Friday, April 16, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဗိသုကာဆိုင်ရာ ကမ္ဘာ့အံဖွယ် အဆောက်အဦးတစ်ခုဖြစ်တဲ့ CN တာဝါ

by Thutamm
November 13, 2019
Reading Time: 1min read
0
ဗိသုကာဆိုင်ရာ ကမ္ဘာ့အံဖွယ် အဆောက်အဦးတစ်ခုဖြစ်တဲ့ CN တာဝါ
Share on FacebookShare on Twitter

အမေရိကန် မြို့ပြအင်ဂျင်နီယာအသင်းရဲ့ တည်ဆောက်မှုဆိုင်ရာ ကမ္ဘာ့အံဖွယ် ၇ခု စာရင်းမှာ Channel မြေအောက်တူးမြောင်း ၊ နယ်သာလန်က ရေကြီးမှုကာကွယ်ရေးအစီအမံ Delta Works ၊ အမေရိကန်ရဲ့ အထင်ကရ အင်ပါယာစတိတ်အဆောက်အဦး ၊ ဘရာဇီး နဲ့ ပါရာဂွေးနယ်စပ်က ကမ္ဘာ့အကြီးဆုံး ရေအားလျပ်စစ်ဆည်တစ်ခုဖြစ်တဲ့ Itaipu ဆည် ၊ ပနားမားတူးမြောင်း ၊ ဂိုးဒင်းဂိတ်တံတားတွေနဲ့အတူ ကနေဒါက CN တာဝါလည်း ပါဝင်ပါတယ်။ ဒီတစ်ခါတော့ သုတဇုန် မိတ်ဆွေများအတွက် CN Tower ရဲ့ အကြောင်းကို ဗဟုသုတ အနေနဲ့ ဝေမျှလိုက်ပါတယ်။

ကနေဒါနိုင်ငံ Toronto မှာရှိတဲ့ CN Tower ကိုတော့ (၁၉၇၆)ခုနှစ်က တည်ဆောက်ပြီးစီးခဲ့ပြီး အမှီအခိုကင်းပြီး သီးသန့်တည်ရှိနေတဲ့မျှော်စင်တွေအနက်မှာတော့ ကမ္ဘာအရှည်ဆုံးမျှော်စင်အဖြစ် သတ်မှတ်ထားခြင်းခံခဲ့ရပါတယ်။ (၂၀၁၀)ရောက်ချိန်မှာတော့ Canton Tower နဲ့ Buri Khalifa တို့ပေါ်လာချိန်မှာတော့ CN Tower သီးသန့်တည်ရှိတဲ့ကမ္ဘာပေါ်ကမျှော်စင်တွေအနက် တတိယအမြင့်ဆုံးနေရာ ကိုရောက်ရှိသွားခဲ့ပါတယ်။

CN Tower လို့အမည်ပေးရခြင်းကတော့ ယင်းမျှော်စင်ကို တည်ဆောက်ခဲ့တဲ့ Canadian National မီးရထားကုမ္ပဏီကိုဂုဏ်ပြုတဲ့အနေနဲ့ ခေါ်ဆို တာဖြစ်ပါတယ်။ (၁၉၉၅)ခုနှစ်မှာတော့ CN Tower ဟာ Canada Lands Company ရဲ့ လက်အောက်ကိုကျရောက်ခဲ့ပြီး အများပိုင်အဆောက်အအုံတစ်ခုဖြစ်လာပါတယ်။ ကနေဒါနိုင်ငံ သားတွေကတော့ CN Tower ကိုကနေဒါနိုင်ငံရဲ့ အထိန်းအမှတ်မျှော်စင်အဖြစ်သတ် မှတ်ကြတဲ့အပြင် အမျိုးသားအမွေအနှစ်တစ်ခုအဖြစ်လည်းမှတ်ယူလေ့ရှိကြပါတယ်။

CN Tower ဟာ(၁၈၁၄)ပေအထိမြင့်မားပြီး အနောက်ကမ္ဘာခြမ်းမှာဆိုရင်တော့ အမြင့်ဆုံးမျှော်စင်အဖြစ်ရှိနေပါတယ်။ တာဝါရဲ့အမြင့်ဟာ ပုံမှန်ဆိုရင် ၁၄၇ထပ် ရှိတဲ့ အဆောက်အဦးတစ်ခုရဲ့ အမြင့်နဲ့ညီမျှပါတယ်။ ဒီမျှော်စင်ကိုနှစ်စဉ်လာရောက်သူ အရေအတွက်ဟာ (၂)သန်းကျော်လောက်ကိုရှိနေပါတယ်။

CN Tower ကိုဆောက်လုပ်ဖို့စီမံကိန်းကိုတော့ (၁၉၆၈)ခုနှစ်ကစတင်ခဲ့တာဖြစ်ပြီး ရည်ရွယ်ချက်ကတော့ ရုပ်သံ၊ရေဒီယိုထပ်ဆင့်လွှင့် စက်ရုံတစ်ခုအဖြစ်အသုံးပြုဖို့ဖြစ်ပါတယ်။ CN Towerရဲ့တည်ဆောက်စဉ်က ကုန်ကျ စရိတ်အနေနဲ့ အမေရိကန်ဒေါ်လာ(၆၃)သန်းလောက်ကုန်ကျပြီး တည်ဆောက်ချိန် လပေါင်း(၄၀)အထိကြာမြင့်ခဲ့တယ်လို့သိရပါတယ်။

CN Towerကုန်ကျစရိတ်ဟာ ယနေ့အချိန်နဲ့ တွက်မယ်ဆိုရင်တော့ အမေရိကန်ဒေါ်လာ သန်း(၃၇၀) အထိကုန်ကျ မှာဖြစ်ပါတယ်။ တည်ဆောက်ရေးလုပ်ငန်းတွေ အတွက် လုပ်သားပေါင်း (၁၅၃၇)ဦးအသုံးပြုခဲ့တာပြီး တစ်ရက်ကို(၂၄)နာရီအလုပ်ချိန် သတ်မှတ်ကာ တစ်ပတ်မှာ(၅)ရက်အထိတာဝန်ယူလုပ်ဆောင်ခဲ့ကြပါတယ်။

မျှော်စင်ကြီးရဲ့နောက်ဆုံးအပိုင်းကိုတော့ (၁၉၇၅)ခုနှစ်၊ဧပြီလ(၂)ရက်နေ့ကတည် ဆောင်ပြီးစီးခဲ့တာဖြစ်ပြီး ဝေဟင်ကရိန်းတွေလို လူသိများတဲ့ ရဟတ်ယာဉ်တွေကို အသုံးပြုပြီး CN Tower အပေါ်ပိုင်းကိုတပ်ဆင်ခဲ့တာဖြစ်ပါတယ်။ (၁၉၇၆)ခုနှစ် ဇွန်လ(၂၆)ရက်နေ့မှာတော့ CN Towerကို အများပြည်သူလာရောက်လည်ပတ် နိုင်အောင်ဖွင့်လှစ်ပေးခဲ့ပြီး ယင်းသတင်းဟာ ကနေဒါနိုင်ငံတစ်ခုလုံးအတွက် ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ရတဲ့အထိ ရိုက်ခတ်ခဲ့ပါတယ်။

CN Tower ကိုတည်ဆောက်သူ ပညာရှင်တွေကတော့ မျှော်စင်ကြီးဟာ တစ်နာရီလေတိုက်နှုန်း (၂၆၀)မိုင် နဲ့မြေငလျင် ရစ်ချာစကေး (၈.၅)ပြင်းအားအထိခံနိုင်ရည်ရှိတယ်လို့အာမခံ ချက်ပေးခဲ့ပါတယ်။ မိုးဇလပညာရှင်တွေကတော့ CN Tower ဟာနှစ်စဉ်မိုးကြိုးအကြိမ် (၇၅)ကြိမ်လောက်ပစ်ခတ်တာကို ခံခဲ့ရတယ်လို့သိရပြီး ထိရောက်အားကောင်းတဲ့မိုးကြိုး လွှဲတွေကြောင့်သာ အခြေအနေဆိုးဆိုးရွားရွားမဖြစ်တာလို့ထုတ်ဖော်ပြောဆိုမှုတွေရှိနေ ပါတယ်။

ဒါအပြင်ကနေဒါနိုင်ငံအတွင်းက ရာသီအလိုက်ဒေသတစ်ခုနဲ့တစ်ခုကူးပြောင်း နေထိုင်ကြတဲ့ငှက်တွေအတွက်လည်း CN Tower ဟာခေတ္တနားခိုစရာအဖြစ်ရှိနေသလို ညအချိန်ကျရောက်လာချိန်မှာလည်း ကောင်ရေသန်းနဲ့ချီတဲ့ငှက်တွေတစ်ကောင်နဲ့ တစ်ကောင် ပျံသန်းရာမှာထိခိုက်မှုမရှိဖို့ CN Tower ရဲ့အစဉ်ထွက်ပေါ်နေတဲ့ အလင်းတန်းတွေက အကာအကွယ်ပေးပါတယ်။ CN Tower ဟာမြေပြင်ကနေကောင်းကင်ကို ထီးထီးကြီးထိုးထွက်နေတဲ့မျှော်စင်တစ်ခု ဖြစ်ပြီး (၁.၁)လက်မလောက်သာတိမ်းစောင်းတယ်လို့သိရပါတယ်။

လာရောက်လည်ပတ်သူတစ်ယောက်အနေနဲ့ CN Tower ရဲ့ပတ်ပတ်လည်မှာ ရှိတဲ့ စားသောက်ဆိုင်တွေကနေညတိုရွန်တိုမြို့ရဲ့ရှုခင်းကိုလေ့လာနိုင်ပါတယ်။ စားသောက်ဆိုင်တွေအားလုံးဟာ အရှင်တွေဖြစ်ပြီး CN Towerကို နှစ်နာရီကျော်ကြာ ရင်တစ်ကြိမ်လည်ပတ်လေ့ရှိတာကြောင့် မြို့ရဲ့တည်နေရာကို မြင်ကွင်းစုံကနေ မြင်နိုင်မှာဖြစ်ပါတယ်။ အပေါ်ကိုတက်နိုင်ရန်အတွက် ဓာတ်လှေကား ၉စင်းကိုလည်း ထည့်သွင်းတည်ဆောက်ထားပါတယ်။

(၃၆၀) Restaurant ဆိုရင် (၁၉၉၇)ခုနှစ်ကတည်းက Wine Cellar in the Sky အမည်ရတဲ့ဘားတစ်ခုကို မျှော်စင်ရဲ့အမြင့်ပေ (၁၁၅၁) ပေမှာ တည်ဆောက်ခဲ့ ပါတယ်။ ဒီဆိုင်ဟာ ကမ္ဘာအမြင့်ဆုံး မြေအောက်ဝိုင် ဘားတစ်ခုအဖြစ် ဂရင်းနစ်မှတ်တမ်းစာအုပ်မှာတောင် မှတ်တမ်းတင်ခံခဲ့ရပြီး ကမ္ဘာတခွင်က ဝိုင်တံဆိပ်ပေါင်း (၅၀၀)လောက်ကို ဝိုင်ပုလင်း (၉၀၀၀)လောက်နဲ့ ဖြန့်ခင်းရောင်းချလေ့ရှိပါတယ်။

အနည်းဆုံးမိုင်(၁၀၀)ပတ်လည်မှာရှိတဲ့ရှုခင်းတွေကို CN Tower ပေါ်ကနေထင်ထင်ရှားရှားမြင်တွေ့နိုင်မှာဖြစ်ပါတယ်။ မျှော်စင်ရဲ့ ကြမ်းခင်းတွေဟာဆိုရင်လည်းဖန်သားတွေဖြစ်ပြီး (၂.၅) လက်မလောက် အထူရှိကြကာ အလေးချိန်(၅) hippos လောက်အထိ ခံနိုင်ရည်ရှိပြီး (၁၉၉၅)ခုနှစ်ကတည်းက တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဒါဟာကမ္ဘာပထမဆုံးသော ဖန်သားခင်းထားတဲ့ မျှော်စင်အဖြစ်မှတ်တမ်းဝင်ခဲ့ပြီး ယနေ့အချိန်မှာဆောက်လုပ်ခဲ့တဲ့ဖန်ကြမ်းခင်းတော် တော်များများဟာ CN Tower ကနေ နမူနာယူတည်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။

CN Tower ရဲ့ အပေါ်ဆုံးအမြင့်ကနေကြည့်မယ်ဆိုရင် အမေရိကန်ပြည်ထောင်စုရဲ့ New York ပြည်နယ် နဲ့ ကမ္ဘာကျော် Niagara ရေတံခွန်ကြီးကိုမြင်တွေ့ရမှာဖြစ်ပါတယ်။


(၂၀၀၇)ခုနှစ်အတွင်းကတော့ ဆီးနှင်းနဲ့ရေမှုန်တွေကြောင့် CN Tower ရဲ့ထိပ်ပိုင်းနေရာ တွေမှာရေခဲထုတွေဖြစ်ပေါ်ခဲ့ပါတယ်။ ဒါကြောင့်တာဝန်ရှိသူတွေဘက်က မျှောင်စင် ပတ်လည်မှာရှိတဲ့လမ်းတွေကိုပိတ်ခဲ့ပြီး ရေခဲထုရှင်းလင်းရေးလုပ်ငန်းစဉ်တွေကို ပြုလုပ် ခဲ့ရပါတယ်။ ဒါတောင်မျှော်စင်ရဲ့ ပေ(၁၀၆၈) လောက်ကကျဆင်းလာတဲ့ ရေခဲအပိုင်း တစ်ခုကြောင့် Taxi ယာဉ်တစ်စီးရဲ့ပြတင်းပေါက်ပျက်စီးသွားခဲ့ဖူးပါတယ်။

CN Tower ဟာ World Federation of Great Tower စာရင်းမှာဆို ဒုတိယနေရာကနေရပ်တည်နေတာဖြစ်ပြီး (၁၉၉၅)ခုနှစ်ကတည်းက အင်ဂျင်နီယာလောကရဲ့ ကမ္ဘာအံ့ဖွယ်စာရင်းအတွင်းထည့်သွင်း ဂုဏ်ပြုခြင်းခံခဲ့ရပါတယ်။

Tags: world places

Related Posts

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်
Places

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်

ဟိုတယ် ဆိုတာဟာ အပန်းဖြေ နားခိုဖို့အပြင် အစားအစာနဲ့ အခြားဝန်ဆောင်မှုတွေ ရရှိနိုင်တဲ့ နေရာတခုဆိုတာ အားလုံးသိပြီးသားပါ။ ဟိုတယ်တွေဟာ အလွန်ဆုံးအနေနဲ့ ဒီဘက် ရာစုနှစ်တွေမှာမှ စတင်ပေါ်ပေါက်လာတာ လို့ ထင်စရာရှိပေမယ့် ကမ္ဘာပေါ်က အစောဆုံးဟိုတယ်အဖြစ် သတ်မှတ်ခံထားရတဲ့ ဒီဟိုတယ်ကတော့...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ
Knowledge

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ

အရင်တခါကတော့ ကမ္ဘာ့အကြီးဆုံး ဘောလုံးကွင်းကြီး ၁၀ ခု ရဲ့ အကြောင်းကို တင်ခဲ့ပြီးပါပြီ။ ဒီတခါတော့ ပရိသတ်ဝင်ဆံ့မှုအရ ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီး ၅ ခုရဲ့ အကြောင်း ကို ထပ်ပြီးတော့ ဝေမျှလိုက်ပါတယ်။ အားကစား ဆိုတဲ့အတွက်ကြောင့်...

မြန်မာပြည်မြောက်ဖျားက ဆီနှင်းများ ဖုံးလွှမ်းနေတဲ့ ရွာကလေး
Places

မြန်မာပြည်မြောက်ဖျားက ဆီနှင်းများ ဖုံးလွှမ်းနေတဲ့ ရွာကလေး

ရေးသားသူ - Wai Lin Photo - Sar Aung Marphang မြန်မာပြည်အစွန်အဖျားမှာ ဆီနှင်းတွေ အမြဲဖုံးလွှမ်းနေတဲ့ ရွာလေးတစ်ရွာရှိပါတယ်။ သွားရေလာရေးခက်ခဲပေမယ့် ဥရောပလို လှပတဲ့ ဆီနှင်းတွေရှိတဲ့ ရွာလေးပါ။ ရွာနာမည်က ရှိန်းခေါင်ဖြစ်ပြီး လူဦးရေ ၁၅၀၀...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!