Wednesday, April 14, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဘရာဇီးက ကမ္ဘာကျော် ရက်ဒီမာ ခရစ်တော်ရုပ်တုကြီးအကြောင်း

by Thutamm
August 10, 2019
Reading Time: 1min read
0
ဘရာဇီးက ကမ္ဘာကျော် ရက်ဒီမာ ခရစ်တော်ရုပ်တုကြီးအကြောင်း
Share on FacebookShare on Twitter

Christ the Redeemer ခရစ်တော်ရုပ်တုကြီးဟာ ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့က ပေ ၂၃၀၀ကျော်မြင့်တဲ့ ကော်ကိုဗာဒို တောင်ထိပ်မှာ တည်ရှိပါတယ်။ ဒီ Christ the Redeemer ရုပ်တုကြီးတည်ဆောက်ဖို့ စိတ်ကူးကို ၁၈၅၀ခုနှစ်တည်းက Catholic ဘုန်းတော်ကြီးတစ်ပါးဖြစ်တဲ့ Pedro Maria Boss က ရခဲ့တာပဲဖြစ်ပါတယ်။

ဒီစိတ်ကူးကိုထောက်ပံ့မည့်သူမလုံလောက်တာကြောင့် ပထမတစ်ကြိမ်မှာအငြင်းခံခဲ့ရပါတယ်။ ၁၉၂၀ အထိအကောင်အထည်မဖော်နိုင်ခဲ့ပဲ ဒုတိယတကြိမ်မှ သူ့ရဲ့အဆိုပြုချက်ကိုလက်ခံပြီး ဒီဇိုင်းကို ၁၉၂၀ မှာ စတင်ရေးဆွဲခဲ့ကာ တည်ဆောက်ရေးကိုတော့ ၁၉၂၂ခုနှစ်မှ စတင်နိုင်ခဲ့ပါတယ်။ ၁၉၃၁ခုနှစ်မှ ပြီးဆုံးခဲ့ပြီး ဆောက်လုပ်ချိန် ၉နှစ်ကြာမြင့်ခဲ့ပါတယ်။

တည်ဆောက်စဉ်ကာလ
တည်ဆောက်စဉ်ကာလ

ပြင်သစ် ကျောက်ဆစ်ဆရာ Paul Landoski ၊ ပြင်သစ် အင်ဂျင်နီယာ Albert Caquot ၊ ဘရာဇီး အင်ဂျင်နီယာ ဆင်းလ်ဗား ကော်စတာ (Heitor da Silva Costa) တို့ဦးဆောင်ကာ ပူးပေါင်းတည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။ ကုန်ကျစရိတ်အနေနဲ့ အဲဒီအချိန်က အမေရိကန်ဒေါ်လာ ၂သိန်းခွဲကုန်ကျခဲ့ပါတယ်။ ဒါဟာ ၂၀၁၆ခုနှစ် အမေရိကန်ဒေါ်လာ ၃.၄သန်းနဲ့ ညီမျှပါတယ်။

ဘရာဇီးရဲ့ Catholic ခရစ်ယာန်အဖွဲ့က ကုန်ကျခံခဲ့တာဖြစ်ပါတယ်။ ဒီရုပ်တုကြီးဟာ ဘရာဇီးက ခရစ်ယာန်တွေ နဲ့ ရီယိုဒီဂျနေးရိုးမြို့ရဲ့ အထိမ်းအမှတ် အမှတ်အသားတစ်ခုဖြစ်ပါတယ်။ တည်နေရာကတော့ ကွန်ကိုဗာဒို တောင်ကုန်း (Concovado mountain) ပေါ်က တီဂျူကာ အမျိုးသား ဥယျာဉ် (Tijuca National Park) အတွင်းမှာ တည်ရှိတာဖြစ်ပါတယ်။

ရုပ်တုရဲ့အမြင့် ၉၈ပေ (အောက်ခြေခုံ ၂၆ပေ မပါဝင်) ရှိပြီး ဆန့်ထားတဲ့လက်အကျယ် ၉၂ပေ ရှိပါတယ်။ အလေးချိန်ကတော့ ၆၃၅တန် နီးပါး ရှိပါတယ်။ ကမ္ဘာပေါ်က ခရစ်တော်ရုပ်တုတွေထဲမှာ လက်ရာအမြောက်ဆုံးရုပ်တုဖြစ်ပြီး နံပါတ် ၅ အကြီးဆုံးရုပ်တုလည်းဖြစ်ပါတယ်။ ရုပ်တုရဲ့ အဓိပ္ပါယ်ကတော့ ခရစ်တော်ဟာ သူဆီဝင်လာသူအာလုံးကို ချစ်ခြင်းမေတ္တာနဲ့ ပွေ့ဖက်ဖို့ အဆင်သင့်ရှိနေတယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။

တည်ဆောက်မယ့် soapstone ကျောက်တုံးတွေကို ဆွီဒင်နိုင်ငံကနေ တင်သွင်းခဲ့တာပဲဖြစ်ပါတယ်။ ၁၉၃၁ ခုနှစ်မှာ ပြီးဆုံးခဲ့တဲ့ရုပ်တုကြီးကို ၁၉၃၁ခုနှစ် အောက်တိုဘာ ၁၂ ရက်နေ့မှာ တရားဝင်အခမ်းအနားနဲ့ ဖွင့်လှစ်ခဲ့ပါတယ်။ ဘယ်ဘက်လက်က ရီရိုဒီဂျနေးရိုးမြို့ရဲ့ တောင်ဘက်ကို ညွှန်ပြနေပြီး ညာဘက်လက်ကတော့ မြောက်ဘက်ကို ညွှန်ပြနေပါတယ်။

အတွင်းဘက်မှ အပေါ်သို့တက်သည့် လှေကား

၂၀၀၈ခုနှစ်မှာ ရုပ်တုကြီးကို မိုးကြိုးအပစ်ခံခဲ့ရပြီး ဦးခေါင်း ၊ မျက်ခုံးရိုး နဲ့ လက်ချောင်းများပျက်စီးသွားခဲ့တဲ့အတွက် ပြန်လည်ပြင်ဆင်ခဲ့ရပါသေးတယ်။ပြင်ဆင်တဲ့အခါမှာ သုံးတဲ့ကျောက်တုံးတွေကိုလည်း မူလရုပ်တုစတင်ဆောက်လုပ်စဉ်က သုံးခဲ့တဲ့ ကျောက်ကျင်းမှ ရယူခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်ကလည်း အပျော်တမ်း ဂရတ်ဖတီသမားတစ်ယောက်လက်သရမ်းမှုကြောင့် ရုပ်တုကြီးရဲ့ ဦးခေါင်းနဲ့ ညာဘက်လက်မှာ အရောင်တွေစွန်းထင်းခဲ့ရပြီး ပြန်လည်ပြုပြင်ရပါသေးတယ်။

ရုပ်တုကြီးကို လှည့်ပတ်ကြည့်ရှုနိုင်ရန်အတွက် စက်လှေကား ၊ ဓာတ်လှေကား နဲ့ လူလျှောက်လမ်းတွေကိုတော့ ၂၀၀၃ခုနှစ်မှာတည်းက ထည့်သွင်းခဲ့ပါတယ်။ မသန်စွမ်းသူများ အလွယ်တကူသွားလာနိုင်စေဖို့လည်း စီစဉ်ပေးထားပါတယ်။၂၀၀၇ခုနှစ် ဇူလိုင်၇ ရက်နေ့မှာတော့ ခေတ်သစ်ကမ္ဘာ့အံဖွယ် ၇ခု စာရင်းမှာ ထည့်သွင်းဖော်ပြခြင်းခံခဲ့ရပါတယ်။

အနောက်ဘက်မှ ရုပ်တုကြီးဆီသို့တက်သည့် စက်လှေကား

လက်ရှိအချိန်မှာတော့ ရက်ဒီမာရုပ်တုဟာ ခရစ်ယာန်ဘာသာဝင်တို့ရဲ့ အထိမ်းအမှတ်လက္ခဏာတစ်ခု နှင့် ဘရာဇီးလ်နိုင်ငံ မြို့တော် ရီယိုရဲ့ အမှတ်အသားတစ်ခုဖြစ်နေခဲ့ပါပြီ။ ဘရာဇီးမှာရှိတဲ့နေရာများအနက် ကမ္ဘာလှည့်ခရီးသွားအလာဆုံးနေရာတစ်ခုဖြစ်ပြီး နှစ်စဉ် လူပေါင်း ၂သန်းခန့်လာရောက်လေ့ရှိတဲ့နေရာလည်း ဖြစ်ပါတယ်။

ရုပ်တုကြီးရဲ့ Birdeye View
ညဘက်မှာမြင်ရတဲ့ မြင်ကွင်း

Tags: amazingworld places

Related Posts

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်
Places

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်

ဟိုတယ် ဆိုတာဟာ အပန်းဖြေ နားခိုဖို့အပြင် အစားအစာနဲ့ အခြားဝန်ဆောင်မှုတွေ ရရှိနိုင်တဲ့ နေရာတခုဆိုတာ အားလုံးသိပြီးသားပါ။ ဟိုတယ်တွေဟာ အလွန်ဆုံးအနေနဲ့ ဒီဘက် ရာစုနှစ်တွေမှာမှ စတင်ပေါ်ပေါက်လာတာ လို့ ထင်စရာရှိပေမယ့် ကမ္ဘာပေါ်က အစောဆုံးဟိုတယ်အဖြစ် သတ်မှတ်ခံထားရတဲ့ ဒီဟိုတယ်ကတော့...

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ
Knowledge

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ

အရင်တခါကတော့ ကမ္ဘာ့အကြီးဆုံး ဘောလုံးကွင်းကြီး ၁၀ ခု ရဲ့ အကြောင်းကို တင်ခဲ့ပြီးပါပြီ။ ဒီတခါတော့ ပရိသတ်ဝင်ဆံ့မှုအရ ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီး ၅ ခုရဲ့ အကြောင်း ကို ထပ်ပြီးတော့ ဝေမျှလိုက်ပါတယ်။ အားကစား ဆိုတဲ့အတွက်ကြောင့်...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!