Monday, March 8, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ပိုးလမ်းမကြီး ဆိုသည်မှာ

by Thutamm
January 31, 2020
Reading Time: 1min read
0
ပိုးလမ်းမကြီး ဆိုသည်မှာ
Share on FacebookShare on Twitter

ရေးသားသူ – Academy

ဘီစီ ၂ – ရာစု အချိန်ခန့်မှစ၍ အာရှ ရှိ တရုတ် နှင့် ဥရောပရှိ ရောမတို့အကြား ကူးသန်းရောင်းဝယ်မှုပြုလုပ်ခဲ့ရာ အရှည် မိုင် – ၄၀၀၀ ကျော်ရှိသည့် ရှေးခေတ် ခရီးသွားလမ်းကြောင်းဖြစ်သည် ။ ပိုးလမ်းမသည် လမ်းကြောင်းကွန်ယက် များစွာရှိပြီး တရုတ်နှင့် ရောမဒေသကို ဆက်သွယ်ထားသည် ။

တရုတ်နိင်ငံမှ ထွက်ရှိရာ အဝတ်အထည်များ ၊ ပိုးထည်များကို ကူးသန်းရောင်းဝယ်ခဲ့သဖြင့် Silk Road ဟု အမည်ကျော်သည် ။ ၁၅ – ရာစုနောက်ပိုင်း ဥရောပ မှ အာရှ သို့သွားရောက်သည့်ရေလမ်းခရီးကိုတွေ့ရှိပြီးနောက် Silk Road ခေါ်ပိုးလမ်းမ မှ ကုန်သွယ်မှုသည်လည်း တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့သည် ။

လမ်းကြောင်းများ

ဘီစီ ၂ – ရာစု တရုတ်၏ Han dynasty ခေတ် အစ အချိန်က ဤလမ်းကြောင်းသည် ကူးသန်း ရောင်းဝယ်ရေး လမ်းကြောင်း မဟုတ်ဘဲ တရုတ်မြောက်ပိုင်းမှ ကျူးကျော်သူများကို ချီတက် တိုက်ခိုက် ရာလမ်းကြောင်းသာဖြစ်သည် ။ Han dynasty ခေတ် ခိုင်မြဲလာပြီးနောက် ကူးသန်းရောင်းဝယ်ရေး လမ်းကြောင်းများပေါ်ထွန်းလာခဲ့သည် ။

Silk Road တွင် အဓိကလမ်းကြောင်းများစွာပါဝင်သည် ။ အလွန်ကြမ်းတမ်းတဲ့ ရာသီဥတု ရှိရာဒေသများ ၊ ကန္တာရများကိုဖြတ်ကျော် ရသဖြင့် ခရီးသွားအများစု မှာ ကုလားအုပ်များ ၊ မြင်းများကို အသုံးပြုပြီးသွားလာကြသည် ။

ယဉ်ကျေးမှု နှင့် အနုပညာ ပျံ့နှံ့လာရာလမ်းကြောင်း

ဤလမ်းကြောင်းမှတဆင့် တရုတ်နိင်ငံ၏် စီးပွားရေး ၊ နိုင်ငံရေး ၊ ယဉ်ကျေးမှု ၊ အပြောင်းလဲများ ရာစုနှစ်ပေါင်းများစွာဖြစ်ပေါ်စေခဲ့သည် ။ ဘီစီ ၆- ရာစုအချိန်က အိန္ဒိယ မြောက်ပိုင်းမှ စတင်ခဲ့သည့် ဗုဒ္ဓဘာသာ အယူဝါဒများသည်လည်း အေဒီ ၁- ရာစုအချိန်တွင် ဤလမ်းကြောင်းမှတဆင့် တရုတ်နိင်ငံသို့ ပျံ့နှံ့လာခဲ့သည် ။ ထိုအခါ တရုတ်တို့၏ အဆောက်အဦး ပုံစံများမှာ ဗုဒွဘုရားကျောင်းစတိုင်များ ဖြစ်လာကာ ရုပ်ထုများ ၊ ပန်းချီကားများ မှာလည်း ဗုဒွယဉ်ကျေးမှု အငွေ့ အသက်များ ပျံနှံ့လာခဲ့သည် ။

အေဒီ ၃ – ရာစု Han dynasty ခေတ်ကျဆုံးပြီးနောက် ပိုးလမ်းမကြီးသည်လည်း ကူးသန်းရောင်းဝယ်မှု နည်းသွားခဲ့ပြီး အေဒီ ၇- ရာစု Tang dynasty လက်ထက်တွင် ပြန်လည်ထွန်းကားလာခဲ့သည် ။ အေဒီ ၆ -ရာစု အချိန်က ခရီးသွားများသည် ပိုးလမ်းမကြီးတလျှောက်ခရီးသွားလာရင်း ဂူ နံရံများတွင် ပန်းချီကားများရေးဆွဲခဲ့ကြသည် ။ ထိုနံရံပန်းချီကားများမှာ ယနေ့အချိန်တွင် World Heritage Site အဖြစ် တည်ရှိသည် ။

Caravan on the Silk Road

အေဒီ ၆ – ရာစုအချိန်ကရေးဆွဲခဲ့သည့် ပိုးလမ်းမတလျှောက်ရှိ ဂူနံရံမှ ပန်းချီကားများဖြစ်သည် ။ ထိုနံရံပန်းချီကားများကိုဂူပေါင်း ၄၂၀ – ခန့်တွင်တွေ့ရှိရပြီး အများစုမှာ တရုတ်နိင်ငံ Gansu ခရိုင် Dunhuang ဒေသတွင်တွေ့ရှိရသည် ။ ၁၉၈၇ – အချိန်က ထိုဂူများအား ကမ ္ဘာ့ကုလသမဂ္ဂ  ယူနက်စကိုအဖွဲ့၏ World Heritage Site အဖြစ် သတ်မှတ်ခဲ့သည် ။

Tang dynasty ခေတ်တွင် ကူးသန်းရောင်းဝယ်မှု အလွန်ထွန်းကားခဲ့ပြီး အာရှ အလယ်ပိုင်းမှ အစ္စလမ်၊ ပါရှန် ယဉ်ကျေးမှုများ ၊ ဂီတ အနုပညာများ တရုတ်ပြည်သူများအပေါ် များစွာပျံနှံ့လာခဲ့သည် ။ အေဒီ ၁၀- ရာစုတွင် Tang dynasty ခေတ်ကျဆုံးပြီး ပိုးလမ်းမကြီးမှ ကူးသန်းရောင်းဝယ်မှု တဖန်နည်းပါး သွားခဲ့ပြန်သည် ။

အေဒီ ၁၃ – ရာစုတွင် မွန်ဂိုအင်ပါယာသည် တရုတ်ထိကျယ်ပြန့်လာပြီးနောက် သည်လမ်းမှ ကူးသန်း ရောင်းဝယ်မှုပြန်လည်ထွန်းကားလာခဲ့ပြန်သည် ။၁၂၇၁ ခုနှစ်အချိန်က ဗင်းနစ်မြို့သား မာကိုပိုလိုသည် ဤ ပိုးလမ်းမတလျှောက် ခရီးသွားခဲ့ပြီး တရုတ် နှင့် မြန်မာနိင်ငံ ပုဂံဒေသသို့ ရောက်ရှိခဲ့သည်ဟု မှတ်တမ်းများမှဆိုသည် ။ (တချို့ကတော့ မာကိုပိုလိုသည် ပုဂံသို့မရောက်ခဲ့ဟု ဆိုကြသည်) ။ ထိုအချိန်ကမာကိုပိုလို၏ ခရီးသွား မှတ်တမ်းသည်ဥရောပတွင် အလွန်ကျော်ကြားခဲ့သည်။

အေဒီ ၁၅ – ရာစုတွင် ဥရောပမှ အာရှ သို့သွားသည့် ရေလမ်းခရီးကိုတွေ့ရှိပြီးနောက် ပိုးလမ်းမတလျှောက် ကန္တာရ ခရီးသွား ကုန်သွယ်မှုများ တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့သည် ။

Takla Makan Desert 

တရုတ်နိင်ငံအနောက်မြောက်ဒေသမှ ပိုးလမ်းမတလျှောက်ရှိ  Takla Makan ကန္တာရအမည်ဖြစ်သည် ။ ကန္တာရ ခရီးသွားများသည် ကုလားအုပ် ၊ မြင်း နှင့် မြည်း စသည့်တိရစ္ဆာန်များကိုကုန်စည် သယ်ဆောင်ရန် အသုံးပြုကြသည် ။

ယနေ့ပိုးလမ်းမ

ပိုးလမ်းမသည် ယနေ့အချိန်တွင် ကုန်သွယ်လမ်းကြောင်းအနေဖြင့် အရေးပါမှု မရှိတော့သော်လည်း ရှေးခေတ်အချိန်က ခရီးသွားများရပ်နား နေထိုင်ခဲ့ရာနေရာများ ၊ ဂူနံရံပန်းချီကားများ ၊ ရှေးခေတ် ဗိသုကာ လက်ရာများစွာ ကျန်ရှိနေဆဲဖြစ်သည်။ ထိုနေရာများသည် ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအဖြစ်တည်ရှိပြီး ထင်ရှားသည့် ခရီးသွားများအား ဆွဲဆောင်ရာနေရာဖြစ်သည် ။

သို့သော် တရုတ်နိင်ငံ၏ ဖွံ့ဖြိုးတိုးတက်လာသည့် စီးပွားရေး နှင့်အတူ ခေတ်သစ်ပိုးလမ်းမ ကုန်သွယ်ရေးသည်လည်း တဖန်ပြန်လည် နိုးကြားလာခဲ့ကြသည် ။ ပိုးလမ်းမ အသစ်များကိုလဲ ချဲ့ထွင်ရန် စဉ်းစားလာခဲ့ကြသည် ။

Academy

Tags: world historyworld knowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!