ဧရိယာစုစုေပါင္းရဲ႕ (၄၇.၃) ရာခိုင္ႏႈန္းေလာက္အထိရယူထားၿပီး အီေကြေဒါနဲ႔ခ်ီလီႏိုင္ငံေတြကလြဲလို႔ က်န္ႏိုင္ငံ အားလုံးရဲ႕နယ္နိမိတ္ခ်င္းထိစပ္လ်က္ရွိေနပါတယ္။

အေမဇုံျမစ္ဝွမ္းအပါအအဝင္ က်ယ္ျပန႔္တဲ့အပူပိုင္းအၿမဲစိမ္းေတာနက္ႀကီးေတြ၊ ကြဲျပား ျခားနားတဲ့ရွားပါးတိရိစာၦန္နဲ႔ အပင္မ်ိဳးစိတ္ေတြ ၊ျမင့္မားတဲ့ေဂဟစနစ္နည္းပညာေတြကို ပိုင္ဆိုင္ထားတဲ့ ႏိုင္ငံျဖစ္ေနတဲ့အျပင္ သားရဲတိရိစာၦန္ေဘးမဲ့ ဧရိယာအျဖစ္သတ္မွတ္ထား တဲ့ေတာနက္ဧရိယာမ်ားစြာနဲ႔ သဘာဝသယံဇာတေပါမ်ားစြာထြက္ရွိတဲ့ ဘရာဇီးႏိုင္ငံဟာ Megadiverse countries လို႔သိၾကတဲ့ ပတ္ဝန္းက်င္ထိန္းသိမ္းေရးကမာၻထိပ္တန္း (၁၇) ႏိုင္ငံမွာတစ္ခုအပါအဝင္ျဖစ္ပါတယ္။

ဘရာဇီးကုန္းေျမကို စတင္ေတြ႕ရွိသူလို႔ဆိုရမဲ့ ေပၚတူဂီလူမ်ိဳး Pedro Alvares Cabral ေရာက္ရွိခဲ့တဲ့(၁၅၀၀)ျပည့္ႏွစ္ကာလကတည္းက ဘရာဇီးကုန္းေျမမွာ မ်ိဳးႏြယ္စု မ်ားစြာရွိေနခဲ့ၿပီး ျဖစ္ တယ္လို႔သိရပါတယ္။ ဘရာဇီးဟာအခ်ိန္ေတာ္ေတာ္ၾကာေပၚတူဂီ အင္ပါယာလက္ေအာက္က်ေရာက္ခဲ့ၿပီး (၁၈၀၈)ခုႏွစ္မွာေတာ့ ျပင္သစ္စစ္ဘုရင္နပိုလီယံဟာ ေပၚတူဂီႏိုင္ငံကိုဝင္ေရာက္တိုက္ခိုက္ခဲ့တာေၾကာင့္ ေပၚတူဂီအင္ပါယာရဲ႕ၿမိဳ႕ေတာ္ကို လစဘြန္းကေန ယခုဘရာဇီးႏိုင္ငံ ရီယိုဒီေဂ်းန႐ိုးၿမိဳ႕ဆီကိုေျပာင္းေ႐ြခဲ့ရပါတယ္။

(၁၈၁၅) ခုႏွစ္မွာေတာ့ေပၚတူဂီအင္ပါယာရဲ႕ကိုလိုနီေတြျဖစ္တဲ့ ဘရာဇီးဟာသီးျခားဘုရင္ ႏိုင္ငံအျဖစ္ထူေထာင္ဖို႔ေတာင္းဆိုလာခဲ့ပါတယ္။ (၁၈၂၂)ခုနစ္မွာေတာ့ ဘရာဇီးဟာ လြတ္လပ္ေရးရရွိခဲ့ၿပီး စည္းမ်ဥ္းခံဘုရင္စနစ္နဲ႔ပါလီမန္စနစ္က်င့္သုံးတဲ့ ႏိုင္ငံအျဖစ္ရပ္ တည္လာခဲ့ပါတယ္။

ဒုတိယကမာၻစစ္အတြင္းမွာေတာ့ ဘရာဇီးဟာ မဟာမိတ္တပ္ေတြဘက္ကေနပါဝင္ခဲ့လို႔ စစ္ႏိုင္တဲ့ႏိုင္ငံတစ္ခု အျဖစ္ရပ္တည္ႏိုင္ခဲ့ပါတယ္။ (၁၈၈၉)ခုႏွစ္မွာေတာ့ ဘရာဇီးဟာသမၼတႏိုင္ငံအျဖစ္ရပ္တည္ခဲ့ ၿပီး (၁၉၆၄)ကေန (၁၉၈၅)ခုႏွစ္အတြင္းမွာေတာ့ စစ္အာဏာရွင္စနစ္နဲ႔အုပ္ခ်ဳပ္ျခင္းခံခဲ့ရ ပါတယ္။ ယင္းအခါကဘရာဇီးစစ္တပ္ဟာ ကြၽန္စနစ္ကိုဖ်က္သိမ္းလိုက္တဲ့ အတြက္မေက်မလည္ျဖစ္ေနတဲ့ ကြၽန္ပိုင္ရွင္လူခ်မ္းသာေတြရဲ႕ ေက်ာေထာက္ေနာက္ခံ ျပဳထားတဲ့စစ္တပ္ အေနနဲ႔ရွိေနခဲ့တာျဖစ္ပါတယ္။

ယင္းေနာက္မွာေတာ့ အရပ္သားအစိုးရတက္လာခဲ့ၿပီး (၁၉၈၈)ခုႏွစ္ကတည္း ကေရးဆြဲခဲ့တဲ့ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ ဘရာဇီးဟာဖက္ဒရယ္သမၼတႏိုင္ငံတစ္ခုအ ျဖစ္ရွိေနတာကိုလည္းေတြ႕ရမွာပါ။ ယဥ္ေက်းမႈသမိုင္းအစဥ္အလာႀကီးမားလြန္းတာ ေၾကာင့္ဘရာဇီဟာ UNESCO ရဲ႕(၁၃)ခုေျမာက္ကမာၻ႔အေမြအႏွစ္ထိန္းသိမ္းေရးနယ္ေျမ အမ်ားဆုံးရွိရာႏိုင္ငံအျဖစ္လည္းရွိတာပါ။

ဘရာဇီးႏိုင္ငံဟာအရွိန္အဟုန္နဲ႔စီးပြားေရးတိုးတက္လာတဲ့ကမာၻႏိုင္ငံစာရင္းမွာထိပ္ဆုံး ကေနပါဝင္ေနခဲ့ၿပီး GDP(nominal)နဲ႔ တြက္ခ်က္မယ္ဆိုရင္ေတာ့ ကမာၻေပၚမွာ(၉)ခုေျမာက္ စီးပြားေရး အင္အားအႀကီးဆုံးႏိုင္ငံျဖစ္ၿပီး GDP ခန႔္မွန္းတန္ ဖိုး(PPP)နဲ႔တြက္ခ်က္မယ္ဆိုရင္ေတာ့ အဆင့္(၈)ေနရာမွာရွိေနပါတယ္။ ႏိုင္ငံသားတစ္ဦခ်င္းစီရဲ႕ တစ္ႏွစ္ဝင္ေငြကေတာ့ အေမရိကန္ေဒၚလာ (၁၅၉၁၉) အထိရွိေနၿပီး လုပ္သားထုအင္အားေပါင္း(၁၀၇)သန္း ခန႔္ရွိကာ အလုပ္လက္မဲ့ ရာခိုင္ႏႈန္းကေတာ့ (၆.၂)ရာခိုင္ႏႈန္းရွိပါတယ္။

လယ္ယာစိုက္ပ်ိဳးေရးလုပ္ငန္း၊ သတၳဳတူးေဖာ္ေရးလုပ္ငန္း၊လူသုံးကုန္ပစၥည္းထုတ္လုပ္မႈလုပ္ငန္း၊ အေထြေထြ ဝန္ေဆာင္မႈလုပ္ငန္းေတြကိုအဓိကထားလုပ္ကိုင္ၾကတာကိုေတြ႕ရမွာျဖစ္ၿပီးေပါႂကြယ္ဝ တဲ့ႏိုင္ငံရဲ႕ သဘာဝထြက္ကုန္ေတြကို နည္းစနစ္တစ္က်ထုတ္ယူတဲ့အပိုင္းမွာလည္း ဘရာဇီးဟာအစဥ္တိုးတက္လ်က္ရွိေနပါတယ္။

လိေမၼာ္သီး၊ေကာ္ဖီ၊သၾကား၊ပေလာပီနံမႈန႔္၊ပဲပုပ္၊သေဘၤာသီး စတဲ့စိုက္ပ်ိဳးသီးႏွံေတြကို အမ်ားဆုံးထုတ္လုပ္ႏိုင္ခဲ့ၿပီဘရာဇီးဟာစက္မႈလုပ္ငန္းပိုင္းမွာလည္း ေမာ္ေတာ္ကား၊ သံမဏိ၊ကြန္ပ်ဴတာ၊ေလယာဥ္နဲ႔ဓာတုေဗဒ ပစၥည္းမ်ားစြာကို ထုတ္လုပ္ေရာင္းခ် ပါတယ္။ စက္မႈဖြံၿဖိဳးၿပီးႏိုင္ငံမ်ား G-20၊ စီးပြားေရးထိပ္တန္းႏိုင္ငံမ်ား (BRICs) စတဲ့ကမာၻထိပ္သီး ႏိုင္ငံေတြသာပါဝင္တဲ့ အစုအဖြဲ႕အသင္းဝင္ျဖစ္ၿပီၤး ႏိုင္ငံရဲ႕က႑တိုင္းဟာႏွစ္စဥ္တိုးတက္ ေအာင္ျမင္ေနတဲ့ ႏိုင္ငံႀကီး တစ္ခုအေန အထားကိုေရာက္ရွိေနပါၿပီ။

ေလ့လာေတြ႕ရွိခ်က္ေတြအရေတာ့ ယခုဘရာဇီးႏိုင္ငံမွာ လြန္ခဲ့တဲ့ႏွစ္ေပါင္း(၁၁၀၀၀) ကာလေလာက္ကတည္းက လူသားမ်ိဳးႏြယ္ေတြအေျခခ်ေနထိုင္ခဲ့တယ္လို႔သိရပါတယ္။ ဥေရာပတိုက္သားေတြအေျခခ်ေနထိုင္ျခင္းမရွိခ်ိန္တည္းက ဘရာဇီးႏိုင္ငံမွာ ေဒသခံ တိုင္းရင္းသား မ်ိဳးႏြယ္ေပါင္း (၇)သန္းေလာက္အေျခခ်ေနထိုင္ခဲ့ၾကၿပီးအမ်ားစုကေတာ့ လူ႐ိုင္းသာသာေတြသာျဖစ္ၾကကာ အမဲလိုက္ျခင္း၊ငါးဖမ္းျခင္း၊စုေပါင္းေနထိုင္ျခင္း၊ ေ႐ြေျပာင္းေတာင္ယာလုပ္ကိုင္ျခင္းနည္းေတြနဲ႔ အသက္ေမြးဝမ္းေၾကာင္းျပဳၾကပါတယ္ ။ မ်ိဳးႏြယ္စုေတြအခ်င္းခ်င္းလည္း သင့္ျမတ္ၾကျခင္းမရွိပဲ အၿမဲတစ္ေစတိုက္ခိုက္သတ္ျဖတ္ၾကေလ့ ရွိပါတယ္။

(၁၅၀၀)ျပည့္ႏွစ္၊ဧၿပီလ(၂၂)ရက္ မွာေတာ့ေပၚတူဂီလူမ်ိဳး စူးစမ္းရွာေဖြေရးသမား Pedro Alvares Cabral ရဲ႕သေဘၤာအုပ္စုဟာယခုဘရာဇီးႏိုင္ငံကုန္းေျမကို ဆိုက္ကပ္လာခဲ့ၿပီး ေဒသခံတိုင္းရင္းသားေတြကို စစ္ေရးနည္း အပါအဝင္ နည္းအမ်ိဳးမ်ိဳးနဲ႔စုစည္းၿပီး ေပၚတူဂီ အင္ပါယာအတြင္းကိုသြတ္သြင္းခဲ့ပါတယ္။ ယင္းကာလက ဘရာဇီးမွာေနထိုင္သူေတြဟာ Tupi-Guarani ဘာသာစကားကိုေျပာဆိုၾကပါတယ္။

(၁၅၃၂)ေရာက္ခ်ိန္မွသာေပၚတူဂီေတြဟာ ဘရာဇီးကုန္းေျမမွာအေျခတစ္က်ေနထိုင္ၿပီး တည္ေဆာက္ေရးလုပ္ငန္းေတြကို စတင္လုပ္ေဆာင္ခဲ့ပါတယ္။(၁၅၃၄)မွာေတာ့ ေပၚတူဂီဘုရင္ John (2)ဟာဘရာဇီးႏိုင္ငံကို နယ္ေျမခြဲ(၁၅)ခုအျဖစ္ပိုင္းျခားအုပ္ခ်ဳပ္ခဲ့ ပါတယ္။ ေနာက္ပိုင္းမွာေတာ့ ယင္းစနစ္နဲ႔အုပ္ခ်ဳပ္တဲ့စနစ္ဟာ အျငင္းပြားစရာျပသာနာ မ်ားစြာရွိေနတာေၾကာင့္ (၁၅၄၉)ခုႏွစ္မွာေတာ့ ဘုရင္ခံခ်ဳပ္တစ္ဦးခန႔္ထားအုပ္ခ်ဳပ္ေစခဲ့ ပါတယ္။

(၁၆)ရာစုအလယ္ကိုေရာက္လာခ်ိန္မွာေတာ့ သၾကားဟာ ဘရာဇီးႏိုင္ငံရဲ႕တင္ ပို႔ကုန္ျဖစ္လာၿပီး ႏိုင္ငံတကာအမွာစာမ်ားစြာရရွိတာေၾကာင့္ေပၚတူဂီေတြအတြက္မ်ားစြာ အက်ိဳးအျမတ္ရရွိလာခဲ့ပါတယ္။ ဒါအျပင္ဘရာဇီးရဲ႕ေပါႂကြယ္ဝတဲ့အရင္းအျမစ္ေတြကို ထုတ္ယူဖို႔အတြက္လည္း ေပၚတူဂီေတြဟာ အခ်ိဳ႕ေသာတိုင္းရင္းသားေတြကိုကြၽန္အျဖစ္ အသုံးျပဳခဲ့တဲ့အျပင္ အာဖရိကတိုက္ကကြၽန္ေတြကိုပါ ဘရာဇီးႏိုင္ငံအတြင္းကို သြတ္သြင္းလာခဲ့ပါတယ္။

ေပၚတူဂီေတြဟာ ဘရာဇီးရဲ႕နယ္ေျမအေတာ္ မ်ားမ်ား ကိုပိုင္ဆိုင္ထားတဲ့ ျပင္သစ္ ေတြဆီကေနတိုက္ခိုက္ၿပီးနယ္ေျမသစ္ေတြကိုစုေဆာင္းခဲ့ ၿပီးႏိုင္ငံအေရွေတာင္ပိုင္းမွာရွိတဲ့ ရီယိုဒီေဂ်ေန႐ိုးၿမိဳ႕ကို(၁၅၆၇)ခုႏွစ္မွာတိုက္ခိုက္ေအာင္ ျမင္ခဲ့သလိုအေနာက္ေျမာက္ပိုင္းက ေဆာလူးဝစ္ၿမိဳ႕ကိုေတာ့ (၁၆၁၅)ခုႏွစ္မွာတိုက္ခိုက္ သိမ္းပိုတ္ႏိုင္ခဲ့ပါတယ္။

ဒါအျပင္အေမဇုံမိုးသစ္ေတာအတြင္းမွာအခိုင္အမာအေျခခ်ထား တဲ့အဂၤလိပ္နဲ႔ဒတ္ခ်္ေတြရဲ႕ နယ္ေျမမ်ားစြာကိုလည္းဆက္လက္သိမ္ပိုက္ႏိုင္ခဲ့ၿပီး (၁၆၈၀) မွာေတာ့ေတာင္ပိုင္းအစြန္ဆုံးပိုင္းမွာ ရီယိုဒီပလာျမစ္ကမ္းမွာ ဆာခရာမင္တိုၿမိဳ႕ကို ထူေထာင္ေပးခဲ့ပါတယ္။(ယခုအခါယင္းၿမိဳ႕ဟာ ဥ႐ုေဂြးႏိုင္ငံအတြင္းကိုပါဝင္ေနပါတယ္)

ဘရာဇီးဟာေတာင္အေမရိကတိုက္ရဲ႕ုအေရွဘက္ကမ္း႐ိုးတန္ေဒသတြင္းမွာပါဝင္ေနၿပီး ေတာင္ဘက္မွာဆိုရင္ဥ႐ုေဂြးႏိုင္ငံ၊အေနာက္ေတာင္ဘက္ပိုင္းမွာ အာဂ်င္တီးနားနဲ႔ ပါရာေဂြးႏိုင္ငံ၊ အေနာက္ဘက္မွာဆိုရင္ ဘိုလစ္ဗီးယားနဲ႔ပီရႈးႏိုင္ငံ၊အေနာက္ေျမာက္ ဘက္မွာကိုလံဘီယာႏိုင္ငံ၊ဗင္နီဇြဲလားႏိုင္ငံ၊ဂူအာနႏိုင္ငံ၊ဂိုင္ယာနာႏိုင္ငံနဲ႔ ျပင္သစ္ႏိုင္ငံရဲ႕ နယ္ေဝးနယ္နိမိတ္ျဖစ္တဲ့ ျပင္သစ္ဂီနီတို႔နဲ႔ နယ္နိ မိတ္ခ်င္းထိစပ္လ်က္ရွိပါတယ္။

ဒါအျပင္သမုဒၵရာအတြင္းကကြၽန္းစုေတြျဖစ္တဲ့ Fendando de Noronha၊ Rocas Atoll၊ Saint Peter နဲ႔ Paul Rocks ၊ Trindade and Martim Vaz ကြၽန္းစုေတြဟာလည္း ဘရာဇီးရဲ႕နယ္ေျမအတြင္းပါဝင္ေနပါတယ္။ ဘရာဇီးႏိုင္ငံဟာႀကီးမားတဲ့အ႐ြယ္အစားနဲ႔ လိုက္ဖက္ေအာင္ ေျမမ်က္ႏွာျပင္အမ်ိဳးမ်ိဳးတည္ရွိေနမႈ၊ရာသီဥတုနဲ႔ သဘာဝအရင္းအ ျမစ္မ်ားေၾကာင့္ ႏိုင္ငံရဲ႕ပထဝီဝင္အေနအထားဟာတစ္ေနရာနဲ႔တစ္ေနရာကြဲျပားပါတယ္။ အတၱလနစ္သမုဒၵရာတြင္းကကြၽန္းမ်ားအပါအဝင္ဘရာဇီးဟာ ေျမာက္လတၱီက်ဳ၆ ဒီဂရီ ကေန ေတာင္လတၱီက်ဳ ၃၄ ဒီဂရီ၊ အေရွေလာင္ဂ်ီက်ဴ (၂၈)ဒီဂရီကေနအေနာက္ေလာင္ ဂ်ီက်ဴ (၇၄)ဒီဂရီအၾကားမွာတည္ရွိေနပါတယ္။

ဘရာဇီးဟာကမာၻေပၚဆိုရင္ပၪၥမေျမာက္အႀကီးမားဆုံးႏိုင္ငံအျဖစ္ရွိေနၿပီး အေမရိက တိုက္မွာဆိုရင္ေတာ့ တတိယေျမာက္အႀကီးမားဆုံးႏိုင္ငံအျဖစ္ရွိေနတာပါတယ္။ ဧရိယာ စတုရန္းကီလိုမီတာ (၈၅၁၅ ၇၆၇ )ဘရာဇီးႏိုင္ငံဟာ ေရျပင္ဧရိယာကေတာ့ (၅၅ ၄၅၅) စတုရန္းကီလိုမီတာအထိရွိေနပါတယ္။

ဘရာဇီးႏိုင္ငံေနရာအေတာ္မ်ားမ်ားရဲ႕ေျမျပင္အေနအထားဟာ ပင္လယ္ေရမ်က္ႏွာ ျပင္အထက္ ေပ(၆၆၀)ကေန (၂၆၀၀)ေပအၾကားျမင့္မားၾကၿပီး ႏိုင္ငံရဲ႕ေတာင္ဘက္စြန္း ေဒသတစ္ဝက္ေလာက္ဟာ ကုန္းေျမအျမင့္မ်ားျဖစ္ၾကပါတယ္။ ႏိုင္ငံရဲ႕အေရွေတာင္ ဘက္စြန္းပိုင္းမွာဆိုရင္လည္း ျမင့္မားၾကမ္းတမ္းတဲ့ေတာင္တန္းေတြကိုပိုင္ဆိုင္ထားတာ ကိုေတြ႕ရမွာျဖစ္ၿပီး ပင္လယ္ေရမ်က္ႏွာျပင္ထက္အျမင့္ေပ (၃၉၀၀)ေလာက္ျမင့္မားတဲ့ ေတာင္တန္းေတြဟာ ဘရာဇီးရဲ႕အျမင့္ဆုံးအပိုင္းေတြျဖစ္ပါတယ္။ ဒီေတာင္တန္းေတြ အတြင္းမွာေတာ့ Mantiqueira ၊ Espinhaco နဲ႔ Serra do Mar ေတာင္တန္းေတြ ပါဝင္ေနပါတယ္။ ဘရာဇီးရဲ႕အျမင့္ဆုံးေဒသကေတာ့ ေပေပါင္း (၉၈၂၃)ေပျမင့္မားတဲ့ Pico da Neblina ျဖစ္ၿပီး အနိမ့္ဆုံးအပိုင္းကေတာ့ အတၱလႏၲိတ္ သမုဒၵရာျဖစ္ပါတယ္။

ဘရာဇီးႏိုင္ငံရဲ႕အဓိကျမစ္ဝွမ္း(၈)ခုဟာ အတၱလႏၲိတ္သမုဒၵရာအတြင္းကိုပဲ စီးဝင္တာကို ေတြ႕ရမွာျဖစ္ၿပီး အဓိကျမစ္ေတြအျဖစ္ေတာ့ အရွည္ဆုံး နဲ႔ ေရထုထည္အမ်ားဆုံးျဖစ္တဲ့ အေမဇုံျမစ္၊ ပါရာနာျမစ္နဲ႔ အီဂြာဆူျမစ္၊နီဂ႐ိုးျမစ္၊ဆာအိုဖ ရန္ကိုျမစ္၊ဇင္ဂူျမစ္၊မက္ဒီယာျမစ္နဲ႔ တာပါေဂ်ာ့ျမစ္ေတြျဖစ္ၾကပါတယ္။

Time Zone အေနနဲ႔ဆိုရင္ေတာ့ (၄)ခု အထိရွိေနတာကိုေတြ႕ရၿပီး ဘရာဇီးဟာအီေကြတာမ်ဥ္ေပၚမွာရွိေနေပမဲ့ Tropic of Capricorn လို႔ိသိၾကတဲ့အပူပိုင္းေဒသအတြင္းမွာက်ေရာက္မႈမရွိပဲ အျခားေဒသအမ်ိဳး အစားထဲမွာပါဝင္ေနတဲ့ တစ္ခုတည္းေသာႏိုင္ငံလည္းျဖစ္ပါတယ္။ ေနရာေဒသအမ်ိဳးမ်ိဳး ၊ေျမမ်က္ႏွာျပင္အမ်ိဳးမ်ိဳးကိုပိုင္ဆိုင္ထားတဲ့ဘရာဇီးႏိုင္ငံရဲ႕ေဒသအမ်ားစုကေတာ့ အပူပိုင္းေဒသရာသီဥတုမ်ိဳးပဲျဖစ္ပါတယ္။

ႏိုင္ငံရဲ႕ေျမာက္ဘက္ပိုင္းမွာဆိုရင္ အီေကြတာဆန္တဲ့ မိုးသစ္ေတာရာသီဥတုက်ေရာက္ၿပီး အေရွေျမာက္ဘက္ပိုင္းမွာဆိုရင္ကႏၲာရဆန္တဲ့ ရာသီ၊ေတာင္ဘက္ပိုင္းမွာဆိုရင္ သစ္ေတာေတြဖုံးလႊမ္းလ်က္ရွိတာေၾကာင့္ စိမ္းစိုတဲ့ သမပိုင္းရာသီဥတု၊ႏိုင္ငံရဲ႕အလယ္ပိုင္းမွာဆိုရင္ေတာ့ အပူပိုင္းေဒသရာသီမ်ိဳးကိုပိုင္ ဆိုင္ထားတာကိုေတြ႕ရပါတယ္။ ဘရာဇီးရဲ႕ပွ်မ္းမွ်အပူခ်ိန္ကေတာ့ (၂၅)ဒီဂရီဆဲစီးရတ္အထိရွိတာကိုေတြ႕ရမွာျဖစ္ၿပီး ရာသီဥတုအေျခအေနအေပၚမူတည္ၿပီး ေန႔၊ည အပူခ်ိန္ျခား နားမႈဟာ အလြန္မ်ားျပားပါတယ္။ ပင္လယ္ကမ္း႐ိုးတန္းနဲ႔နီးစပ္တဲ့ေတာင္ပိုင္း Bahia ေဒသနဲ႔ဆာအိုေပၚလိုဝန္းက်င္ေဒသေတြကေတာ့ တစ္ႏွစ္ပတ္လုံးနီးပါးမိုး႐ြာသြန္းၿပီး ပွ်မ္းမွ်အပူခ်ိန္ဟာ (၁၈)ဒီဂရီထက္မေက်ာ္လြန္ပါဘူး။


(၂၀၁၉)ခုႏွစ္က တြက္ခ်က္မႈေတြအရေတာ့ ဘရာဇီးႏိုင္ငံရဲ႕လူဦးေရဟာ ၂၁၀.၁၄၇သန္း ရွိၿပီး လူဦးေရသိပ္သည္းဆကေတာ့ (၁)စတုရန္းမိုင္မွာ (၆၄.၇)ဦးေနထိုင္ပါတယ္။ လူျဖဴ(၄၇.၇၃)ရာခိုင္ႏႈန္း၊ ေသြးေႏွာ(၄၃.၁၃)ရာခိုင္ႏႈန္း၊ လူမည္း(၇.၆၁) ရာခိုင္ ႏႈန္း၊အာရွသား(၁.၀၉)ရာခိုင္ႏႈန္း၊ ေအမာရီဒီယန္(ဝ.၄၃)ရာခိုင္ႏႈန္းအထိေနထိုင္ၾကပါ တယ္။ ကိုးကြယ္ယုံၾကည္မႈအေနနဲ႔ကေတာ့ ႐ိုမန္ကတ္သလစ္ဘာသာဝင္ (၆၄.၆) ရာခိုင္ႏႈန္း၊ ပ႐ိုတက္စတင့္(၂၂.၂)ရာခိုင္ႏႈန္း၊ ဘာသာမဲ့(၈)ရာခိုင္ႏႈန္း၊နတ္ကိုးကြယ္သူ (၂)ရာခိုင္ႏႈန္းနဲ႔အျခားဘာသာဝင္ (၃.၂)ရာခိုင္ႏႈန္းရွိေနပါတယ္။

ထူးျခားခ်က္ကေတာ့ ကမာၻေပၚမွာဘရာဇီးဟာက်ယ္ဝန္းတဲ့နယ္ေျမ၊ ေပါႂကြယ္ဝတဲ့ သယံဇာတ ေတြေၾကာင့္နာမည္ႀကီးတယ္ဆိုတာထက္ ယေန႔ေခတ္သည္းေျခႀကိဳက္ အားကစားျဖစ္တဲ့ ေဘာလုံးအားကစားနည္းရဲ႕ ဘုရင္လို႔တင္စားေခၚဆိုတဲ့ ပီလီကေနအစ၊ ႐ိုမာရီယို၊႐ိုနယ္ဒို၊ေရာ္နယ္ဒင္ဟို၊ ေရာ္ဘတ္တိုကားေလာ့၊ကာကာ၊တို႔ကအလယ္ မ်က္ေမွာက္ေခတ္ ဘရာဇီကစားသမား ေတြျဖစ္တဲ့ ေနးမာ၊ဂါဘရီရယ္ဂ်ီးဆတ္ စတဲ့ေဘာလုံးသူရဲေကာင္းေတြစဥ္ဆက္မျပတ္ ထြက္ေပၚရာႏိုင္ငံအျဖစ္ လူသိမ်ားတယ္ ဆိုတဲ့အခ်က္ျဖစ္ပါတယ္။ ဒါအျပင္ဘရာဇီးဟာကမာၻေဘာလုံးေလာကရဲ႕ အျမင့္ဆုံးဆုတံဆိပ္လို႔ၫႊန္းဆိုရမဲ့ ကမာၻဖလားကိုလည္း အႀကိမ္အေရအတြက္အမ်ားဆုံးရတဲ့အသင္း အျဖစ္ (၅)ႀကိမ္တိုင္ဗိုလ္စြဲထားႏိုင္ခဲ့ပါတယ္။

Tags: countries

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!