Saturday, April 10, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ပိရမစ်တွေကို တည်ဆောက်ခဲ့သူ ဘုန်းတော်ကြီး အင်မ်ဟိုတက်

by Thutamm
August 24, 2019
Reading Time: 1min read
0
ပိရမစ်တွေကို တည်ဆောက်ခဲ့သူ ဘုန်းတော်ကြီး အင်မ်ဟိုတက်
Share on FacebookShare on Twitter

Imhotep အင်မ်ဟိုတက် ဟာ ဘီစီ ၂၇ ရာစုဝန်းကျင်က ရှေးဟောင်းအီဂျစ်ပြည်မှာပေါ်ထွန်းခဲ့တဲ့ စွယ်စုံရပညာရှင်ကြီးတစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့အထင်ရှားဆုံးအရာကတော့ အီဂျစ်ဖာရိုဘုရင် Djoser ရဲ့ ပိရမစ်ကို တည်ဆောက်ခဲ့ခြင်းပါ။

Saqqara အရပ်မှာ တည်ဆောက်ခဲ့တဲ့ ဒီ Djoser ပိရမစ်ဟာ လှေကားထစ်များပုံစံဖြစ်နေတဲ့အတွက် လှေကားထစ် ပိရမစ်(Step Pyramid) လို့လည်းခေါ်ကြပါတယ်။ အီဂျစ်ပိရမစ်တွေထဲမှာ ရှေးအကျဆုံးဖြစ်တဲ့ ဒီပိရမစ်ကို လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀၀၀ နီးပါးကတည်ဆောက်ခဲ့တဲ့အတွက် Imhotep ကို ရှေးအကျဆုံး ဗိသုကာပညာရှင်တစ်ယောက်အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

Imhotep ဆိုတဲ့အမည်ရဲ့ အဓိပ္ပါယ်က “ငြိမ်းချမ်းဖို့အတွက်ရောက်လာသူ” ဖြစ်ပါတယ်။ သူဟာ လူသားကနေ နတ်အဖြစ်ကိုးကွယ်ခံရတဲ့ တစ်ဦးတည်းသော အီဂျစ်သားလည်းဖြစ်ပါတယ်။

သူ့ကို သူကွယ်လွန်ပြီး နှစ် ၂၀၀၀ ကျော်မှာ ဉာဏ်ပညာနှင့် ဆေးပညာ နတ်ဘုရားအဖြစ် အီဂျစ်တွေက ကိုးကွယ်ခဲ့ကြပါတယ်။ အစဉ်အဆက်ကိုးကွယ်ခဲ့ကြရာ ရောမအင်ပါယာဘုရင်တွေဖြစ်တဲ့ Tiberius နဲ့ Claudius တို့လက်ထက်တိုင် ကျောင်းဆောင်တွေနဲ့ Imhotep ကို ကိုးကွယ်ခဲ့ကြပါတယ်။

သူဟာ ဘုန်းတော်ကြီးတစ်ပါးဖြစ်သလို အဲဒီအချိန်က အီဂျစ်ဘုရင်ဖြစ်တဲ့ Djoser ရဲ့ အဆင့်အမြင့်ဆုံး အကြံပေးအရာရှိလည်းဖြစ်ပါတယ်။ သူ့ကို Djoser ပိရမစ် တည်ဆောက်သူလို့သာ အများစုသိထားကြပေမယ့် သူဟာ ဆေးဆရာ ၊ သင်္ချာပညာရှင် ၊ ကဗျာဆရာ ၊ ပန်းပုဆရာ၊ နက္ခတ်ဗေဒပညာရှင် တစ်ယောက်လည်း ဖြစ်ပါတယ်။

သူချန်ထားခဲ့တဲ့ papyrus တွေမှာ ဒါဏ်ရာပေါင်း ၄၈ မျိုးရဲ့ ကုသနည်းတွေကိုရေးသားထားပြီး အဲဒီထဲက ၂၇မျိုးက ဦးခေါင်းပိုင်းဆိုင်ရာတွေဖြစ်ပြီး ၆ မျိုးက ကျောရိုးပိုင်းဆိုင်ရာရောဂါ ကုသနည်းတွေဖြစ်ပါတယ်။ (Papyrus ဆိုတာ ရှေးခေတ်အီဂျစ်ပြည်မှာ အသုံးပြုခဲ့တဲ့ ပင်စည်တုတ်တဲ့ ကျူပင်နဲဖန်တီးထားတဲ့ စက္ကူသဖွယ် ရေးမှတ်စရာကို ဆိုလိုပါတယ်)

သူဟာ ရုပ်ရှင်တွေထဲမှာတော့ သေဆုံးခြင်း နဲ့ ရှင်သန်ခြင်းနတ်ဘုရား Osiris ၊ အနုဘစ် တို့နဲ့ ဆက်စပ်နေသူဖြစ်ပေမယ့် အပြင်မှာတော့ နေနတ်ဘုရား Ra နဲ့ ဗိသုကာနတ်ဘုရား Ptah တို့ကို ကိုးကွယ်သူ ဘုန်းတော်ကြီးတပါးသာ ဖြစ်ပါတယ်။ သူ့ကို ဗိသုကာနတ်ဘုရား Ptah ရဲ့သားတော်လို့လည်း ခေါ်ခဲ့ကြပါသေးတယ်။

သူ့ကို အီဂျစ်မြို့တော် Memphis အနီးက Ankhtowe ဒေသမှာ မွေးဖွားခဲ့ပါတယ်။ သူဟာ သာမန်မျိုးရိုးမှ ဆင်းသက်လာသူဖြစ်ပေမယ့် ထူးချွန်လွန်းတဲ့ သူ့ရဲ့အတတ်ပညာပေါင်းစုံကြောင့် ဘုရင်ရဲ့ ချီးမြှောက်ခြင်းကို ခံခဲ့ရသူပါ။

Imhotep ကို သူ့ခေတ်သူ့အခါက သိပ္ပံပညာနဲ့ ဘာသာရေးကို ချိန်ညှိပေးသူလို့ ဆိုနိုင်ပါတယ်။ တစ်ဖက်က ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပေမယ့် တစ်ဖက်ကတော့ သိပ္ပံနည်းကျ လက်တွေ့ရောဂါ ကုသပေးတဲ့ သမားတော်ဖြစ်ပါတယ်။

သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ အမေရိကန် ရှီကာဂိုမြို့မှာရှိတဲ့ နိုင်ငံတကာ ခွဲစိတ်မှုဆိုင်ရာ ကောလိပ်ရဲ့ ခန်းမမှာ Imhotep ရုပ်တုကို ထားရှိပေးထားပါတယ်။

Imhotep သေဆုံးသွားပြီးတဲ့နောက် သူ့ကိုဘယ်နေရာမှာ ထားရှိသဂြိုဟ်ခဲ့တယ်ဆိုတာကို ဘယ်သူမှ မသိကြပါဘူး။ တချို့ကတော့ Saqqara အရပ်ထဲက တစ်နေရာရာမှာရှိနိုင်ပြီး တချို့ကတော့ သူတည်ဆောက်ခဲ့တဲ့ လှေကားထစ်ပိရမစ်ရဲ့အောက်မှာ ရှိနိုင်တယ်လို့ ယုံကြည်နေကြပါတယ်။ လှေကားထစ်ပိရမစ်ဝန်းကျင်မှာ Imhotep ရဲ့ဂူကို နည်းမျိုးစုံနဲ့ ရှာဖွေနေကြတဲ့ သုတေသနပညာရှင်တွေလည်း ယနေ့ထက်တိုင် ရှိနေပါသေးတယ်။

Tags: world historyworld people

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်
People

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်

၉.၁.၂၀၂၁ ရက်နေ့ Forbes ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ စာရင်းကို ကိုးကားထားခြင်းဖြစ်ပါတယ်။ ၁၀။ ဆာဂေးဘရင် ပြီးခဲ့တဲ့နှစ်က အဆင့် ၁၀ နေရာမှာရှိခဲ့တဲ့ အိန္ဒိယသူဌေးကြီး မာခက်ရှ် အမ်ဘန်နီက အဆင့် ၁၃ နေရာကိုရောက်သွားပြီး ဂိုဂဲရဲ့ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့...

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ
People

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ

ကျည်ကာအင်္ကျီတွေကိုတော့ စစ်ဘက်ဆိုင်ရာနဲ့ တကိုယ်ရေ ကာကွယ်မှုဆိုင်ရာ ကဏ္ဍတွေမှာအသုံးပြုကြပါတယ်။ ကျည်ကာအင်္ကျီတွေကိုတော့ အပူခံနိုင်ပြီး အလွန်မာကြောခိုင်ခံ့တဲ့ Kevlar လူလုပ်ဖိုက်ဘာမျှင်နဲ့ ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။ Kevlar ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ဝန်းကျင်ကတည်းက ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး တီထွင်ခဲ့သူကတော့ အမျိုးသမီးတဦးဖြစ်ပါတယ်။ သူအမှန်တကယ်တီထွင်ခဲ့တာက...

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု
Knowledge

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု

မိုနာလီဇာပန်းချီကားနဲ့ ကျော်ကြားတဲ့ လီယိုနာဒိုဒါဗင်ချီဟာ ပုံမှန်လူသားတယောက်ထက် ထူးကဲကာ အံ့ဖွယ်အနုသုခုမ ရှေးဦးပညာရှင်၊ ဆေးဘက်ဆိုင်ရာ စွန့်ဦးတီထွင်သူ နဲ့ ဖန်တီးမှုနည်းပညာ စတဲ့နယ်ပယ်ပေါင်းစုံမှာ ကြီးကျယ်တဲ့ တီထွင်မှုတွေကို ပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း သမိုင်းတလျှောက် အတော်ဆုံး တီထွင်သူတွေကို...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!