Sunday, April 11, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ပရဟိတကို ဦးစားပေးလုပ်ချင်လို့ မိုက်ခရိုဆော့ဖ်ကနေ နှုတ်ထွက်လိုက်တဲ့ ဘီဂိတ်စ်

by Thutamm
March 14, 2020
Reading Time: 1min read
0
ပရဟိတကို ဦးစားပေးလုပ်ချင်လို့ မိုက်ခရိုဆော့ဖ်ကနေ နှုတ်ထွက်လိုက်တဲ့ ဘီဂိတ်စ်
Share on FacebookShare on Twitter

ယနေ့ ကမ္ဘာ့အကြီးဆုံးနည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ မိုက်ခရိုဆော့ဖ်ကို လွန်ခဲ့တဲ့နှစ်ပေါင်း ၄၄နှစ် ၁၉၇၅ ခုနှစ်တုန်းက ဘီဂိတ်စ် နဲ့ သူငယ်ချင်းဖြစ်သူ Paul Allen တို့က တည်ထောင်ခဲ့ကြတာဖြစ်ပါတယ်။ အခုတော့ Paul Allen လည်း မရှိတော့သလို ဘီဂိတ်စ်ကလည်း ကုမ္ပဏီဘုတ်အဖွဲ့ကနေ နှုတ်ထွက်လိုက်ပြီဖြစ်ကြောင်း ပြီးခဲ့တဲ့သောကြာနေ့က ကြေညာခဲ့ပါတယ်။

ဘီဂိတ်စ်ဟာ နှစ်ပေါင်း ၂၀ကျော်ကြာ မိုက်ခရိုဆော့ဖ်ကုမ္ပဏီကို စီးအီးအိုအဖြစ် ဦးစီးလုပ်ကိုင်ခဲ့ပြီး ၂၀၀၀ ခုနှစ်မှာတော့ စီးအီးအိုရာထူးကို Steve Ballmer ထံလွှဲပြောင်းပေးခဲ့ပါတယ်။ အဲဒီနောက်တော့ ကုမ္ပဏီဥက္ကဌတဖြစ်လဲ Software Architect ချုပ်အဖြစ် လုပ်ကိုင်နေခဲ့ရာကနေ သူ့ရဲ့လုပ်ငန်းတာဝန်များကို တဖြည်းဖြည်းလျော့ချခဲ့ပြီး ဘုတ်အဖွဲ့ဝင် အကြံပေးတယောက်အဖြစ်သာ နောက်ကွယ်က ရပ်တည်ခဲ့တာပါ။ အခုတော့ ဘုတ်အဖွဲ့ကနေပါ နှုတ်ထွက်လိုက်ပြီဖြစ်ပါတယ်။

ဒီလိုနှုတ်ထွက်လိုက်ရခြင်း အကြောင်းကတော့ ပရဟိတလုပ်ငန်းတွေကိုပဲ ဇောက်ချလုပ်ချင်လို့လို့ ဘီဂိတ်စ်က ဆိုပါတယ်။ ဘီဂိတ်စ်ဟာ ဒီမတိုင်ခင်ကလည်း မိတ်ဆွေဖြစ်သူ ဝါရင်းဘတ်ဖတ်ရဲ့ Berkshire Hathaway ကုမ္ပဏီဘုတ်အဖွဲ့ကနေ နှုတ်ထွက်ခဲ့ပါသေးတယ်။

ဘီဂိတ်စ်ဟာ ၂၀၀၀ ခုနှစ်ကတည်း ကမ္ဘာ့အကြီးဆုံးဖောင်ဒေးရှင်းတခုဖြစ်လာမယ့် Bill & Melinda Gates ဖောင်ဒေးရှင်းကိုတည်ထောင်ခဲ့ပြီး ကုမ္ပဏီလုပ်ငန်းနဲ့ အတူ ပရဟိတကို တွဲဖက်လုပ်ခဲ့တာဖြစ်ပါတယ်။ အခုတော့ ပရဟိတလုပ်ငန်းကို ဇောက်ချလုပ်တော့ဖို့ ဆုံးဖြတ်ပြီး ကုမ္ပဏီအလုပ်တွေကနေ နှုတ်ထွက်လိုက်တာဖြစ်ပါတယ်။

“ပရဟိတကို ဦးစားပေးလုပ်နေတဲ့အတွက် Berkshire နဲ့ မိုက်ခရိုဆော့ဖ် ကုမ္ပဏီတွေမှာ ကောင်းကောင်းဦးဆောင်မှု မပေးနိုင်ခဲ့ဘူး။ အခုတော့ နှုတ်ထွက်ပြီး ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး ၊ ဖွံ့ဖြိုးရေး ၊ ပညာရေး နဲ့ ရာသီဥတုပြောင်းလဲမှု ဆိုင်ရာကိစ္စတွေကိုပဲ လုပ်ပါတော့မယ်” လို့ ဂိတ်စ်က ဆိုပါတယ်။

ရာထူးကနှုတ်ထွက်လိုက်ပေမယ့် ကျွန်တော်ကုမ္ပဏီကို ခွဲမသွားပါဘူး။ မိုက်ခရိုဆော့ဖ်ဟာ ကျွန်တော့်ရဲ့ အရေးပါတဲ့ အခန်းကဏ္ဍက ရှိနေဆဲပါ။ ကုမ္ပဏီအဖွဲ့ဝင်တွေကို လေးစားသမှုနဲ့ နှုတ်ထွက်ခဲ့တာဖြစ်ပြီး လက်ရှီစီအီးအိုဖြစ်တဲ့ Satya Nadella ရဲ့ခေါင်းဆောင်မှုနဲ့အတူ ရှေ့ဆက်သွားမှာဖြစ်တယ် လို့ ဂိတ်စ်က ဆိုပါတယ်။

ဘီလ်ဂိတ်ဟာ အမေဇုန် ဝက်ဘ်ဆိုက်တည်ထောင်သူ ဂျတ်ဘီးဇော့ ပြီးရင် ကမ္ဘာ့ဒုတိယအချမ်းသာဆုံးအဖြစ် ပိုင်ဆိုင်မှု ဒေါ်လာ ၁၁၂ ဒသမ ၈ ဘီလီယံ ကြွယ်ဝသူဖြစ်ပြီး ကမ္ဘာပေါ်က လိုအပ်တဲ့ ကျန်းမာရေး ၊ ပညာရေး နယ်ပယ်အသီးသီးမှာ ဘီလျံပေါင်းများစွာ လှူဒါန်းကာ လူသန်းပေါင်းများစွာကို ကယ်တင်နေသူ တဦးလို့လည်း ဆိုနိုင်ပါတယ်။

လတ်တလော ကမ္ဘာကို ဒုက္ခပေးလျက်ရှိတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး သုတေသနအတွက်လည်း အမေရိကန်ဒေါ်လာ သန်း ၅၀ လှူဒါန်းထားပါသေးတယ်။

 

Tags: world news

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်
People

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်

၉.၁.၂၀၂၁ ရက်နေ့ Forbes ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ စာရင်းကို ကိုးကားထားခြင်းဖြစ်ပါတယ်။ ၁၀။ ဆာဂေးဘရင် ပြီးခဲ့တဲ့နှစ်က အဆင့် ၁၀ နေရာမှာရှိခဲ့တဲ့ အိန္ဒိယသူဌေးကြီး မာခက်ရှ် အမ်ဘန်နီက အဆင့် ၁၃ နေရာကိုရောက်သွားပြီး ဂိုဂဲရဲ့ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့...

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ
People

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ

ကျည်ကာအင်္ကျီတွေကိုတော့ စစ်ဘက်ဆိုင်ရာနဲ့ တကိုယ်ရေ ကာကွယ်မှုဆိုင်ရာ ကဏ္ဍတွေမှာအသုံးပြုကြပါတယ်။ ကျည်ကာအင်္ကျီတွေကိုတော့ အပူခံနိုင်ပြီး အလွန်မာကြောခိုင်ခံ့တဲ့ Kevlar လူလုပ်ဖိုက်ဘာမျှင်နဲ့ ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။ Kevlar ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ဝန်းကျင်ကတည်းက ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး တီထွင်ခဲ့သူကတော့ အမျိုးသမီးတဦးဖြစ်ပါတယ်။ သူအမှန်တကယ်တီထွင်ခဲ့တာက...

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု
Knowledge

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု

မိုနာလီဇာပန်းချီကားနဲ့ ကျော်ကြားတဲ့ လီယိုနာဒိုဒါဗင်ချီဟာ ပုံမှန်လူသားတယောက်ထက် ထူးကဲကာ အံ့ဖွယ်အနုသုခုမ ရှေးဦးပညာရှင်၊ ဆေးဘက်ဆိုင်ရာ စွန့်ဦးတီထွင်သူ နဲ့ ဖန်တီးမှုနည်းပညာ စတဲ့နယ်ပယ်ပေါင်းစုံမှာ ကြီးကျယ်တဲ့ တီထွင်မှုတွေကို ပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း သမိုင်းတလျှောက် အတော်ဆုံး တီထွင်သူတွေကို...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!