Wednesday, April 14, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ပုဂံက သရပါတံခါးအကြောင်း

by Thutamm
August 13, 2019
Reading Time: 1min read
0
ပုဂံက သရပါတံခါးအကြောင်း
Share on FacebookShare on Twitter

သရပါတံခါးကို ခရစ်နှစ် ၉ ရာစုတွင် စတုတ္ထပုဂံမင်းဆက်ကို တည်ထောင်ခဲ့သူ ပျဉ်ပြားမင်း(အေဒီ ၈၆၄-၈၇၈)က တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ထိုမင်းသည် ပုဂံမြို့ကိုတည်ရာ၌ ပုဂံအုတ်မြို့ရိုး လေးမျက်နှာပတ်လည်တွင် တံခါး ၁၂ ရပ်ကို ထည့်သွင်းတည်ဆောက်ခဲ့သည်။ တံခါး ၁၂ရပ်မှာ

-အရှေ့မျက်နှာတွင် သာရဝတ်တံခါး ၊ သရပါ ၊ သာရပေ ၊
-မြောက်မျက်နှာတွင် သာတန်းတံခါး ၊ ငါးမြီးခတ် ၊ နောင်ဖြူ
-အနောက်မျက်နှာတွင် သာစည်တံခါး ၊ မင်္ဂလာ ၊ မကြည်သာ
-တောင်မျက်နှာတွင် ဝင်မနားတံခါး ၊ မတောင့်တ နှင့် ကလေးတံခါး တို့ဖြစ်သည်။

ထိုတံခါး (၁၂)ရပ် အနက် အရှေ့မျက်နှာ အလယ်ဗဟိုတံခါး ဖြစ်သည့် သရပါတံခါး တစ်ခုသာ ထင်ထင်ရှားရှား ကျန်ရစ်တော့သည်။ သရပါ ဟူသော အမည်သည် မြားကို ဆီးကာသော တံခါး ဟု အဓိပ္ပာယ်ရသည်။

ပုဂံရာဇဝင်

သရပါတံခါးတွင် ငတပါသင်နတ် စောင့်ရသည်ဟု အဆိုရှိသော်လည်း နှောင်းလူတို့သည် သရပါတံခါး၌ မင်းမဟာဂီရိ နတ်မောင်နှမ၏ နတ်ကွန်းဂူ နှစ်ခုကို ပြုလုပ်ထားကြသည်။ သရပါတံခါးသည် အနော်ရထာမင်းကြီး နတ်ရွာစံ ကံတော်ကုန်ခန်းနှင့်လည်းဆက်စပ်မှုရှိသည်။ အနော်ရထာမင်းကြီးသည် လယ်တွင်းကိုးခရိုင်၌ ဆည်မြောင်း ကန်ချောင်းတို့တူးဖော်လျက် ယာယီတဲနန်းတွင် စံနေစဉ် ဟူးရားဖြူဟူးရားညိုတို့က ဘုရင်မင်းကြီးအား ပုဂံပြန်မရောက်ခင် နတ်ရွာစံကိန်းရှိသည်ဟု နားတော်လျှောက်ကြသည်။

အနော်ရထာမင်းကြီးသည် ရာဇမာန်ရှပြီး ဟူးရားဖြူ၊ဟူးရားညိုတို့အား သံခြေချင်းခတ်လျက် အကျဉ်းချထားလိုက်သည်။ ထို့နောက် စစ်အင်္ဂါ လေးပါးနှင့်တကွ ဆင်ဖြူတော်သံပြင်စွာကို စီးလျက် နေပြည်တော်ပုဂံသို့ပြန်လာသည်။ ပုဂံအရောက် သရပါတံခါးအဝင် မုဆိုးတစ်ယောက်က အောင်သာမြစ်ခြေ၌ ကျွဲရိုင်းတစ်ကောင် ပြည်သူပြည်သား များကိုရန်ပြုနေသည်ဟု နားတော်လျှောက်သည်ဖြစ်၍ သရပါတံခါး အတွင်းဆင်ဖြူတော် လက်ယာလက်တစ်ဖက် ဝင်ပြီးကာမှ ထိုကျွဲရိုင်းကို ငါ ဆင်နှင့်တိုက်သတ်မည်ဟု အမိန့်တော်ရှိလျက် ပခုက္ကူခရိုင် အောင်သာမြစ်ခြေသို့ချီလေသည်။

အောင်သာမြစ်ခြေရောက်သော် ကျွဲရိုင်းနှင့်ပတ်ပင်းတွေ့၍ ဆင်ဖြူတော် သံပြင်စွာကို ချွန်းဖွင့်၍ လွှတ်လေသည်။ ကျွဲရိုင်းက ဆင်တော်ထက်က ဘုရင်မင်းကြီးကို လှမ်းခတ်သည်တွင် ဘုရင်အနော်ရထာသည် နတ်ရွာစံ ကံတော်ကုန်ရလသည်။ သရပါ တံခါးဝအတွင်း ဝင်ပြီးကာမှ ပြည်သူကိုရန်ပြုနေသည့် ကျွဲရိုင်းကို နှိမ်နှင်းသတ်ဖြတ်လိုသောကြောင့် ကံတော်ကုန်ရရှာလေသည်။

(သမိုင်းပညာရှင်များကတော့ အနော်ရထာမင်း ကျွဲခတ်၍ ကံတော်ကုန်ခြင်းကို လက်မခံကြပါချေ)

ဗိသုကာ လက်ရာများ

နဂိုက ပုဂံမြို့ရိုးတွင် တံခါးပေါက် တဆယ့် နှစ်ခု ရှိခဲ့သော်လည်း ယခုအခါ သရပါတံခါး တစ်ခုသာ ထင်ထင်ရှားရှား ကျန်ရှိနေတော့သည်။ တံခါးသည် ဟောင်းမြင်း ယိုယွင်းနေသော်လည်း အပြင်နံရံအထက်ပိုင်း ပတ်လည်တွင် ဘီးလူးပန်းဆွဲနှင့် ပုလဲကုံး အင်္ဂတေလက်ရာများကို မြင်နိုင်ပေသည်။ ယခုအခါ မဟာဂီရိနတ် မောင်နှမဂူကို နှောင်းလူတို့က ပြုလုပ်ထားခဲ့သည်။ မည်သည့်ခေတ်က မည်သူတို့ပြုလုပ်ခဲ့သည်ကို မသိချေ။ တံခါးတစ်ဖက်ချက်တွင် မဟာဂီရိ နတ်မောင်နှမ နတ်ကွန်းရှိသည်။ လက်ဝဲဘက်တွင် မောင်တော်နတ်ရုပ်ရှိ၍ လက်ယာဘက်တွင် နှမတော်နတ်ရုပ် ရှိသည်။

သေဉ်လည်ကြောင်မင်း စသော ရှေးပုဂံမင်းများသည် အမတ်ဗိုလ်ပါနှင့်အတူ နှစ်စဉ် နတ်တော်လတွင် ပုပ္ပားတောင်၌ နတ်မောင်နှမ နတ်ကွန်းဆောက်လုပ် ပူဇော်လေ့ရှိသည်ဟု ဆိုကြလေသည်။ တဖန် သရပါးတံခါးကို ကာကွယ် စောင့်ရှောက်သူတို့မှာ မဟာဂီရိ နတ်မောင်နှမပင် ဖြစ်သည်ဟုလည်း ဆိုကြသည်။

ကိုးကား
ပုဂံခရီးသည် – ပါရဂူ
မြန်မာ့ဖြစ်ရပ် ၁၀ဝ – မောင်ကြည်သန့်
မြန်မာ့စွယ်စုံကျမ်း

Tags: myanmar historymyanmar places

Related Posts

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်
Places

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်

ဟိုတယ် ဆိုတာဟာ အပန်းဖြေ နားခိုဖို့အပြင် အစားအစာနဲ့ အခြားဝန်ဆောင်မှုတွေ ရရှိနိုင်တဲ့ နေရာတခုဆိုတာ အားလုံးသိပြီးသားပါ။ ဟိုတယ်တွေဟာ အလွန်ဆုံးအနေနဲ့ ဒီဘက် ရာစုနှစ်တွေမှာမှ စတင်ပေါ်ပေါက်လာတာ လို့ ထင်စရာရှိပေမယ့် ကမ္ဘာပေါ်က အစောဆုံးဟိုတယ်အဖြစ် သတ်မှတ်ခံထားရတဲ့ ဒီဟိုတယ်ကတော့...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ
Knowledge

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ

အရင်တခါကတော့ ကမ္ဘာ့အကြီးဆုံး ဘောလုံးကွင်းကြီး ၁၀ ခု ရဲ့ အကြောင်းကို တင်ခဲ့ပြီးပါပြီ။ ဒီတခါတော့ ပရိသတ်ဝင်ဆံ့မှုအရ ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီး ၅ ခုရဲ့ အကြောင်း ကို ထပ်ပြီးတော့ ဝေမျှလိုက်ပါတယ်။ အားကစား ဆိုတဲ့အတွက်ကြောင့်...

မြန်မာပြည်မြောက်ဖျားက ဆီနှင်းများ ဖုံးလွှမ်းနေတဲ့ ရွာကလေး
Places

မြန်မာပြည်မြောက်ဖျားက ဆီနှင်းများ ဖုံးလွှမ်းနေတဲ့ ရွာကလေး

ရေးသားသူ - Wai Lin Photo - Sar Aung Marphang မြန်မာပြည်အစွန်အဖျားမှာ ဆီနှင်းတွေ အမြဲဖုံးလွှမ်းနေတဲ့ ရွာလေးတစ်ရွာရှိပါတယ်။ သွားရေလာရေးခက်ခဲပေမယ့် ဥရောပလို လှပတဲ့ ဆီနှင်းတွေရှိတဲ့ ရွာလေးပါ။ ရွာနာမည်က ရှိန်းခေါင်ဖြစ်ပြီး လူဦးရေ ၁၅၀၀...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!