ရေးသားသူ – ကိုဘုန်းဆွေ
ဗိုလ်ချုပ်အကြောင်းရေးထားတဲ့ စာအုပ်တွေကိုအတော်များများ ဖတ်ခဲ့ဘူးပါတယ်။အဲဒီစာအုပ်ပါ အကြောင်းအရာတွေထဲမှာမှစိတ်အထိခိုက်ရဆုံးအကြောင်းအရာလေးနှစ်ခုကိုစွဲစွဲထင်ထင် မှတ်မိနေတယ်။
ပထမတစ်ခုက သခင်အောင်ဆန်းအဖြစ်နဲ့တက္ကသိုလ်ကထွက်၊ တို့ဗမာအစည်းအရုံးထဲခြေစုံပစ်ဝင်ပြီးတော့ နိုင်ငံရေးလုပ်နေချိန်။လက်ထဲမှာ သုံးစရာပိုက်ဆံကတစ်ပြားမှမရှိ။ဗိုက်ကလည်း အရမ်းဆာနေချိန်၊မထူးဇာတ်ခင်းတဲ့အနေနဲ့ ရုံးနားကထမင်းဆိုင်ကိုသွားပြီး ထမင်းမှာစားတယ်။ စားလို့ ဝပြီဆိုမှ ဆိုင်ရှင်ဆီသွားပြီးတော့ ပြောတယ်။
” အဒေါ်ကြီး၊ ခင်ဗျားဆိုင်က ထမင်းတော့ကျနော် စားပြီးပြီ။ ပေးစရာပိုက်ဆံတော့တစ်ပြားမှ မရှိဘူး။ အဲဒီအတွက် ကျနော့်ပါးကိုအဒေါ်ကြီး ကြိုက်သလောက်သာရိုက်ပေတော့ “ဆိုပြီး ပါးထိုးပေးသတဲ့။ထမင်းဆိုင်ပိုင်ရှင် အဒေါ်ကြီးက မရိုက်တဲ့အပြင်သနားသွားပြီးတော့ နောက်နောင်မှာလည်းပိုက်ဆံမရှိရင် ဒီဆိုင်မှာဘဲအလကား လာစားဖို့ဖိတ်ခေါ်ရှာပါတယ်။
ဒုတိယတစ်ခုကတော့ စိတ်ထိခိုက်ရခြင်းဆိုတာထက် အံ့သြဘနန်း ဖြစ်ရတာပါ။ဂျပန်တော်လှန်ရေးအပြီး အင်္ဂလိပ် ပြန်ဝင်လာချိန်၊၁၉၄၆- ၄၇ ကာလ။ဗိုလ်ချုပ်အောင်ဆန်းဟာ ပြည်သူတစ်ရပ်လုံးရဲ့ထောက်ခံမှုကို အကြီးအကျယ်ရထားတဲ့လူထုခေါင်းဆောင် ဖြစ်နေပါပြီ။ဂဠုန်ဦးစော အပါအဝင် စစ်ကြိုခေတ်က နိုင်ငံရေးသမားဟောင်းကြီးတွေရဲ့အရှိန်အဝါက နိဂုံးချုပ်သွားခဲ့ပြီ။
သို့သော်လည်း လုံးဝလွတ်လပ်ရေးအတွက်ညီညွတ်ရေးကို မဖြစ်မနေတည်ဆောက်နေတဲ့ဗိုလ်ချုပ်ကတော့ နိုင်ငံရေးသမား လက်ဟောင်း၊လက်သစ်တွေအားလုံး ပါဝင်စေချင်တဲ့အတွက်ဂဠုန်ဦးစောအိမ်ကို သူကိုယ်တိုင် သွားပါတယ်။ဦးစောအိမ်ကို ဗိုလ်ချုပ်ရောက်သွားချိန်မှာဦးစောက ဧည့်ခန်းမှာ အင်္ဂလိပ်အရာရှိကြီးတွေနဲ့ပါတီပွဲ ဆင်နွဲှနေချိန် ဖြစ်ပါတယ်။
ဗိုလ်ချုပ်က အိမ်အပြင်ဘက်က ခုံလေးမှာ ထိုင်ပြီးဦးစောပါတီပွဲအပြီးကို ထိုင်စောင့်ရှာတယ်။အပြင်ဘက်မှာ ဗိုလ်ချုပ်ထိုင်စောင့်နေတာကိုဦးစောသိရှိပေမယ့် အိမ်ထဲကို လုံးဝဖိတ်ခေါ်ခြင်း မရှိခဲ့ဘူး။ပါတီပွဲပြီးလို့ အင်္ဂလိပ်အရာရှိ အတော်များများပြန်သွားကြပေမယ့် ကျန်နေတဲ့ အင်္ဂလိပ်အရာရှိအချို့နဲ့ လက်ဘက်ရည်ဆက်သောက်ရင်းတဝါးဝါး၊ တဟားဟားနဲ့ စကားပြောကာအချိန်ဆွဲ ဧည့်ခံနေခဲ့ပါတယ်။ ဗိုလ်ချုပ်ကတော့ အပြင်ဘက်မှာစိတ်ရှည်လက်ရှည် ထိုင်စောင့်နေရှာတယ်။
အတော်ကြီးကြာလို့အင်္ဂလိပ်တွေအားလုံးပြန်ကုန်ပြီဆိုမှဦးစောကို တွေ့ခွင့်ရပါတယ်။ဂဠုန်ဦးစောရဲ့လုပ်ပေါက်ကဗိုလ်ချုပ်ကိုနိုင်ငံရေးမှာမင်းငယ်ပါသေးတယ်ဆိုတဲ့သဘောနဲ့ချိုးလိုက်တာပါ။ညီညွတ်ရေးကို လိုချင်လွန်းလှတဲ့ဗိုလ်ချုပ်ကတော့ဦးစောရဲ့လုပ်ရပ်အပေါ် အငြိုးထားခဲ့ခြင်းအလျဉ်းမရှိခဲ့ဘူး။နောက်ပိုင်း တာဝါလိန်းက ဗိုလ်ချုပ်အိမ်ကိုဦးစောလာတော့ ဗိုလ်ချုပ်ကိုယ်တိုင်ဦးစောရဲ့ ကားတံခါးကိုဖွင့်ပေးပြီး ကြိုဆိုခဲ့တယ်။
ဒီအကြောင်းအရာလေးကိုဖတ်မိရင်းအသက်(၃၀)ပတ်ဝန်းကျင်အရွယ်လူငယ်တစ်ယောက်ရဲ့စိတ်နေသဘောထားကြီးကျယ်မြင့်မြတ်မှု၊လူထုခေါင်းဆောင်တစ်ယောက်ရဲ့ နိုင်ငံရေးအမြှော်အမြင်ကြီးမားမှု တွေ ကို တွေ့လိုက်ရတယ်။အခုချိန်ထိ ပြန်စဉ်းစားကြည့်လိုက်တိုင်းကြက်သီးမွေးညင်းတွေ တဖြန်းဖြန်းထသွားအောင် ခံစားနေရတုန်းပါပဲ။
( ကိုဘုန်းဆွေ )
——- —– —-
(Zawgyi)
ဗိုလ္ခ်ဳပ္ေအာင္ဆန္းနဲ႔ ပတ္သက္ၿပီး စိတ္အထိခိုက္ရဆံုး အေၾကာင္းအရာ ေလးနွစ္ခု
ေရးသားသူ – ကုိဘုန္းေဆြ
ဗိုလ္ခ်ဳပ္အေၾကာင္းေရးထားတဲ့ စာအုပ္ေတြကိုအေတာ္မ်ားမ်ား ဖတ္ခဲ့ဘူးပါတယ္။အဲဒီစာအုပ္ပါ အေၾကာင္းအရာေတြထဲမွာမွစိတ္အထိခိုက္ရဆံုးအေၾကာင္းအရာေလးနွစ္ခုကိုစဲြစဲြထင္ထင္ မွတ္မိေနတယ္။
ပထမတစ္ခုက သခင္ေအာင္ဆန္းအျဖစ္နဲ႔တကၠသိုလ္ကထြက္၊ တို႔ဗမာအစည္းအရံုးထဲေျခစံုပစ္ဝင္ၿပီးေတာ့ နိုင္ငံေရးလုပ္ေနခ်ိန္။လက္ထဲမွာ သံုးစရာပိုက္ဆံကတစ္ျပားမွမရွိ။ဗိုက္ကလည္း အရမ္းဆာေနခ်ိန္၊မထူးဇာတ္ခင္းတဲ့အေနနဲ႔ ရံုးနားကထမင္းဆိုင္ကိုသြားၿပီး ထမင္းမွာစားတယ္။ စားလို႔ ဝၿပီဆိုမွ ဆိုင္ရွင္ဆီသြားၿပီးေတာ့ ေျပာတယ္။
” အေဒၚႀကီး၊ ခင္ဗ်ားဆိုင္က ထမင္းေတာ့က်ေနာ္ စားၿပီးၿပီ။ ေပးစရာပိုက္ဆံေတာ့တစ္ျပားမွ မရွိဘူး။ အဲဒီအတြက္ က်ေနာ့္ပါးကိုအေဒၚႀကီး ႀကိဳက္သေလာက္သာရိုက္ေပေတာ့ “ဆိုၿပီး ပါးထိုးေပးသတဲ့။ထမင္းဆိုင္ပိုင္ရွင္ အေဒၚႀကီးက မရိုက္တဲ့အျပင္သနားသြားၿပီးေတာ့ ေနာက္ေနာင္မွာလည္းပိုက္ဆံမရွိရင္ ဒီဆိုင္မွာဘဲအလကား လာစားဖို႔ဖိတ္ေခၚရွာပါတယ္။
ဒုတိယတစ္ခုကေတာ့ စိတ္ထိခိုက္ရျခင္းဆိုတာထက္ အံ့ၾသဘနန္း ျဖစ္ရတာပါ။ဂ်ပန္ေတာ္လွန္ေရးအၿပီး အဂၤလိပ္ ျပန္ဝင္လာခ်ိန္၊၁၉၄၆- ၄၇ ကာလ။ဗိုလ္ခ်ဳပ္ေအာင္ဆန္းဟာ ျပည္သူတစ္ရပ္လံုးရဲ႕ေထာက္ခံမႈကို အႀကီးအက်ယ္ရထားတဲ့လူထုေခါင္းေဆာင္ ျဖစ္ေနပါၿပီ။ဂဠဳန္ဦးေစာ အပါအဝင္ စစ္ႀကိဳေခတ္က နိုင္ငံေရးသမားေဟာင္းႀကီးေတြရဲ႕အရွိန္အဝါက နိဂံုးခ်ဳပ္သြားခဲ့ၿပီ။
သို႔ေသာ္လည္း လံုးဝလြတ္လပ္ေရးအတြက္ညီၫြတ္ေရးကို မျဖစ္မေနတည္ေဆာက္ေနတဲ့ဗိုလ္ခ်ဳပ္ကေတာ့ နိုင္ငံေရးသမား လက္ေဟာင္း၊လက္သစ္ေတြအားလံုး ပါဝင္ေစခ်င္တဲ့အတြက္ဂဠဳန္ဦးေစာအိမ္ကို သူကိုယ္တိုင္ သြားပါတယ္။ဦးေစာအိမ္ကို ဗိုလ္ခ်ဳပ္ေရာက္သြားခ်ိန္မွာဦးေစာက ဧည့္ခန္းမွာ အဂၤလိပ္အရာရွိႀကီးေတြနဲ႔ပါတီပဲြ ဆင္ႏဲႊေနခ်ိန္ ျဖစ္ပါတယ္။
ဗိုလ္ခ်ဳပ္က အိမ္အျပင္ဘက္က ခံုေလးမွာ ထိုင္ၿပီးဦးေစာပါတီပဲြအၿပီးကို ထိုင္ေစာင့္ရွာတယ္။အျပင္ဘက္မွာ ဗိုလ္ခ်ဳပ္ထိုင္ေစာင့္ေနတာကိုဦးေစာသိရွိေပမယ့္ အိမ္ထဲကို လံုးဝဖိတ္ေခၚျခင္း မရွိခဲ့ဘူး။ပါတီပဲြၿပီးလို႔ အဂၤလိပ္အရာရွိ အေတာ္မ်ားမ်ားၿပန္သြားႀကေပမယ့္ က်န္ေနတဲ့ အဂၤလိပ္အရာရွိအခ်ိဳ႕နဲ႔ လက္ဘက္ရည္ဆက္ေသာက္ရင္းတဝါးဝါး၊ တဟားဟားနဲ႔ စကားေျပာကာအခ်ိန္ဆဲြ ဧည့္ခံေနခဲ႔ပါတယ္။ ဗိုလ္ခ်ဳပ္ကေတာ့ အျပင္ဘက္မွာစိတ္ရွည္လက္ရွည္ ထိုင္ေစာင့္ေနရွာတယ္။
အေတာ္ႀကီးၾကာလို႔အဂၤလိပ္ေတြအားလံုးျပန္ကုန္ၿပီဆိုမွဦးေစာကို ေတြ႕ခြင့္ရပါတယ္။ဂဠဳန္ဦးေစာရဲ႕လုပ္ေပါက္ကဗိုလ္ခ်ဳပ္ကိုနိုင္ငံေရးမွာမင္းငယ္ပါေသးတယ္ဆိုတဲ့သေဘာနဲ႔ခ်ိဳးလိုက္တာပါ။ညီၫြတ္ေရးကို လိုခ်င္လြန္းလွတဲ့ဗိုလ္ခ်ဳပ္ကေတာ့ဦးေစာရဲ႕လုပ္ရပ္အေပၚ အၿငိဳးထားခဲ့ျခင္းအလ်ဥ္းမရွိခဲ့ဘူး။ေနာက္ပိုင္း တာဝါလိန္းက ဗိုလ္ခ်ဳပ္အိမ္ကိုဦးေစာလာေတာ့ ဗိုလ္ခ်ဳပ္ကိုယ္တိုင္ဦးေစာရဲ႕ ကားတံခါးကိုဖြင့္ေပးၿပီး ႀကိဳဆိုခဲ့တယ္။
ဒီအေၾကာင္းအရာေလးကိုဖတ္မိရင္းအသက္(၃၀)ပတ္ဝန္းက်င္အ႐ြယ္လူငယ္တစ္ေယာက္ရဲ႕စိတ္ေနသေဘာထားႀကီးက်ယ္ျမင့္ျမတ္မႈ၊လူထုေခါင္းေဆာင္တစ္ေယာက္ရဲ႕ ႏုိင္ငံေရးအေျမႇာ္အျမင္ႀကီးမားမႈ ေတြ ကို ေတြ႕လိုက္ရတယ္။အခုခ်ိန္ထိ ျပန္စဥ္းစားၾကည့္လိုက္တိုင္းၾကက္သီးေမြးညင္းေတြ တျဖန္းျဖန္းထသြားေအာင္ ခံစားေနရတုန္းပါပဲ။
( ကုိဘုန္းေဆြ )