Thursday, April 15, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဖိလစ်ပိုင်က ကမ္ဘာ့အလှဆုံးကျွန်း ပလာဝမ်

by Thutamm
November 8, 2019
Reading Time: 1min read
0
ဖိလစ်ပိုင်က ကမ္ဘာ့အလှဆုံးကျွန်း ပလာဝမ်
Share on FacebookShare on Twitter

ကမ္ဘာပေါ်မှာ လှပတဲ့ကျွန်းတွေ အများကြီးရှိတဲ့အနက် အလှဆုံးကျွန်းအဖြစ် အကြိမ်ကြိမ်သတ်မှတ်ခံရတဲ့အပြင် ခရီးသွားဝက်ဆိုဒ်တွေ မဂ္ဂဇင်းတွေက ဆုတွေ ရရှိခဲ့တဲ့ ကျွန်းကတော့ ဖိလစ်ပိုင်နိုင်ငံမှာရှိတဲ့ ပလာဝမ်ကျွန်း ဖြစ်ပါတယ်။ ပလာဝမ်ပြည်နယ်ရဲ့ အကြီးဆုံးကျွန်းဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံရဲ့ ၅ခုမြောက် အကြီးဆုံး ကျွန်းလည်းဖြစ်ပါတယ်။

တောင်တရုတ်ပင်လယ် နဲ့ Sulu ပင်လယ်ကြားမှာတည်ရှိပြီး အလျား ၄၅၀ကီလိုမီတာ အနံ ၅၀ ကီလိုမီတာ ကျယ်ဝန်းတဲ့ ကျွန်းဖြစ်ပါတယ်။ ဒီကျွန်းဟာ သဘာ၀ အတိုင်း သီးသန့်နေရာတွေထဲက တစ်ခုအပါအဝင်ဖြစ်တာကြောင့် ကမ္ဘာလှည့်ခရီးသွားတွေ အလွန်နှစ်သက်ကြတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။

ပုံတွေမှာတွေ့ရသလိုပဲ ရေဟာပြာလဲ့လဲ့ နဲ့ ကျောက်စိမ်းရောင်ရှိနေပြီး ဘေးပတ်ဝန်းကျင်မှာတော့ ကျောက်တောင်များက ဝန်းရံထားပါတယ်။ လှပတဲ့ အဖြူရောင်ကမ်းခြေ ၊ သဘာဝတောတွေ တောင်တွေ နဲ့ ပြည့်စုံနေတဲ့ ကျွန်းလည်းဖြစ်ပါတယ်။ ဒီကျွန်းရဲ့ အမြင့်ဆုံးနေရာကတော့ Mantalingaham တောင်ဖြစ်ပြီး ၂၀၈၆ မီတာ မြင့်ပါတယ်။

Coron resort view

ပညာရှင်များရဲ့ ခန့်မှန်းမှုအရတော့ ဒီကျွန်းဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅သောင်းခန့် ကတည်းက ရှိနေခဲ့ပြီလို့ သိရပါတယ်။ မှတ်တမ်းတွေကတော့ ဒီကျွန်းဟာ လူသူမနေတဲ့ ကျွန်းဖြစ်ပြီး ပထမဆုံးအနေနဲ့ အေဒီ ၂၂၀ ဝန်းကျင်လောက်မှာမှ လူတွေအခြေချနေထိုင်ခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်မှာတော့ လူမျိုးစုပေါင်း ၈၀ကျော် ရှိနေပြီး ဘာသာစကားအမျိုးပေါင်း ၅၂မျိုးခန့်ကို သုံးစွဲနေပြီဖြစ်ပါတယ်။

ဒီကျွန်းဟာ အမေရိကန် နဲ့ ဂျပန်တို့ရဲ့ လက်အောက်ကိုလည်း ကျရောက်ဖူးတာကြောင့် အနောက်တိုင်းယဉ်ကျေးမှု နဲ့ ရှေးအဆောက်အအုံဟောင်းတွေကိုလည်း ဒီကျွန်းမှာ မြင်တွေ့နိုင်ပါတယ်။ ဒီကျွန်းရဲ့ အထင်ကရနေရာတစ်ခုကတော့ ၅မိုင်အလျားရှိတဲ့ Puerto Princesa မြေအောက်မြစ်ပဲ ဖြစ်ပြီး အလည်လာသူတိုင်း မသွားမဖြစ် သွားလေ့ရှိတဲ့ နေရာလည်းဖြစ်ပြီး ယူနက်စကိုရဲ့ ကမ္ဘာ့သဘာ၀ အမွေအနှစ် အဖြစ် သတ်မှတ်ခံထားရတဲ့ နေရာလည်းဖြစ်ပါတယ်။

ကမ္ဘာ့ အခြားအရပ်မှာ တွေ့မြင်ရခဲတဲ့ တိရစ္ဆာန်မျိုးစိတ်တွေအပြင် ငှက်အမျိုးပေါင်း ၂၀၀ ကျော် ၊ အပင်မျိုးစိတ်ပေါင်း ၁၅၀၀ကျော် နဲ့ လိပ်ပြာမျိုးစိတ်ပေါင်း ၆၀၀ ကျော်ဟာလည်း ဒီကျွန်းမှာပဲ ရှိနေပါတယ်။ ကမ္ဘာ့အကြီးဆုံး ပုလဲအဖြစ် စံချိန်တင်ထားခဲ့တဲ့ လောင်ဇူးပုလဲ ခေါ် ၉.၄၅အလျားရှိပြီး ၁၄.၂ပေါင်လေးတဲ့ ပုလဲကြီးကို ၁၉၃၄ခုနှစ်က ဒီကျွန်းရဲ့ ရေအောက်ကနေ ရရှိခဲ့တာဖြစ်ပါတယ်။

ဒီကျွန်းရဲ့မြို့တော်ကတော့  Puerto Princesa ဖြစ်ပြီး လူဦးရေ ၂သိန်းခွဲခန့် နေထိုင်တဲ့မြို့ဖြစ်ပါတယ်။ ကမ္ဘာလှည့်ခရီးသွားတွေဟာ သဘာဝအလှအပတွေပေါကြွယ်ဝလွန်းတဲ့ ဒီကျွန်းနဲ့ အနီးတစ်ဝိုက်မှာ ရေငုပ်ခြင်း၊ လှေစီးခြင်း၊ ရေကူးခြင်းနဲ့ အခြားသော နည်းအမျိုးမျိုးဖြင့် သွားရောက် အပန်းဖြေလေ့ရှိကြပါတယ်။

အောက်က ဗီဒီယိုကိုကြည့်ပြီး အစမ်းသွားလည်နိုင်ပါတယ် 🙂

Tags: world places

Related Posts

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်
Places

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်

ဟိုတယ် ဆိုတာဟာ အပန်းဖြေ နားခိုဖို့အပြင် အစားအစာနဲ့ အခြားဝန်ဆောင်မှုတွေ ရရှိနိုင်တဲ့ နေရာတခုဆိုတာ အားလုံးသိပြီးသားပါ။ ဟိုတယ်တွေဟာ အလွန်ဆုံးအနေနဲ့ ဒီဘက် ရာစုနှစ်တွေမှာမှ စတင်ပေါ်ပေါက်လာတာ လို့ ထင်စရာရှိပေမယ့် ကမ္ဘာပေါ်က အစောဆုံးဟိုတယ်အဖြစ် သတ်မှတ်ခံထားရတဲ့ ဒီဟိုတယ်ကတော့...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ
Knowledge

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ

အရင်တခါကတော့ ကမ္ဘာ့အကြီးဆုံး ဘောလုံးကွင်းကြီး ၁၀ ခု ရဲ့ အကြောင်းကို တင်ခဲ့ပြီးပါပြီ။ ဒီတခါတော့ ပရိသတ်ဝင်ဆံ့မှုအရ ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီး ၅ ခုရဲ့ အကြောင်း ကို ထပ်ပြီးတော့ ဝေမျှလိုက်ပါတယ်။ အားကစား ဆိုတဲ့အတွက်ကြောင့်...

မြန်မာပြည်မြောက်ဖျားက ဆီနှင်းများ ဖုံးလွှမ်းနေတဲ့ ရွာကလေး
Places

မြန်မာပြည်မြောက်ဖျားက ဆီနှင်းများ ဖုံးလွှမ်းနေတဲ့ ရွာကလေး

ရေးသားသူ - Wai Lin Photo - Sar Aung Marphang မြန်မာပြည်အစွန်အဖျားမှာ ဆီနှင်းတွေ အမြဲဖုံးလွှမ်းနေတဲ့ ရွာလေးတစ်ရွာရှိပါတယ်။ သွားရေလာရေးခက်ခဲပေမယ့် ဥရောပလို လှပတဲ့ ဆီနှင်းတွေရှိတဲ့ ရွာလေးပါ။ ရွာနာမည်က ရှိန်းခေါင်ဖြစ်ပြီး လူဦးရေ ၁၅၀၀...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!