Wednesday, April 14, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဗိုလ်ချုပ်အောင်ဆန်း နှင့် စတုတ္ထမြောက်သမီးလေး

by Thutamm
April 3, 2020
Reading Time: 1min read
0
ဗိုလ်ချုပ်အောင်ဆန်း နှင့် စတုတ္ထမြောက်သမီးလေး
Share on FacebookShare on Twitter

၁၉၄၆.ခု စက်တင်ဘာလ၊ ၂၉ ရက်နေ့ ဖြစ်လေသည်။၊ ရန်ကုန်မြို့၏ ကောင်းကင်သည် မိုးရိပ်တိမ်လိပ်များ ကင်းစင်လျှက် ကြည်လင်တောက်ပနေလေသည်၊။ ဗဟန်းလမ်းအတိုင်း တိရစ္ဆာန်ရုံဘေးမှ အလံပြဘုရားလမ်း အတိုင်း..တအားပြေးနေသော ဂျစ်ကားတစ်စင်း၏ နောက်ပိုင်းတွင် ကာကီစိမ်းရောင် စစ်ယူနီဖေါင်း ဖိုသီဖတ်သီဝတ်လျှက်၊ ခေါင်းတုံးဆံတောက်နှင့် လူရွယ်တယောက်၊ဘေးတွင် မျက်လုံးမျက်ဖန်ကောင်းကောင်းနှင့် လုံးကြီးပေါက်လှ မိန်းမတယောက်တို့ကို မြင်ရသည်။ ထိုစစ်ယူနီဖေါင်းဝတ်လူရွယ်သည် တခြားသူတော့ မဟုတ်၊ ။ဖဆပလအဖွဲ့ချုပ် ဥက္ကဌ၊ ပြည်သူ့ရဲဘော်တပ်ဖွဲ့ သေနာပတိ ဗိုလ်ချုပ်အောင်ဆန်းဖြစ်ပေသည် ။

ယမန်နေ့ကပင် ဘုရင်ခံ၏ အမှုဆောင်ဝန်ကြီးအဖြစ် ရောက်ရှိသွားလျှက် ပူပူနွေးနွေး ကာကွယ်ရေးဝန်ကြီးနှင့်နိုင်ငံခြားရေးဝန်ကြီး ဦးအောင်ဆန်းအဖြစ် သူ၏ချစ်ဇနီး ဒေါ်ခင်ကြည်နှင့်အတူ မြို့ထဲဖက်သို့ ထွက်လာ ခြင်းဖြစ်လေသည်။ တလမ်းလုံး စကားတခွန်းမှ မပြောဘဲ ၊ ငေးလာခဲ့သော ဗိုလ်ချုပ်သည် အလံပြဘုရားလမ်း (အော်တိုကား) တိုက်ရှေ့သို့ ရောက်လာသောအခါ ကျွနု်ပ်အား လှမ်း၍ အင်္ဂလိပ်လို ပြောလိုက်လေသည်။

( I am not happy in office ) ”အစိုးရထဲဝင်ပြီး ရာထူးယူရတာ.. ငါတော့ မပျော်ဘူးကွာ။”
”ဘာဖြစ်လို့လဲ ဗိုလ်ချုပ် …”
ဒေါ်ခင်ကြည်က ဘာမှ မပြော..။ ကျနော်က လှမ်းမေးလိုက်ခြင်း ဖြစ်လေသည်၊။

”ဘာကြောင့်မှန်း မသိဘူး၊ ငါတို့နိုင်ငံရေး လုပ်လာတာ ဗြုန်းကနဲ ..ဒီလိုအစိုးရအဖွဲ့ထဲ ရောက်လိမ့်မယ်လို့ တခါမှ စိတ်မကူးခဲ့ဘူး။ ၊ခုတော့ မမျှော်လင့်ဘဲ အစိုးရအဖွဲ့ဝင် ရာထူးယူလိုက် ရတော့ ငါ့စိတ်ထဲမှာ ဘာကြောင့်မှန်းမသိရ ၊ ပျော်ကို မပျော်ပါဘူးကွာ”..

ကျနော်လည်း ဘာမှပြန်မပြောတော့ပဲ ကားကိုသာ ဆက်မောင်းနေတော့သည်၊ အမှန်မှာ ဘာကြောင့် မပျော်သလဲ …ဟူသော မေးခွန်းကို ဗိုလ်ချုပ်နှင့် သူ့ဘေးတွင် ထိုင်လျှက်ရှိသော ဒေါ်ခင်ကြည်သည်လည်း.. ၎င်းအဖြေကို စိတ်တွင်းမှ လှိုက်လှဲစွာ သိကြသည်။ ထုတ်ဖေါ် မပြောကြ၍သာ။

၁၉၄၆ခုနှစ်..စက်တင်ဘာလ၊ ၂၂ ရက်နေ့ တနင်္ဂနွေနေ့ကို အမှတ်၂၅ ၊ တာဝါလိန်းရှိ အိမ်သူအိမ်သားတွေ စိတ်ထဲမှာ ထာဝစဉ် သတိရနေကြပေလိမ့်မည်၊။ ဖ.ဆ.ပ.လ.အဖွဲ့ချုပ် ဥက္ကဌ ဗိုလ်ချုပ်အောင်ဆန်း၏ ချစ်ဇနီး ဒေါ်ခင်ကြည်တွင် စတုတ္တမြောက်ရင်နှစ်သည်းချာ သမီးရတနာလေး တစ်ဦး မီးရှုးဖွားမြင်လေသောကြောင့်တည်း၊။

ဖ.ဆ.ပ.လ ခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းသည် ၎င်း တော်သလင်းလဆုပ်( ၁၂ ) ရက် တနင်္ဂနွေနေ့က သူ့တွင် သမီးရတနာတဦး တိုးပြန်ပြီ ဟူသော မင်္ဂလာသတင်းကောင်းကို ကြားရသောအခါ မည်မျှ ဝမ်းမြောက်ပီတိဖြစ်ရှာလေမည်နည်း။

သူ့ ၏ အကြီးဆုံး ကလေးနှစ်ယောက်မှာ ယောင်္ကျားလေးချည်း ဖြစ်ကြလျှက် ၊ တတိယကလေး မှာ မိန်းကလေးဖြစ်သည်။ ပြေးလွှားဆော့ကစားတတ်သည့် အရွယ်ဖြစ်သော သားနှစ်ယောက်ကို ကြည့်ရင်း တခါတခါ မျက်စိနောက်သောဗိုလ်ချုပ်သည် သူ၏ သမီးကလေးအပေါ် အချစ်တွေ ပိုမိလေသည်။ ယခုတဖန် သမီးရတနာတဦး ထွန်းကားပြန်ပြီ။ များမကြာမှီသူက ရုံးကပင်ပန်းပြီး ပြန်လာတိုင်း လှေခါးထိပ် မော်တော်ကားဆိုက်ရာသို့ ” ဖေဖေ ပြန်လာပြီ ” ဟုဆိုကာ ၊ ဘဝင်အေးစရာ အပြုံးကလေးများဖြင့် ဆီးကြိုတတ်သော သမီးကလေးနှင့်အတူ၊ အဖေါ်ရမည့် သမီးထွေး ကလေးကို စိတ်ကူးယဉ်ကြည့်ရင်း ၊ ဗိုလ်ချုပ်( ဝါ )အောင်ဆန်းဦးတို့အဖေ၊အောင်ဆန်းစုကြည်တို့အဖေ၊ ဦးအောင်ဆန်း၏စိတ်တွင် နှစ်သိမ့်ကြည်နူးသွားလေသည်။

သို့သော်..ကံကြမ္မာက သူ၏မျှော်လင့်ချက် အဆောက်အအုံကို တဟုန်ထိုး မုန်တိုင်းဆင်၍ ၊ ချေမှုန်းဖျက်ဆီးပစ်လိုက်လေသည်။ စက်တင်ဘာလ ၂၆ ရက်နေ့( ဗိုလ်ချုပ်တို့ ဝန်ကြီးအဖြစ် ကျမ်းကျိန်သောနေ့ ) တွင် ဗိုလ်ချုပ်၏သမီးထွေးကလေးသည် သူ့ဖခင်၏ဂုဏ်ရှိန်သမ္ဘာကို လူ့ပြည်တွင် ၅ ရက်မျှ ခံစားကာ အနိစ္စရောက်သွား ရှာလေတော့သတည်း။ ထို သတင်းကို ကြားကြားချင်း ဗိုလ်ချုပ်တယောက် တချက်မျှ ငိုင်သွားကာ ……

”အင်း …အိမ်ထောင်ကျတဲ့ ၅ နှစ်ရာသီအတွင်း ကလေးလေးယောက်ရလို့ များလှတယ်ဆိုပြီး စိတ်တော့ ညစ်မိပါတယ်။ ဒါပေမယ့် ရပြီးမှတော့.ကလေးကို မသေစေချင်ဘူး …သိပ်နှမြောတာပဲဗျာ” ဟု ညည်းရှာလေသည်။ နိုင်ငံရေးကိစ္စ အ၀၀တွေကြောင့် အလွန်အလုပ်များလျှက် ရှိသော သူ၏ခန္ဓာကိုယ်အတွင်းရှိ နှလုံးသားထဲမှ ဖခင်တို့၏ ချစ်ခြင်းမေတ္တာအဟုန်လည်း ပေါက်ကွဲထွက်လာလေသည်။

ကြည့်စမ်းပါဦး….. တနင်္ဂနွေနေ့ကပဲ သမီးရတနာရခဲ့ပြီး ကြာသပတေးနေ့ကျသောအခါ အစိုးရအဖွဲ့ထဲဝင်ပြီး ဝန်ကြီးအဖြစ် ကျမ်းကျိန်ခဲ့သည်။ ၎င်းကြာသပတေး နေ့မှာပင် ချစ်သမီးလေးဆုံးရပြန်သည့် ကံကြမ္မာက သူ့အား လှောင်ပြောင်ကာ ပျက်ရယ်ပြုခြင်းပင် မဟုတ်ပါလော။ အစိုးရအဖွဲ့ဝင် ဝန်ကြီးရာထူးက .. ဘယ်လိုပင် မော်တော်ကား၊ရေဒီယို၊တယ်လီဖုန်းအစရှိသည့် အဆောင်အယောင်တွေများများ.. အဖိုးမဖြတ်နိုင်သည့် ရတနာ (သမီးထွေးကလေး )ဆုံးရှုံးရသည့် ဗိုလ်ချုပ်ခမျာမှာ အဘယ်မှာလျှင်ပျော်နိုင်ရှာမည်နည်း။ ထို့ကြောင့်ပင် ” အစိုးရအဖွဲ့ထဲ ဝင်ပြီး ရာထူးယူရတာ ဘာကြောင့်မှန်းမသိ၊ ငါတော့မပျော်ဘူးကွာ ” ဟုပြောသော အကြောင်းသည်အထက် ဖေါ်ပြပါ အရေးပါသောအကြောင်းအချက်တချက်ဖြစ်ရမည်ဟု ကျွနု်ပ်တထစ်ချထင်လိုက်မိသည်။

ကျနော် တမ်းတ မိသော ဗိုလ်ချုပ်၏ အမှတ်တရများ – မောင်လူဝေး

Tags: knowledgemyanmar people

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!