Friday, April 16, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဖင်လန်နိုင်ငံ အကြောင်း သိကောင်းစရာ

by Thutamm
October 11, 2020
Reading Time: 6min read
0
ဖင်လန်နိုင်ငံ အကြောင်း သိကောင်းစရာ
Share on FacebookShare on Twitter

ဖင်လန်နိုင်ငံဟာ ဥရောပတိုက် မြောက်ပိုင်းရှိ နောဒစ်နိုင်ငံတခုဖြစ်ပြီး နိုင်ငံ၏တရားဝင်အမည်ကတော့ ဖင်လန်သမ္မတနိုင်ငံ ဖြစ်ပါတယ်။ အနောက်ဘက်မှာ ဆွီဒင် နဲ့ ဘို့သ်နီယာပင်လယ်ကွေ့ ၊ အရှေ့ဘက်မှာ ရုရှား ၊ မြောက်ဘက်မှာ နော်ေ၀ နဲ့ တောင်ဘက်မှာ ဖင်လန်ပင်လယ်ကွေ့တို့ ကဝန်းရံထားပါတယ်။ နိုင်ငံရဲ့အကျယ်အဝန်းက စတုရန်းမိုင် ၁၃၀,၆၇၈ ဖြစ်ပြီး ရေပိုင်နက်အဖြစ် ၁၀% ပါဝင်ကာ ကမ္ဘာပေါ်မှာ ၆၄ ခု မြောက် အကြီးဆုံးနိုင်ငံ ဖြစ်ပါတယ်။ ဖင်လန် နဲ့ ဆွီဒင် ဘာသာစကားတွေကို ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်ထားပြီး Sámi ဘာသာစကားကိုလည်း ပြောဆို သုံးစွဲကြပါတယ်။

၂၀၂၀ ခုနှစ်စာရင်းအရ ဖလင်နိုင်ငံရဲ့ လူဦးရေဟာ ၅,၅၂၈,၇၃၇ ရှိပြီး ကမ္ဘာပေါ်မှာ ၁၁၆ ခုမြောက် လူဦးရေ အများဆုံး နိုင်ငံ ဖြစ်ပါတယ်။ လူဦးရေနေထိုင်မှု သိပ်သည်းဆမှာ မူ အလွန်ကျဲပါးပြီး ၁မိုင်ပတ်လည်တွင် နေထိုင်သူဦးရေ ၄၁ယောက်ခန့်သာ ရှိပါတယ်။ နေထိုင်သူစုစုပေါင်း ဖင်းနစ် ၉၁% ၊ အခြားဥရောပသားများ ၅% ခန့် ၊ အာရှသား ၂.၅% ၊ အာဖရိကသား ၁% နဲ့ အခြားလူမျိုး အနည်းငယ် နေထိုင်ကြပါတယ်။ နေထိုင်သူစုစုပေါင်းရဲ့ ၇၀% က ခရစ်ယာန်ဘာသာကို ကိုးကွယ်ကြပြီး ၊ ဘာသာအတိအကျမရှိသူ (သို့) ဘာသာမဲ့ ကတော့ ၃၀% နီးပါးရှိနေပါတယ်။

ဖင်လန်နိုင်ငံကို ဒေသ ၁၉ ခု နဲ့ ဖွဲ့စည်းထားပြီး မြို့တော် နဲ့ အကြီးဆုံးမြို့ကတော့ ဟယ်ဆင်ကီမြို့ ဖြစ်ပါတယ်။ ဟယ်ဆင်ကီမြို့ဟာ ဖင်လန်ပင်လယ်ကွေ့ ကမ်းခြေမှာ တည်ရှိပြီး မြို့တော်နယ်နိမိတ်ကိုပါထည့်တွက်ရင် နေထိုင်သူ ၁.၂သန်းကျော် ရှိတဲ့ မြို့ကြီးဖြစ်ပါတယ်။ ဟယ်ဆင်ကီမြို့ကို ဆွီဒင်ဘုရင် Gustav I က ၁၅၅၀ ခုနှစ်မှာ Helsingfors အမည်နဲ့ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ၁၇ ရာစုအထိ မြို့ငယ်လေးအဖြစ် ရှိခဲ့ရာမှ ၁၈ ရာစုမှာ စည်ကားတဲ့မြို့ဖြစ်လာပါတယ်။ ရုရှားဧကရာဇ် ပထမ အလက်ဇန္ဒားရဲ့လက်ထက် ၁၈၁၂ ခုနှစ်မှာတော့ မြို့တော်အဖြစ် စတင်သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ အခြားထင်ရှားတဲ့ မြို့ကြီးတွေကတော့ အက်စ်ဘို ၊ ထမ်ပရဲ ၊ ဗန်းထာ ၊ အိုလူး နဲ့ တူးကူမြို့ တွေဖြစ်ပါတယ်။

သမိုင်းကြောင်း

မျိုးတုံးပျောက်ကွယ်သွားပြီဖြစ်သော ရှေးဦးလူသားမျိုးနွယ်တစ်စုဖြစ်တဲ့ နီယန်ဒါသယ် တွေဟာ ယနေ့ ဖင်လန်နိုင်ငံ တည်ရှိရာနေရာမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂၀၀၀၀ နဲ့ ၁၃၀၀၀၀ ဝန်းကျင်က နေထိုင်ခဲ့တဲ့ အထောက်အထားတွေ တွေ့ရပါတယ်။ အစောဆုံးနေထိုင်သွားကြသူများမှာ ကျောက်လက်နက်တွေကို အသုံးပြုတဲ့ မုဆိုးတွေဖြစ်ပါတယ်။ အိုးဖန်တီးခြင်းအတတ်ကတော့ ဒီနေရာကို ဘီစီ ၅၂၀၀ ခန့်မှာ ရောက်ရှိလာခဲ့ပါတယ်။ ဘီစီ ၃၀၀၀ နဲ့ ၂၅၀၀ ကြားမှာတော့ ဒီနေရာမှာ Corded Ware လို့ခေါ်တဲ့ ယဉ်ကျေးမှုထွန်းကားခဲ့ပြီး စိုက်ပျိုးရေးကို စတင်လုပ်ကိုင်ခဲ့ကြပါတယ်။

၁၃၀၀ ဘီစီခန့်မှာတော့ ဗော်လ်ဂါ နဲ့ တောင်ပိုင်း စကင်ဒီနေးဗီးယန်း ဒေသတွေကနေ ကြေးကို တင်သွင်းပြီး ကြေးနဲ့ လူ့အသုံးအဆောင်ပစ္စည်းတွေကို ဖန်တီးလာကြပါတယ်။ ဘီစီ ၅၀၀ နောက်ပိုင်းမှာတော့ Häme နဲ့ Savo ဒေသတွေမှာ အခြေချနေထိုင်သူတွေ ပိုမိုများပြားလာခဲ့ပါတယ်။ အေဒီ ၈ရာစု ၊ ၉ ရာစု ကာလတွေရောက်ချိန်မှာတော့ အခြားဥရောပဒေသတွေနဲ့ စီးပွားရေး ကူးလူးဆက်ဆံမှုတွေရှိလာပါတယ်။ Castoreum ၊ သားမွေး နဲ့ စွန်ငှက် တွေကို တင်ပို့ပြီး ပိုးချည်မျှင် ၊ ကျောက်မျက် ၊ မှန် စတာတွေကို တင်သွင်းခဲ့ကြပါတယ်။ ၉ ရာစု အဆုံးမှာတော့ လက်ဝတ်ရတနာ နဲ့ လက်နက်တွေကို ကိုယ်တိုင်ဖန်တီးလာနိုင်ခဲ့ကြပါတယ်။

၁၂ ရာစုအလယ်ပိုင်းမှာတော့ ဖင်လန်နိုင်ငံ ရဲ့ ပထမဆုံး ခရူးဆိတ်စစ်ပွဲဖြစ်ပွားခဲ့ပြီး ၁၂၄၉ခုနှစ်မှာ ဒုတိယအကြိမ် ၊ ၁၂၉၃ ခုနှစ်တတိယအကြိမ် ဖြစ်ပွားခဲ့ပြီး ဒီကာလတလျှောက်မှာတော့ တိုင်းပြည်ဟာ မငြိမ်မသက်ဖြစ်ခဲ့ရပါတယ်။ ၁၃ ရာစုကနေ ၁၈ ရာစု တိုင်အောင် ဖင်လန်နယ်မြေဟာ ဆွီဒင်နိုင်ငံရဲ့ နယ်မြေတခုအဖြစ် ဆွီဒင်ဘုရင်တွေက အုပ်ချုပ်ခဲ့ကြပါတယ်။ ၁၈၀၉ ခုနှစ်မှာတော့ ရုရှားအင်ပါယာရဲ့ လက်အောက်ကို ရောက်ရှိခဲ့ပြီး နှစ်ပေါင်း ၁၀၀ ကျော်အုပ်ချုပ်ခံခဲ့ရပြီး ၁၉၀၇ ခုနှစ်မှာမှ လွတ်လပ်ရေး ရရှိခဲ့ပါတယ်။

၄လကြာပြည်တွင်းစစ်ဖြစ်ခဲ့အပြီး ၁၉၁၈ ခုနှစ်မှာတော့ ဖင်လန်ဘုရင့်နိုင်ငံကို စတင်တည်ထောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဘုရင့်နိုင်ငံအဖြစ် ၁နှစ်သာ ကြာမြင့်ခဲ့ပြီး ၁၉၁၉ ခုနှစ်မှာတော့ သမ္မတနိုင်ငံအဖြစ်ပြောင်းလဲသွားခဲ့ကာ ပထမဆုံးသမ္မတကတော့ Kaarlo Juho Ståhlberg ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်စတင်ပြီး ၃လခန့်အကြာမှာတော့ ဖင်လန်နိုင်ငံဟာ နယ်ချဲ့လာတဲ့ဆိုဗီယက်ကို တန်ပြန်တိုက်ခိုက်တာကြောင့် ဆောင်းရာသီစစ်ပွဲဖြစ်ပေါ်ခဲ့ပါတယ်။ ၃လခွဲခန့် တိုက်ပွဲဆင်နွဲအပြီးမှာတော့ မော်စကိုငြိမ်းချမ်းရေးစာချုပ်နဲ့ စစ်ပြေငြိမ်းခဲ့ပါတယ်။

ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံအဖြစ် ၁၉၅၅ ခုနှစ်တွင် အသင်းဝင်ခဲ့ပြီး၊ ဥရောပ သမဂ္ဂ အဖွဲ့ဝင်နိုင်ငံအဖြစ် ၁၉၉၅ ခုနှစ်တွင် အသင်းဝင်ခဲ့ပါတယ်။ တပြည်ထောင် ပါလီမန် သမ္မတ အုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးပြီး လက်ရှိ သမ္မတကတော့ Sauli Niinistö ဖြစ်ပါတယ်။ ဖင်လန်နိုင်ငံရဲ့ လက်ရှိဝန်ကြီးချုပ်ကတော့ Sanna Marin ဖြစ်ပြီး သူမဟာ အသက် ၃၄နှစ်အရွယ်သာရှိသေးပြီး ကမ္ဘာ့အငယ်ဆုံးဝန်ကြီးချုပ်အဖြစ် သတ်မှတ်ခံထားရသူလည်းဖြစ်ပါတယ်။ သူမဟာ ယခင်က နိုင်ငံရဲ့ ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဖြစ်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့မှာတော့ ဖင်လန်နိုင်ငံရဲ့ ဝန်ကြီးချုပ် အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။

ပထဝီဝင်

ဖင်လန်နိုင်ငံရဲ့ မြေမျက်နှာသွင်ပြင်ကိုတော့ ကျွန်းစုများ ၊ ကမ်းရိုးတန်း မြေနိမ့် ဒေသ နဲ့ ကုန်းမြင့်ဒေသဆိုပြီး ၃ ပိုင်းခွဲခြားနိုင်ပါတယ်။ ဘော်ရယ်သစ်တောများ ရေကန်များနဲ့ ပြည့်နေပြီး လူနေထိုင်ခြင်း မရှိတဲ့ ဒေသအများအပြားရှိနေပါတယ်။ ဖင်လန်နိုင်ငံမှာ ကျွန်းပေါင်း ၁၈၀၀၀၀ နီးပါး ပါဝင်သလို ရေကန်ပေါင်း ၁၆၀၀၀၀ကျော်ရှိနေပါတယ်။ အကြီးဆုံးရေကန်ကတော့ ဆိုင်းမားရေကန်ဖြစ်ပြီး ဒီကန်ဟာ စတုရန်းမိုင် ၁၆၉၀ ခန့်ရှိကာ ဥရောပရဲ့ ၄ခုမြောက် အကြီးဆုံး ရေကန်ကြီးလည်း ဖြစ်ပါတယ်။

နိုင်ငံရဲ့အမြင့်ဆုံးနေရာကတော့ နော်ဝေနယ်စပ် အနီးမှာရှိတဲ့ ဟယ်လ်တီတောင်ဖြစ်ကာ အမြင့်ပေ ၄၄၇၈ပေ မြင့်ပါတယ်။ အေးခဲတဲ့ ရသီဥတုကို ပိုင်ဆိုင်ထားပြီး နွေရာသီကာလမှာ ၁၀ဒီဂရီ ဆဲစီးယပ်အထက်ရှိပေမယ့် ဆောင်းရာသီကာလမှာတော့ အနှုတ် ၂၀ ဒီဂရီဆဲစီးယပ်အထိ ကျဆင်းအောင် အေးခဲလေ့ရှိပါတယ်။ ဖင်လန်နိုင်ငံမှာ မြစ်ပေါင်း ၆၅၀ ခန့်ရှိပြီး အရှည်ဆုံးမြစ်ကတော့ မိုင်ပေါင်း ၃၄၀ ခန့် ရှည်လျားတဲ့ Kemijoki မြစ် ဖြစ်ပါတယ်။

စီးပွားရေး

ဖင်လန်နိုင်ငံဟာ ၁၉၅၀ ဝန်းကျင်အထိ ဆင်းရဲတဲ့ နိုင်ငံထဲမှာပါဝင်ပြီး နိုင်ငံသားအများအပြားက အခြားဥရောပနိုင်ငံတွေမှာ သွားရောက်အလုပ်လုပ်ကိုင်ခဲ့ရပါတယ်။ မူလက စိုက်ပျိုးရေးနိုင်ငံဖြစ်ခဲ့သော်လည်း ၁၉၅၀ မှစ၍ စက်မှုလက်မှုနိုင်ငံအဖြစ်သို့ တဖြည်းဖြည်းကူးပြောင်းလာခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီအချိန်မှစလို့ စီးပွားရေးတိုးတက်မှုများ တရှိန်ထိုးဖြစ်ပေါ်လာခဲ့ပြီး၊ အထူး သက်သာချောင်ချိရေး နှင့် လူမှုရေးအဓိကထားသည့် နိုင်ငံတစ်ခုအသွင်ပြောင်းနိုင်ခဲ့ပြီး၊ ကမ္ဘာ့အရှေ့ နှင့် အနောက် စီးပွားရေးနှင့် နိုင်ငံရေး မတည်ငြိမ်မှုများ အကြားတွင် အဆင်ပြေစွာရပ်တည်နိုင်ခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ စိုက်ပျိုးရေးဟာ စီးပွားရေးကဏ္ဍမှာ ၃% အောက်သာရှိတော့ပြီး ၊ ၂၈% က စက်မှုလုပ်ငန်း နဲ့ ကျန် ၇၀% နီးပါးက ဝန်ဆောင်မှု လုပ်ငန်းတွေဖြစ်နေပါပြီ။ အဓိကစီးပွားရေးလုပ်ငန်းတွေကတော့ သတ္တုတူးဖော်ရေး နဲ့ သတ္တုထုတ်ကုန်များ ၊ စက်မှု နဲ့ အခြားကိရိယာပစ္စည်းများ ၊ သင်္ဘောတည်ဆောက်ရေး ၊ စက္ကူ ၊ စားသောက်ကုန် ၊ ဓာတုပစ္စည်း ၊ ချည်မျှင် နဲ့ အဝတ်အထည် လုပ်ငန်းတွေဖြစ်ကြပါတယ်။ ၂၀၁၉ ခုနှစ် နိုင်ငံတကာငွေကြေးအဖွဲ့အစည်းရဲ့ စာရင်းအရ ဖင်လန်နိုင်ငံသား တဦးချင်းစီရဲ့ ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၄၈၈၆၈ ဖြစ်ပြီး ကမ္ဘာပေါ်မှာတော့ ၁၄ခုမြောက် အချမ်းသာဆုံး နိုင်ငံဖြစ်ပါတယ်။ နိုင်ငံ့ငွေကြေးစနစ်အနေနဲ့ကတော့ အခြားဥရောပနိုင်ငံ ၁၈ ခု နဲ့တူညီစွာ ယူရို ကိုပဲ သုံးစွဲပါတယ်။

ပညာရေး

ဖင်လန်အစိုးရဟာ ပညာရေးကို အလွန်အားပေးပြီး မူကြိုမှ တက္ကသိုလ်အထိ အခမဲ့ပညာရေးစနစ်ကို ကျင့်သုံးပါတယ်။ နိုင်ငံ့လူဦးရေ ၅သန်းခွဲခန့်သာ ရှိပေမယ့် ပညာရေးရင်းနှီးမြုပ်နှံမှုအတွက် ယူရို ၁၂.၉ဘီလျံ(၂၀၁၈) အထိ သုံးစွဲပါတယ်။ ကမ္ဘာ့ပညာရေးအကောင်းဆုံးနိုင်ငံတွေထဲမှာ ထိပ်တန်းက ပါဝင်နေသလို ကမ္ဘာ့နိုင်ငံအများစုကလည်း ဖင်လန်နိုင်ငံရဲ့ ပညာသင်ကြားရေးစနစ်ကို ပြန်လည်အတုယူသင်ကြားလေ့ရှိပါတယ်။

ကျောင်းသားဗဟိုပြု ပညာရေးစနစ်ကိုကျင့်သုံးတဲ့ ဖင်လန်နိုင်ငံမှာ အရွယ်ရောက်ပြီးသူ စာတတ်မြောက်နှုန်းက ၉၉% ရှိကာ အရွယ်ရောက်ပြီးသူ၄၀%ကျော်ဟာ တက္ကသိုလ် (သို့) ကောလိပ် တခုခုက ဘွဲ့ရထားသူတွေဖြစ်ပါတယ်။ ဖင်လန်နိုင်ငံမှာ တက္ကသိုလ်များစွာရှိနေပြီး အကြီးဆုံးကတော့ ၁၆၄၀ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တဲ့ ဟယ်ဆင်ကီတက္ကသိုလ်ဖြစ်ပါတယ်။ ဒီတက္ကသိုလ်မှာ ကျောင်းသားသူပေါင်း ၃၀၀၀၀ကျော်တက်ရောက်နေသလို ဝန်ထမ်းချည်းပဲ ၈၀၀၀ နီးပါးရှိနေကာ ဌာနပေါင်း ၁၂ ခုနဲ့ ဖွဲ့စည်းထားပါတယ်။ ဖင်လန်နိုင်ငံက အခြေခံပညာကျောင်းဆရာ/ဆရာမ တယောက်ဟာ အနည်းဆုံး မဟာဘွဲ့ရရှိဖို့လိုအပ်ပါတယ်။ ဖင်လန်နိုင်ငံမှာ ဆရာ၊ ဆရာမ တယောက်ဟာ ပျမ်းမျှ လစာအဖြစ် ယူရို ၃၅၇၀(အမေရိကန်ဒေါ်လာ ၄၂၀၀) ရရှိကြပါတယ်။

စစ်တပ်

ဖင်လန်တပ်မတော်ကိုတော့ ၁၉၁၈ ခုနှစ်ကတည်းက စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ အမြဲတမ်းအင်အား ၂၁၅၀၀ခန့်ကို သာ ပိုင်ဆိုင်ပေမယ့် အရံအင်အားအနေနဲ့ ၂၈၀၀၀၀ ခန့်ကို ပိုင်ဆိုင်ထားပါတယ်။ လေကြောင်းအင်အားအနေနဲ့ ဖိုက်တာလေယာဉ် ၅၅စီး အပါအဝင် စုစုပေါင်း လေယာဉ် ၁၉၄စီး ပိုင်ဆိုင်ပါတယ်။ ကြည်းတပ်အနေနဲ့ကတော့ တင့်ကား ၂၀၀ ၊ သံချပ်ကာယာဉ်ပေါင်း ၂၀၅၀ နဲ့ အခြားလက်နက်ပေါင်း ၁၀၀၀ ခန့် ပိုင်ဆိုင်ထားပါတယ်။ Corvette ၊ Missile boat ၊ Minelayer နဲ့ ကမ်းကပ်ရေယာဉ်များအပါအဝင် စစ်ရေယာဉ်ပေါင်း ၂၄၆ စီး ကို ပိုင်ဆိုင်ထားပါတယ်။ ကာကွယ်ရေးဘတ်ဂျက်အနေနဲ့ အမေရိကန်ဒေါ်လာ ၃.၅ဘီလျံခန့်ကို သုံးစွဲထားတဲ့ ဖင်လန်တပ်မတော်ဟာ ကမ္ဘာပေါ်မှာတော့ နံပါတ် ၅၉ နေရာမှာ ရှိနေပါတယ်။

ဖင်လန်နိုင်ငံအကြောင်း စိတ်ဝင်စားစရာ အချက်များ

သန်းခေါင်ယံမှာ ထွက်တဲ့နေ

စကင်ဒီနေးဗီးယန်းနိုင်ငံအများစုဟာ တနှစ်ကို ၂လခွဲခန့် နေ့ည မပျက်နေသာနေလေ့ရှိပါတယ်။ ဒီဖြစ်စဉ်ကိုတော့ သန်းခေါင်ယံနေ Midnight Sun လို့ခေါ်ပြီး ဒီအထဲမှာ ဖင်လန်နိုင်ငံလည်းပါဝင်ပါတယ်။ ဖင်လန်နိုင်ငံမှာ နွေရာသီမှာဆိုရင် ရက်ပေါင်း (၇၃)ရက်လောက်ဟာ နေဝင်လေ့မရှိပါဘူး။ ဒီဒေသမှာရှိတဲ့ ရေခဲပြင်တွေမှာမြောက်ဝင်ရိုးစွန်းကလာတဲ့ အလင်းတန်းတွေကို စောင့်ကြည့်နိုင်တဲ့အပြင် ဖန်တွေနဲ့ အခြေတည်ထားတဲ့ အက်စကီမိုလူမျိုးတွေနှင်းတုံး နဲ့တည်ဆောက်ထားတဲ့ သံခမောက်အိမ် တွေမှာ ပျော်ရွှင်အေးချမ်းစွာ နားနေနိုင်တဲ့အပြင် နှင်းလျောစီးခြင်းလည်းပြုလုပ်နိုင်ပါတယ်။ ဆောင်းဦးကာလတွေဖြစ်တဲ့ စက်တင်ဘာလမှ နိုဝင်ဘာလတွေမှာဆိုရင်လည်း ကြွေကျလာတဲ့ သစ်ရွက်တွေရဲ့ ရောင်စုံအလှဟာလည်း မြင်ရသူတိုင်းရဲ့စိတ်ဘဝင်ကို ချမ်းမြေ့စေပါတယ်။

ယူနက်စကို ကမ္ဘာ့အမွေအနှစ်များ

ဖင်လန်နိုင်ငံမှာ ယူနက်စကို စာရင်းဝင် ကမ္ဘာ့အမွေအနှစ်နေရာ ၇ ခု တောင်ရှိနေပါတယ်။ ဒါတွေကတော့ (၁) ၁၉ရာစု သစ်သားအိမ်ပေါင်း ၆၀၀ ခန့် ရှိတဲ့ သစ်သားမြို့တော် Old Rauma ၊ (၂) ၁၈ရာစုက ရုရှားတွေကို တန်ပြန်တိုက်ခိုက်ဖို့ တည်ဆောက်ခဲ့တဲ့ Suomenlinna ခံတပ် ၊ (၃) ၁၈ရာစုလက်ရာ သစ်သားခရစ်ယာန်ကျောင်းဟောင်း Petäjävesi ၊ (၄) ၁၉ ရာစု စက္ကူ ၊ ပျော့ဖတ်စက်ရုံ Verla ၊ (၅) Sammallahdenmäki ကြေးခေတ်သင်္ချိုင်းနယ်မြေ ၊ (၆) နယ်မြေပေါင်း ၆ ခုမှာတည်ရှိနေတဲ့ Struve Geodetic Arc နဲ့ (၇) Kvarken သဘာ၀ ကမ်းရိုးတန်း ကျွန်းစုနယ်မြေ တို့ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ နာမည်အကြီးဆုံး မိုဘိုင်းဖုန်းတံဆိပ် ဖြစ်ခဲ့တဲ့ နိုကီယာ ကို ဖင်လန်နိုင်ငံမှာ စတည်ထောင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ နိုကီယာဟာ မိုဘိုင်းဖုန်းကဏ္ဍမှာ မှေးမှိန်သွားခဲ့ပေမယ့် အခြားဆက်သွယ်ရေးလုပ်ငန်းတွေကိုတော့ တွင်ကျယ်စွာ လုပ်ကိုင်တေုန်းဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီ ၅၀၀ စာရင်းမှာ ပါဝင်နေဆဲဖြစ်ပါတယ်။ နိုကီယာ ရဲ့ ဌာနချုပ်ကတော့ အက်စ်ဘို မြို့မှာတည်ရှိနေပါတယ်။

ဖင်လန်နိုင်ငံမှာ ယာဉ်တိုက်မှုတွေကို အချက် ၂ချက်ပေါ်မှာ မူတည်ပြီး ဒဏ်တပ်လေ့ရှိပါတယ်။ ၁ချက်ကတော့ ပြစ်မှုရဲ့ ပြင်းထန်မှု အနည်းအများဖြစ်ပြီး ၊ ၂အချက်ကတော့ မောင်းနှင်သူရဲ့ ဝင်ငွေ ဖြစ်ပါတယ်။ ဟယ်ဆင်ကီမြို့က Jussi Salonoja အမည်ရတဲ့သူဟာ ကီလို ၄၀ သာခွင့်ပြုထားတဲ့နယ်မြေမှာ ကီလို ၈၀အထိ မောင်းနှင်မိတာကြောင့် ယူရို ၁၇၀,၀၀၀ အထိ ဒါဏ်ရိုက်ခံရဖူးပါတယ်။

အက်စ်ကီးမိုးတွေ့ရဲ့ အိမ်ကို igloo လို့ခေါ်ပါတယ်။ ဖင်လန်နိုင်ငံမှာတော့ ဖန် igloo တွေရှိနေပါတယ်။ ဒီနေရာကို အပန်းဖြေစခန်းတခုအနေနဲ့ တည်ဆောက်ထားတာဖြစ်ပြီး မှန်အိမ်တွေထဲမှာ အိပ်လျက်နဲ့ ကောင်းကင်ပြင်မှာပေါ်လာတတ်တဲ့ လှပဆန်းပြားသော ဥတ္တရအလင်းတန်းတွေကို ကြည့်ရှု့နိုင်ပါတယ်။

ဖင်လန်နိုင်ငံဟာ ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံ စာရင်းမှာ ၂၀၁၈ ၊ ၂၀၁၉ ၊ ၂၀၂၀ ၃နှစ်ဆက်တိုက် ပထမနေရာ ရရှိထားတဲ့နိုင်ငံဖြစ်ပါတယ်။ ဒီစာရင်းကိုတော့ နိုင်ငံသားတယောက်ရဲ့ပျမ်းမျှဝင်ငွေ ၊ ပျမ်းမျှသက်တမ်း ၊ အကျင့်ပျက်ချစားမှု ကင်းရှင်းခြင်း ၊ လွတ်လပ်ခြင်း စတဲ့ အချက်တွေပေါ်မှာ အခြေခံကာ ဆုံးဖြတ်ကောက်ယူထားတာဖြစ်ပါတယ်။

ဖင်လန်နိုင်ငံရဲ့ အလံကတော့ အဖြူရောင်နောက်ခံပေါ်မှာ အပြာရောင် လက်ဝါးကပ်တိုင်ပုံ ပါဝင်နေတဲ့ပုံပါ။ ဒိန်းမတ် ၊ ဆွီဒင် နိုင်ငံတွေရဲ့ အလံတွေနဲ့ ဆင်တူယူထားတာဖြစ်ပြီး လက်ဝါးကပ်တိုင်ကတော့ စကင်ဒီနေးဗီးယန်းနိုင်ငံတွေရဲ့ အမှတ်အသားဖြစ်ပါတယ်။ အပြာရောင်ကတော့ နိုင်ငံအနှံ့အပြားမှာရှိနေတဲ့ ရေကန်တွေကို ကိုယ်စားပြုပြီး ၊ အဖြူရောင်ကတော့ နှင်း ကို ကိုယ်စားပြုပါတယ်။

ဖင်လန်နိုင်ငံဟာ ပေါက်ပေါက်ရှာရှာ ပြိုင်ပွဲတွေကို ကျင်းပလေ့ရှိပါတယ်။ အဲဒါတွေကတော့ ခင်ပွန်းဖြစ်သူတွေက ဇနီးဖြစ်သူတွေကို သယ်ဆောင်ကာ ပြေးရတဲ့ပွဲ ၊ မိုဘိုင်းဖုန်းအပစ်ပြိုင်ပွဲ ၊ ခြင်ဖမ်းပွဲ ၊ လေဂစ်တာ အတီးပြိုင်ပွဲ ၊ ရွှံ့ထဲမှာကန်တဲ့ ဘောလုံးပွဲတွေဖြစ်ပါတယ်။

ဖင်လန်နိုင်ငံမှာ အပေါများဆုံးအရာတွေထဲက တခုကတော့ ချွေးထုတ်ခန်းတွေဖြစ်ပါတယ်။ အေးလွန်းလှတဲ့ ရာသီဥတုကို ပိုင်ဆိုင်ထားတာကြောင့် ဖင်လန်လူမျိုးတွေဟာ ချွေးထုတ်ခန်းတွေကို အလွန်ပဲနှစ်သက်ကြပါတယ်။ တနိုင်ငံလုံး လူဦးရေ ၅သန်းခွဲရှိနေတဲ့ အချိန်မှာ ချွေးထုတ်ခန်းပေါင်းက ၃.၃သန်းခန့် ရှိနေပါတယ်။ အိမ်တွေ ၊ ရုံးတွေ ၊ စက်ရုံတွေ နေရာတကာမှာ ချွေးထုတ်ခန်းတွေကိုတွေ့ရမှာဖြစ်ပြီး ဘာဂါဆိုင်တွေမှာတောင် ချွေးထုတ်ခန်းတွေ ထားပေးပါတယ်။

ဖင်လန်နိုင်ငံရဲ့ပတ်စ်ပိုစ့် ဟာ ကမ္ဘာ့ထိပ်တန်းစာရင်းမှာ ပါဝင်နေပြီး ကမ္ဘာပေါ်မှာတော့ ၄ခုမြောက် အခိုင်မာဆုံးပတ်စ်ပိုစ့် အဖြစ်သတ်မှတ်ခံထားရပါတယ်။ ဒီပတ်စ်ပိုစ့်ကိုင်ဆိုင်ထားတဲ့ ဖင်လန်နိုင်ငံသားတယောက်ဟာ ကမ္ဘာ့နိုင်ငံ ၁၈၈ နိုင်ငံကို ဗီဇာမလိုပဲ သွားရောက်နိုင်ပါတယ်။

ဖင်လန်နိုင်ငံရဲ့ အခြား ထင်ရှားတဲ့နေရာတွေကတော့ Levi ရေခဲပြင် အပန်းဖြေစခန်း ၊ Tampere မြို့ ၊ Aland ကျွန်းစုနယ်မြေ ၊ ရေခဲရဲတိုက်ရှိရာ Kemi မြို့ ၊ ဖင်းနစ်ရေကန်နယ်မြေ ၊ တောင်ပိုင်းကမ်းရိုးတန်းမြို့ Turku ၊ ရှေးဟောင်းမြို့ Porvoo နဲ့ ၁၅ ရာစု St. Olaf’s ရဲတိုက်တို့ ဖြစ်ပါတယ်။

——– —- ——-

(Zawgyi)

ဖင္လန္ႏိုင္ငံ အေၾကာင္း သိေကာင္းစရာ

ဖင္လန္ႏိုင္ငံဟာ ဥေရာပတိုက္ ေျမာက္ပိုင္းရွိ ေနာဒစ္ႏိုင္ငံတခုျဖစ္ၿပီး ႏိုင္ငံ၏တရားဝင္အမည္ကေတာ့ ဖင္လန္သမၼတႏိုင္ငံ ျဖစ္ပါတယ္။ အေနာက္ဘက္မွာ ဆြီဒင္ နဲ႔ ဘို႔သ္နီယာပင္လယ္ေကြ႕ ၊ အေရွ႕ဘက္မွာ ႐ုရွား ၊ ေျမာက္ဘက္မွာ ေနာ္ေ၀ နဲ႔ ေတာင္ဘက္မွာ ဖင္လန္ပင္လယ္ေကြ႕တို႔ ကဝန္းရံထားပါတယ္။ ႏိုင္ငံရဲ႕အက်ယ္အဝန္းက စတုရန္းမိုင္ ၁၃၀,၆၇၈ ျဖစ္ၿပီး ေရပိုင္နက္အျဖစ္ ၁၀% ပါဝင္ကာ ကမာၻေပၚမွာ ၆၄ ခု ေျမာက္ အႀကီးဆုံးႏိုင္ငံ ျဖစ္ပါတယ္။ ဖင္လန္ နဲ႔ ဆြီဒင္ ဘာသာစကားေတြကို ႐ုံးသုံးဘာသာစကားအျဖစ္ သတ္မွတ္ထားၿပီး Sámi ဘာသာစကားကိုလည္း ေျပာဆို သုံးစြဲၾကပါတယ္။

၂၀၂၀ ခုႏွစ္စာရင္းအရ ဖလင္ႏိုင္ငံရဲ႕ လူဦးေရဟာ ၅,၅၂၈,၇၃၇ ရွိၿပီး ကမာၻေပၚမွာ ၁၁၆ ခုေျမာက္ လူဦးေရ အမ်ားဆုံး ႏိုင္ငံ ျဖစ္ပါတယ္။ လူဦးေရေနထိုင္မႈ သိပ္သည္းဆမွာ မူ အလြန္က်ဲပါးၿပီး ၁မိုင္ပတ္လည္တြင္ ေနထိုင္သူဦးေရ ၄၁ေယာက္ခန႔္သာ ရွိပါတယ္။ ေနထိုင္သူစုစုေပါင္း ဖင္းနစ္ ၉၁% ၊ အျခားဥေရာပသားမ်ား ၅% ခန႔္ ၊ အာရွသား ၂.၅% ၊ အာဖရိကသား ၁% နဲ႔ အျခားလူမ်ိဳး အနည္းငယ္ ေနထိုင္ၾကပါတယ္။ ေနထိုင္သူစုစုေပါင္းရဲ႕ ၇၀% က ခရစ္ယာန္ဘာသာကို ကိုးကြယ္ၾကၿပီး ၊ ဘာသာအတိအက်မရွိသူ (သို႔) ဘာသာမဲ့ ကေတာ့ ၃၀% နီးပါးရွိေနပါတယ္။

ဖင္လန္ႏိုင္ငံကို ေဒသ ၁၉ ခု နဲ႔ ဖြဲ႕စည္းထားၿပီး ၿမိဳ႕ေတာ္ နဲ႔ အႀကီးဆုံးၿမိဳ႕ကေတာ့ ဟယ္ဆင္ကီၿမိဳ႕ ျဖစ္ပါတယ္။ ဟယ္ဆင္ကီၿမိဳ႕ဟာ ဖင္လန္ပင္လယ္ေကြ႕ ကမ္းေျခမွာ တည္ရွိၿပီး ၿမိဳ႕ေတာ္နယ္နိမိတ္ကိုပါထည့္တြက္ရင္ ေနထိုင္သူ ၁.၂သန္းေက်ာ္ ရွိတဲ့ ၿမိဳ႕ႀကီးျဖစ္ပါတယ္။ ဟယ္ဆင္ကီၿမိဳ႕ကို ဆြီဒင္ဘုရင္ Gustav I က ၁၅၅၀ ခုႏွစ္မွာ Helsingfors အမည္နဲ႔ စတင္တည္ေထာင္ခဲ့တာျဖစ္ပါတယ္။ ၁၇ ရာစုအထိ ၿမိဳ႕ငယ္ေလးအျဖစ္ ရွိခဲ့ရာမွ ၁၈ ရာစုမွာ စည္ကားတဲ့ၿမိဳ႕ျဖစ္လာပါတယ္။ ႐ုရွားဧကရာဇ္ ပထမ အလက္ဇႏၵားရဲ႕လက္ထက္ ၁၈၁၂ ခုႏွစ္မွာေတာ့ ၿမိဳ႕ေတာ္အျဖစ္ စတင္သတ္မွတ္ျခင္းခံခဲ့ရပါတယ္။ အျခားထင္ရွားတဲ့ ၿမိဳ႕ႀကီးေတြကေတာ့ အက္စ္ဘို ၊ ထမ္ပရဲ ၊ ဗန္းထာ ၊ အိုလူး နဲ႔ တူးကူၿမိဳ႕ ေတြျဖစ္ပါတယ္။

သမိုင္းေၾကာင္း

မ်ိဳးတုံးေပ်ာက္ကြယ္သြားၿပီျဖစ္ေသာ ေရွးဦးလူသားမ်ိဳးႏြယ္တစ္စုျဖစ္တဲ့ နီယန္ဒါသယ္ ေတြဟာ ယေန႔ ဖင္လန္ႏိုင္ငံ တည္ရွိရာေနရာမွာ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၁၂၀၀၀၀ နဲ႔ ၁၃၀၀၀၀ ဝန္းက်င္က ေနထိုင္ခဲ့တဲ့ အေထာက္အထားေတြ ေတြ႕ရပါတယ္။ အေစာဆုံးေနထိုင္သြားၾကသူမ်ားမွာ ေက်ာက္လက္နက္ေတြကို အသုံးျပဳတဲ့ မုဆိုးေတြျဖစ္ပါတယ္။ အိုးဖန္တီးျခင္းအတတ္ကေတာ့ ဒီေနရာကို ဘီစီ ၅၂၀၀ ခန႔္မွာ ေရာက္ရွိလာခဲ့ပါတယ္။ ဘီစီ ၃၀၀၀ နဲ႔ ၂၅၀၀ ၾကားမွာေတာ့ ဒီေနရာမွာ Corded Ware လို႔ေခၚတဲ့ ယဥ္ေက်းမႈထြန္းကားခဲ့ၿပီး စိုက္ပ်ိဳးေရးကို စတင္လုပ္ကိုင္ခဲ့ၾကပါတယ္။

၁၃၀၀ ဘီစီခန႔္မွာေတာ့ ေဗာ္လ္ဂါ နဲ႔ ေတာင္ပိုင္း စကင္ဒီေနးဗီးယန္း ေဒသေတြကေန ေၾကးကို တင္သြင္းၿပီး ေၾကးနဲ႔ လူ႔အသုံးအေဆာင္ပစၥည္းေတြကို ဖန္တီးလာၾကပါတယ္။ ဘီစီ ၅၀၀ ေနာက္ပိုင္းမွာေတာ့ Häme နဲ႔ Savo ေဒသေတြမွာ အေျခခ်ေနထိုင္သူေတြ ပိုမိုမ်ားျပားလာခဲ့ပါတယ္။ ေအဒီ ၈ရာစု ၊ ၉ ရာစု ကာလေတြေရာက္ခ်ိန္မွာေတာ့ အျခားဥေရာပေဒသေတြနဲ႔ စီးပြားေရး ကူးလူးဆက္ဆံမႈေတြရွိလာပါတယ္။ Castoreum ၊ သားေမြး နဲ႔ စြန္ငွက္ ေတြကို တင္ပို႔ၿပီး ပိုးခ်ည္မွ်င္ ၊ ေက်ာက္မ်က္ ၊ မွန္ စတာေတြကို တင္သြင္းခဲ့ၾကပါတယ္။ ၉ ရာစု အဆုံးမွာေတာ့ လက္ဝတ္ရတနာ နဲ႔ လက္နက္ေတြကို ကိုယ္တိုင္ဖန္တီးလာႏိုင္ခဲ့ၾကပါတယ္။

၁၂ ရာစုအလယ္ပိုင္းမွာေတာ့ ဖင္လန္ႏိုင္ငံ ရဲ႕ ပထမဆုံး ခ႐ူးဆိတ္စစ္ပြဲျဖစ္ပြားခဲ့ၿပီး ၁၂၄၉ခုႏွစ္မွာ ဒုတိယအႀကိမ္ ၊ ၁၂၉၃ ခုႏွစ္တတိယအႀကိမ္ ျဖစ္ပြားခဲ့ၿပီး ဒီကာလတေလွ်ာက္မွာေတာ့ တိုင္းျပည္ဟာ မၿငိမ္မသက္ျဖစ္ခဲ့ရပါတယ္။ ၁၃ ရာစုကေန ၁၈ ရာစု တိုင္ေအာင္ ဖင္လန္နယ္ေျမဟာ ဆြီဒင္ႏိုင္ငံရဲ႕ နယ္ေျမတခုအျဖစ္ ဆြီဒင္ဘုရင္ေတြက အုပ္ခ်ဳပ္ခဲ့ၾကပါတယ္။ ၁၈၀၉ ခုႏွစ္မွာေတာ့ ႐ုရွားအင္ပါယာရဲ႕ လက္ေအာက္ကို ေရာက္ရွိခဲ့ၿပီး ႏွစ္ေပါင္း ၁၀၀ ေက်ာ္အုပ္ခ်ဳပ္ခံခဲ့ရၿပီး ၁၉၀၇ ခုႏွစ္မွာမွ လြတ္လပ္ေရး ရရွိခဲ့ပါတယ္။

၄လၾကာျပည္တြင္းစစ္ျဖစ္ခဲ့အၿပီး ၁၉၁၈ ခုႏွစ္မွာေတာ့ ဖင္လန္ဘုရင့္ႏိုင္ငံကို စတင္တည္ေထာင္ႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ ဘုရင့္ႏိုင္ငံအျဖစ္ ၁ႏွစ္သာ ၾကာျမင့္ခဲ့ၿပီး ၁၉၁၉ ခုႏွစ္မွာေတာ့ သမၼတႏိုင္ငံအျဖစ္ေျပာင္းလဲသြားခဲ့ကာ ပထမဆုံးသမၼတကေတာ့ Kaarlo Juho Ståhlberg ျဖစ္ပါတယ္။ ဒုတိယကမာၻစစ္စတင္ၿပီး ၃လခန႔္အၾကာမွာေတာ့ ဖင္လန္ႏိုင္ငံဟာ နယ္ခ်ဲ႕လာတဲ့ဆိုဗီယက္ကို တန္ျပန္တိုက္ခိုက္တာေၾကာင့္ ေဆာင္းရာသီစစ္ပြဲျဖစ္ေပၚခဲ့ပါတယ္။ ၃လခြဲခန႔္ တိုက္ပြဲဆင္ႏြဲအၿပီးမွာေတာ့ ေမာ္စကိုၿငိမ္းခ်မ္းေရးစာခ်ဳပ္နဲ႔ စစ္ေျပၿငိမ္းခဲ့ပါတယ္။

ကုလသမဂၢ အဖြဲ႕ဝင္ ႏိုင္ငံအျဖစ္ ၁၉၅၅ ခုႏွစ္တြင္ အသင္းဝင္ခဲ့ၿပီး၊ ဥေရာပ သမဂၢ အဖြဲ႕ဝင္ႏိုင္ငံအျဖစ္ ၁၉၉၅ ခုႏွစ္တြင္ အသင္းဝင္ခဲ့ပါတယ္။ တျပည္ေထာင္ ပါလီမန္ သမၼတ အုပ္ခ်ဳပ္ေရးစနစ္ကို က်င့္သုံးၿပီး လက္ရွိ သမၼတကေတာ့ Sauli Niinistö ျဖစ္ပါတယ္။ ဖင္လန္ႏိုင္ငံရဲ႕ လက္ရွိဝန္ႀကီးခ်ဳပ္ကေတာ့ Sanna Marin ျဖစ္ၿပီး သူမဟာ အသက္ ၃၄ႏွစ္အ႐ြယ္သာရွိေသးၿပီး ကမာၻ႔အငယ္ဆုံးဝန္ႀကီးခ်ဳပ္အျဖစ္ သတ္မွတ္ခံထားရသူလည္းျဖစ္ပါတယ္။ သူမဟာ ယခင္က ႏိုင္ငံရဲ႕ ပို႔ေဆာင္ေရးနဲ႔ဆက္သြယ္ေရးဝန္ႀကီးျဖစ္ခဲ့ၿပီး ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာ ၁၀ ရက္ေန႔မွာေတာ့ ဖင္လန္ႏိုင္ငံရဲ႕ ဝန္ႀကီးခ်ဳပ္ အျဖစ္ ခန႔္အပ္ျခင္းခံခဲ့ရသူျဖစ္ပါတယ္။

ပထဝီဝင္

ဖင္လန္ႏိုင္ငံရဲ႕ ေျမမ်က္ႏွာသြင္ျပင္ကိုေတာ့ ကြၽန္းစုမ်ား ၊ ကမ္း႐ိုးတန္း ေျမနိမ့္ ေဒသ နဲ႔ ကုန္းျမင့္ေဒသဆိုၿပီး ၃ ပိုင္းခြဲျခားႏိုင္ပါတယ္။ ေဘာ္ရယ္သစ္ေတာမ်ား ေရကန္မ်ားနဲ႔ ျပည့္ေနၿပီး လူေနထိုင္ျခင္း မရွိတဲ့ ေဒသအမ်ားအျပားရွိေနပါတယ္။ ဖင္လန္ႏိုင္ငံမွာ ကြၽန္းေပါင္း ၁၈၀၀၀၀ နီးပါး ပါဝင္သလို ေရကန္ေပါင္း ၁၆၀၀၀၀ေက်ာ္ရွိေနပါတယ္။ အႀကီးဆုံးေရကန္ကေတာ့ ဆိုင္းမားေရကန္ျဖစ္ၿပီး ဒီကန္ဟာ စတုရန္းမိုင္ ၁၆၉၀ ခန႔္ရွိကာ ဥေရာပရဲ႕ ၄ခုေျမာက္ အႀကီးဆုံး ေရကန္ႀကီးလည္း ျဖစ္ပါတယ္။

ႏိုင္ငံရဲ႕အျမင့္ဆုံးေနရာကေတာ့ ေနာ္ေဝနယ္စပ္ အနီးမွာရွိတဲ့ ဟယ္လ္တီေတာင္ျဖစ္ကာ အျမင့္ေပ ၄၄၇၈ေပ ျမင့္ပါတယ္။ ေအးခဲတဲ့ ရသီဥတုကို ပိုင္ဆိုင္ထားၿပီး ေႏြရာသီကာလမွာ ၁၀ဒီဂရီ ဆဲစီးယပ္အထက္ရွိေပမယ့္ ေဆာင္းရာသီကာလမွာေတာ့ အႏႈတ္ ၂၀ ဒီဂရီဆဲစီးယပ္အထိ က်ဆင္းေအာင္ ေအးခဲေလ့ရွိပါတယ္။ ဖင္လန္ႏိုင္ငံမွာ ျမစ္ေပါင္း ၆၅၀ ခန႔္ရွိၿပီး အရွည္ဆုံးျမစ္ကေတာ့ မိုင္ေပါင္း ၃၄၀ ခန႔္ ရွည္လ်ားတဲ့ Kemijoki ျမစ္ ျဖစ္ပါတယ္။

စီးပြားေရး

ဖင္လန္ႏိုင္ငံဟာ ၁၉၅၀ ဝန္းက်င္အထိ ဆင္းရဲတဲ့ ႏိုင္ငံထဲမွာပါဝင္ၿပီး ႏိုင္ငံသားအမ်ားအျပားက အျခားဥေရာပႏိုင္ငံေတြမွာ သြားေရာက္အလုပ္လုပ္ကိုင္ခဲ့ရပါတယ္။ မူလက စိုက္ပ်ိဳးေရးႏိုင္ငံျဖစ္ခဲ့ေသာ္လည္း ၁၉၅၀ မွစ၍ စက္မႈလက္မႈႏိုင္ငံအျဖစ္သို႔ တျဖည္းျဖည္းကူးေျပာင္းလာခဲ့ျခင္းျဖစ္ပါတယ္။ အဲဒီအခ်ိန္မွစလို႔ စီးပြားေရးတိုးတက္မႈမ်ား တရွိန္ထိုးျဖစ္ေပၚလာခဲ့ၿပီး၊ အထူး သက္သာေခ်ာင္ခ်ိေရး ႏွင့္ လူမႈေရးအဓိကထားသည့္ ႏိုင္ငံတစ္ခုအသြင္ေျပာင္းႏိုင္ခဲ့ၿပီး၊ ကမာၻ႔အေရွ႕ ႏွင့္ အေနာက္ စီးပြားေရးႏွင့္ ႏိုင္ငံေရး မတည္ၿငိမ္မႈမ်ား အၾကားတြင္ အဆင္ေျပစြာရပ္တည္ႏိုင္ခဲ့ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ စိုက္ပ်ိဳးေရးဟာ စီးပြားေရးက႑မွာ ၃% ေအာက္သာရွိေတာ့ၿပီး ၊ ၂၈% က စက္မႈလုပ္ငန္း နဲ႔ က်န္ ၇၀% နီးပါးက ဝန္ေဆာင္မႈ လုပ္ငန္းေတြျဖစ္ေနပါၿပီ။ အဓိကစီးပြားေရးလုပ္ငန္းေတြကေတာ့ သတၱဳတူးေဖာ္ေရး နဲ႔ သတၱဳထုတ္ကုန္မ်ား ၊ စက္မႈ နဲ႔ အျခားကိရိယာပစၥည္းမ်ား ၊ သေဘၤာတည္ေဆာက္ေရး ၊ စကၠဴ ၊ စားေသာက္ကုန္ ၊ ဓာတုပစၥည္း ၊ ခ်ည္မွ်င္ နဲ႔ အဝတ္အထည္ လုပ္ငန္းေတြျဖစ္ၾကပါတယ္။ ၂၀၁၉ ခုႏွစ္ ႏိုင္ငံတကာေငြေၾကးအဖြဲ႕အစည္းရဲ႕ စာရင္းအရ ဖင္လန္ႏိုင္ငံသား တဦးခ်င္းစီရဲ႕ ဝင္ေငြဟာ အေမရိကန္ေဒၚလာ ၄၈၈၆၈ ျဖစ္ၿပီး ကမာၻေပၚမွာေတာ့ ၁၄ခုေျမာက္ အခ်မ္းသာဆုံး ႏိုင္ငံျဖစ္ပါတယ္။ ႏိုင္ငံ့ေငြေၾကးစနစ္အေနနဲ႔ကေတာ့ အျခားဥေရာပႏိုင္ငံ ၁၈ ခု နဲ႔တူညီစြာ ယူ႐ို ကိုပဲ သုံးစြဲပါတယ္။

ပညာေရး

ဖင္လန္အစိုးရဟာ ပညာေရးကို အလြန္အားေပးၿပီး မူႀကိဳမွ တကၠသိုလ္အထိ အခမဲ့ပညာေရးစနစ္ကို က်င့္သုံးပါတယ္။ ႏိုင္ငံ့လူဦးေရ ၅သန္းခြဲခန႔္သာ ရွိေပမယ့္ ပညာေရးရင္းႏွီးျမဳပ္ႏွံမႈအတြက္ ယူ႐ို ၁၂.၉ဘီလ်ံ(၂၀၁၈) အထိ သုံးစြဲပါတယ္။ ကမာၻ႔ပညာေရးအေကာင္းဆုံးႏိုင္ငံေတြထဲမွာ ထိပ္တန္းက ပါဝင္ေနသလို ကမာၻ႔ႏိုင္ငံအမ်ားစုကလည္း ဖင္လန္ႏိုင္ငံရဲ႕ ပညာသင္ၾကားေရးစနစ္ကို ျပန္လည္အတုယူသင္ၾကားေလ့ရွိပါတယ္။

ေက်ာင္းသားဗဟိုျပဳ ပညာေရးစနစ္ကိုက်င့္သုံးတဲ့ ဖင္လန္ႏိုင္ငံမွာ အ႐ြယ္ေရာက္ၿပီးသူ စာတတ္ေျမာက္ႏႈန္းက ၉၉% ရွိကာ အ႐ြယ္ေရာက္ၿပီးသူ၄၀%ေက်ာ္ဟာ တကၠသိုလ္ (သို႔) ေကာလိပ္ တခုခုက ဘြဲ႕ရထားသူေတြျဖစ္ပါတယ္။ ဖင္လန္ႏိုင္ငံမွာ တကၠသိုလ္မ်ားစြာရွိေနၿပီး အႀကီးဆုံးကေတာ့ ၁၆၄၀ ခုႏွစ္ကတည္းက စတင္တည္ေထာင္ခဲ့တဲ့ ဟယ္ဆင္ကီတကၠသိုလ္ျဖစ္ပါတယ္။ ဒီတကၠသိုလ္မွာ ေက်ာင္းသားသူေပါင္း ၃၀၀၀၀ေက်ာ္တက္ေရာက္ေနသလို ဝန္ထမ္းခ်ည္းပဲ ၈၀၀၀ နီးပါးရွိေနကာ ဌာနေပါင္း ၁၂ ခုနဲ႔ ဖြဲ႕စည္းထားပါတယ္။ ဖင္လန္ႏိုင္ငံက အေျခခံပညာေက်ာင္းဆရာ/ဆရာမ တေယာက္ဟာ အနည္းဆုံး မဟာဘြဲ႕ရရွိဖို႔လိုအပ္ပါတယ္။ ဖင္လန္ႏိုင္ငံမွာ ဆရာ၊ ဆရာမ တေယာက္ဟာ ပ်မ္းမွ် လစာအျဖစ္ ယူ႐ို ၃၅၇၀(အေမရိကန္ေဒၚလာ ၄၂၀၀) ရရွိၾကပါတယ္။

စစ္တပ္

ဖင္လန္တပ္မေတာ္ကိုေတာ့ ၁၉၁၈ ခုႏွစ္ကတည္းက စတင္ဖြဲ႕စည္းခဲ့တာျဖစ္ပါတယ္။ အၿမဲတမ္းအင္အား ၂၁၅၀၀ခန႔္ကို သာ ပိုင္ဆိုင္ေပမယ့္ အရံအင္အားအေနနဲ႔ ၂၈၀၀၀၀ ခန႔္ကို ပိုင္ဆိုင္ထားပါတယ္။ ေလေၾကာင္းအင္အားအေနနဲ႔ ဖိုက္တာေလယာဥ္ ၅၅စီး အပါအဝင္ စုစုေပါင္း ေလယာဥ္ ၁၉၄စီး ပိုင္ဆိုင္ပါတယ္။ ၾကည္းတပ္အေနနဲ႔ကေတာ့ တင့္ကား ၂၀၀ ၊ သံခ်ပ္ကာယာဥ္ေပါင္း ၂၀၅၀ နဲ႔ အျခားလက္နက္ေပါင္း ၁၀၀၀ ခန႔္ ပိုင္ဆိုင္ထားပါတယ္။ Corvette ၊ Missile boat ၊ Minelayer နဲ႔ ကမ္းကပ္ေရယာဥ္မ်ားအပါအဝင္ စစ္ေရယာဥ္ေပါင္း ၂၄၆ စီး ကို ပိုင္ဆိုင္ထားပါတယ္။ ကာကြယ္ေရးဘတ္ဂ်က္အေနနဲ႔ အေမရိကန္ေဒၚလာ ၃.၅ဘီလ်ံခန႔္ကို သုံးစြဲထားတဲ့ ဖင္လန္တပ္မေတာ္ဟာ ကမာၻေပၚမွာေတာ့ နံပါတ္ ၅၉ ေနရာမွာ ရွိေနပါတယ္။

ဖင္လန္ႏိုင္ငံအေၾကာင္း စိတ္ဝင္စားစရာ အခ်က္မ်ား

သန္းေခါင္ယံမွာ ထြက္တဲ့ေန

စကင္ဒီေနးဗီးယန္းႏုိင္ငံအမ်ားစုဟာ တႏွစ္ကို ၂လခြဲခန္႔ ေန႔ည မပ်က္ေနသာေနေလ့ရွိပါတယ္။ ဒီျဖစ္စဥ္ကိုေတာ့ သန္းေခါင္ယံေန Midnight Sun လုိ႔ေခၚၿပီး ဒီအထဲမွာ ဖင္လန္ႏုိင္ငံလည္းပါ၀င္ပါတယ္။ ဖင္လန္ႏုိင္ငံမွာ ေႏြရာသီမွာဆိုရင္ ရက္ေပါင္း (၇၃)ရက္ေလာက္ဟာ ေနဝင္ေလ့မရွိပါဘူး။ ဒီေဒသမွာရွိတဲ့ ေရခဲျပင္ေတြမွာေျမာက္ဝင္႐ိုးစြန္းကလာတဲ့ အလင္းတန္းေတြကို ေစာင့္ၾကည့္ႏိုင္တဲ့အျပင္ ဖန္ေတြနဲ႔ အေျခတည္ထားတဲ့ အက္စကီမိုလူမ်ိဳးေတြႏွင္းတုံး နဲ႔တည္ေဆာက္ထားတဲ့ သံခေမာက္အိမ္ ေတြမွာ ေပ်ာ္႐ႊင္ေအးခ်မ္းစြာ နားေနႏိုင္တဲ့အျပင္ ႏွင္းေလ်ာစီးျခင္းလည္းျပဳလုပ္ႏိုင္ပါတယ္။ ေဆာင္းဦးကာလေတြျဖစ္တဲ့ စက္တင္ဘာလမွ ႏိုဝင္ဘာလေတြမွာဆိုရင္လည္း ေႂကြက်လာတဲ့ သစ္႐ြက္ေတြရဲ႕ ေရာင္စုံအလွဟာလည္း ျမင္ရသူတိုင္းရဲ႕စိတ္ဘဝင္ကို ခ်မ္းေျမ့ေစပါတယ္။

ယူနက္စကို ကမာၻ႔အေမြအႏွစ္မ်ား

ဖင္လန္ႏုိင္ငံမွာ ယူနက္စကို စာရင္း၀င္ ကမာၻ႔အေမြအႏွစ္ေနရာ ၇ ခု ေတာင္ရွိေနပါတယ္။ ဒါေတြကေတာ့ (၁) ၁၉ရာစု သစ္သားအိမ္ေပါင္း ၆၀၀ ခန္႔ ရွိတဲ့ သစ္သားၿမဳိ႕ေတာ္ Old Rauma ၊ (၂) ၁၈ရာစုက ရုရွားေတြကို တန္ျပန္တုိက္ခုိက္ဖုိ႔ တည္ေဆာက္ခဲ့တဲ့ Suomenlinna ခံတပ္ ၊ (၃) ၁၈ရာစုလက္ရာ သစ္သားခရစ္ယာန္ေက်ာင္းေဟာင္း Petäjävesi ၊ (၄) ၁၉ ရာစု စကၠဴ ၊ ေပ်ာ့ဖတ္စက္ရုံ Verla ၊ (၅) Sammallahdenmäki ေၾကးေခတ္သခၤ်ုိင္းနယ္ေျမ ၊ (၆) နယ္ေျမေပါင္း ၆ ခုမွာတည္ရွိေနတဲ့ Struve Geodetic Arc နဲ႔ (၇) Kvarken သဘာ၀ ကမ္းရုိးတန္း ကြ်န္းစုနယ္ေျမ တုိ႔ျဖစ္ပါတယ္။

ကမာၻေပၚမွာ နာမည္အႀကီးဆုံး မုိဘုိင္းဖုန္းတံဆိပ္ ျဖစ္ခဲ့တဲ့ ႏုိကီယာ ကို ဖင္လန္ႏုိင္ငံမွာ စတည္ေထာင္ခဲ့တာျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ႏုိကီယာဟာ မုိဘုိင္းဖုန္းက႑မွာ ေမွးမွိန္သြားခဲ့ေပမယ့္ အျခားဆက္သြယ္ေရးလုပ္ငန္းေတြကိုေတာ့ တြင္က်ယ္စြာ လုပ္ကုိင္ေတုန္းျဖစ္ၿပီး ကမာၻ႔အႀကီးဆုံး ကုမၸဏီ ၅၀၀ စာရင္းမွာ ပါ၀င္ေနဆဲျဖစ္ပါတယ္။ ႏုိကီယာ ရဲ႕ ဌာနခ်ဳပ္ကေတာ့ အက္စ္ဘို ၿမဳိ႕မွာတည္ရွိေနပါတယ္။

ဖင္လန္ႏုိင္ငံမွာ ယာဥ္တုိက္မႈေတြကို အခ်က္ ၂ခ်က္ေပၚမွာ မူတည္ၿပီး ဒဏ္တပ္ေလ့ရွိပါတယ္။ ၁ခ်က္ကေတာ့ ျပစ္မႈရဲ႕ ျပင္းထန္မႈ အနည္းအမ်ားျဖစ္ၿပီး ၊ ၂အခ်က္ကေတာ့ ေမာင္းႏွင္သူရဲ႕ ၀င္ေငြ ျဖစ္ပါတယ္။ ဟယ္ဆင္ကီၿမဳိ႕က Jussi Salonoja အမည္ရတဲ့သူဟာ ကီလုိ ၄၀ သာခြင့္ျပဳထားတဲ့နယ္ေျမမွာ ကီလုိ ၈၀အထိ ေမာင္းႏွင္မိတာေၾကာင့္ ယူရုိ ၁၇၀,၀၀၀ အထိ ဒါဏ္ရုိက္ခံရဖူးပါတယ္။

အက္စ္ကီးမုိးေတြ႔ရဲ႕ အိမ္ကို igloo လုိ႔ေခၚပါတယ္။ ဖင္လန္ႏုိင္ငံမွာေတာ့ ဖန္ igloo ေတြရွိေနပါတယ္။ ဒီေနရာကို အပန္းေျဖစခန္းတခုအေနနဲ႔ တည္ေဆာက္ထားတာျဖစ္ၿပီး မွန္အိမ္ေတြထဲမွာ အိပ္လ်က္နဲ႔ ေကာင္းကင္ျပင္မွာေပၚလာတတ္တဲ့ လွပဆန္းျပားေသာ ဥတၱရအလင္းတန္းေတြကို ၾကည့္ရႈ႕ႏုိင္ပါတယ္။

ဖင္လန္ႏိုင္ငံဟာ ကမာၻ႔အေပ်ာ္ရႊင္ဆုံးႏုိင္ငံ စာရင္းမွာ ၂၀၁၈ ၊ ၂၀၁၉ ၊ ၂၀၂၀ ၃ႏွစ္ဆက္တုိက္ ပထမေနရာ ရရွိထားတဲ့ႏုိင္ငံျဖစ္ပါတယ္။ ဒီစာရင္းကိုေတာ့ ႏုိင္ငံသားတေယာက္ရဲ႕ပ်မ္းမွ်၀င္ေငြ ၊ ပ်မ္းမွ်သက္တမ္း ၊ အက်င့္ပ်က္ခ်စားမႈ ကင္းရွင္းျခင္း ၊ လြတ္လပ္ျခင္း စတဲ့ အခ်က္ေတြေပၚမွာ အေျခခံကာ ဆုံးျဖတ္ေကာက္ယူထားတာျဖစ္ပါတယ္။

ဖင္လန္ႏုိင္ငံရဲ႕ အလံကေတာ့ အျဖဴေရာင္ေနာက္ခံေပၚမွာ အျပာေရာင္ လက္၀ါးကပ္တုိင္ပုံ ပါ၀င္ေနတဲ့ပုံပါ။ ဒိန္းမတ္ ၊ ဆြီဒင္ ႏုိင္ငံေတြရဲ႕ အလံေတြနဲ႔ ဆင္တူယူထားတာျဖစ္ၿပီး လက္၀ါးကပ္တုိင္ကေတာ့ စကင္ဒီေနးဗီးယန္းႏုိင္ငံေတြရဲ႕ အမွတ္အသားျဖစ္ပါတယ္။ အျပာေရာင္ကေတာ့ ႏုိင္ငံအႏွံ႔အျပားမွာရွိေနတဲ့ ေရကန္ေတြကို ကုိယ္စားျပဳၿပီး ၊ အျဖဴေရာင္ကေတာ့ ႏွင္း ကို ကုိယ္စားျပဳပါတယ္။

ဖင္လန္ႏုိင္ငံဟာ ေပါက္ေပါက္ရွာရွာ ၿပဳိင္ပြဲေတြကို က်င္းပေလ့ရွိပါတယ္။ အဲဒါေတြကေတာ့ ခင္ပြန္းျဖစ္သူေတြက ဇနီးျဖစ္သူေတြကို သယ္ေဆာင္ကာ ေျပးရတဲ့ပြဲ ၊ မုိဘုိင္းဖုန္းအပစ္ၿပဳိင္ပြဲ ၊ ျခင္ဖမ္းပြဲ ၊ ေလဂစ္တာ အတီးၿပဳိင္ပြဲ ၊ ရႊံ႕ထဲမွာကန္တဲ့ ေဘာလုံးပြဲေတြျဖစ္ပါတယ္။

ဖင္လန္ႏုိင္ငံမွာ အေပါမ်ားဆုံးအရာေတြထဲက တခုကေတာ့ ေခြ်းထုတ္ခန္းေတြျဖစ္ပါတယ္။ ေအးလြန္းလွတဲ့ ရာသီဥတုကို ပုိင္ဆုိင္ထားတာေၾကာင့္ ဖင္လန္လူမ်ဳိးေတြဟာ ေခြ်းထုတ္ခန္းေတြကို အလြန္ပဲႏွစ္သက္ၾကပါတယ္။ တႏုိင္ငံလုံး လူဦးေရ ၅သန္းခြဲရွိေနတဲ့ အခ်ိန္မွာ ေခြ်းထုတ္ခန္းေပါင္းက ၃.၃သန္းခန္႔ ရွိေနပါတယ္။ အိမ္ေတြ ၊ ရုံးေတြ ၊ စက္ရုံေတြ ေနရာတကာမွာ ေခြ်းထုတ္ခန္းေတြကိုေတြ႔ရမွာျဖစ္ၿပီး ဘာဂါဆုိင္ေတြမွာေတာင္ ေခြ်းထုတ္ခန္းေတြ ထားေပးပါတယ္။

ဖင္လန္ႏုိင္ငံရဲ႕ပတ္စ္ပုိစ့္ ဟာ ကမာၻ႔ထိပ္တန္းစာရင္းမွာ ပါ၀င္ေနၿပီး ကမာၻေပၚမွာေတာ့ ၄ခုေျမာက္ အခုိင္မာဆုံးပတ္စ္ပိုစ့္ အျဖစ္သတ္မွတ္ခံထားရပါတယ္။ ဒီပတ္စ္ပုိစ့္ကုိင္ဆုိင္ထားတဲ့ ဖင္လန္ႏုိင္ငံသားတေယာက္ဟာ ကမာၻ႔ႏုိင္ငံ ၁၈၈ ႏုိင္ငံကို ဗီဇာမလုိပဲ သြားေရာက္ႏုိင္ပါတယ္။

ဖင္လန္ႏုိင္ငံရဲ႕ အျခား ထင္ရွားတဲ့ေနရာေတြကေတာ့ Levi ေရခဲျပင္ အပန္းေျဖစခန္း ၊ Tampere ၿမဳိ႕ ၊ Aland ကြ်န္းစုနယ္ေျမ ၊ ေရခဲရဲတုိက္ရွိရာ Kemi ၿမဳိ႕ ၊ ဖင္းနစ္ေရကန္နယ္ေျမ ၊ ေတာင္ပုိင္းကမ္းရုိးတန္းၿမဳိ႕ Turku ၊ ေရွးေဟာင္းၿမဳိ႕ Porvoo နဲ႔ ၁၅ ရာစု St. Olaf’s ရဲတုိက္တို႔ ျဖစ္ပါတယ္။

Tags: countries

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!