Saturday, April 17, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ပရဟိတနယ်ပယ်ထဲက ကမ္ဘာကျော်အနုပညာရှင်(၁၀)ဦး

by Thutamm
August 17, 2019
Reading Time: 1min read
0
ပရဟိတနယ်ပယ်ထဲက ကမ္ဘာကျော်အနုပညာရှင်(၁၀)ဦး
Share on FacebookShare on Twitter

ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝတွေမှာ ကမ္ဘာကျော်အနုပညာရှင်တွေရဲ့လှုပ်ရှားမှု တွေကလည်း ဂရုတစိုက်စောင့်ကြည့်ရမယ့် အလုပ်တစ်ခုလို ဆွဲဆောင်ထားပါတယ်။ နည်းပညာပိုင်းအရ လူမှုဆက်သွယ်ရေးနယ်ပယ်ကမ္ဘာနဲ့အဝန်း တိုးတက်လာတာနဲ့အမျှ ရုပ်ရှင်၊ဂီတ ၊ စာပေဆိုင်ရာ ကမ္ဘာကျော်တွေရဲ့ နေ့စဉ်သွားလာလှုပ်ရှားမှုတွေဟာ ပရိသတ်တွေဆီကို အချိန်နဲ့တစ်ပြေးညီကိုရောက်ရှိနေတာပါ။

မီဒီယာထက်မှာတွေ့ရတဲ့ ကမ္ဘာကျော်အသီးသီးရဲ့ ပုံမှန်လှုပ်ရှားမှုအများစုကတော့ သက်ဆိုင်ရာအနုပညာ လုပ်ငန်း တွေ ကိုပရိတ်သတ်ကိုချပြခြင်း၊ ပွဲတက်အခမ်းအနား တွေပြုလုပ်ခြင်း၊ သူတို့ရောက်ရှိတဲ့နယ်ပယ်ဒေသရဲ့ သဘာဝပတ်ဝန်းကျင်ရဲ့ ယဉ်ကျေး မှုအမွေအနှစ်တွေအကြောင်းမျှဝေခြင်း၊ ပုဂ္ဂိုလ်ရေးဆိုင်ရာခံစားချက်နဲ့ လူမှုရေးကိစ္စ၊မိ သားစုကိစ္စရပ်တွေကို ပရိတ်သတ်ထံအသိပေးခြင်းတို့ကိုပြုလုပ်လေ့ရှိပါတယ်။

ဒါပေမဲ့တချို့သော ကမ္ဘာကျော်အနုပညာရှင်တွေကတော့ သူတို့ရဲ့ကျော်ကြားမှုနဲ့ ဝင်ငွေ တွေကို ပရဟိတလုပ်ငန်းတွေထူထောင်ပြီးအသုံးပြုနေတာကိုတွေ့ရပါတယ်။ အထူးသဖြင့်ပညာရေး၊ကျန်းမာရေးကဏ္ဍတွေကို အားပေးထူထောင်ထားတဲ့ ကမ္ဘာကျော် အချို့ရဲ့ ဖောင်ဒေးရှင်းတွေကြောင့် သိန်းပေါင်းများစွာသော ကမ္ဘာအနှံ့ကလူသားတွေဟာ အစာရေစာငတ်ပြတ်မှု၊ပညာလုံလောက်စွာမသင်ကြားနိုင်မှု၊အပါအဝင် များစွာသောလူမှုဒုက္ခဆင်းရဲတွေကို ကျော်လွှားနိုင်ခဲ့ကြတာကိုလည်းတွေ့ရမှာပါ။ သူဌေးကြီးဘီဂိတ်စ်ဆိုရင်လည်း ကမ္ဘာ့အကြီးဆုံး ပရဟိတဖောင်ဒေးရှင်းအဖွဲ့ကို တည်ထောင်ထားပြီး ကမ္ဘာအရပ်ရပ်က ချို့တဲ့နွမ်းပါးတဲ့ နေရာတွေကို ကူညီလျှက်ရှိပါတယ်။ ဒီနေရာမှာ မျှဝေပေးချင်တာက ပရဟိတအလုပ်လုပ်ကိုင်နေတဲ့ ကမ္ဘာကျော်တွေအများကြီးရှိတဲ့အနက်က တက်ကြွမှုအရှိဆုံး အနုပညာရှင်(၁၀)ယောက်ရဲ့ အကြောင်းအရာအချို့ပဲဖြစ်ပါတယ်။

(၁၀) Akon

အမေရိကန် R&B အဆိုတော် Akon ရဲ့ Lighting Africa ပရောဂျက်ဟာ (၂၀၁၄) ခုနှစ် ကနေစတင်ခဲ့ပြီး သူရဲ့သူချင်းတွေအနက်က နာမည်ကျော်ပုဂ္ဂိုလ်တွေဖြစ်တဲ့ Samba Bathily နဲ့ Thione Niang တို့ကလည်း ဒီအစီစဉ်မှာပူးပေါင်းပါဝင်ခဲ့ပါတယ်။ ဆိုလာစနစ်ကိုသုံးပြီး အာဖရိကမီးလင်းရေးစီမံကိန်းရဲ့ ကနဦးခြေလှမ်းအဖြစ် (၂၀၁၅) ခုနှစ်အရောက်မှာတော့ အာဖရိကနိုင်ငံ(၁၄)နိုင်ငံက အချို့နေရာတွေမှာ မီးလင်းအောင်ဆောင်ရွက်နိုင်ခဲ့ပါတယ်။

ဒီစီမံကိန်းရဲ့အစပိုင်းအနေနဲ့ကတော့ ကျေးရွာလမ်းအားလုံးကို မီးလင်းအောင်ဆောင် ရွက်တာဖြစ်ပြီး နောက်ပိုင်းမှာတော့ အသုံးပြုတဲ့ဆိုလာရဲ့ စွမ်းရည်ပေါ်မူတည်ပြီး နေအိမ် မီးလင်းတဲ့အပြင် ဖုန်း၊ဓာတ်မီးစတဲ့ အီလက်ထရောနစ်ပစ္စည်းအသေးစားတွေအထိ အားသွင်းနိုင်မှာဖြစ်ပါတယ်။ ဒီအတွက် ဆိုလာတပ်ဆင်/ပြုပြင်ရေးလုပ်သားပေါင်း (၅၀၀၀)ကျော်လောက်အသုံးပြုခဲ့ရပြီး ယခုချိန်မှာတော့ အိမ်ထောင်စု (၁)သန်းနီးပါး ဆိုလာကနေလျှပ်စစ်မီးရအောင် ဆောင်ရွက်နိုင်ခဲ့ပြီလို့ Akon ကပြောကြားခဲ့ပါတယ်။

(၉) Madonna

ကမ္ဘာကျော်အဆိုတော် မက်ဒေါနားဟာ (၂၀၀၆)ခုနှစ်မှာတော့ Raising Malawi အမည် ရတဲ့ပရဟိတအသင်းကိုအာဖရိကတိုက်၊Malawiနိုင်ငံမှရှိတဲ့ အလွန်အမင်း ဆင်းရဲဒုက္ခ ခံစားနေရတဲ့ အိမ်ယာမဲ့(၁)သန်းအတွက်ရည်ရွယ်ပြီး ထူထောင်ခဲ့ပါတယ်။

Raising Malawi ရဲ့အဓိကလုပ်ငန်းတွေကတော့ ပညာရေး၊ကျန်းမာရေးဆိုင်ရာ ဖွံဖြိုးရေးအစီစဉ် တွေဖြစ်ကြပြီး ဒီလုပ်ငန်းစဉ်တွေအတွက် မက်ဒေါနားဟာ အမေရိကန်ဒေါ်လာ များစွာ အကုန်အကျခံခဲ့တဲ့အပြင် သူမရဲ့အနုပညာစွမ်းရည်ကိုအသုံးပြုပြီး ကမ္ဘာတစ်ဝန်းက အလှူရှင်များစွာကိုလည်း ဖိတ်ခေါ်နိုင်ခဲ့ပါတယ်။

(၈) Ellen DeGeneres

လူတွေကိုပျော်ရွှင်စေတဲ့ ရုပ်သံတင်ဆက်သူ တစ်ဦးဖြစ်တဲ့ Ellen DeGeneres ဟာ များစွာသောပရဟိတ လုပ်ငန်းတွေကို လူအား၊ငွေအားစိုက်ထုတ်ဆောင်ရွက်နေတဲ့ ရုပ်သံစတားတစ်ယောက် ဖြစ်ပါတယ်။ သူရဲ့ကိုယ်ကျိုးမငဲ့တဲ့ဆောင်ရွက်ချက်တွေကြောင့်လည်း ကမ္ဘာအရပ်ရပ် ကချီးမြှင့်တဲ့ ပရဟိတဆိုင်ရာဆုတံဆိပ်များစွာကို ပိုင်ဆိုင်ခဲ့ပြီးလည်းဖြစ်ပါတယ်။

Ellen DeGeneres ဟာ အိမ်မွေးတိရိစ္ဆာန်တွေကို နှိပ်စက်ညှင်းပန်းတဲ့လုပ်ရပ်တွေကို ဖယ်ရှားရန် The Gentle Barn ဆိုတဲ့အဖွဲ့ကိုတည်ထောင်ခဲ့တဲ့အပြင် လိုအပ်တဲ့ ငွေကြေးများစွာကိုလည်း မတည်ပေးခဲ့ပါတယ်။ Ellen DeGeneres ရဲ့ကိုယ်ပိုင် website မှာဆိုရင် ကမ္ဘာတဝှမ်းကဖြစ်နေတဲ့ တိရိစ္ဆာန်နှိပ်စက်ညှင်းပန်းမှုတွေကို ပပျောက်စေဖို့ ပြောင်းလဲမှုအနည်းငယ်လေးကပဲ အကျိုးအမြတ်အကြီးကြီး ရယူပိုင်ဆိုင်နိုင်မှာ ဖြစ်ကြောင်းနဲ့ မိမိပတ်ဝန်းကျင်ကိုလည်း ဒီအယူအဆကိုလက်ခံကျယ်ပြန့်လာအောင် လုပ်ရန်လိုကြောင်း ဆော်သြထားပါတယ်။

(၇) Adele

ဗြိတိန်ရဲ့နာမည်ကျော်အဆိုတော် Adele ဆိုကမ္ဘာတစ်ဝှမ်းလုံးက ဂီတချစ်ပရိတ်သတ် တွေကသိရှိကြပါတယ်။ Adele ဟာ ဗြိတိန်နိုင်ငံတွင်းက ကုသိုလ်ဖြစ်လုပ်ငန်းတွေမှာ မကြာခဏပါဝင်လေ့ရှိသူဖြစ်ပြီး အထူးသဖြင့် လိင်အကြမ်းဖက်မှုပပျောက်ရေး၊ လူငယ်ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ အားတက်သရောပါဝင်ခဲ့သူဖြစ်ပါတယ်။

(၂၀၁၇)ခုနှစ်၊ဇွန်(၁၄)ရက်နေ့မှာ ဖြစ်ပွားခဲ့ပြီးလူပေါင်း(၇၂)ယောက် အထိသေဆုံးခဲ့တဲ့ Grenfell Tower ပေါက်ကွဲမှုဖြစ်စဉ်မှာ ဆိုရင် Adeleဟာ အခင်းဖြစ်ပွားရာနေရာအထိ သွားရောက်ပြီး သေဆုံးသူတွေရဲ့ဆွေမျိုးတွေကိုသာမက ဒဏ်ရာရရှိသူတွေကိုပါ သွားရောက်အားပေးကူညီခဲ့တာကိုတွေ့ရမှာပါ။ Adele ရဲ့လုပ်ရပ်ကို နယ်ပယ်အသီး သီးကပုဂ္ဂိုလ်တွေက ဝိုင်းဝန်းချီးကျူးခဲ့ကြပြီး သူမပရိတ်တ်တွေကလည်း ဂုဏ်ယူမ ဆုံးဖြစ်ခဲ့ရပါတယ်။

(၆) Meghan Markle

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီရဲ့ဇနီးသည် Meghan Markleဟာယခင်ကတည်းက နာမည်ကျော်မင်းသမီး တစ်ဦးဖြစ်ပြီး ယနေ့တိုင်ကမ္ဘာတစ်ဝှမ်းက ပရဟိတအဖွဲ့ (၇) ဖွဲ့ကိုထောက်ပံ့နေသူဖြစ်ပါတယ်။ သူမဟာ One Yong World လို့သိကြတဲ့ ကမ္ဘာတစ် ဝှမ်းကလူငယ်ခေါင်းဆောင်တွေစုဆောင်းပြီး သက်ဆိုင်ရာဒေသအတွက် ပညာရေး၊ ကျန်းမာရေးသင်တန်းပေးတဲ့ အဖွဲ့အစည်းမှာ အကြံပေးအဖြစ်ကာလကြာလုပ်ကိုင်ခဲ့သူ ဖြစ်သလို ကမ္ဘာအကြီးဆုံးနိုင်ငံတကာကလေးသူငယ်စောင့်ရှောက်ရေးအဖွဲ့ World Vision ရဲ့ကမ္ဘာလုံးဆိုင်ရာ သံတမန်အဖြစ်လည်း ခန့်အပ်ခြင်းကိုခံရသူလည်း ဖြစ်ပါတယ်။

သူမဟာ အာဖရိကတိုက်က ရဝမ်ဒါရဲ့အောက်ခြေလူအဖွဲ့အစည်းထိ သွား ရောက်ပြီး လက်သန့်ရှင်းရေး၊ သောက်သုံးရေသန့်ရှင်းရေး အပါအဝင်များစွာသော ပရဟိတလုပ်ငန်းတွေကိုဒေသအာဏာပိုင်တွေနဲ့ ပေါင်းစပ်ဆောင်ရွက်ခဲ့ သူလည်း ဖြစ်ပါတယ်။

(၅) Chris Martin

နာမည်ကျော်ရော့ခ်ဂီတဝိုင်းတစ်ခုဖြစ်တဲ့ Coldplay ရဲ့စတင်တည်ထောင်သူနဲ့ ပင်တိုင် အဆိုတော်ဖြစ်တဲ့ အင်္ဂလိပ်လူမျိုးတေးရေး/တေးဆို Chris Martinဟာ တစ်နှစ်အတွင်း သူရရှိတဲ့ငွေကြေးရဲ့ (၁၀)ရာခိုင်နှုန်းကို လှူဒါန်းနေသူဖြစ်ပါတယ်။

(၂၀၁၇)ခုနှစ်ကနေ စပြီး Chris Martinဦးဆောင်တဲ့ Coldplay အဖွဲ့သားတွေဟာ Moas လို့သိကြတဲ့ နိုင်ငံတကာလူသားချင်းစောင်ေ့ရှာက်ရေးအဖွဲ့ကို ကိုငွေကြေးအပါအဝင် လူအသုံး အဆောင် ပစ္စည်း များစွာကိုလှူဒါန်းနေတာပါ။ ဒီအဖွဲ့ဟာငတ်မွတ်ခေါင်းပါးတဲ့ အာ ဖရိကလိုနေရာကနေ မြေထဲပင်လယ်ဒေသတွေမှာပြောင်းရွေအခြေချတဲ့ များစွာသော ပင်လယ်ဖြတ်ကျော်ဒုက္ခသည်တွေကို အကူအညီပေးနေတာလည်းဖြစ်ပါတယ်။

(၄) Emma Watson

ဟယ်ရီပေါ်တာဇာတ်လမ်းတွဲက မော်ဒန်မင်းသမီးချော Emma Watson ဆိုရင် ညိုအားပြင်းတဲ့ ကမ္ဘာကျော်မင်းသမီး တစ်လက်အဖြစ်လူသိများပါတယ်။ သူမဟာ ကုလသမဂ္ဂရဲ့ ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးများရဲ့အခွင့်အရေးဆိုင်ရာ ကိုယ်စားလှယ်ဖြစ်သလို HeForSheလို့အမည်ရတဲ့ UN ရဲ့ကျားမတန်း တူအခွင့်အရေးရရှိရေးအတွက်လည်း တာဝန်ယူဆောင်ရွက်နေသူဖြစ်ပါတယ်။ Emma Watsonဟာ အလိုမတူပဲ လိင်ပိုင်းဆိုင်ရာ အဓမ္မပြု ကျင့်ခံနေရသူတွေကိုကူညီနေတဲ့ Uk Justice and Equality ရန်ပုံငွေအဖွဲ့ကို အမေရိကန်ဒေါ်လာ (၁.၂၆၅)သန်းလှူဒါန်းခဲ့ပါဖူးပါတယ်။

ဒါအပြင် ဗြိတိန် နဲ့အိုင်းရစ်အနုပညာရှင် အယောက်(၂၀၀)နှီးပါး လက်မှတ်ရေးထိုးထားတဲ့ လိင်အကြမ်း ဖက်တိုက်ခိုက်မှုတိုက်ဖျက်ရေး ပိုစတာကိုဦးဆောင်ဖန်တီးနိုင်ခဲ့သလို အသိပညာပေး လုပ်ငန်းတွေကိုလည်း ထိထိရောက်ရောက်ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။ ဒီဟယ်ရီပေါ် တာစတားဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊လူအခွင့်အရေး၊ ကလေးသူငယ် ဆိုင်ရာအခွင့်အရေးတွေအတွက်လည်း သက်ဆိုင်ရာနယ်ပယ်ကခေါင်းဆောင်၊ အဖွဲ့ အစည်းတွေနဲ့ ပေါင်းစပ်ပြီး တက်ကြွစွာအကူအညီပေးနေသူဖြစ်ပါတယ်။

(၃) Elton John

အင်္ဂလိပ်လူမျိုးတေးရေးနဲ့အဆိုတော်တစ်ယောက်ဖြစ်တဲ့ Elton John ဟာလည်း လေးစားထိုက်တဲ့ ပရဟိတသမားတစ်ယောက်ဖြစ်ပါတယ်။ Elton Johnရဲ့မိတ်ဆွေများ စွာ AIDS ရောဂါနဲ့သေဆုံးသွားချိန်နောက်ပိုင်းကာလ(၁၉၉၂) မှာတော့ Elton ဟာ Elton John AIDS Foundation (EJAF) ကိုတည်ထောင်ပြီး ကမ္ဘာတစ်ဝှမ်းက AIDS ရောဂါတိုက်ဖျက်ရေးလုပ်ငန်းစဉ်တွေကို ငွေကြေးနဲ့ကူညီပံံ့ပိုးပေးခဲ့ပါတယ်။

(EJAF) အတွက် Elton ဟာနှစ်စဉ် ရာပေါင်းများစွာသော ရုပ်ရှင်၊ဂီတမိတ်ဆွေတွေနဲ့ ဧည့်သည် တော်တွေကို ဖိတ်ကြားပြီး White Tie and Tiara ball ဆိုတဲ့ခေါင်းစဉ်နဲ့ ဖျော်ဖြေပွဲ တစ်ခုကျင်းပ အလှူခံလေ့ရှိပါတယ်။ ဒါအပြင် ဂရမ်မီနဲ့အော်စကာဆုပွဲတွေအထိတက် ရောက်ပြီး (EJAF) ဖောင်ဒေးရှင်းအတွက် သူရဲ့ကျော်ကြားမှုကိုအသုံးချပြီး အလှူငွေရှာ လေ့ရှိသူဖြစ်ပါတယ်။

(၂) Stormzy

အင်္ဂလိပ်လူမဲ ရက်ပါတစ်ယောက်ဖြစ်တဲ့ Stormzy ဟာလူမဲဗြိတိန်ကျောင်းသား(၂) ယောက် Cambridge တက္ကသိုလ်မှာပညာသင်ကြားနိုင်ဖို့ငွေကြေးစိုက်ထုတ် စတင် ကူညီရာကနေ Stormzy Scholarship ဆိုပြီး (စာသင်နှစ် လေးနှစ်နဲ့အထက် တက္ကသိုလ်ပညာသင်ကြားခွင့်မတတ်နိုင်သူတွေကို ပံ့ပိုးပေးတဲ့ ပညာသင်ဆုကို ဖန်တီး ခဲ့ပါတယ်။

Stormzyက ဗြိတိန်ကစာပေထူးချွန်တဲ့ လူမဲတွေအတွက် ကျွန်တော်ဆီမှာ အခွင့်ရေးကောင်းတစ်ခုရှိနေပါတယ်။ ဒါကပညာသင်ဆုပါ။ သတ်မှက်စည်းကမ်းတွေ နဲ့ လူမဲကျောင်းသားတိုင်း တက္ကသိုလ်ပညာရပ်ကိုပြီးဆုံးအောင်သင်ကြားနိုင်ဖို့ (၁၀၀) ရာခိုင်နှုန်း ကျွန်တော်ဘက်က တာဝန်ယူပါတယ်လို့ ဆိုခဲ့ပါတယ်။ Stormzyရဲ့ ဖောင် ဒေးရှင်ဟာ အတော်ကိုအောင်မြင်ခဲ့ပြီး ပညာတတ်လူမဲလူငယ်များစွာကို မွေးထုတ်ပေး နိုင်ခဲ့ပါတယ်။

(၁) JK Rowling

ကမ္ဘာစာပေသမိုင်းမှာ မှတ်တမ်း၊စံချိန်တွေနဲ့အတူ ပထမဆုံးဘီလျံနာစာရေးဆရာ တစ်ယောက်ဖြစ် လာတဲ့ ဟယ်ရီပေါ်တာဝတ္ထုတွေရဲ့ဖန်တီးရှင် JK Rowling ဆိုလူတိုင်းက သိကြပါတယ်။ သူမဟာ အလှူအတန်းရက်ရောမှုတွေကြောင့် ဘီလျံနာ ဆိုတဲ့ဂုဏ်ပျောက်ခဲ့ရသူဆိုလည်း မမှားပါဘူး။ သူမဟာ (၂၀၁၄)ခုနှစ်ကတည်းက Lumos ဆိုတဲ့ချို့တဲ့ကလေးငယ်တွေအတွက် အကူအညီပေးတဲ့ ဖောင်ဒေးရှင်းကို တည်ထောင်ပြီးငွေကြေးများစွာကိုစိုက်ထုတ်လှူဒါန်းခဲ့ပါတယ်။

ဗြိတိန်မှာတစ်နေ့တစ်ခြားမြင့်တက်လာတဲ့ အိမ်ရာမဲ့အမျိုးသမီး၊ ကလေးငယ်နဲ့ အရွယ်ရောက်ပြီး လူ ငယ်တွေအတွက် ပညာရေး၊ ကျန်းမာရေးအတွက် Volant လို့အမည်ရတဲ့ငွေပဒေသာပင်တစ်ခုတည်ထောင်ပြီး ပံ့ပိုး ကူညီနေသူဖြစ်ပါတယ်။ ဒါအပြင် Comic Relief၊ One Parent Families နဲ့ Multie Sclerosis of Great Britain စတဲ့ ဗြိတိန်အလှူအတန်းအသင်းအဖွဲ့တွေရဲ့ ပင်တိုင်အလှူရှင်လည်း ဖြစ်ပါတယ်။ အလှူအတန်းရက်ရောလွန်းလို့ ဘီလျံနာဂုဏ်ပုဒ်ကို စွန့်လွှတ်ခဲ့ရပေမယ့် သူမကတော့ လှူဆဲလှူမြဲပါ။

Tags: kaung htetworld people

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်
People

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်

၉.၁.၂၀၂၁ ရက်နေ့ Forbes ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ စာရင်းကို ကိုးကားထားခြင်းဖြစ်ပါတယ်။ ၁၀။ ဆာဂေးဘရင် ပြီးခဲ့တဲ့နှစ်က အဆင့် ၁၀ နေရာမှာရှိခဲ့တဲ့ အိန္ဒိယသူဌေးကြီး မာခက်ရှ် အမ်ဘန်နီက အဆင့် ၁၃ နေရာကိုရောက်သွားပြီး ဂိုဂဲရဲ့ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့...

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ
People

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ

ကျည်ကာအင်္ကျီတွေကိုတော့ စစ်ဘက်ဆိုင်ရာနဲ့ တကိုယ်ရေ ကာကွယ်မှုဆိုင်ရာ ကဏ္ဍတွေမှာအသုံးပြုကြပါတယ်။ ကျည်ကာအင်္ကျီတွေကိုတော့ အပူခံနိုင်ပြီး အလွန်မာကြောခိုင်ခံ့တဲ့ Kevlar လူလုပ်ဖိုက်ဘာမျှင်နဲ့ ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။ Kevlar ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ဝန်းကျင်ကတည်းက ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး တီထွင်ခဲ့သူကတော့ အမျိုးသမီးတဦးဖြစ်ပါတယ်။ သူအမှန်တကယ်တီထွင်ခဲ့တာက...

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု
Knowledge

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု

မိုနာလီဇာပန်းချီကားနဲ့ ကျော်ကြားတဲ့ လီယိုနာဒိုဒါဗင်ချီဟာ ပုံမှန်လူသားတယောက်ထက် ထူးကဲကာ အံ့ဖွယ်အနုသုခုမ ရှေးဦးပညာရှင်၊ ဆေးဘက်ဆိုင်ရာ စွန့်ဦးတီထွင်သူ နဲ့ ဖန်တီးမှုနည်းပညာ စတဲ့နယ်ပယ်ပေါင်းစုံမှာ ကြီးကျယ်တဲ့ တီထွင်မှုတွေကို ပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း သမိုင်းတလျှောက် အတော်ဆုံး တီထွင်သူတွေကို...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!