Wednesday, April 14, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ပင်လယ်ဝါ အကြောင်း သိကောင်းစရာ

by Thutamm
August 10, 2019
Reading Time: 1min read
0
ပင်လယ်ဝါ အကြောင်း သိကောင်းစရာ
Share on FacebookShare on Twitter

ပင်လယ်ဝါ ဆိုသည်မှာ တရုတ်နိုင်ငံ နှင့် တောင်ကိုရီးယားနိုင်ငံအကြားတွင် တည်ရှိသောပင်လယ်ဖြစ်သည်။ ထိုပင်လယ်ကို အနောက်ပင်လယ် (သို့) Huang Hai ပင်လယ် ဟုလည်းခေါ်ကြလေ့ရှိသည်။ ပင်လယ်ဝါ၏ မြောက်ဘက်တွင် ကိုရီးယားပင်လယ်အော် ၊ အနောက်မြောက်ဘက်တွင် Bo Hai ပင်လယ်၊ တောင်ဘက်တွင် အရှေ့တရုတ်ပင်လယ် နှင့် အရှေ့တောင်ဘက်တွင် ပစိဖိတ်သမုဒ္ဒရာတို့ တည်ရှိနေသည်။

ပညာရှင်များကတော့ ပင်လယ်ဝါသည် လွန်ခဲ့သောနှစ်ပေါင်း ၁သောင်းခန့် ရေခဲခေတ်ကတည်းက စတင်ဖြစ်ပေါ်နေခဲ့ပြီဟု ဆိုကြသည်။ ပင်လယ်ဝါ ဟုခေါ်ရခြင်းမှာ ဂိုဘီသဲကန္တာရမှ မုန်တိုင်းများကြောင့်လွင့်လာသော သဲအမှုန်များ ပင်လယ်ပြင်သို့ကျရောက်ခြင်း နှင့် စီးဝင်နေသောမြစ်ဝါမြစ်မှ ရေနှင့် အနှယ်အနှစ်များကြောင့် ပင်လယ်ရေ၏ အရောင်မှာ ဝါကျင့်ကျင့်ဖြစ်နေတတ်သည့်အတွက် ပင်လယ်ဝါဟုခေါ်ကြခြင်းဖြစ်သည်။

ပင်လယ်ဝါ၏ အကျယ်အဝန်းမှာ စတုရန်းမိုင် ၁၅၀၀၀၀ ဖြစ်သည်။ ပင်လယ်ကြီးတွင် ပင်လယ်ကွေ့ ၊ ပင်လယ်အော်များစွာရှိသော်လည်း ရေတိမ်သည့် ဒေသဖြစ်သည် ။ ပျမ်းမျှအနက်မှာ ၁၄၄ပေ ဖြစ်ပြီး အနက်ဆုံးနေရာတွင် ၄၉၉ပေ ရှိသည်။ ပင်လယ်ဝါနှင့် ထိစပ်နေသောနိုင်ငံများမှာ တရုတ်နိုင်ငံ ၊ မြောက်ကိုရီးယားနိုင်ငံ နှင့် တောင်ကိုရီးယားနိုင်ငံ တို့ဖြစ်သည်။

သဲမှုန်တိုင်းများ တရုတ်အရှေ့ပိုင်းသို့လွင့်လာပုံကို ဂြိုဟ်တုမှမြင်ရစဉ် ၊ ၂၀၀၈

ပင်လယ်ဝါထဲသို့ မြစ်ကြောင်းပေါင်းများစွာ စီးဝင်ကြပြီး ထင်ရှားသောမြစ်များမှာ မြစ်ဝါမြစ် ၊ ဟိုင်မြစ် ၊ ယလူမြစ် ၊ ဟန်မြစ် ၊ Taedong မြစ်တို့ဖြစ်ကြသည်။ ပင်လယ်ဝါ၏ အောက်ခြေကြမ်းပြင်ကိုမူ ရွံ့နွံ့နှင့် သဲများဖြင့်ပေါင်းစပ်ဖွဲ့စည်းထားသည်။ ထိုသဲများသည် မြစ်ကြောင်းများမှတဆင့် သယ်ဆောင်လာသော ဂိုဘီသဲကန္တာရမှ သဲများဖြစ်သည်။

ပင်လယ်ဝါထဲတွင် ကျွန်းပေါင်းများစွာ တည်ရှိနေပြီး အဓိကကျွန်းများမှာ Anmado, Baengnyeongdo, Daebudo, Gageodo, Hauido, Hongdo, Jindo, Sido, Wando, and Yeonpyeongdo တို့ဖြစ်ပြီး ထိုကျွန်းအားလုံးသည် တောင်ကိုရီးယားပိုင်နက်ထဲတွင် တည်ရှိကြသည်။

ပင်လယ်ဝါ၏ မုတ်သုန်ရာသီမှာ နိုဝင်ဘာလနှောင်းပိုင်းမှ မတ်လအထိဖြစ်သည်။ ဇွန်လ နှင့် အောက်တိုဘာလကြားတွင်မူ ပြင်းထန်သောမုန်တိုင်းများ မကြာခဏဖြစ်ပေါ်တတ်ပြီး ထိုကာလကို တိုက်ဖုန်းရာသီဟုခေါ်သည်။ ပင်လယ်ဝါ၏ ကမ်းရိုးတန်းများသည် အများအားဖြင့် မြူတွေဆိုင်းနေတတ်သည်။ တစ်နေ့နှစ်ကြိမ်ဒီရေတက်သည့်အချိန်တွင် တရုတ်ကမ်းရိုးတန်းဘက်တွင် ၃ပေမှ ၁၀ပေ အထိသာမြင့်တက်သော်လည်း ကိုရီးယားဘက်တွင်မူ ၁၃ပေ မှ ၂၆ပေ အထိရေတက်လေ့ရှိသည်။

ပင်လယ်ဝါတွင် ပင်လယ်ဒိုက်ပင် နှင့် ကျောက်ပွင့်များ အလွန်ပေါများပြီး နွေရာသီတွင် စိမ်းပြာရောင်ရေညှိများကို တွေ့ရတတ်သည်။ ပင်လယ်ဝါဒေသတလျှောက်တွင် ပင်လယ်ငှက်မျိုးစိတ်ပေါင်း ၃၅မျိုးခန့် နေထိုင်ကျက်စားလေ့ရှိသည်။ အမြဲတစေတွေ့ရတတ်သော နို့တိုက်သတ္တဝါဟူ၍ အစက်အပျောက်ပါသော ဖျံများသာ ရှိသည်။ စက်ရုံများ ၊ စိုက်ပျိုးရေး နှင့် နေအိမ် အညစ်အကြေးများကြောင့် ပင်လယ်ဝါသည် ညစ်ညမ်းလျှက်ရှိသည့် အပြင် အစဉ်အဆက် ငါးဖမ်းမှုများကို အကြီးအကျယ်တိုးမြင့် လုပ်ဆောင်ခဲ့ကြသဖြင့် ပင်လယ်ဝါအတွင်းမှ ဝေလငါး ၊ ဖျံ ၊ လိပ် နှင့် ငါးအရေအတွက်မှာ တနေ့တခြားကျဆင်းလျှက်ရှိသည်။

အစက်အပျောက်ပါသော ဖျံများ

အဆိုးဆုံးမှာ ၂၀၁၀ ခုနှစ်တွင် ဖြစ်ခဲ့သော ရေနံပိုက်လိုင်း ပေါက်မှုကြောင့် တန် ၁၅၀၀ ခန့်ရှိသော ရေနံဆီများမှာ ပင်လယ်ဝါအတွင်းသို့ ကျရောက်ခဲ့ပြီး စတုရန်းမိုင် ၁၇၀ခန့်တိုင်အောင် ပြန့်နှံ့ခဲ့သဖြင့် ပင်လယ်ကြီးသည် ပိုမိုညစ်ညမ်းခဲ့ရသည်။ သို့သော် ပင်လယ်ဝါကမ်းရိုတန်းတလျှောက် လူနေထိုင်မှုမျာ ပိုမိုထူထပ်လာသဖြင့် ညစ်ညမ်းမှုမှာ လျော့မသွားခဲ့ချေ။ ထို့အပြင် ငါးမျိုးစိတ် ၂၀၀ ခန့်ကိုလည်း လစ်လျှင်လစ်သလို စီးပွားဖြစ် အမြောက်အများဖမ်းယူနေကြဆဲဖြစ်သည်။

သင်္ဘောများဖြင့် အစိမ်းရောင်ရေညှိများကို သယ်ဆောင်ကာ ပင်လယ်ဝါထဲသို့ ကြဲဖြန့်ရင်း သန့်ရှင်းအောင်လုပ်သည့် အစီအစဉ်များဖြင့် ပင်လယ်ဝါအား သန့်ရှင်းစေရန် ကြိုးပမ်းလျှက်ရှိသလို တရားမဝင်ငါးဖမ်းဆီးခြင်းကိုလည်း ပိတ်ပင်တာဆီးနိုင်အောင်ဆောင်ရွက်လျှက်ရှိသည်။

သင်္ဘောများဖြင့် အစိမ်းရောင်ရေညှိများကို သယ်ဆောင်ကာ ပင်လယ်ဝါထဲသို့ ကြဲဖြန့်ရင်း သန့်ရှင်းအောင်လုပ်သည့် အစီအစဉ်

ပင်လယ်ဝါ၏ အဓိက ဆိပ်ကမ်းများမှာ တရုတ်နိုင်ငံမှ Yantai, Dalian, Tianjin , Qingdao နှင့် Yingkou ၊ မြောက်ကိုရီးယားမှ Namp’o နှင့် တောင်ကိုရီးယားမှ Incheon ဆိပ်ကမ်းများဖြစ်ကြသည် ။ ပင်လယ်ဝါတွင် တရုတ် နှင့် ကိုရီးယားရေတပ်များ စစ်ရေးလေ့ကျင့်တတ်ကြသလို တောင်ကိုရီးယား နှင့် မြောက်ကိုရီးယားရတပ်များ အပြန်အလှန်ပစ်ခတ်တတ်လေ့ရှိသည်။

Tags: world knowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!