Sunday, April 11, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ပင်လယ်နီနိုင်ငံ (သို့) အီရီထရီးယားနိုင်ငံ အကြောင်း သိကောင်းစရာ

by Thutamm
November 22, 2019
Reading Time: 1min read
0
ပင်လယ်နီနိုင်ငံ (သို့) အီရီထရီးယားနိုင်ငံ အကြောင်း သိကောင်းစရာ
Share on FacebookShare on Twitter

အီရီထရီးယားနိုင်ငံဟာ အာဖရိကတိုက်ရဲ့အရှေမြောက်ပိုင်း(အာဖရိကဦးချိုဒေသ)က ပင်လယ်နီ( red sea) ကမ်းရိုးတန်းတစ်လျှောက်မှာတည်ရှိနေပါတယ်။ နိုင်ငံရဲ့တရားဝင် နာမည်ကတော့ အီရီထရီးယားနိုင်ငံ (state of Eritrea) ဖြစ်ပြီးအနောက်ဘက်မှာဆိုရင် ဆူဒန်နိုင်ငံ၊တောင်ဘက်မှာဆိုရင် အီသီယိုးပီးယားနိုင်ငံ၊ အရှေ့တောင်ဘက်မှာဆိုရင် ဂျီဘူတီနိုင်ငံတို့နဲ့ နယ်နိမိတ်ချင်းထိစပ်လျက်ရှိနေပါတယ်။

အီရီထရီးယားဆိုတဲ့စကားလုံးဟာ ဂရိတွေခေါ်ဆိုတဲ့ Erythraia ဆိုတဲ့စကားလုံးကနေ ဆင်းသက်လာတာပြီး မူလကတော့လက်တင်ဘာသာ Erythraea ကနေလာပါတယ်။ အဓိပ္ပါယ်ကတော့ ပင်လယ်နီဖြစ်ပြီး(အီရီထရီးယားနိုင်ငံနဲ့ဆက်စပ်တည်ရှိနေတဲ့ပင်လယ် ) (၁၉)ရာစုရောက်ချိန်မှာတော့ အီတလီတွေက ယနေ့ခေါ်ဆိုတဲ့ အီရီထရီးယားဆိုတဲ့ အမည်ကိုပေးခဲ့တာဖြစ်ပါတယ်။

အီရီထရီးယားနိုင်ငံဟာ ဘာသာမျိုးစုံကိုပြောကြားတဲ့နိုင်ငံအဖြစ်ရှိနေပြီး တရားဝင်သတ်မှတ်ထားတဲ့နိုင်ငံရဲ့ ရုံးသုံးဘာသာစကားကိုလည်းထားရှိခြင်းမရှိတာကိုတွေ့ရပါတယ်။ နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေအတွင်းမှာလည်း အီရီထရီးယားနိုင်ငံသားတွေဟာ အဆင်ပြေတဲ့ဘာသာစကား ကိုသာသုံးစွဲခွင့်ပြုကြောင်း အတိအလင်းဖော်ပြထားပါတယ်။ အသုံးများတဲ့ဘာသာစကာ းတွေကတော့ Tigrinya ၊ Tigre နဲ့ Arabic ဘာသာစကားတွေဖြစ်ကြပါတယ်။

(၂၁၀၇)ခုနှစ်ဇန်နဝါရီ(၁)ရက်နေ့ကကောက်ခံတဲ့ သန်းခေါင်စာရင်းအရ အီရီထရီးယားနိုင်ငံရဲ့လူဦးရေဟာ (၅ ၃၉၅ ၉၉၈) ဦးရှိနေပြီးကမ္ဘာပေါ်မှာဆိုရင် (၉၉)နိုင်ငံမြောက်လူဦး ရေအများဆုံးနိုင်ငံအဖြစ်ရပ်တည်နေပါတယ်။ နိုင်ငံရဲ့အကျယ်အဝန်းကတော့ စတုရန်း မိုင်( ၄၅၄၀၀)မိုင်ကျယ်ဝန်းပြီး (၁)စတုရန်းမိုင်မှာဆိုရင် (၁၁၁.၇)ဦးနေထိုင်ကြပါတယ်။

(၂၀၁၇)ခုနှစ်ကစာရင်းတွေအရဆိုရင် အီရီထရီးယားနိုင်ငံလူဦးရေရဲ့ (၄၈.၄)ရာခိုင်နှုန်းဟာခရစ်ယာန်ဘာသာဝင်တွေဖြစ်ပြီး (၄၉.၆) ရာခိုင်နှုန်းကတော့ အစ္စလာမ်ဘာသာဝင်တွေဖြစ်ကြကာ ကျန်(၂)ရာခိုင်နှုန်း ကတော့ အခြားဘာသာဝင်တွေဖြစ်တယ်လို့သိရပါတယ်။

အီရီထရီးယားနိုင်ငံရဲ့မြို့တော်ကတော့ Asmara ဖြစ်ပြီးနိုင်ငံရဲ့အကြီးဆုံးမြို့ဖြစ်တဲ့အပြင် နိုင်ငံရဲ့အနောက်မြောက်ဘက်စွန်းက အီထရီယန်းကုန်းမြင့်ဒေသနဲ့ အီသီယိုးပီးယားနိုင်ငံ နယ်စပ်က Great Rift Valley တို့တည်ရှိရာတောင်ကမ်းပါးစွန်းမှာတည်ရှိပါတယ်။ အီတလီလက်အောက်ခံအဖြစ် တည်ရှိနေဆဲကာလက အီတလီတွေရဲ့ဗိသုကာလက်ရာ အမွေတော်တော်များများဟာ ဒီမြို့မှာတည်ရှိနေပြီး (၂၀၁၇)ခုနှစ်ကတော့ ယူနက်စကို ရဲ့ကမ္ဘာအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးနယ်မြေအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါ တယ်။

အီရီထရီးယားနိုင်ငံရဲ့အမြင့်ဆုံးအပိုင်းကတော့ Emba Soira တောင်တန်းဒေသ ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်ပေ (၉၉၀၂)ပေလောက်မှာမြင့်မားပါတယ်။ အီရီထရီးယားနိုင်ငံဟာပင်လယ်ကမ်းရိုးတန်းအရှည် (၁၃၃၈)မိုင်ရှည်လျားပြီး ယင်းအနက်က (၉၃၃)မိုင်လောက်ဟာ ကုန်းမကြီးနဲ့ ဆက်စပ်တည်ရှိနေပြီး (၆၇၃)မိုင်လောက် ကတော့ ပင်လယ်နီရဲ့ကမ်းရိုးတန်းအဖြစ်တည်ရှိနေပါတယ်။ပင်လယ်နီအတွင်းမှာလည်း အီရီထရီးယားနိုင်ငံပိုင်ကျွန်းပေါင်း(၃၅၀)ကျော်လောက်ရှိနေတာဖြစ်ပြီး ယင်းထဲက (၂၀၀)ကျော်လောက်ကတော့ Dahlak ကျွန်းစုတွေအဖြစ်ရှိနေပါတယ်။

အာဖရိကတိုက်ရဲ့အကောင်းဆုံးသော သဘာဝအလှတရားတွေကိုတော့ အီရီထရီးယား နိုင်ငံရဲ့ အမျိုးသားဥယျာဉ်တွေအတွင်းမှာရှာဖွေတွေ့ရှိနိုင်မှာဖြစ်ပြီး Dahlak Marine National Park ၊ Semenawi Bahrl National Park တွေမှာဆိုရင် နိုင်ငံရဲ့အဖိုးတန် ကုန်းရေသဘာဝဝန်းကျင်အလှကို အကောင်းဆုံးထိန်းသိမ်းထားပါတယ်။ ဒါအပြင် Yob၊ Gash-Setit နဲ့ Nafka လိုအခြားတောရိုင်းဧရိယာတွေကိုလည်း အီရီထရီးယားနိုင်ငံအစိုး ရက ဖန်တီးတည်ထောင်ထားတာကိုတွေ့ရပါတယ်။

အီရီထရီးယားနိုင်ငံရဲ့မြို့တော် Asmara မှာရှိတဲ့ Our Lady of the Rosary ခရစ်ယာန်ဘုရားကျောင်းဟာဆိုရင် လည်း နိုင်ငံတွင်းမှာရှိတဲ့ရိုမန်ကတ်သလစ်ဘာသာဝင်တွေအတွက် အထွတ်အမြတ် ထားရာနေရာတစ်ခုဖြစ်ကာ Lombard Romansequence Style တည်ဆောက်ထားပါတယ်။ ဒီဘုရားကျောင်းဟာ မြို့ရဲ့အလယ်ခေါင်မှာတည်ရှိပြီး (၁၉၂၃)ကာလက တည်း က Apostolic Vicariate စည်းမျဉ်းအတိုင်းကျင့်သုံးတဲ့ဘုရားကျောင်းအဖြစ်ရှိနေခဲ့တာပါ။ ဒီဘုရားကျောင်းအီတလီနိုင်ငံ မီလန်မြို့တော်က နာမည်ကျော်ဗိသုကာ ပညာရှင် oreste Scanavini ရဲ့လက်ရာမွန်တစ်ခုအဖြစ်လည်းရှိနေပါတယ်။

Asmara မြို့မှာပဲ အီတလီနဲ့ အီရီထရီးယားဗိသုကာလက်ရာတွေကိုပေါင်းစပ်ဖန်တီးထားတဲ့ Enda Mariam Orthodox Cathedral ကို (၁၉၃၈)ခုနှစ်က အမည်မသိရတဲ့ အီတလီ ဗိသုကာပညာရှင်တစ်ယောက်က ဒီဇိုင်းဖော်တည်ဆောက်ခဲ့ပါတယ်။ နောက်ပိုင်းမှာ တော့ ဗိသုကာပညာရှင် Ernesto Gallo က Enda Mariam Orthodox Cathedral ဝန်း အတွင်းမှာပါတဲ့ မျှော်စင်တွေအပေါ်မှာ (၁၉၂၀)ခုနှစ်ကလက်ရာပုံတည်ဆောက်မှုအချို့ ကိုပေါင်းစပ်ပေးခဲ့ပါတယ်။

အီရီထရီးယားနိုင်ငံ Nefasit ကျေးရွာအနီးက Bizen တောင်ပေါ်မှာတော့ လင်းယုန်အသိုက်ပုံသဏ္ဍာန်တည်ဆောက်ထားတဲ့ Debre Bizen လို့ခေါ်တဲ့ ဘုရားကျောင်းတစ်ခုလည်းရှိနေပါတယ်။ Orthodox Tewahdo ဘာသာ ရှေးခေတ်ဘုရားကျောင်းတစ်ခုဖြစ်ပြီး ယင်းဘုရားကျောင်းကိုတော့ (၁၃၅၀)ခုနှစ်လောက်ကတည်းက Abba Filipos အမည်ရတဲ့ ပညာရှင်ကတာဝန်ယူတည်ဆောက်ခဲ့တာဖြစ်ပါတယ်။

Asmara ရဲ့နောက်ထပ် ထင်ရှားတဲ့အဆောက်အအုံတစ်ခုဆိုရင်တော့ Flat Tagloero အမည်ရတဲ့ဓာတ်ဆီဖြန့် ဖြူးရေးအဆောက်အအုံဖြစ်ပါတယ်။ Futurist စတိုင်လို့သိကြတဲ့ စက်မှုစွမ်းအားပြင်း ပြင်းထန်ထန်လှုပ်ရှားမှုကိုဖော်ကျူးထားတဲ့ပုံစံအဆောက်အအုံကို (၁၉၃၈)ခုနှစ်ကတည် းက အီတလီအင်ဂျင်နီယာ Giuseppe Pettazzi ဆိုသူကတည်ဆောက်ခဲ့တာဖြစ်ပြီး မူလကယင်းနေရာမှာရှိနေတဲ့ ဓာတ်ဆီအရောင်းဆိုင်လေးကို လေယာဉ်ပျံပုံစံဒီဇိုင်းဆွဲ တည်ဆောက်ပေးခဲ့တာဖြစ်ပါတယ်။

(၈)ရာစုမတိုင်ခင်ကာလအထိတော့ အီရီထရီးယားနိုင်ငံဟာ အီသီယိုးပီးယားနိုင်ငံရဲ့ Aksum မင်းဆက်တွေရဲ့ပထမဆုံးခြေကုပ်စခန်းနေရာဖြစ်ခဲ့ပါတယ်။ (၁၆)ရာစုအတွင်း မှာတော့ အော်တိုမန်အင်ပါယာရဲ့လက်အောက်ကိုကျရောက်ခဲ့ပြီးယင်းကနေ အီဂျစ်အင် ပါယာရဲ့လက်အောက်ကိုလည်းကျရောက်ခဲ့ပါသေးတယ်။

(၁၈၈၅)ခုနှစ်မှာတော့ အီရီထရီးယားနိုင်ငံရဲ့ကမ်းခြေဒေသဟာ အီတလီတွေရဲ့ကိုလိုနီပြုခြင်းကိုခံခဲ့ရပြန်ပါတယ် အီတလီတွေကတော့ ရောမတွေပင်လယ်နီကိုခေါ်ဆိုတဲ့နာမည် Mare Erythraeum အဖြစ် အီရီထရီးယားဒေသကိုညွှန်းဆိုလေ့ရှိကြကာ ဒုတိယကမ္ဘာစစ်မတိုင်ခင်ကာလ အထိအုပ်ချုပ်သွားခဲ့ပါတယ်။ (၁၉၄၁)ခုနှစ်မှာတော့ အီရီထရီးယားနိုင်ငံဟာဗြိတိသျှတပ် တွေရဲ့ဝင်ရောက်သိမ်းပိုတ်ခြင်းကိုခံခဲ့ရပြီး ယင်းကနေ ကုလသမဂ္ဂအဖွဲ့ရဲ့ထိန်းချုပ်ခံ နယ်မြေဖြစ်လာခဲ့ပြန်ပါတယ်။ (၁၉၅၂)ခုနှစ်၊စက်တင်ဘာ(၁၅)ရက်နေ့မှာတော့ အီသီယိုးပီးယားနိုင်ငံရဲ့ပိုင်နက်နယ်မြေအတွင်း ပူးပေါင်းသတ်မှတ်ခြင်းခံခဲ့ရပါတယ်။

(၁၉၆၂)ခုနှစ် နိုဝင်ဘာ(၁၄)ရက်နေ့ရောက်ချိန်မှသာ အီရီထရီးယားနိုင်ငံဟာ အီသီယိုးပီးယားရဲ့တရားဝင်ပြည်နယ်ဖြစ်လာခဲ့ပြီး မကြာခင်မှာပဲ အီရီထရီးယားလွတ်မြောက်ရေး တပ်တွေဟာ လက်နက်ကိုင်နည်းနဲ့ လွတ်လပ်တဲ့နိုင်ငံတစ်ခုအဖြစ်တောင်းဆိုတဲ့ တိုက်ပွဲတွေကိုစတင်လာခဲ့ပါတယ်။ နောက်ထပ်ဆယ်စုနှစ်(၃)ခုကျော်ကာလဖြစ်တဲ့ ၁၉၉၁ခုနှစ် မှာတော့ အီရီထရီးယားနိုင်ငံဟာ လွတ်လပ်တဲ့အချုပ်အခြာအာဏာပိုင်နိုင်ငံ တစ်ခုအဖြစ်ရပ်တည်လာနိုင်ခဲ့ပါတယ်။ တစ်ပြည်ထောင် တစ်ပါတီ သမ္မတအုပ်ချုပ်ရေးစနစ်ကိုကျင့်သုံးပြီး လက်ရှိသမ္မတကတော့ Isaias Afwerki ဖြစ်ပါတယ်။

အီရီထရီးယားနိုင်ငံဟာစိုက်ပျိုးရေးကိုအခြေခံတဲ့နိုင်ငံတစ်ခုဖြစ်ပြီး ပြည်တွင်းစစ်နဲ့ ဒေ သတွင်းပရိပက္ခတွေကြောင့် ကဏ္ဍစုံမှာအတော်ကိုပျက်စီးနေခဲ့တာကိုတွေ့ရပါတယ်။ မှတ်တမ်းတွေအရဆိုရင် အီရီထရီးယားနိုင်ငံဟာအာဖရိကတိုက်ရဲ့အဆင်းရဲဆုံးနိုင်ငံ တွေအနက်တစ်ခုဖြစ်ပြီး ယူနီဆက်လို၊ကမ္ဘာဘဏ်လိုအဖွဲ့တွေရဲ့ ဖွံဖြိုးမှုဧရိယာများစွာ ချမှတ်လုပ်ဆောင်နေရတဲ့နေရာများစွာရှိလို့နေပါတယ်။

(၂၀၁၉)ခုနှစ်အတွက် အီရီထရီးယားနိုင်ငံရဲ့ ခန့်မှန်း GDP တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ (၁၀.၆၅၂) ဘီလီလျံရှိပြီး နိုင်ငံသားတစ်ဦးချင်းစီရဲ့နှစ်စဉ်ဝင်ငွေကတော့ အမေရိကန်ဒေါ်လာ (၁၂၅၃)ဖြစ်ပါတယ်။ နိုင်ငံရဲ့တရားဝင်သုံးငွေကတော့ Nakfa (ERN)ဖြစ်ပြီး အမေရိကန် တစ်ဒေါ်လာဟာ ၁၅ ERN  နဲ့ညီမျှပါတယ်။ နိုင်ငံရဲ့ထွက်ကုန်တွေကတော့ ဝါဂွမ်း၊ ကော်ဖီ၊ တည်သီး၊စွံပလွံသီး၊ပြောင်းတို့ဖြစ်ကြပြီး ကုလားအုပ်၊ျနွား၊သိုး၊ဆိတ်တို့ကိုလည်းမွေးမြူလေ့ရှိပြီး ကမ်းရိုးတန်းဒေသမှာတော့ ပုလဲလုပ်ငန်းကိုလုပ်ကိုင်ကြပါတယ်။

အီရီထရီးယားနိုင်ငံအတွင်းမှာတော့နို့တိုက်သတ္တဝါမျိုးစိတ်များစွာနေထိုင်ကြပြီး ငှက်မျိုး စိတ်စုစုပေါင်း (၅၆၀)လောက်ကိုမှီတင်းနေထိုင်ကြပါတယ်။ နိုင်ငံရဲ့ Gash-Barka ဒေသ ကတောင်တန်းတွေမှာဆိုရင် ခြင်္သေမျိုးနွယ်အချို့ကိုလက်ရှိအချိန်ထိတွေ့နိုင်သေးပြီး တောနက်ကြီးတွေအတွင်းမှာတော့ အာဖရိကဆင်တွေကျက်စားနေဆဲဖြစ်ပါတယ်။ တရားမဝင်ဆင်စွယ်ထုတ်လုပ်တဲ့လုပ်ငန်းနဲ့ သစ်ခိုးထုတ်လုပ်ငန်းတွေရဲ့အကျိုးဆက်အဖြစ်တော့ အီရီထရီးယားနိုင်ငံရဲ့အာဖရိကဆင် အရေအတွက်ဟာ အခြားသောနိုင်ငံတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ အတော်ကိုနည်းနေပြီလည်းဖြစ်ပါတယ်။ နိုင်ငံရဲ့ကမ်းလွန်ပင် လယ်ပြင်မှာဆိုရင် ဝေလငါး၊ငါးမန်း၊ပင်လယ်လိပ်၊လင်းပိုင်၊Marlin (ချွန်မြတဲ့နှုတ်သီးရှည် ပါရှိတဲ့ ပင်လယ်ငါးမျိုး)တွေကိုတွေ့ရမှာဖြစ်ပြီး တရားမဝင်ငါးဖမ်းမှုတွေ၊သဘာဝလွန် ငါးဖမ်းမှုတွေကတော့ ယနေ့တိုင်ရှိနေဆဲဖြစ်ပါတယ်။

အီရီထရီးယားနိုင်ငံရဲ့ပွဲတော်တွေအနက်မှာအထင်ရှားဆုံးကတော့ ကော်ဖီပွဲတော်တွေ ဖြစ်ကြပြီး ပွဲတော်ကာလအတွင်းမှာတော့ လာရောက်သူအာလုံးကို ကော်ဖီအမျိုးမျိူးနဲ့ အခမဲ့ ဧည့်ခံလေ့ရှိပါတယ်။ နိုင်ငံရဲ့အဓိကအားကစားကိုပြပါဆိုရင်တော့ စက်ဘီးစီးအားကစားနဲ့ ဘောလုံးအားကစားနည်းဖြစ်ပါတယ်။

Tags: countries

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!