ပြည်ပနိုင်ငံတွေကို ခရီးသွားလာတဲ့အခါမျိုးမှာ ပတ်စ်ပို့ လို့ခေါ်တဲ့ နိုင်ငံကူးလက်မှတ်ဟာ အရေးပါဆုံး မရှိမဖြစ်လိုအပ်တဲ့အရာတခုဖြစ်ပါတယ်။ ယနေ့ခေတ် ပတ်စ်ပို့တွေကို စတင်ဖြစ်ပေါ်စေခဲ့သူကတော့ အင်္ဂလန် ပဉ္စမဟင်နရီ ဘုရင်ဖြစ်ပြီး အေဒီ ၁၅ ရာစုအစောပိုင်းကတည်းက ရှိနေခဲ့ပြီလို့ သိရပါတယ်။ နိုင်ငံတိုင်းမှာ မိမိနိုင်ငံသားတွေ တခြားပြည်ပနိုင်ငံတွေကို သွားလာနိုင်စေဖို့အတွက် ပတ်စ်ပို့တွေကို ထုတ်ပေးထားကြပေမယ့် နိုင်ငံအလိုက် ရရှိတဲ့ အခွင့်အရေးချင်းတော့ မတူညီကြပါဘူး။
ပတ်စ်ပို့ချင်းတူပေမယ့် ကိုင်ဆောင်ထားတဲ့ ပတ်စ်ပို့အလိုက် ဗီဇာကင်းလွတ်ခွင့်နဲ့ သွားလာနိုင်တဲ့ နိုင်ငံအရေအတွက်ချင်းက မတူညီကြပါဘူး။ ငြိမ်းချမ်းလုံခြုံပြီး စီးပွားရေးတောင့်တင်းခိုင်မာတဲ့ နိုင်ငံတွေဟာ ပိုမိုအခွင့်အရေးရလေ့ရှိပါတယ်။ ပတ်စ်ပို့အလိုက် ဗီဇာကင်းလွတ် (သို့) ဆိုက်ရောက်ဗီဇာနဲ့ သွားလာနိုင်တဲ့နိုင်ငံအရေအတွက်စစ်တမ်းကို Henley Passport Index ကနေ ထုတ်ပြန်ခဲ့တာဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ လေကြောင်းပို့ဆောင်ရေးအဖွဲ့ကနေ ရရှိထားတဲ့ အချက်အလက်တွေပေါ်မှာ အခြေခံထားတာဖြစ်ပါတယ်။ ဒီတခါတော့ ၂၀၂၀ ခုနှစ်ရဲ့ သြဇာအရှိဆုံး ပတ်စ်ပို့ နဲ့ အဆိုးဆုံး ပတ်စ်ပို့ ၁၀ ခု စီကို ဝေမျှသွားပါမယ်။
ဒီစာရင်းမှာ နိုင်ငံ နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေ အပါအဝင် ပတ်စ်ပို့ပေါင်း ၂၀၀ ရဲ့ အဆင့်သတ်မှတ်ချက်ကို ဖော်ပြထားပါတယ်။ သြဇာအရှိဆုံး ပတ်စ်ပို့ရဲ့ ထိပ်ဆုံးနေရာကို ရထားသူကတော့ ဂျပန်နိုင်ငံဖြစ်ပါတယ်။ ဂျပန်နိုင်ငံဟာ သူတို့ရဲ့ပထမဆုံး ပတ်စ်ပို့ကို ၁၈၈၆ ခုနှစ်ကတည်းက စတင်သုံးစွဲခဲ့တာဖြစ်ပြီး ဂျပန်နိုင်ငံသားတွေရဲ့ပတ်စ်ပို့ဟာ နိုင်ငံပေါင်း ၁၉၁ နိုင်ငံအထိ ဗီဇာမလိုပဲ (သို့) ဆိုက်ရောက်ဗီဇာနဲ့ သွားနိုင်တယ်လို့ သိရပါတယ်။ မြောက်ကိုရီးယား ၊ အီရတ် ၊ ဆီးရီးယား ၊ လစ်ဗျား ၊ ဆူဒန် နိုင်ငံတွေအပါအဝင် နိုင်ငံ နဲ့ နယ်မြေအချို့ကိုတော့ သွားလာနိုင်မှာ မဟုတ်ပါဘူး။
သြဇာအရှိဆုံး စာရင်းမှာ နံပါတ် ၂ နေရာမှာ ရှိနေတာက စင်ကာပူနိုင်ငံရဲ့ ပတ်စ်ပို့ဖြစ်ပါတယ်။ စင်ကာပူပတ်စ်ပို့ ကိုင်ဆောင်ထားသူတွေဟာ ကမ္ဘာ့နိုင်ငံ နဲ့ နယ်မြေပေါင်း ၁၉၀ အထိ ဗီဇာမလိုပဲ သွားနိုင်ပါတယ်။ စင်ကာပူ ရဲ့ နောက်မှာတော့ တောင်ကိုရီးယား နဲ့ ဂျာမနီနိုင်ငံတွေ ရှိနေပြီး သူတို့ကတော့ နိုင်ငံ နဲ့ နယ်မြေစုစုပေါင်း ၁၈၉ ခုကို ဗီဇာမလိုပဲ သွားနိုင်ပါတယ်။ နံပါတ် ၄ နေရာမှာတော့ ဖင်လန် ၊ အီတလီ ၊ လူဇင်ဘတ် နဲ့ စပိန် နိုင်ငံရဲ့ ပတ်စ်ပို့တွေ ရှိနေပါတယ်။ သူတို့ကတော့ နိုင်ငံ နယ်မြေပေါင်း ၁၈၈ ခုအထိ သွားလာနိုင်ပါတယ်။
နံပါတ် ၅ နေရာမှာ ရှိနေတာကတော့ ဒိန်းမတ် နဲ့ သြစတြီးယားနိုင်ငံတွေရဲ့ ပတ်စ်ပို့တွေပါ။ ဒီနှစ်နိုင်ငံကသူတွေကတော့ နိုင်ငံနဲ့ နယ်မြေပေါင်း ၁၈၇ ခု အထိ သွားလာနိုင်ကြပါတယ်။ ပြင်သစ် ၊ အိုင်ယာလန် ၊ နယ်သာလန် ၊ ပေါ်တူဂီ ၊ ဆွီဒင် အစရှိတဲ့ နိုင်ငံက သူတွေကတော့ နိုင်ငံပေါင်း ၁၈၆ ခုအထိ သွားလာနိုင်ပြီး ဘယ်လ်ဂျီယံ ၊ ဆွစ်ဇာလန် ၊ နော်ေ၀ ၊ ယူကေ နဲ့ အမေရိကန် ပတ်စ်ပို့ကိုင်ဆောင်ထားသူတွေကတော့ ၁၈၅ ခု အထိ သွားနိုင်တယ်လို့ သိရပါတယ်။
နံပါတ် ၈ နေရာမှာရှိနေပြီး နိုင်ငံပေါင်း ၁၈၄ခု အထိ ဗီဇာကင်းလွတ်ခွင့်နဲ့ သွားလာနိုင်တာကတော့ ချက် ၊ ဂရိ ၊ မော်လ်တာ နဲ့ နယူးဇီလန် ပတ်စ်ပို့တွေဖြစ်ပါတယ်။ သြစတြေးလျရဲ့ ကနေဒါ နိုင်ငံသားတွေကတော့ နိုင်ငံ နဲ့ နယ်မြေပေါင်း ၁၈၃ခု အထိ သွားလာနိုင်ကြပြီး နံပါတ် ၁၀ မှာ ရှိနေတဲ့ ဟန်ဂေရီ ပတ်စ်ပို့ကတော့ နိုင်ငံ နဲ့ နယ်မြေပေါင်း ၁၈၂ ခုအထိ ဗီဇာကင်းလွတ်ခွင့်နဲ့ သွားလာနိုင်ကြပါတယ်။ အပေါ်မှာ ဖော်ပြခဲ့တာကတော့ ထိပ်တန်းပတ်စ်ပို့ ၁၀ ခုစာရင်းမှာ ပါဝင်တဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ အဆိုးဆုံး ပတ်စ်ပို့ အချို့စာရင်းကို အောက်မှာ ဆက်လက်ဝေမျှသွားပါမယ်။
အဆိုးဆုံးပတ်စ်ပို့တွေထဲက တခုကတော့ မြောက်ကိုရီးယားနိုင်ငံရဲ့ ပတ်စ်ပို့ဖြစ်ပါတယ်။ သူကတော့ နိုင်ငံ နယ်မြေပေါင်း ၃၉ ခု အထိပဲ သွားလာနိုင်ပြီး နံပါတ် ၁၉၁ မှာ ရှိနေပါတယ်။ လစ်ဗျား ၊ နီပေါ နဲ့ ပါလက်စတိုင်းက ပတ်စ်ပို့တွေကတော့ နယ်မြေ ၊ နိုင်ငံပေါင်း ၃၈ ခု အထိပဲ သွားလာနိုင်ပြီး သူ့နောက်မှာတော့ ဆိုမာလီယာ ၊ ယီမင် တို့ရဲ့ ပတ်စ်ပို့တွေက သွားလာနိုင်တဲ့ နိုင်ငံ ၊ နယ်မြေ ၃၃ခု စီရှိနေပါတယ်။ သူတို့နောက်မှာတော့ ကမ္ဘာ့ပဉ္စမလူဦးရေအများဆုံးနိုင်ငံဖြစ်တဲ့ ပါကစ္စတန် ရှိနေပါတယ်။
ပါကစ္စတန်ရဲ့ ပတ်စ်ပို့ဟာ နိုင်ငံပေါင်း ၃၂ခုအထိသာ သွားလို့ရပြီး သူ့နောက်မှာတော့ ဆီရီးယား ပတ်စ်ပို့က ၂၉ခု ၊ အီရတ်ပတ်စ်ပို့က သွားလာနိုင်တဲ့ နိုင်ငံနယ်မြေပေါင်း ၂၈ ခု နဲ့ ရပ်တည်နေပါတယ်။ ဒီစာရင်းမှာ နိုင်ငံပေါင်း ၂၀၀ ရဲ့ ပတ်စ်ပို့စာရင်းကို ထုတ်ပြန်ထားတဲ့အနက် နောက်ဆုံး နံပါတ် ၂၀၀ မှာ ရှိနေတဲ့ ပတ်စ်ပို့ကတော့ အာဖဂ္ဂနစ္စတန်ရဲ့ ပတ်စ်ပို့ဖြစ်ပြီး သူကတော့ နိုင်ငံ နဲ့ နယ်မြေပေါင်း ၂၆ ခုသာ သွားလာနိုင်ပြီး ဒီစာရင်းမှာ အဆိုးဆုံး ပတ်စ်ပို့အဖြစ် ရှိနေပါတယ်။
အခြားနိုင်ငံတွေက ပတ်စ်ပို့တွေ အကြောင်း ဖတ်ရတော့ ကျွန်တော်တို့ နိုင်ငံရဲ့ ပတ်စ်ပို့ အဆင့်ကိုလည်း သိချင်ကြမယ် ထင်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ပတ်စ်ပို့ကတော့ ဒီစာရင်းရဲ့ နံပါတ် ၁၇၈ နေရာမှာ အာဖရိက က Djibouti နိုင်ငံနဲ့ ပူးတွဲရပ်တည်နေပါတယ်။ မြန်မာနိုင်ငံရဲ့ ပတ်စ်ပို့ ကိုင်ဆောင်ထားသူတွေဟာ ကမ္ဘာ့နိုင်ငံ နဲ့ နယ်မြေပေါင်း ၄၇ ခုအထိ ဗီဇာကင်းလွတ်ခွင့် (သို့) ဆိုက်ရောက်ဗီဇာ နဲ့ သွားလာနိုင်တယ်လို့ ဒီစာရင်းမှာ ဖော်ပြထားပါတယ်။
Ref:
Henley Passport Index 2020
—— — ——–
(Zawgyi)
ဘယ္ႏိုင္ငံေတြရဲ႕ ပတ္စ္ပို႔ေတြက ၾသဇာအရွိဆုံးလဲ
ျပည္ပႏိုင္ငံေတြကို ခရီးသြားလာတဲ့အခါမ်ိဳးမွာ ပတ္စ္ပို႔ လို႔ေခၚတဲ့ ႏိုင္ငံကူးလက္မွတ္ဟာ အေရးပါဆုံး မရွိမျဖစ္လိုအပ္တဲ့အရာတခုျဖစ္ပါတယ္။ ယေန႔ေခတ္ ပတ္စ္ပို႔ေတြကို စတင္ျဖစ္ေပၚေစခဲ့သူကေတာ့ အဂၤလန္ ပၪၥမဟင္နရီ ဘုရင္ျဖစ္ၿပီး ေအဒီ ၁၅ ရာစုအေစာပိုင္းကတည္းက ရွိေနခဲ့ၿပီလို႔ သိရပါတယ္။ ႏိုင္ငံတိုင္းမွာ မိမိႏိုင္ငံသားေတြ တျခားျပည္ပႏိုင္ငံေတြကို သြားလာႏိုင္ေစဖို႔အတြက္ ပတ္စ္ပို႔ေတြကို ထုတ္ေပးထားၾကေပမယ့္ ႏိုင္ငံအလိုက္ ရရွိတဲ့ အခြင့္အေရးခ်င္းေတာ့ မတူညီၾကပါဘူး။
ပတ္စ္ပို႔ခ်င္းတူေပမယ့္ ကိုင္ေဆာင္ထားတဲ့ ပတ္စ္ပို႔အလိုက္ ဗီဇာကင္းလြတ္ခြင့္နဲ႔ သြားလာႏိုင္တဲ့ ႏိုင္ငံအေရအတြက္ခ်င္းက မတူညီၾကပါဘူး။ ၿငိမ္းခ်မ္းလုံၿခဳံၿပီး စီးပြားေရးေတာင့္တင္းခိုင္မာတဲ့ ႏိုင္ငံေတြဟာ ပိုမိုအခြင့္အေရးရေလ့ရွိပါတယ္။ ပတ္စ္ပို႔အလိုက္ ဗီဇာကင္းလြတ္ (သုိ႔) ဆုိက္ေရာက္ဗီဇာနဲ႔ သြားလာႏိုင္တဲ့ႏိုင္ငံအေရအတြက္စစ္တမ္းကို Henley Passport Index ကေန ထုတ္ျပန္ခဲ့တာျဖစ္ၿပီး အျပည္ျပည္ဆိုင္ရာ ေလေၾကာင္းပို႔ေဆာင္ေရးအဖြဲ႕ကေန ရရွိထားတဲ့ အခ်က္အလက္ေတြေပၚမွာ အေျခခံထားတာျဖစ္ပါတယ္။ ဒီတခါေတာ့ ၂၀၂၀ ခုႏွစ္ရဲ႕ ၾသဇာအရွိဆုံး ပတ္စ္ပုိ႔ နဲ႔ အဆိုးဆုံး ပတ္စ္ပုိ႔ ၁၀ ခု စီကို ေ၀မွ်သြားပါမယ္။
ဒီစာရင္းမွာ ႏုိင္ငံ နဲ႔ ကုိယ္ပုိင္အုပ္ခ်ဳပ္ခြင့္ရေဒသေတြ အပါအ၀င္ ပတ္စ္ပုိ႔ေပါင္း ၂၀၀ ရဲ႕ အဆင့္သတ္မွတ္ခ်က္ကို ေဖာ္ျပထားပါတယ္။ ၾသဇာအရွိဆုံး ပတ္စ္ပုိ႔ရဲ႕ ထိပ္ဆုံးေနရာကို ရထားသူကေတာ့ ဂ်ပန္ႏုိင္ငံျဖစ္ပါတယ္။ ဂ်ပန္ႏုိင္ငံဟာ သူတုိ႔ရဲ႕ပထမဆုံး ပတ္စ္ပုိ႔ကို ၁၈၈၆ ခုႏွစ္ကတည္းက စတင္သုံးစြဲခဲ့တာျဖစ္ၿပီး ဂ်ပန္ႏုိင္ငံသားေတြရဲ႕ပတ္စ္ပို႔ဟာ ႏုိင္ငံေပါင္း ၁၉၁ ႏုိင္ငံအထိ ဗီဇာမလိုပဲ (သုိ႔) ဆုိက္ေရာက္ဗီဇာနဲ႔ သြားႏုိင္တယ္လုိ႔ သိရပါတယ္။ ေျမာက္ကုိရီးယား ၊ အီရတ္ ၊ ဆီးရီးယား ၊ လစ္ဗ်ား ၊ ဆူဒန္ ႏုိင္ငံေတြအပါအ၀င္ ႏုိင္ငံ နဲ႔ နယ္ေျမအခ်ဳိ႕ကိုေတာ့ သြားလာႏုိင္မွာ မဟုတ္ပါဘူး။
ၾသဇာအရွိဆုံး စာရင္းမွာ နံပါတ္ ၂ ေနရာမွာ ရွိေနတာက စင္ကာပူႏုိင္ငံရဲ႕ ပတ္စ္ပုိ႔ျဖစ္ပါတယ္။ စင္ကာပူပတ္စ္ပုိ႔ ကုိင္ေဆာင္ထားသူေတြဟာ ကမာၻ႔ႏုိင္ငံ နဲ႔ နယ္ေျမေပါင္း ၁၉၀ အထိ ဗီဇာမလိုပဲ သြားႏုိင္ပါတယ္။ စင္ကာပူ ရဲ႕ ေနာက္မွာေတာ့ ေတာင္ကုိရီးယား နဲ႔ ဂ်ာမနီႏုိင္ငံေတြ ရွိေနၿပီး သူတုိ႔ကေတာ့ ႏုိင္ငံ နဲ႔ နယ္ေျမစုစုေပါင္း ၁၈၉ ခုကို ဗီဇာမလုိပဲ သြားႏုိင္ပါတယ္။ နံပါတ္ ၄ ေနရာမွာေတာ့ ဖင္လန္ ၊ အီတလီ ၊ လူဇင္ဘတ္ နဲ႔ စပိန္ ႏုိင္ငံရဲ႕ ပတ္စ္ပုိ႔ေတြ ရွိေနပါတယ္။ သူတုိ႔ကေတာ့ ႏုိင္ငံ နယ္ေျမေပါင္း ၁၈၈ ခုအထိ သြားလာႏုိင္ပါတယ္။
နံပါတ္ ၅ ေနရာမွာ ရွိေနတာကေတာ့ ဒိန္းမတ္ နဲ႔ ၾသစႀတီးယားႏုိင္ငံေတြရဲ႕ ပတ္စ္ပို႔ေတြပါ။ ဒီႏွစ္ႏုိင္ငံကသူေတြကေတာ့ ႏုိင္ငံနဲ႔ နယ္ေျမေပါင္း ၁၈၇ ခု အထိ သြားလာႏုိင္ၾကပါတယ္။ ျပင္သစ္ ၊ အုိင္ယာလန္ ၊ နယ္သာလန္ ၊ ေပၚတူဂီ ၊ ဆီြဒင္ အစရွိတဲ့ ႏုိင္ငံက သူေတြကေတာ့ ႏုိင္ငံေပါင္း ၁၈၆ ခုအထိ သြားလာႏုိင္ၿပီး ဘယ္လ္ဂ်ီယံ ၊ ဆြစ္ဇာလန္ ၊ ေနာ္ေ၀ ၊ ယူေက နဲ႔ အေမရိကန္ ပတ္စ္ပုိ႔ကုိင္ေဆာင္ထားသူေတြကေတာ့ ၁၈၅ ခု အထိ သြားႏုိင္တယ္လုိ႔ သိရပါတယ္။
နံပါတ္ ၈ ေနရာမွာရွိေနၿပီး ႏုိင္ငံေပါင္း ၁၈၄ခု အထိ ဗီဇာကင္းလြတ္ခြင့္နဲ႔ သြားလာႏုိင္တာကေတာ့ ခ်က္ ၊ ဂရိ ၊ ေမာ္လ္တာ နဲ႔ နယူးဇီလန္ ပတ္စ္ပို႔ေတြျဖစ္ပါတယ္။ ၾသစေၾတးလ်ရဲ႕ ကေနဒါ ႏုိင္ငံသားေတြကေတာ့ ႏုိင္ငံ နဲ႔ နယ္ေျမေပါင္း ၁၈၃ခု အထိ သြားလာႏုိင္ၾကၿပီး နံပါတ္ ၁၀ မွာ ရွိေနတဲ့ ဟန္ေဂရီ ပတ္စ္ပုိ႔ကေတာ့ ႏုိင္ငံ နဲ႔ နယ္ေျမေပါင္း ၁၈၂ ခုအထိ ဗီဇာကင္းလြတ္ခြင့္နဲ႔ သြားလာႏုိင္ၾကပါတယ္။ အေပၚမွာ ေဖာ္ျပခဲ့တာကေတာ့ ထိပ္တန္းပတ္စ္ပုိ႔ ၁၀ ခုစာရင္းမွာ ပါ၀င္တဲ့ ႏုိင္ငံေတြ ျဖစ္ပါတယ္။ အဆုိးဆုံး ပတ္စ္ပို႔ အခ်ဳိ႕စာရင္းကို ေအာက္မွာ ဆက္လက္ေ၀မွ်သြားပါမယ္။
အဆုိးဆုံးပတ္စ္ပို႔ေတြထဲက တခုကေတာ့ ေျမာက္ကုိရီးယားႏုိင္ငံရဲ႕ ပတ္စ္ပို႔ျဖစ္ပါတယ္။ သူကေတာ့ ႏုိင္ငံ နယ္ေျမေပါင္း ၃၉ ခု အထိပဲ သြားလာႏုိင္ၿပီး နံပါတ္ ၁၉၁ မွာ ရွိေနပါတယ္။ လစ္ဗ်ား ၊ နီေပါ နဲ႔ ပါလက္စတုိင္းက ပတ္စ္ပို႔ေတြကေတာ့ နယ္ေျမ ၊ ႏုိင္ငံေပါင္း ၃၈ ခု အထိပဲ သြားလာႏုိင္ၿပီး သူ႔ေနာက္မွာေတာ့ ဆုိမာလီယာ ၊ ယီမင္ တုိ႔ရဲ႕ ပတ္စ္ပုိ႔ေတြက သြားလာႏုိင္တဲ့ ႏုိင္ငံ ၊ နယ္ေျမ ၃၃ခု စီရွိေနပါတယ္။ သူတုိ႔ေနာက္မွာေတာ့ ကမာၻ႔ပဥၥမလူဦးေရအမ်ားဆုံးႏုိင္ငံျဖစ္တဲ့ ပါကစၥတန္ ရွိေနပါတယ္။
ပါကစၥတန္ရဲ႕ ပတ္စ္ပုိ႔ဟာ ႏုိင္ငံေပါင္း ၃၂ခုအထိသာ သြားလုိ႔ရၿပီး သူ႔ေနာက္မွာေတာ့ ဆီရီးယား ပတ္စ္ပို႔က ၂၉ခု ၊ အီရတ္ပတ္စ္ပို႔က သြားလာႏုိင္တဲ့ ႏုိင္ငံနယ္ေျမေပါင္း ၂၈ ခု နဲ႔ ရပ္တည္ေနပါတယ္။ ဒီစာရင္းမွာ ႏုိင္ငံေပါင္း ၂၀၀ ရဲ႕ ပတ္စ္ပုိ႔စာရင္းကုိ ထုတ္ျပန္ထားတဲ့အနက္ ေနာက္ဆုံး နံပါတ္ ၂၀၀ မွာ ရွိေနတဲ့ ပတ္စ္ပို႔ကေတာ့ အာဖဂၢနစၥတန္ရဲ႕ ပတ္စ္ပုိ႔ျဖစ္ၿပီး သူကေတာ့ ႏုိင္ငံ နဲ႔ နယ္ေျမေပါင္း ၂၆ ခုသာ သြားလာႏုိင္ၿပီး ဒီစာရင္းမွာ အဆုိးဆုံး ပတ္စ္ပုိ႔အျဖစ္ ရွိေနပါတယ္။
အျခားႏုိင္ငံေတြက ပတ္စ္ပုိ႔ေတြ အေၾကာင္း ဖတ္ရေတာ့ ကြ်န္ေတာ္တုိ႔ ႏုိင္ငံရဲ႕ ပတ္စ္ပို႔ အဆင့္ကိုလည္း သိခ်င္ၾကမယ္ ထင္ပါတယ္။ ကြ်န္ေတာ္တုိ႔ ျမန္မာႏုိင္ငံရဲ႕ပတ္စ္ပုိ႔ကေတာ့ ဒီစာရင္းရဲ႕ နံပါတ္ ၁၇၈ ေနရာမွာ အာဖရိက က Djibouti ႏုိင္ငံနဲ႔ ပူးတြဲရပ္တည္ေနပါတယ္။ ျမန္မာႏုိင္ငံရဲ႕ ပတ္စ္ပို႔ ကုိင္ေဆာင္ထားသူေတြဟာ ကမာၻ႔ႏုိင္ငံ နဲ႔ နယ္ေျမေပါင္း ၄၇ ခုအထိ ဗီဇာကင္းလြတ္ခြင့္ (သုိ႔) ဆုိက္ေရာက္ဗီဇာ နဲ႔ သြားလာႏုိင္တယ္လုိ႔ ဒီစာရင္းမွာ ေဖာ္ျပထားပါတယ္။
Ref:
Henley Passport Index 2020