(Unicode)
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဖေ့ဘုတ် သတင်းမှားတင်ခဲ့တဲ့ အငှားယာဉ်မောင်းတယောက်ကို စင်ကာပူတရားရုံးကနေ ထောင်ဒဏ် ၄ လ ချမှတ်ခဲ့ပါတယ်။ ဒီအငှားယာဉ်မောင်းဟာ ဆိုင်တွေပိတ်တော့မှာဖြစ်တဲ့အတွက် အစားအစာတွေ အမြန်ဝယ်စုကြပါ ဆိုပြီးရေးသားခဲ့လို့ ဖြစ်ပါတယ်။
“အစိုးရက စားသောက်တန်း နဲ့ ကော်ဖီဆိုင်တွေ ၊ စူပါမတ်ကတ်တွေကို တပတ် ၂ရက်ပဲ ဖွင့်ဖို့ ပြောလိုက်ပြီ။ နောက်ကျရင် ပစ္စည်းတွေ ကုန်သွားမှာ ဖြစ်တာကြောင့် စုဆောင်းတဲ့အနေနဲ့ မြန်မြန်သွားဝယ်ကြရင်ပိုကောင်းမယ်” ဆိုပြီး ရေးသားခဲ့တာပါ။
အသက် ၄၀ အရွယ် Kenneth Lai Yong Hui အမည်ရတဲ့ အငှားယာဉ်မောင်းဟာ ဒီ message ကို အဖွဲ့ဝင် ၇၅၀၀ သာရှိတဲ့ ဖေ့ဘုတ်ဂရုမှာတင်ခဲ့တာဖြစ်ပါတယ်။ တင်ပြီးပြီးချင်း ၁၅ မိနစ်အကြာမှာပဲ သူ့ပိုစ့်ကိုဖျက်ချခဲ့ပေမယ့် စစ်ဆေးတွေ့ရှိပြီးဖြစ်တာကြောင့် အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။
စင်ကာပူမှာ ကိုရိုနာဗိုင်းရပ်စ်စတင်ဖြစ်ပွားချိန်ကနေ ၄လအတွင်း အထိတ်တလန့်ဝယ်ယူမှုတွေ အကြိမ်ကြိမ်ဖြစ်ခဲ့တာကြောင့် ဒီလိုသတင်းမှားတွေ မတင်စေဖို့ ပြင်းထန်တဲ့ စည်းကမ်းဥပဒေတွေ ချမှတ်ထားပါတယ်။
ကိုဗစ်နိုင်တင်းကို တွန်းလှန်နေရာမှာ အခုလို လူတွေကို အထိတ်တလန့် ကြောက်ရွံ့စေတဲ့ သတင်းမှားတွေကို ထိထိရောက်ရောက်အရေးယူဖို့ဟာလည်း အရေးကြီးကြောင်း အစိုးရရှေ့နေ Deborah Lee က ဆိုပါတယ်။
စင်ကာပူမှာ ဒီလို သတင်းအမှားတွေ ၊ မက်ဆေ့အမှားတွေ တင်ပါက အပြစ်ကြီးရင်ကြီးသလောက် ဒဏ်ငွေအဖြစ် စင်ကာပူဒေါ်လာ ၁၀၀၀၀ အထိ ၊ ဒါမှမဟုတ် ထောင်ဒဏ် ၃နှစ်အထိ သို့မဟုတ် နှစ်မျိုးစလုံးပေါင်းပြီးလည်း ပြစ်ဒဏ်ချမှတ်ခံရနိုင်ပါတယ်။
ပြီးခဲ့တဲ့လက ကွာရန်တင်းကို ဖျက်ကာ မုန့်ထွက်ဝယ်သူ တယောက်ဟာ စင်ကာပူ ဒေါ်လာ ၁ထောင် ချမှတ်ခံရသလို အိမ်မှာနေဖို့ ညွှန်ကြားထားလျက်နဲ့ ဝက်နံရိုးစွပ်ပြုတ် ထွက်စားသူ တယောက်ဟာ ထောင် ၆ ပတ် အချခံခဲ့ရပါတယ်။ စင်ကာပူမှာ အနည်းငယ်သော စည်းကမ်း ချိုးဖောက်ရင်တောင် ညီမျှတဲ့ပြစ်ဒဏ်ကို ခံစားရမှာဖြစ်ပါတယ်။
——- ——– ————–
(Zawgyi)
ေဖ့ဘုတ္ေပၚ သတင္းမွားတင္လုိ႔ ေထာင္ ၄လက်သြားတဲ့ စင္ကာပူက အငွားယာဥ္ေမာင္း
ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔က ေဖ့ဘုတ္ သတင္းမွားတင္ခဲ့တဲ့ အငွားယာဥ္ေမာင္းတေယာက္ကုိ စင္ကာပူတရားရုံးကေန ေထာင္ဒဏ္ ၄ လ ခ်မွတ္ခဲ့ပါတယ္။ ဒီအငွားယာဥ္ေမာင္းဟာ ဆုိင္ေတြပိတ္ေတာ့မွာျဖစ္တဲ့အတြက္ အစားအစာေတြ အျမန္၀ယ္စုၾကပါ ဆုိၿပီးေရးသားခဲ့လုိ႔ ျဖစ္ပါတယ္။
“အစုိးရက စားေသာက္တန္း နဲ႔ ေကာ္ဖီဆုိင္ေတြ ၊ စူပါမတ္ကတ္ေတြကို တပတ္ ၂ရက္ပဲ ဖြင့္ဖုိ႔ ေျပာလုိက္ၿပီ။ ေနာက္က်ရင္ ပစၥည္းေတြ ကုန္သြားမွာ ျဖစ္တာေၾကာင့္ စုေဆာင္းတဲ့အေနနဲ႔ ျမန္ျမန္သြား၀ယ္ၾကရင္ပိုေကာင္းမယ္” ဆုိၿပီး ေရးသားခဲ့တာပါ။
အသက္ ၄၀ အရြယ္ Kenneth Lai Yong Hui အမည္ရတဲ့ အငွားယာဥ္ေမာင္းဟာ ဒီ message ကို အဖြဲ႔၀င္ ၇၅၀၀ သာရွိတဲ့ ေဖ့ဘုတ္ဂရုမွာတင္ခဲ့တာျဖစ္ပါတယ္။ တင္ၿပီးၿပီးခ်င္း ၁၅ မိနစ္အၾကာမွာပဲ သူ႔ပုိစ့္ကုိဖ်က္ခ်ခဲ့ေပမယ့္ စစ္ေဆးေတြ႔ရွိၿပီးျဖစ္တာေၾကာင့္ အဖမ္းခံခဲ့ရတာျဖစ္ပါတယ္။
စင္ကာပူမွာ ကုိရုိနာဗုိင္းရပ္စ္စတင္ျဖစ္ပြားခ်ိန္ကေန ၄လအတြင္း အထိတ္တလန္႔၀ယ္ယူမႈေတြ အႀကိမ္ႀကိမ္ျဖစ္ခဲ့တာေၾကာင့္ ဒီလုိသတင္းမွားေတြ မတင္ေစဖုိ႔ ျပင္းထန္တဲ့ စည္းကမ္းဥပေဒေတြ ခ်မွတ္ထားပါတယ္။
ကိုဗစ္ႏုိင္တင္းကို တြန္းလွန္ေနရာမွာ အခုလုိ လူေတြကို အထိတ္တလန္႔ ေၾကာက္ရြံ႕ေစတဲ့ သတင္းမွားေတြကို ထိထိေရာက္ေရာက္အေရးယူဖုိ႔ဟာလည္း အေရးႀကီးေၾကာင္း အစုိးရေရွ႕ေန Deborah Lee က ဆုိပါတယ္။
စင္ကာပူမွာ ဒီလုိ သတင္းအမွားေတြ ၊ မက္ေဆ့အမွားေတြ တင္ပါက အျပစ္ႀကီးရင္ႀကီးသေလာက္ ဒဏ္ေငြအျဖစ္ စင္ကာပူေဒၚလာ ၁၀၀၀၀ အထိ ၊ ဒါမွမဟုတ္ ေထာင္ဒဏ္ ၃ႏွစ္အထိ သို႔မဟုတ္ ႏွစ္မ်ဳိးစလုံးေပါင္းၿပီးလည္း ျပစ္ဒဏ္ခ်မွတ္ခံရႏုိင္ပါတယ္။
ၿပီးခဲ့တဲ့လက ကြာရန္တင္းကို ဖ်က္ကာ မုန္႔ထြက္၀ယ္သူ တေယာက္ဟာ စင္ကာပူ ေဒၚလာ ၁ေထာင္ ခ်မွတ္ခံရသလုိ အိမ္မွာေနဖုိ႔ ညႊန္ၾကားထားလ်က္နဲ႔ ၀က္နံရုိးစြပ္ျပဳတ္ ထြက္စားသူ တေယာက္ဟာ ေထာင္ ၆ ပတ္ အခ်ခံခဲ့ရပါတယ္။ စင္ကာပူမွာ အနည္းငယ္ေသာ စည္းကမ္း ခ်ဳိးေဖာက္ရင္ေတာင္ ညီမွ်တဲ့ျပစ္ဒဏ္ကို ခံစားရမွာျဖစ္ပါတယ္။