Friday, April 16, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဗီယက်နမ်တို့ရဲ့ နာမည်ကျော် ကူချီဥမင်လိုဏ်ခေါင်းများ

by Thutamm
August 17, 2019
Reading Time: 1min read
0
ဗီယက်နမ်တို့ရဲ့ နာမည်ကျော် ကူချီဥမင်လိုဏ်ခေါင်းများ
Share on FacebookShare on Twitter

ကူချီဥမင်လိုဏ်ခေါင်းတွေဟာ ဗီယက်နမ်ရဲ့ သမိုင်းမှာတော့ အလွန်အရေးပါတဲ့ နေရာကနေ ပါဝင်ခဲ့ပါတယ်။ ဟိုချီမင်းမြို့ ကူချီနယ်မြေထဲမှာ တူးဖော်ဖောက်လုပ်ထားတဲ့ ဒီဥမင်လိုဏ်ခေါင်း ကွန်ယက်ဟာ ဗီယက်နမ်စစ်ပွဲအတွင်းမှာ အမေရိကန်လို အင်အားကြီးတဲ့ရန်သူကိုတောင် ပျောက်ကျားစနစ်နဲ့ ခုခံပြီး တန်ပြန်တိုက်ခိုက်နိုင်ခဲ့တာကြောင့် အလွန်ထင်ရှားပါတယ်။  ဒီဥမင်လိုဏ်ခေါင်းတွေကို ၁၉၄၆ခုနှစ်မှာစတင်တဲ့ အင်ဒိုချိုင်းနားစစ်ပွဲမှာ ပြင်သစ်တွေကို တိုက်ခိုက်ရာမှာအသုံးပြုခဲ့ရည်ရွယ်ခဲ့ပြီး ဗီယက်နမ်စစ်ပွဲအတွင်း ၁၉၆၈ခုနှစ်မှာတော့ ဗီယက်ကောင်းတို့က အခြေစိုက်စခန်း အဖြစ် အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။

ကူချီဥမင်လိုဏ်ခေါင်းတွေရဲ့ စုစုပေါင်း အရှည်က ၇၅မိုင်ရှည်လျားပြီး ဥမင်ထဲမှာတော့ လေရှုပေါက် ၊ အစားအစာ ၊ ဆေးခန်း ၊ ခွဲစိတ်ခန်း ၊ အစည်းအဝေးခန်း၊ လက်နက်သိုလှောင်ခန်း ၊ လက်နက်ပြုလုပ်ခန်း ၊လူနေအိပ်ခန်း ၊ တပ်ကူလမ်းကြောင်းများ သာမက  စတိုခန်းနဲ့ မီးခိုးအပြင်မထွက်အောင်ဖန်တီးထားတဲ့ မီးဖိုခန်းများပါ ထည့်သွင်းတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဒီလိုဏ်ခေါင်းတွေရဲ့ အကူအညီနဲ့ အကောင်ငယ်ပြီး လက်နက်အင်အားမရှိတဲ့ မြောက်ဗီယက်နမ်တွေဟာ တောင်ဗီယက်နမ်ရဲ့မဟာမိတ် ခေတ်မီလက်နက်တွေ တပ်ဆင်ထားတဲ့ အမေရိကန် နဲ့ မဟာမိတ်တပ်တွေကို ပျောက်ကြားစနစ်နဲ့ တိုက်ခိုက်အနိုင်ယူခဲ့ကြတာဖြစ်ပါတယ်။

ဥမင်တွေဟာ အလွန်ကျဉ်းပါတယ်။ ဒီလိုကျဉ်းတာကြောင့်လည်း အကောင်ကြီးတဲ့ အမေရိကန်စစ်သားတွေဟာ ဥမင်လိုဏ်ဂူလမ်းကြောင်းကို ရှာတွေ့ခဲ့ပေမယ့် ဥမင်အတွင်းကို ဝင်မရပဲ အခက်တွေ့ခဲ့ကြတာဖြစ်ပါတယ်။ အကောင်ညှက်တဲ့ ဗီယက်ကောင်းတွေကတော့ ဥမင်အတွင်း ဟိုကထွက် ဒီကထွက်နဲ့ တိုက်ခိုက်နိုင်ခဲ့ကြပါတယ်။ ဥမင်လိုဏ်ခေါင်းရဲ့ အနက်ဆုံးနေရာတွေဟာ မြေပြင်အောက်ဘက် ၁၀မီတာခန့် အထိနက်ပါတယ်။

ဒါ့အပြင် အံဝှက်သစ်သားအဖုံးတပ်ဆင်ထားပြီး အပေါ်က သစ်ရွက်တွေဖုံးထားတဲ့ ကျင်းတွေဟာလည်း အဲဒီဒေသ တဝိုက်မှာ အများအပြားရှိနေပါတယ်။ အများစုကတော့ ဥမင်နဲ့ ဆက်သွယ်ထားပါတယ်။ ဒီကျင်းတွေကနေ ဗီယက်ကောင်းစစ်သားတွေဟာ ရန်သူကိုပစ် ကျင်းထဲပြန်ဝင် ကိုယ်ရောင်ဖျောက်တဲ့နည်းတွေနဲ့ စစ်ပွဲကို ဆင်နွဲခဲ့ကြတာပါ။ ဒီလိုတန်ပြန်ဗျူဟာတွေကြောင့်ပဲ နယ်မြေအနေအထားမကျွမ်းတဲ့ ရန်သူတပ်တွေ မျက်စိလည်ပြီး အခက်တွေ့ခဲ့ကြခြင်း ဖြစ်ပါတယ်။

ဥမင်တွေနဲ့ အတူနောက်ထပ်ရှိနေတာကတော့ ထောင်ချောက်တွေပါ။ ကျင်းနက်နက်တူးပြီး အောက်ဘက်မှာ ဝါးချွန်တွေစိုက်ထားကာ အပေါ်မှာ သစ်ရွက်တွေဖုံးထားတဲ့ထောင်ချောက် ၊ သံချွန်ဒလက်တွေ မောင်းတံခလုပ်တွေတပ်ဆင်ထားတဲ့ တောင်ချောက် အမျိုးမျိုးဟာလည်း မထင်မှတ်တဲ့နေရာတွေမှာ ဖန်တီးထားပါတယ်။

ဥမင်တွေကို အဆင့် ၄ ဆင့်နဲ့ဖန်တီးထားတာဖြစ်ပြီး ပထမအဆင့် ၄မီတာ အနက်မှာတော့ ထောင်ချောက်တွေ ၊ ဗုံးခိုကျင်းတွေ ၊ ဘာကာတွေ ရှိပြီး ဒုတိယအဆင့် မှာတော့ မီးဖိုချောင်တွေ ၊ အိပ်စက်ရန်နေရာတွေ ရှိနေပါတယ်။ ၆မီတာကနေ ၇မီတာလောက်နက်တဲ့ တတိယအဆင့်မှာတော့ သိုလှောင်ခန်းတွေ ၊ ဥမင်တစ်ခုနဲ့တစ်ခု ချိတ်ဆက်ထားတဲ့ လမ်းကြောင်းတွေ ရှိနေပါတယ်။ ၈မီတာကနေ ၁၀မီတာ နက်တဲ့ နေရာမှာတော့ အဆင့် ၄ နေရာရှိပါတယ်။ ဒီနေရာမှာတော့ ဥမင်ထဲကနေ အဓိကရေရရှိနိုင်တဲ့ နေရာကို ဖန်တီးထားပါတယ်။ ရေဟာ ဒီစစ်ပွဲတွေမှာ ဗီယက်နမ်စစ်သားတွေအတွက် မရှိမဖြစ်နေရာကနေ အရေးပါခဲ့ပါတယ်။ အဲဒီနေရာကို ဆိုင်ဂုံမြစ်နဲ့လည်း ဆက်သွယ်ထားပြီး ရေချိုးတာတွေအပြင် လွတ်မြောက်နိုင်တဲ့ လမ်းကြောင်းတွေကိုပါ ဖောက်လုပ်ထားပါတယ်။

အမေရိကန်စစ်သားတွေကတော့ ဒီဥမင်လိုဏ်ခေါင်းတွေကို Black Echo လို့ခေါ်လေ့ရှိကြပါတယ်။ လက်ရှိအချိန်မှာလည်း ဒီဥမင်လိုဏ်ခေါင်းတွေကို ပြသထားပြီး ပုံမှန်လူတစ်ယောက်ဟာ အချိန်အနည်းငယ်သာ အထဲမှာနေနိုင်ကြပါတယ်။ ဒါပေမယ့် သာမန်လူတစ်ယောက် နာရီအနည်းငယ်သာနေနိုင်တဲ့ ဒီဥမင်ထဲမှာ ဗီယက်နမ်တွေကတော့ ၁၀စုနှစ် တစ်ခုကျော်အောင် နေခဲ့ကြပါသတဲ့။ ဥမင်လိုဏ်ခေါင်းတွေရဲ့ အစွမ်းကို အမေရိကန်တွေသိရှိသွားပြီးတဲ့နောက် ဒီဥမင်တွေကို ဖျက်စီးဖို့ ကြိုးစားခဲ့ကြပါသေးတယ်။

၁၉၆၆ ခုနှစ်မှာ B 52 ဗုံးကြဲလေယာဉ်တွေကိုအသုံးပြုကာ တန် ၃၀ခန့်အလေးချိန်ရှိပြီး ပေါက်ကွဲမှုအားပြင်းထန်တဲ့ ဗုံးအလုံးပေါင်းများစွာကို ဒီနေရာတဝိုက်မှာ ကြဲချခဲ့ပါတယ်။ ဒီကြဲချမှုကြောင့် ဒီနေရာဟာ တောအုပ်အဖြစ်ကနေ လကမ္ဘာရဲ့မျက်နှာပြင်လို အပေါက်အပေါက်တွေနဲ့ မြေပြင်ဖြစ်သွားခဲ့ရပါတယ်။ ဒါ့အပြင် ထောင်ချီအင်အားရှိတဲ့ တပ်တွေကိုလွှတ်ပြီး ဒီဥမင်လိုဏ်ခေါင်းတွေကို ဖျက်စီးပြီး နှိမ်နှင်းဖို့ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့် အောင်မြင်မှုတော့ မရခဲ့ပါဘူး။

ဗီယက်နမ်တွေဟာ နိုင်ငံအတွက် မလျှော့တဲ့စိတ်ဓာတ်နဲ့ ဒီလိုကျဉ်းလွန်းပြီး အစားအစာခက်ခဲတဲ့ လိုဏ်ခေါင်းတွေထဲမှာ ကြွက်တွေလို နေကာ စစ်ဆင်ရေးတွေကို ဖန်တီးခဲ့ကြတဲ့အတွက် ကျူးကျော်သူ အမေရိကန်ဟာ နောက်ဆုံးမှာတော့ ဗီယက်နမ်တွေရဲ့ စိတ်ဓာတ်ကို လက်လျှော့သွားကြရတယ်။ ကူချီဥမင်လိုဏ်ခေါင်း ကာကွယ်မှုနဲ့အတူ ဗီယက်နမ် စစ်သား စစ်သမီးပေါင်း ၄၅၀၀၀ ခန့်ကတော့ ကျဆုံးခဲ့ရပါတယ်။ ဗီယက်နမ်တွေရဲ့ စိတ်ဓာတ်နဲ့အတူ ကူချီဥမင်ဟာလည်း နာမည်ကျော် နေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။ စစ်ပွဲစတင်ပြီး နောင်အနှစ် ၂၀ အကြာမှာတော့ စစ်ပွဲကိုအဆုံးသတ်နိုင်ခဲ့ပြီး တောင်မြောက် ဗီယက်နမ်ကို ပြန်လည်ပေါင်းစည်းကာ ယနေ့ဗီယက်နမ်နိုင်ငံကို ဖြစ်ပေါ်လာစေခဲ့ပါတယ်။

 

ယနေ့အချိန်မှာတော့ ကူချီဥမင်တွေဟာ ဗီယက်နမ်မှာရှိတဲ့နေရာတွေအနက် ကမ္ဘာလှည့်ခရီးသည်အများစု လာရောက်လည်ပတ်လေ့ရှိတဲ့ နေရာတစ်ခု ဖြစ်လာခဲ့ပါပြီ။ ကူချီဥမင်နဲ့အတူ စစ်ပွဲတွင်း အသုံးပြုခဲ့တဲ့ ပစ္စည်းတွေကို
လာရောက်သူများ လေ့လာနိုင်အောင် ထားရှိပေးထားပါတယ်။ စစ်ပွဲတုန်းက ဗုံးလုပ်ခဲ့တဲ့နေရာများ ၊ စစ်သားရုပ်တုများ ၊ ဗုံးခိုကျင်းများ ၊ ထောက်ချောက်များ အပြင် သေနတ်စမ်းသပ်ပစ်ခတ်လို့ရအောင်လည်း ဖန်တီးပေးထားပါတယ်။ ဥမင်တွေကိုလည်း စမ်းသပ်ဝင်ရောက်နိုင်ပြီး ဝင်နေရင်းနဲ့ ဆက်လက်မဝင်နိုင်တော့ရင် ပြန်ထွက်နိုင်ဖို့ အတွက် ထွက်ပေါက်များကိုပါ ထားရှိပေးထားပါတယ်။

သုတဇုန်

 

Tags: militaryworld places

Related Posts

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်
Places

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်

ဟိုတယ် ဆိုတာဟာ အပန်းဖြေ နားခိုဖို့အပြင် အစားအစာနဲ့ အခြားဝန်ဆောင်မှုတွေ ရရှိနိုင်တဲ့ နေရာတခုဆိုတာ အားလုံးသိပြီးသားပါ။ ဟိုတယ်တွေဟာ အလွန်ဆုံးအနေနဲ့ ဒီဘက် ရာစုနှစ်တွေမှာမှ စတင်ပေါ်ပေါက်လာတာ လို့ ထင်စရာရှိပေမယ့် ကမ္ဘာပေါ်က အစောဆုံးဟိုတယ်အဖြစ် သတ်မှတ်ခံထားရတဲ့ ဒီဟိုတယ်ကတော့...

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ
Knowledge

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ

အရင်တခါကတော့ ကမ္ဘာ့အကြီးဆုံး ဘောလုံးကွင်းကြီး ၁၀ ခု ရဲ့ အကြောင်းကို တင်ခဲ့ပြီးပါပြီ။ ဒီတခါတော့ ပရိသတ်ဝင်ဆံ့မှုအရ ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီး ၅ ခုရဲ့ အကြောင်း ကို ထပ်ပြီးတော့ ဝေမျှလိုက်ပါတယ်။ အားကစား ဆိုတဲ့အတွက်ကြောင့်...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!