Tuesday, April 13, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ပဲကောသီး (သို့) နှစ်၁၀၀သီး ဆိုသည်မှာ

by Thutamm
July 23, 2020
Reading Time: 1min read
0
ပဲကောသီး (သို့) နှစ်၁၀၀သီး ဆိုသည်မှာ
Share on FacebookShare on Twitter

ရေးသားသူ – ကိုသက်နိုင်ဦး(မုံရွာတက္ကသိုလ်)

တခါတလေ စားသောက်ဆိုင် ထိုင်လို့ ဘဲဖြစ်ဖြစ်၊ ဘီယာဆိုင် ရောက်လို့ဘဲဖြစ်ဖြစ် ပဲကောသီးကို မှာစားမိကြမှာပါ။ ပဲကောသီးကို တုတ်တံနဲ့ တံစိုးထိုးထားသော အကင်က ခါးသက်သက် Beer နဲ့ လိုက်ဖက်လှသည်။ သူ့အရသာကလည် ချိုအီစိမ့်စိမ့် နဲ့ သက်သော အရသာမို့ ပြောပြလို့ မရအောင်ထူးခြားလှသည်။ ကိုက်လန်နဲ့ ပဲကော ရောကြော်ထားသော အစိမ်းကြော်လည်း စားကောင်းလှသလို အသားမပါ သူခြည့်ဘဲလည်း စားလို့ အဆင်ပြေလှသည်။ တရုတ်အစားအစာ အတော်များများတွင် ပဲကောသီးက မပါမဖြစ်ပါ။

ပဲကောသီးကို ဘယ်အပင်ကရသလည်းလို့ မေးစရာဖြစ်လာပါသည်။ အရသာရှိသော ပဲကောသီးကို Gingko biloba ဆိုသောအပင်ကရပါသည်။ Ginkgo အပင်တွေသည် long-living, deciduous tree အသက်ရှည်ပြီး ရာသီအလိုက် အရွက်ကြွေသော အပင်ကြီးမျိုးဖြစ်သည်။ ကမ္ဘာဦးအစကတည်းက ရှင်သန်ခွင့်ရခဲ့သော သက်တန်းရှည်လှသည့် အပင်ကြီးဖြစ်သည်။

Ginkgo trees တွေရဲ့ မူရင်းဒေသက East Asia ဖြစ်ပါသည်။ ဘယ်က အစပြုခဲ့ သလဲ ဆိုလျှင် တရုတ်ပြည်ရှိ တောနက်ကြီးတွေက အစပြုခဲ့ပုံရသည်။ Ginkgo အပင်တွေ ရှင်သန်ဖို့အတွက် ပတ်ဝန်းကျင်အခြေအနေ ကောင်းမွန်ဖို့လည်း အထူး လိုအပ်လှပါသည်။ တနေ့က post တခုတွင် Ginkgo ပင်တွေစိုက်ထားသော တရုတ်နိုင်ငံက ရွာလေးတရွာအကြောင်းဖတ်ရသည်။ အစေ့ထုတ်ပုံကြည့်ဖို့ နိုင်ငံခြားသားတွေ တကူးတက လာကြည့်ကြရသည်။ ရွာသူရွာသားတွေလည်း အလုပ်အကိုင် ဝင်ငွေလည်းရ သဘာဝပတ်ဝန်းကျင် လည်းထိမ်းသားဖြစ်သည့် Eco tourism. အစီစဉ်ကောင်းတခုဖြစ်သည်။

Ginkgo အပင်တွေကို အေးမြသောတောင်ပေါ်ဒေသများတွင်သာ စိုက်ပျိုးလို့ရမှာပါ။ ဒီအပင်ကို လူ့သမိုင်း အစောဆုံး ကာလတွေကတည်းက အစား အသောက်အနေနဲ့သာမက တိုင်းရင်းဆေး အတွက်ပါရည်ရွယ်စိုက်ခဲ့ကြတာပါ။ Ginko ပင်ဟာအပင်ကြီးမျိုးဖြစ်ပြီး ပုံမှန်အားဖြင့် ပေ တရာကျော်မြင့်ပါတယ်။ အပင်က နှင်းနဲ့ လေပြင်းတိုက်တာကို ခံနိုင်ရည်ရှိပါတယ်။

အပင်နုစဉ် ကိုင်းဖြာမှုနဲပြီး ရှည်မြောသောပုံဖြစ်ပေမဲ့ အသက်ကြီးလာသည်နှင့်အမျှ အပင်က ဘေးဖက်ကိုကားလာပြီး crown ပုံစံဖြစ်လို့လာပါတယ်။ နွေဦးကာလမှာတော့ Ginkgo. အရွက်လေးတွေက တောက်ပသော အဝါရောင် ပြောင်းလို့ လာပါတယ်။ ရောဂါဒါဏ် အင်းဆက်ပိုးမွှားဒါဏ်ခံနိုင်ရည်ရှိသောအပင်ဖြစ်ပြီး အချို့သော အပင်များမှာ ၂၅၀၀ နှစ်လောက်ရှင်သန် တယ်လို့ မှတ်တမ်းများအရသိရပါသည်။

Ginkgo ပင်၏ အရွက်များကတော့ အထူးခြား ဆုံးပါဘဲ ယပ်တောင်ပုံစံ လေးရှိပြီး ရွက်ကြော veins များက ထင်ရှားပါတယ်။ ရွက်ကြောဖြာပုံက ၂ခွဖြာ ပုံစံ bifurcating ပုံစံပါ။ ဒီ ရွက်ကြောဖြာပုံဟာ အလွန်ရှေးကျလွန်းသော premitive characters ဖြစ်ပါသည်။ အများစုက ၄လက်မလောက်ရှိပေမဲ့ တခါတရံ ၆လက်မထိရှိတတ်တာပါ။

အထူးခြားဆုံးအချက်ကတော့ Ginkgo ပင်လေးတွေက အဖိုပင် သတ်သတ် အမပင်သတ်သတ် ရှိတာပါ။ အဖိုပင်က pollen cone လေးတွေထုတ်ပေမဲ့ အမပင်ကတော့ cones မထုတ်ပါဘူး။ Ginkgo အပင်တွေသည် ဘယ်သောအခါမှပန်းပွင့်ခြင်းမရှိသည့် Gymnosperms “အစေ့ဖော်ပင်” အနွယ်ဝင် အပင်တွေဖြစ်သည်။ ထို့ကြောင့်လည်း ပဲကောအစေ့ကို အစေ့အိမ်နံရံဖြင့်ဝန်းရံမထားပါ။အမပင်ကသီးသောအရာသည် အကယ်စဉ်စစ် အသီး မဟုတ်ပါ။ အစေ့သာဖြစ်သည်။

ထိုအစေ့တွင် အခွံ ၂ ခုရှိသည် ။ နူးညံပြီးအရည်ရွှမ်းသောအပြင်ခွံ soft and fleshy section (the sarcotesta) နှင့် မာသော အတွင်းအခွံ hard section (the sclerotesta) တို့ဖြစ်သည်။ နူးညံ့သော အပြင်ခွံမှ နှစ်လိုဖွယ်ရာ မရှိသော ရနံ့ကိုထုတ်လေ့ရှိသည်။ ဝတ်မှုံကူးပြီးရင် အစေ့လောင်း ၂ ခုက ရိုးတံအခြေမှာ ရှိနေတာပါ။ အစေ့မှာပြင်ပ အလွှာ sarcotesta ပါပြီး light yellow brown အရောင်ပါ။ နုညံပြီး butyric acid ထုတ်ပေးသည်။ ရနံ့က ဆီခြေး စော်နံသော ထောပတ်ရနံံ့ဖြစ်ပြီး အနံ့ဆိုးလှသည်။

အမပင်တွေရှိနေလျှင် အသီးမှည့်တွေ၏ ဆိုးဝါးလှတဲ့အနံ့ နှင့် အစေ့အမှည့်က ထွက်သော အရေတွေက မြို့ပြကို ညစ်ပေစေသည်။ ဒါ့ကြောင့်လည်း အလှစိုက်သူတွေက အဖိုပင်ကိုမှ သီးသန့် ရွေးချယ်စိုက်ကြသည်။ ဥယျာဉ်စိုက်ပျိုးသူတွေက အစေ့တွေကိုသာ စိုက်ရင် အမပင်တွေပါလာမှာ စိုးလှသည်။ ဒါ့ကြောင့် male Ginkgo အပင်ကနေ ကိုင်းကူး ကိုင်းဆက်နည်းနဲ့ အဖိုပင်တွေခြည်း ပေါက်ဖွားလာအောင် ကြံဆောင်ခဲ့ကြသည်။

အမ ginkgo အပင်တွေအပေါ်မှာ ဘဲဥပုံ သို့မဟုတ် လုံးဝန်းသောပုံစံရှိသည့် အရည်ရွှမ်းသည့် အသီးပုံစံ အစေ့ တွေကို အကိုင်းတွေပေါ်မှာ အစုလိုက် သီးလေ့ရှိပါသည်။ အရွယ်ကတော့small jujube (Chinese date) ဇီးသီး အရွယ်လောက်ဖြစ်ပါသည်။ အစေ့ပုံစံ အသီးရဲ့ အပြင်ခွံ exocarp က ရနံ့ပြင်းသော အနှစ် pulp ရနံ့ရှိပြီး ရုက္ခဗေဒလို assarcotesta လို့ခေါ်ပါသည်။ အခွံမာဖြင့်ဖုံးကာထားသော တခုတည်းသော အစေ့ထဲမှာ စားလို့ရ သည့် edible embryo (kernel) ကိုတွေ့ရမှာပါ။ အတွင်းက အဝါရောင် အစေ့ကိုဘဲ စားသုံးကြပါသည်။

တရုတ်ရိုးရာ ယဉ်ကျေးမှုမှာ ပဲကောစေ့တွေ စားရင် ကျမ်းမာရေးအတွက် အကျိုးရှိတယ်လို့ ယုံကြည်ထားကြသည်။ Ginkgo nuts တွေကို congee မှာသုံးကြသည်။ နောက်ပြီး တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော် တွေမှာလည်း အမှတ်တရစားသုံးဖို့ ချက်ပြုတ်ကြပါသည်။ အချို့ကလည်း သူ့မှာ aphrodisiac qualities ရှိတယ်လို့ သတ်မှတ်ထားကြပါသည်။ ဂျပန် အစားအသောက်တွေမှာ ginkgo seeds တွေထည့်ချက်ထားကြပြီး အစေ့ကို ginnanလို့ ခေါ်ကြသည်။

Ginkgo ပင်လေးတွေက လေထုညစ်ညမ်းမှု လျောနဲစေတယ် မြေဆီလွှာလည်း ခိုင်မြဲစေတယ်။ Urasenke ကျောင်းရဲ့ Japanese tea seremony မှာ Ginkgo အရွက်လေးက symbol ဖြစ်နေပါတယ်။ မြန်မာပြည်မှာ ပိတောက်က national flowers ဖြစ်သလို တရုတ်ပြည်မှာ Ginkgo က national tree ဖြစ်ပါတယ်။

တရုတ်ပြည်မှာတော့ လွန်ခဲ့သော လွန်ခဲ့သောနှစ်ပေါင်း ၁၅၀၀ကတည်းက ဘုရားကျောင်း တွေမှာ စိုက်ခဲ့ကြတယ်။ Korea နဲ့ Japan မှာလည်းစိုက်ခဲ့ကြတယ်။ Ginkgo leaves ရဲ့ extracts မှာ flavonoid, glycosides နဲ့ terpenoids တွေပါတယ်။ အာရုံကြောနဲ့ဆိုင်သော ရောဂါတွေ ကုသရာမှာသက်ရောက်မှုရှိပါတယ်။ အဓိကကတော့ memory and concentration ehancer, anti vertigo agent အနေနဲ့သုံးခဲကြတယ်။

အငြင်းပွားစရာ အချို့သုတေသနတွေမှာ Ginkgo extract က လူသားတွေရဲ့ ခန္ဓာကိုယ် သွေးလှည့်ပတ်မှု ကောင်းစေတယ်။ oxidative cell damage တွေကို ကာကွယ်ပေးတယ် cardiovascular, renal, respiratory နဲ့ central nervous system တွေနဲ့ဆက်နွယ်သော platelet activating factors အပေါ်သက်ရောက်တယ်။အခြားသော ဆေးဝင်မှုတွေကအများကြီးပါ။ ရေးလို့မကုန်နိုင်အောင်ပါဘဲ။

အများစုက Ginkgo အပင်နဲ့ ပဲကောသီးကို ဆက်စပ် တွေးမိကြပုံမရပါ။ သီးသန့်သာ တွေးမိကြပါသည်။ ယခုအခါ မြန်မာပြည်မှာ Ginkgo အပင်အငယ်လေးတွေ ကို ဝယ်ယူလို့ ရနေပါပြီ။ အလှအပအနေနဲ့လည်း စိုက်ပျိုးနေကြပါပြီ။ ကျနော်တို့ ကျောင်းသားဘဝက Ginkgo ပင်ကိုတွေ့ခြင်လျှင် မေမြို့ ရုက္ခဗေဒဥယျာဉ်ဆီ သွားရောက် လေ့လာရပါသည်။

တစ်ပင်ထဲသော Ginkgo ပင်ကိုကြည့်ရင်းအံသြခဲ့ဖူးသည်။ သူက အပင်ထက် သက်ရှိရုပ်ကြွင်း Living fossile တပင်လို့သာ တင်စားမိသည်အထိပါ။ ထိုစဉ်က ဆရာကြီးပြောပြလို့ မှတ်ဉာဏ် ကောင်းတယ်ဆိုပြီး အရွက်လေးတွေ ကောက်ခဲ့ဖူးသည်။ အခုအခါတွင်မူ Fame မှ အာရုံကြောအားကောင်းဆေးအဖြစ်အရွက်မှ ဆေးထုတ်ယူကာရောင်းချနေပြီဖြစ်သည်။

Ginkgo အပင်အကြောင်းကို Ginkgo အပင်အောက်မှာ ရှင်းပြဖူးခဲ့သော ဆရာကြီး ဒေါက်တာတင်မြင့် ၊ ဆရာကြီး ဦးခင်မောင်တင် တို့ကား မရှိတော့ပြီ။ သို့သော်လည်း ကမ္ဘာ့ အသက်အရှည်ဆုံး Ginkgo အပင်ကြီးကား ရှင်သန်ဆဲ ရွက်နုတွေဝေနေဆဲ…

သင်ဆရာ မြင်ဆရာကြီးများကို ဦးညွှတ်လျက်….

ကိုသက်နိုင်ဦး(မုံရွာတက္ကသိုလ်)

Tags: plants

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!