Sunday, April 18, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

မိုဟာမက်အလီ ၊ အဲလီဇဘက် ၊ ဂရိဗိုလ်ချုပ်ပိုင်းရပ်စ်တို့ရဲ့ တိုက်ပွဲများ

by Thutamm
August 10, 2019
Reading Time: 1min read
0
မိုဟာမက်အလီ ၊ အဲလီဇဘက် ၊ ဂရိဗိုလ်ချုပ်ပိုင်းရပ်စ်တို့ရဲ့ တိုက်ပွဲများ
Share on FacebookShare on Twitter

ရေးသားသူ : Zarni Tun

၁၉၇၁ ခုနှစ် …လက်ဝှေ့ပွဲ။
မိုဟာမက်အလီ နဲ့ဂျိုး ဖရာဇီယာ တို့ကမ္ဘာ့ဟဲဗီးဝိတ် ဗိုလ်လုပွဲ မှာ တွေ့ကြတယ်။ နှစ်ဦးလုံး အကောင်းဆုံးအနေအထား ရှိနေခဲ့ပါတယ်။ အဲ့ဒီပွဲဟာ အလွန်ခက်ခက်ခဲခဲ ထိုးသတ်ရတဲ့ပွဲ ၊ လက်ဝှေ့သမိုင်းမှာ စိတ်လှုပ်ရှားဖွယ် အကောင်းဆုံးပွဲ ဖြစ်ခဲ့တယ်။ ၁၅ ချီမြောက်မှာ ဖရေဇီယာက မိုဟာမက်အလီကို အလဲထိုး နိုင်ခဲ့မလိုလို ဖြစ်ခဲ့ပြီးမှ အမှတ်နှင့် အနိုင်ရသွားခဲ့ပါတယ်။ သို့သော်လည်း အဲ့ဒီပွဲမှာ နှစ်ယောက်စလုံး ပြင်းပြင်းထန်ထန် ထိခိုက်ခဲ့ကြတယ်။ လက်သီးချက်များကို အပြန်အလှန် အထိုးခံ ခဲ့ကြရတယ်။

ဒီလိုနဲ့အလီက လက်စားပြန်ချေ ချင်တယ်၊ ၁၉၇၄ … အပြန်အလှန် ထိုးသတ်ခွင့် ရကြပြန်တယ်။ ဒီတခါလည်း ၁၅ချီ အထိ ထိုးသတ်ကြပြန်တယ်။ အလီက အမှတ်နဲ့ပဲ အနိုင်ရသွားတယ်။ နှစ်ယောက်စလုံး စိတ်မကြည်လင်ကြ၊ ပြတ်သားတဲ့ ရလဒ် ရလိုကြတယ်။ ဒါကြောင့်ပဲ ၁၉၇၅ မနီလာမှာ ထိုးသတ်ခွင့်ရကြပြန်တယ်၊ ဒီပွဲမှာ အလီက ၁၄ချီမြောက်မှာ အနိုင်ရရှိတယ်၊ ဒါပေမယ့် . . ဒါပေမယ့် .. နှစ်ယောက်စလုံး ပြန်ပြီး နာလန်မထူနိုင်ကြတော့၊ ၎င်းတို့နှစ်ဘက်လုံး အကြီးအကျယ်ထိခိုက်ခဲ့တယ်၊ အသက်မွေးမှု လုပ်ငန်းကို တိုတောင်းစေခဲ့ပါတယ် ။

၁၅၅၈ ခု … အင်္ဂလန်ကျွန်းကလေးမှာ Elizabeth I နန်းတက်ခဲ့ပါတယ်။ ပြည်တွင်းစစ်တွေနဲ့ဆိုးရွားတဲ့ဘဏ္ဍာရေး အနေအထား.. အင်အားအရာမှာတော့ ဒုတိယတန်းစားနိုင်ငံ။ နှစ်၂၀ကြာ ဖြည်းဖြည်းချင်းတိုးတက်ခဲ့ရာက ၁၅၇၀ နောက်ပိုင်း အင်အားကြီးနိုင်ငံ စပိန်နဲ့စစ်ဖြစ်ဖို့နီးစပ်လာခဲ့တယ်။ ဖြစ်ချင်တော့ စပိန်ဘုရင် ဖိလစ်(Philip II)က ပရိုတက်စတင့် ဘာသာဝင်များကို ပြောင်းလဲပစ်ချင်တဲ့ ကသလစ်တစ်ယောက်။ သူ့လက်အောက်ခံ ပရိုတက်စတင့်ဖြစ်တဲ့ ဟော်လန်နဲ့ဘယ်ဂျီယံတို့ရဲ့ပုန်ကန်မှုကို နှိမ်နင်းရင်း အင်္ဂလန်ကိုလည်း သိမ်းပိုက်ဖို့ရည်ရွယ်ထားတယ်။ ရေတို စီမံချက်ကတော့ အဲလိဇဘက်ကို လုပ်ကြံဖို့ဖြစ်ပြီး ရေရှည်စီမံထားတာက အလွန်ကြီးမားကြံ့ခိုင်လှတဲ့ ရေတပ်ကြီး တည်ဆောက်ပြီး အင်္ဂလန်ကျွန်းလေးကို အပြုတ် ဖြုတ်ရန် ဖြစ်ပါတယ်…။

အဲလိဇဘက်ကတော့ ဘေးကင်းတဲ့ စစ်ကိုပဲ လိုလားတယ်။ သူမ တည်ဆောက်ခဲ့တဲ့ တည်ငြိမ်မှုကို မပျက်ပြားစေလို၊ တပ်မတော်ကြီးတစ်ခု အတွက် ပိုက်ဆံ မဖြုန်းချင်၊ အမတ်ကြီးများရဲ့အကြံပေးချက်များကို ဆန့်ကျင်ပြီး ပရိုတက်စတင့် သူပုန်များအတွက် စစ်ကူ အနည်းငယ်သာ လွှတ်ပေးပြီး ဖိလစ်နဲ့သင့်တော်အောင် ပေါင်းထားတယ်။ ဒီနည်းနဲ့ဗြိတိန်ရေတပ်အဖို့ ရန်ပုံငွေစုဆောင်းဖို့အချိန်တွေရလာတယ်။ စပိန်ရဲ့ဘဏ္ဍာရေး အရှိုက်ကို တွယ်ဖို့ကြည့်နေခဲ့တယ်…။ ဒီလိုနဲ့ စစ်ရေးကျွမ်းတဲ့ Sir Francis Drake ကို စပိန် ဘဏ္ဍာသယ် သင်္ဘောများဆီ လုယက်ဖို့လွှတ်လိုက်တယ်၊ ဒရိတ်က လည်း ပင်လယ်ဓားပြဟန် ဆောင်ကာ ပီပီပြင်ပြင်ပါဘဲ၊ သူ တစ်စီး တိုက်လိုက်တိုင်း အီတလီဘဏ်တွေက ဖိလစ်အပေါ် အတိုးတစ်ခါ တက်တယ်။

ဖိလစ်က သင်္ဘောတွေဆောက်ဖို့အီတလီက ချေးငှားထားတာလေ၊ သူ့ရဲ့အာမခံနိုင်စွမ်းကတော့ တိုးချဲ့နေတဲ့ အင်ပါယာ.. ကိုလိုနီကမ္ဘာသစ်တွေပဲပေါ့၊ ဒရိတ်ရဲ့ လက်စွမ်းပြမှုကြောင့်သူ့ရဲ့ကမ္ဘာသစ်က ငွေတွေပြတ်လတ်လာပြီး ပရိုတက်စတင့် အင်္ဂလန်ကို ချေမှုန်းဖို့မှန်းထားတဲ့ ၁၅၈၂ခုနှစ်ကနေ ရွှေ့ဆိုင်းလိုက်ရတယ်..။ စပိန်အမတ်ကြီးတွေခမျာ သင်္ဘောအရေအတွက် လျှော့ချဖို့လျှောက်တင်သော်လည်း ဘုရင်မင်းကြီး ဖိလစ်က သဘောမတူ၊ အင်္ဂလန်ကို တိုက်ဖို့ဟာ ဘာသာရေးဖြစ်တယ်။ အသေးအဖွဲ ဘဏ္ဍာရေးလို အနှောင့်အယှက်မျိုး ရွှေနားတော် မကြားလို…။ အဲ့ဒီတော့ ငွေထပ်ချေးတယ်။

နောက်ဆုံး ၁၅၈၈ နွေရာသီ စပိန်ရေတပ်ကြီး အသင့်ဖြစ်နေလေပြီ။ ရွက်သင်္ဘောအကြီးကြီး အစင်း၂၀ အပြင် စုစုပေါင်း ၁၂၈ စင်း၊ သင်္ဘောသား အများအပြား၊ စစ်သားအများအပြား၊ လူအသင့်၊ ရွက်အသင့်။ ငွေလည်းကုန်ပြီ။ ဇူလိုင် ဒုတိယပတ်မှာ စပြီး Lisbon မြို့မှ စပိန် ရေတပ်ကြီး ရွက်ဖွင့်လေပြီ…။ သို့ရာတွင် အဲလိဇဘက်က စိတ်အသင့် လေအသင့်…။ ပိုမြန်ပြီး ပိုသေးတဲ့ ရေတပ်ငယ်တစ်တပ် လွှတ်ပြီး ပြင်သစ်ဆိပ်ကမ်းမရောက်မီ စပိန်တို့အား နှောင့်ယှက် ဖျက်ဆီးလိုက်တယ်။ စပိန်ရိက္ခာနဲ့သင်္ဘောကြီး အချို့နစ်သူနစ် ပရမ်းပတာဖြစ်သွားပြီး ကာလေး ဆိပ်ကမ်းမှာ ကျောက်ချရပ်နားကြတယ်။ ဟော်လန်နဲ့ဘယ်ဂျီယံမှ စပိန်တပ်များကို စောင့်တယ်။

ဟိုးကနေ အင်္ဂလန်သင်္ဘော ၈ စင်း ထပ်ပြီး ရွက်ကုန်ဖွင့် လာနေပြန်တယ်။ ဒါပေမယ့် အနားရောက်တော့ ရေထဲ ခုန်ချကုန်ကြတယ်၊ သင်္ဘောချင်း ပစ် တိုက်ထည့်လိုက်တယ်.. ရိုးရိုးတော့မဟုတ်ဘူး ၊ အဲ့ဒီ သင်္ဘော(၈)စင်းမှာ တင်လာတာ လောင်စာအပြည့်။ ရေပေါ်မီးလေ တပ်ပျက်ပြီပေါ့ ..စပိန်တို့တော်တော်နာနေပြီ၊ တိုက်စစ် အတွက်လည်း မတတ်နိုင်တော့။ စပိန်ကို ပြန်ဖို့တပ်ဆုတ် တဲ့အခါ တောင်ဘက်သွားရင် လိုက်တိုက်ခံရမှာမို့မြောက်သို့ခေါင်းတည်ပြီး စကော့တလန်နဲ့အိုင်ယာလန်ကို ပတ်ပြီး ထွက်သွားခဲ့ကြတယ်၊ အဲလိဇဘက်က ထပ်မလိုက်တော့ပါ..။ အဲ့ဒီနေရာက ရာသီဥတု အကြောင်းတွေးပြီး မိုးကုပ်စက်ဝိုင်း ဆီသို့လက်ပိုက် ၍သာ ကြည့်နေခဲ့တယ်။

ဖိလစ်ရဲ့ဒုက္ခိတရေတပ်ကြီး အိမ်ပြန်တဲ့အခါ ကျန် စစ်သားရဲ့သုံးပုံနှစ်ပုံ ရေမှာ ကြွေခဲ့ပါပြီ။ အဲလိဇဘက်က သင်္ဘောနဲနဲ လူနဲနဲသာ ကျဆုံးခဲ့ရတယ်၊ ဒါပေမယ့် သူမ ကြာကြာမပြုံးပါဘူး၊ ရေတပ်မတော်ကို ချက်ချင်းဖျက်လိုက်တယ်၊ ဟော်လန်နဲ့ဘယ်ဂျီယံမှ စပိန်တပ်များထံ ချီတက် တိုက်ဖို့တင်ပြချက်ကိုလည်း ပယ်ချလိုက်တယ်၊ ဖိလစ်ကတော့ ဘဏ္ဍာရေးချွတ်ခြုံကျပြီး အင်္ဂလန်အပေါ် ကြံစည်နေတာတွေလည်း လုံး၀ စွန့်လွှတ် လိုက်ရတော့တယ်။

ပိုပြီးရှေးကျတဲ့ နောက်အဖြစ်အပျက်တစ်ခုကတော့ ခရစ်မပေါ်မီ ၂၈၁ ခုနှစ် ရောမ(Roma)နဲ့အီတလီအရှေ့ဘက်ကမ်း က တာရန်တမ်(Tarentum) မြို့တော်တို့အကြားက စစ်ပွဲပါ။ တာရန်တမ်းဟာ ဂရိမြို့တော် စပါတာရဲ့ကိုလိုနီဖြစ်ပြီး ထိုမြို့သားတို့က ဂရိစကားပြောကာ ယဉ်ကျေးသော စပါတန်များအဖြစ် နေကြတယ်။ အီတလီရဲ့အခြားမြို့တွေကိုတော့ ရိုင်းစိုင်းတယ်လို့ယူဆကြတယ်၊ ဒီအချိန်မှာ ရောမကတော့ တန်ခိုးကြီးလာပြီး အိမ်နီးချင်းတွေနဲ့စစ်ဖြစ်လာနေသော်လည်း အမြော်အမြင်ရှိတဲ့ ရိုမန်တွေက တာရန်တမ် နဲ့တော့ စစ်မဖြစ်ပဲ တွန့်ဆုတ်နေတယ်။ တာရန်တမ်ဟာ သူ့ရဲ့မဟာမိတ်တွေကို ရောမဆီ စစ်ချီခိုင်းဖို့ အလုံအလောက် ထောက်ပံ့နိုင်စွမ်းရှိတယ်။ အဲ့အချိန်က အီတလီမှာ အချမ်းသာဆုံးပါတဲ့…။

ရောမကလည်း တာရန်တမ်ဟာ သူနဲ့ဝေးလွန်းတော့ ချက်ချင်းအန ္တရာယ် မရှိသေးလို့ယူဆထားတယ်၊ ဒါပေမယ့် တစ်နေ့မှာ တာရန်တမ်တို့က ရောမသင်္ဘောအချို့နဲ့သင်္ဘောသား အချို့ကို နှစ်မြှုပ် ပစ်လိုက်ပြီး ရေတပ်ဗိုလ်ချုပ်ကိုပါ သတ်ပစ်လိုက်တယ်.. ဒီကိစ္စနဲ့ပက်သက်ပြီး လျော်ကြေးတောင်းဖို့လာတဲ့ ရောမ သံအမတ်ကြီးကို ပါ စော်ကားလွှတ်လိုက်ပြန်တယ်။ ချုပ်ပြောရရင် ရောမနဲ့တာရန်တမ် ဆော်ကြတော့မယ်၊ ဒါပေမယ့် တာရန်တမ်က ချမ်းသာပြီး ဘယ်သူမှ စစ်မတိုက်ချင်ကြဘူး၊ ဒါနဲ့ပဲ Epirus နယ်က ဘုရင် Pyrrhus ကိုအကူအညီတောင်းတယ်၊ ပိုင်းရပ်စ်ဟာ သူ့ရဲ့အောင်မြင်မှုတွေကြောင့် သူ့ကို လင်းယုန်ကြီးလို့အမည် တွင်နေစေတယ်။

ဒါနဲ့ပိုင်းရပ်စ်ဘုရင် တာရန်တမ် ကိုရွက်လွှင့်ပြီး ရောက်လာတဲ့ သတင်းရရချင်းပဲ ရိုမန်တွေက ပိုင်းရပ်စ်ကို အင်အားစုချိန် မပေးတော့ပဲ ချီတက်လာခဲ့တယ်၊ ပိုင်းရပ်စ်က ရှိစုမဲ့စုလေးနဲ့ Heraclea မြို့အနီး ခံတိုက်တယ်.. အင်အား မမျှတာနဲ့ ပိုင်းရပ်စ်က ဝှက်ဖဲ ထုတ်သုံးလိုက်တယ်။ ဆင်နဲ့တခါမှ ရင်မဆိုင်ဖူးတဲ့ ရိုမန်တွေ ဆင်တပ် အောက်မှာ ကွဲပြဲပြီး ဆုတ်သွားရတာပေါ့။ လင်းယုန်ကြီးလည်း နာမည်ကျော်သွားတယ်။ အချို့မြို့တွေက အကူတပ်တွေ လွှတ်ပေးတာ ၊ ကျဆုံးအင်အား ထက်တောင်ပိုသေးတယ်၊ ဒါပေမယ့် သူသောကဖြစ်စ ပြုလာတယ်၊ သူ့ဗိုလ်ချုပ်တွေနဲ့ဝါရင့် စစ်မှုထမ်းတွေ သေတယ်။ ဒါကြောင့် ရိုမန်တွေနဲ့အဲ့ဒီ ကျွန်းဆွယ်နေရာကို ခွဲယူဖို့ညှိတယ်၊ …မရဘူး၊

ဘီစီ ၂၇၉မှာ ထပ် ဆော်ကြပြန်တယ်။ Asculum မြို့နားမှာ..။ ဒီတစ်ခါ အင်အား မျှနေတယ်၊ ပထမတစ်ရက်.. ပြင်းပြင်းထန်ထန် ပဲ… ရိုမန်ဘက်က သာသလိုပဲ..။ ဒုတိယမြောက်နေ့…. ပိုင်းရပ်စ်က သူ့အတွက် ဗျူဟာမြောက်တဲ့ အနေအထားကို ရိုမန်တွေကို မျှားခေါ်သွားတယ်.. ဆင်တပ်တွေနဲ့ပဲ အနိုင် ပိုင်း လိုက်တယ်။ ပိုင်းရပ်စ် နိုင်သွားပြီ။ ဒါပေမယ့် သူ့စိတ် ညစ်ညူးနေတယ်၊ အခြားလူတွေလည်း သေရတယ်၊ သူကိုယ်တိုင်လည်း ဒဏ်ရာတွေနဲ့..။ Asculum တိုက်ပွဲရဲ့အောင်မြင်မှု အတွက် သူ့ကို ချီးကျူးကြတဲ့အခါ.. လင်းယုန်ကြီးက ဘာပြောခဲ့လဲ ဆိုတော့
“ကျုပ်တို့ အဲ့ဒီလိုမျိုး နောက်တစ်ကြိမ် ထပ်နိုင်လိုက်ရင် ကျုပ်တို့…. ပြုတ်ပြုတ်ပြုန်း သွားလိမ့်မယ်” တဲ့…။ ထို့နောက်တွင်တော့ အကြီးအကျယ်ပေးဆပ်ပြီးမှ ရရှိလာသော အောင်မြင်မှု များကို Pyrrhic Victory ဟု တင်စားသုံးနှုန်းကြပါတော့တယ်။

ကျွန်တော်တို့အားလုံး တိုက်ပွဲဝင်နေရပါတယ်။
၁။စားသုံးမှုကြောင့် လိုအပ်လာသော ရုပ်ပိုင်းဆိုင်ရာ ထုတ်လုပ်မှုနှင့် သက်ဆိုင်သော တိုက်ပွဲများ၊
၂။အသိတရားရေး၊ အယူဝါဒရေးရာ၊ သိပ္ပံစသော သိမှုဆိုင်ရာ တိုက်ပွဲများ၊
၃။ခတ်အဆက်ဆက် သမိုင်းရှိသလောက် တည်ရှိခဲ့သည့် အားကြီးသူနှင့် အားနွဲ့သူအကြား လူတန်းစား တိုက်ပွဲများ၊

စသည့်တိုက်ပွဲများတွင် ပါဝင်လျှက်ရှိကြပါသည်။ သို့ရာတွင် ကျွနု်ပ်တို့တိုး ဝင်တိုင်းမှာ ပွတ်တိုက်မှု အမျိုးမျိုးကြုံတွေ့ရပြီး ရရှိလာသော အောင်မြင်မှုများမှာလည်း ဒဏ်ရာဗလပွ ဖြင့်ပင် ဖြစ်သည်၊ (အချောင် ရရှိသော အောင်မြင်မှုများကို မဆိုလိုပါ၊ ထိုအချောင်သမားများအတွက် ဆုဖလားမှာ ခွက်အလွတ်ကြီး သက်သက်သာ ဖြစ်သည်။ ဘယ်သူသေသေ ငါ မာရင်ပြီးရော ဆိုသည့် ငတေများမှာတော့ နှိုင်းရ တန်ဖိုး (နှိုင်းရအောင်မြင်မှု) များဖြင့်သာ ပျော်ပိုက်ကြလေသည်။ မိမိ အသုဘတွင် မည်သူမျှ မလာမည်ကို မသိရှာကြပေ။)
ထို့ကြောင့် ခမ်းခမ်းနားနား ကုန်းရုန်းပြီးမှ ရရှိလာသော အောင်မြင်မှုများ သည် အောင်နိုင်သူအတွက်ဖြစ်စေ ရှုံးနိမ့်သူအတွက်ဖြစ်စေ ပကတိ တန်ဖိုး ရှိရမည်ဟု ယူဆပါသည်။

Zarni Tun

 

Tags: thinkingworld historyworld people

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်
People

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်

၉.၁.၂၀၂၁ ရက်နေ့ Forbes ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ စာရင်းကို ကိုးကားထားခြင်းဖြစ်ပါတယ်။ ၁၀။ ဆာဂေးဘရင် ပြီးခဲ့တဲ့နှစ်က အဆင့် ၁၀ နေရာမှာရှိခဲ့တဲ့ အိန္ဒိယသူဌေးကြီး မာခက်ရှ် အမ်ဘန်နီက အဆင့် ၁၃ နေရာကိုရောက်သွားပြီး ဂိုဂဲရဲ့ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့...

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ
People

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ

ကျည်ကာအင်္ကျီတွေကိုတော့ စစ်ဘက်ဆိုင်ရာနဲ့ တကိုယ်ရေ ကာကွယ်မှုဆိုင်ရာ ကဏ္ဍတွေမှာအသုံးပြုကြပါတယ်။ ကျည်ကာအင်္ကျီတွေကိုတော့ အပူခံနိုင်ပြီး အလွန်မာကြောခိုင်ခံ့တဲ့ Kevlar လူလုပ်ဖိုက်ဘာမျှင်နဲ့ ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။ Kevlar ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ဝန်းကျင်ကတည်းက ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး တီထွင်ခဲ့သူကတော့ အမျိုးသမီးတဦးဖြစ်ပါတယ်။ သူအမှန်တကယ်တီထွင်ခဲ့တာက...

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု
Knowledge

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု

မိုနာလီဇာပန်းချီကားနဲ့ ကျော်ကြားတဲ့ လီယိုနာဒိုဒါဗင်ချီဟာ ပုံမှန်လူသားတယောက်ထက် ထူးကဲကာ အံ့ဖွယ်အနုသုခုမ ရှေးဦးပညာရှင်၊ ဆေးဘက်ဆိုင်ရာ စွန့်ဦးတီထွင်သူ နဲ့ ဖန်တီးမှုနည်းပညာ စတဲ့နယ်ပယ်ပေါင်းစုံမှာ ကြီးကျယ်တဲ့ တီထွင်မှုတွေကို ပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း သမိုင်းတလျှောက် အတော်ဆုံး တီထွင်သူတွေကို...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!